13 November 2009

Candlesticks - Part I


ဖယောင်းတိုင်တွေဟာ မြန်မာပြည်မှာပဲ အသုံးဝင်တာမဟုတ်ပါဘူး၊ Stock Tradingမှာလည်း တော်တော်အသုံးဝင်ပါတယ်။ Candlesticksတွေဟာ OHLC Barတွေနဲ့ အခြေခံအတူတူပဲဖြစ်ပေမယ့် ပိုပြီးထင်ရှားတဲ့ Trading signalတွေကို ပေးပါတယ်။ Traderတစ်ယောက်အနေနဲ့ Entryနဲ့Exitကို Timingလုပ်တဲ့နေရာမှာ Barရော၊ Candlestickရောသုံးနိုင်ရင် ပိုပြီးသေချာတဲ့ Confirmationရနိုင်ပါတယ်။

Candlestickအကြောင်း အသေးစိတ်မပြောခင် သူ့ရဲ့သမိုင်းကို နည်းနည်းသိရင် ပိုကောင်းတယ်။ Candlestickရဲ့ ဇာတိဟာ Western Countriesတွေ မဟုတ်ပါဘူး။ Candlestick Techniqueတွေရဲ့ အစဟာ ဂျပန်မှာ ၁၇၅၀လောက်က ဆန်ကုန်သည်သူဋ္ဌေး Munehisa Hommaဆိုတဲ့သူကနေ စခဲ့တယ်လို့ဆိုပါတယ်။ Hommaဟာ သူ့ရဲ့ Financialပိုင်းမှာ တော်တာမို့ သူ့ခေတ်က ဂျပန်အစိုးရရဲ့ Financial Consultantအနေနဲ့တောင် နောက်ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး Samuraiဘွဲ့တောင် ပေးအပ်ချင်းခံခဲ့ရပါတယ်။ Candlestick Techniqueဟာ အရှေ့တိုင်းမှာပဲ ရှိနေခဲ့တာ ၂၀ရာစုနှောင်းပိုင်းမှာ Steve Nisonဆိုတဲ့သူက စိတ်ဝင်တစား စလေ့လာရာကနေ အနောက်တိုင်းပြည်တွေကို သယ်လာပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးချအောင် သူပဲဦးဆောင်လုပ်ခဲ့ပါတယ်။ Hommaရဲ့ Techniquesတွေကို အနှစ်နှစ်ရာကျော် ဖြည်းဖြည်းချင်း Refineလုပ်လာခဲ့တာအခုဆိုရင် Technical Analysisတိုင်းမှာ မရှိမဖြစ်ပါပါတယ်။ အောက်မှာ Wal-mart Store(WMT)ရဲ့ Barနဲ့ Candlestick Chartတွေကို ယှဉ်ပြထားပါတယ်။
...



Candlestickကိုဆွဲဖို့ OHLC dataလိုပါတယ်။ အဓိကကွဲပြားချက်ကတော့ Candlestickမှာ Openနဲ့Closeကို ပိုပြီးဦးစားပေးပါတယ်။ Openနဲ့Closeကိုဆက်ပြီး ထောင့်မှန်စတုဂံပုံ ခပ်ရှည်ရှည်လေး ပုံထွက်လေ့ရှိပါတယ်။ Openက Closeထက်ပိုမြင့်တဲ့နေ့ဆိုရင် ထောင့်မှန်စတုဂံကို အနက်ရောင်ဖြည့်မယ်။ Closeက ပိုမြင့်တဲ့နေဆိုရင်တော့ အဖြူရောင်ဖြည့်ပါမယ်။ ဒီထောင့်မှန်စတုဂံBodyကို Real Bodyလို့ခေါ်တယ်။ Highနဲ့Lowလိုင်းတွေကိုတော့ Upper Shadowနဲ့ Lower Shadowလို့ အသီးသီးခေါ်ပါတယ်။ Candlestickမှာသုံးတဲ့ အခေါ်အဝေါ်တွေဟာ နာမည်လှလှလေးတွေရှိတာ နောက်ပိုင်းမှာ တွေ့ပါလိမ့်မယ်။



