09 November 2009

STOP!



ဒီPostကတော့ Passive Investorတွေထက် Active Traderတွေအတွက် ပိုသင့်တော်ပါတယ်။ ဒါပေမယ့် Passive Investorတွေလည်း သိသင့်တယ်။ သတင်းစာတွေထဲမှာ သာမန်Middle Class Investorတွေကို ဘယ်လိုခေါ်လည်း ဖတ်ဖူးသလားတော့ မသိဘူး။ Mom-and-dad-investorတွေလို့ ရေးလေ့ရှိပါတယ်။ Mom-and-dad-investorတွေဟာ အများအားဖြင့် သူများဆီကရတဲ့ Tipတွေ၊ သတင်းစာထဲက Finance Sectionက Recommendလုပ်တာတွေကိုဖတ်ပြီး ကောက်ဝယ်လေ့ရှိတယ်။ အဲ ဝယ်ပြီးရင်တော့ အများစုဟာ ဘဏ်ထဲက ငွေလိုပဲထင်ပြီး ပစ်ထားလေ့ရှိတယ်။ Buy-and-pray Modelလို့လည်း တချို့ခေါ်ကြတယ်။

အဆိုးဆုံးကတော့ ဘယ်လောက်ဈေးကျရင်တော့ ငါတော့ရောင်းလိုက်မယ်ဆိုပြီး Stop-loss targetမရှိတတ်ကြပါဘူး။ ဒီတော့ မနှစ်ကလို Marketလည်းပျက်ရော၊ ပြန်တက်လာနိုးနိုးနဲ့ စောင့်ရင်းစောင့်ရင်းနဲ့ပဲ လုံးပါးပါးချင်ပါး၊ ဒါမှမဟုတ် မေ့ထားလိုက်ကြတယ်။ Mom-and-dad-investorတွေရဲ့ အဓိကအားနည်းချက်ကတော့ မြတ်တာပဲမြင်ချင်၊ ကြားချင်တယ်။ ရှုံးခဲ့ရင် ဘာလုပ်ရမလည်းဆိုတဲ့ Plan Bကို သိပ်မတွေးတာများတယ်။
...

Professionalတွေ ဝယ်တဲ့စနစ်နဲ့ Mom-and-dad-investorတွေဝယ်တာ အရမ်းကွာတယ်။ Proတွေဟာ မဝယ်ခင်ကတည်းက ဘယ်လောက်အရှုံးခံမလည်းဆိုတာ ဦးဆုံးစဉ်းစားပြီးမှ ကျန်တာဆက်လုပ်တယ်။ ဘယ်လောက်အရှုံးခံမလည်းဆိုတာ Mom-and-dad-investorတွေထဲမှာလည်း စဉ်းစားတဲ့သူတွေရှိပါတယ်။ ဒါပေမယ့် ယေဘုယျတွက်လေ့ရှိတာကတော့ ဘယ်လောက်% ရှုံးခဲ့ရင် ရောင်းမယ်ဆိုတာပါပဲ။ ဥပမာ ဝယ်ဈေးထက် ၅%၊ ၁၀% (သို့) ၁၅%ရှုံးခဲ့ရင်တော့ရောင်းမယ် အစရှိသဖြင့်ပေါ့လေ။

Proတွေက ဘာပါထည့်စဉ်းစားလည်းကြည့်ရအောင်။ Proတွေဟာ သူတို့ရဲ့ Investment/Trading capitalကိုပါ ထည့်စဉ်းစားတယ်။ သေချာStock tradingမလုပ်ဘူးရင် ဒီConceptဟာ နည်းနည်းစိမ်းနေပါလိမ့်မယ်။ တကယ်တမ်းတော့ တော်တော်လွယ်ပါတယ်။ Proတွေဟာ ကိုယ့်မှာရှိတဲ့ Total Capitalရဲ့ 2%ကနေ 3%အထိပဲ Tradeတစ်ခုစီအတွက် Riskယူတတ်ကြတယ်။ ဥပမာ - Traderတစ်ယောက်မှာ $100,000 capitalရှိတယ်ဆိုကြပါစို့။ ဒါဆိုရင် သူဟာ ၂၀၀၀ကနေ ၃၀၀၀အထိပဲ အရှုံးခံဖို့ ပြင်ဆင်ထားပါတယ်။ ဒါထက်ပိုပြီး Riskယူဖို့ လုံးဝPlanမရှိဘူး။