Candlestickတွေဟာ ဘယ်လိုနေရာမှာအသုံးအဝင်ဆုံးလည်းဆိုတော့ Trend Reversalဖြစ်တော့မလား Confirmလုပ်တဲ့နေရာမှာပါ။ ပထမဆုံး Introအနေနဲ့ Trend Reversal Signalပြတဲ့ Candlestick typeနှစ်မျိုးကိုပြောပါမယ်။ သူတို့ကို Hammerနဲ့ Hanging Manလို့ခေါ်ပါတယ်။ နှစ်ခုလုံးဟာ ပုံစံအတူတူပါပဲ - ဒါပေမယ့် ဘယ်လိုTrendမှာပေါ်လာသလည်းပေါ် မူတည်ပြီး အခေါ်အဝေါ်ကွဲသွားပါမယ်။ ဘယ်လို Candleကို Hammerလို့ခေါ်လည်းဆိုတော့ ပထမဦးဆုံး Trendဟာ Down Trendဖြစ်ရပါမယ်။ Down Trendမှာ Candleတစ်ခုရဲ့ Lower Shadowဟာ Real Body Heightရဲ့ အနည်းဆုံး နှစ်ဆရှည်ပြီး၊ Upper Shadowဟာ မရှိ(သို့)မရှိသလောက် တိုရင်တိုရပါမယ်။ Hanging Manကကျတော့ Up trendတစ်ခုထိပ်နားမှာ ဖြစ်ရပါမယ်။ Real Bodyနဲ့ Lower Shadowရဲ့ Length Ratioဟာလည်း Hammerလိုပဲ ၁း၂ အချိုးအနည်းဆုံး ရှိသင့်ပါတယ်။ အောက်မှာ Hammerနဲ့ Hanging Manတွေကို Circleလုပ်ပြထားပါတယ်။




Hammers in AMD chart

Hanging Men in Black & Decker Chart

Crowd Psychologyပိုင်းကနေပြန်ကြည့်ရင် Hammerဖြစ်လာတာဟာ ဘာကြောင့်လဲလို့တွေးရပါမယ်။ Bearတွေဟာ ဈေးကိုဆွဲချဖို့ ကြိုးစားတယ်။ ဒါပေမယ့် မအောင်မြင်ပဲ Closeဟာ Lowနဲ့ အလှမ်းဝေးဝေးမှာ သွားပိတ်ပါတယ်။ ဒါဟာ ဘာကိုပြလည်းဆို Bullတွေဟာ နောက်ဆုံးတော့ အနိုင်ရသွားတယ်လို့ ဆိုလိုပါတယ်။ ဒီIdeaကို နောက်နေ့ Down Trend Line Breakout Signalနဲ့ Confirmလုပ်ပြီး Tradeတစ်ခုကို ဝင်လို့ရတယ်။ Hammerမြင်ရင် Bearsတွေဟာ တူနဲ့ အထုခံရတော့မယ်လို့ တွေးရပါမယ်။

Hanging Manရဲ့ Psychologyကတော့ Up Trendတစ်ခုဟာ တဖြည်းဖြည်းနဲ့ ဆက်တိုက်တက်လာတဲ့အခါမှာ အချိန်တန်ရင် အရှိန်ကုန်လာပါမယ်။ Hanging Man Formationဟာ Bearsတွေဟာ စပြီးAttackလုပ်လာပြီလို့ ဆိုလိုတယ်။ သွေးတိုးစမ်းတယ်ပေါ့။ ဒါပေမယ့် သူတို့ မအောင်မြင်လိုက်ဘူး။ Hanging Manကိုမြင်ရင် Bullတွေတော့ ထိပ်မှာ တွဲလောင်းဖြစ်နေပြီ၊ အကိုင်မမြဲရင် ပြုတ်ကျတော့မယ်လို့ သတိထားရပါမယ်။ ဒါကြောင့် Hanging Manဖြစ်ဖြစ်၊ Hammer ဖြစ်ဖြစ် Following Dayရဲ့ Candleကို ကြည့်ပြီး Confirmလုပ်သင့်ပါတယ်။ Hanging Manအတွက်ဆိုရင် Following Candleဟာ Black real body၊ Hammerအတွက်ဆိုရင်တော့ White real bodyဖြစ်ရင်ပိုသေချာပါတယ်။

Hanging Manနဲ့ Hammerကိုယ်တိုင်ရဲ့ Real body ဖြူသလား၊ မည်းသလားကတော့ ဒီလောက်အရေးမကြီးပါဘူး။ ဒါပေမယ့် White Hammerနဲ့ Black Hanging Manဟာ ပိုပြီး Potentဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ Hanging Manနဲ့ Hammerလို Candle Formationတွေဟာ သူတို့နာမည်ရဖို့ Candleတစ်ချောင်းပဲလိုပါတယ်။ နောက်ပိုင်းမှာ နှစ်ချောင်း၊ သုံးချောင်းပေါင်းမှ Formationတစ်ခုဖြစ်တဲ့ Candlesticks Techniqueတွေ ဆက်ရေးပေးပါမယ်။ Part II မှာတော့ single-candle formationအကြောင်းပဲ ဆက်ပြောသွားပါမယ်။

Happy Candle Lighting!

Related Post : OHLC Bars , Trend lines

1 comment:

  1. Candlestick Technique တွေကလည်း တော်တော်အရေးပါတာပဲ။ မျှဝေတဲ့အတွက် ကျေးဇူးပဲ Bro! ။

    ReplyDelete