Main Idea behind this conceptကတော့ Traderတစ်ယောက်အနေနဲ့ Rule No.1 ဟာ Profitရဖို့မဟုတ်ပါဘူး။ Capital Preservationဟာ ပိုအရေးကြီးပါတယ်။ ဒီတော့ ၂%ပဲ Riskရင် သူ့အတွက် နောက်ထပ်အကြိမ် ၄၉ခါ Tradeနိုင်ပါသေးတယ် - (၂% x ၅၀ကြိမ် = ၁၀၀%)။ ၃%ဆိုရင် ၃၂ခါကျန်နိုင်ပါတယ်။ ဒါကြောင့် Stock Priceပေါ်မှာ အရှုံးခံတဲ့ %ထက် Capitalပေါ်မှာ အရှုံးခံတဲ့ Amountက Survivalအတွက် ပိုအရေးကြီးတယ်။ Marketထဲကနေ Wash Outဖြစ်သွားတဲ့ Loserအများစုဟာ ဒီအကြောင်းကို ကြားတောင်မကြားဖူးတဲ့သူတွေ ဖြစ်ဖို့Chanceတော်တော်များမယ်။

အောက်မှာ Stock Priceပေါ်မှာရော၊ Capitalပေါ်မှာပါ Riskယူမယ့် %ပေါ်မူတည်ပြီး ကိုယ်ဘယ်လောက် ဝယ်သင့်သလည်းဆိုတဲ့ Spreasheetလေးပြထားပါတယ်။ Capitalကို ၁၀၀၀၀လို့ Assumeလုပ်ထားပါတယ်။


Stock Price $ 30 30 30 30 30
acceptable loss as % of price 5% 10% 15% 20% 25%
acceptable $ loss over price 1.5 3 4.5 6 7.5






Capital $ 10000 10000 10000 10000 10000
acceptable loss as % of capital 3% 3% 3% 3% 3%
acceptable $ loss over capital 300 300 300 300 300






Position Size / Units / Volume 200.00 100.00 66.67 50.00 40.00
Position $ 6000 3000 2000 1500 1200

ဒီဥပမာကနေ ဘာကိုConclusionဆွဲလို့ရလည်းဆိုတော့ Capitalပေါ်မှာ Riskယူတဲ့Amountဟာ Fixedမို့လို့ Stock ပေါ်မှာ Riskများများယူတိုင်း ဝယ်သင့်တဲ့ Unitတွေ လျော့လျော့သွားတာတွေ့ပါလိမ့်မယ်။ နောက်တစ်မျိုးတွေးနိုင်တာကတော့ ကိုယ်က Stop-lossကို စောစောဖြတ်ရင် အစမှာ များများဝယ်နိုင်တာကို တွေ့ပါလိမ့်မယ်။

Stop-loss သတ်မှတ်ပြီး လိုက်နာတာဟာ Professionalနဲ့ Mom-and-dad-investorတွေကြားက အဓိက ကွာဟချက်ပါပဲ။ Stop-lossကိုသတ်မှတ်တဲ့အခါ ကိုယ့်မှာရှိတဲ့ပိုက်ဆံ၊ Stock priceနဲ့ Capitalပေါ်မှာ Riskယူမယ့် %ပေါ်မူတည်ပြီး Position sizeကွဲပြားသွားတာကို နားလည်ရမယ်။ Stop-lossမရှိရင် Helmetမပါပဲ ဆိုင်ကယ်စီးသလို လဲပြုခဲ့ရင် ပိုပြီးနာဖို့ သေချာပါတယ်။ ဒါကြောင့် Tradingမလုပ်ခင် ကိုယ့်ရဲ့ Stop-lossနဲ့  Position sizeကို သေချာDefineလုပ်ဖို့ ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။

Happy Investing!

PS : ဒီ့ထက် ပိုအဆင့်မြင့်တဲ့ Stop-lossလုပ်နည်းတွေကို နောက်ပိုင်းမှာ ရေးသွားပါမယ်။

1 comment:

  1. ကျေးဇူးပဲ Bro!. Stop-loss သတ်မှတ်ချက်တွေကို စိတ်ဝင်တစားမှတ်သွားပါတယ်။ နောက်ထပ် နည်းတွေကိုလည်း ဆက်ပါအုံး။ Thanks for your sharing.

    ReplyDelete