16 October 2009

အသက်ခြောက်ဆယ် = ၆၆%


မြန်မာပြည်မှာကတော့ အသက်ခြောက်ဆယ်ဝန်းကျင်မှာ ဆုံးပါးသွားရင် သေပျော်ပါပြီ ထင်တတ်ကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အစကတော့ အဲဒီ့လိုပဲထင်တယ်။ CIA fact bookကတော့ မြန်မာပြည်မှာ Male Life Expectancyက ၆၁.၁၇နှစ် နဲ့ Female Life Expectancyက ၆၅.၇၄နှစ်လို့ ဆိုတယ်။ မြန်မာပြည်မှာလည်း အသက်ရှည်တဲ့လူတွေ တော်တော်ရှိပါတယ်။ ဒါပေမယ့် လူဦးရေနဲ့ အချိုးချလိုက်ရင် တိုးတက်တဲ့ တိုင်းပြည်ကအချိုးတွေကိုတော့ မှီမယ်မထင်ဘူး။

ဒီတိုင်းပြည်တွေမှာကြတော့ အသက်ခြောက်ဆယ်ဟာ ဘဝရဲ့ သုံးပုံနှစ်ပုံပဲရှိပါသေးတယ်။ Senior Citizens အများစုဟာ အသက်၈၀နဲ့ ၉၀ကြားအထိ သာမန်ကျန်းမာရင် အေးဆေးလေးပဲ ရောက်သွားမယ်။ Retirementကတော့ နိုင်ငံတိုင်းလိုလိုမှာ အသက်၆၀ဆိုရင် ယူလေ့ရှိကြပါတယ်။ တချို့ အသက် ၆၅-၇၀အထိ အလုပ်ကို Part-timeဆက်လုပ်နေတဲ့သူတွေလည်း ရှိတော့ရှိပါတယ်။ ဒါပေမယ့် ကိုယ်ကတော့ နောက်အကျဆုံး အသက်၆၀ဆိုရင် Retireယူမယ်လို့ တွက်သင့်ပါတယ် (What's the point if you can't rest after age 60?)

အသက်ရှည်တာလည်းကောင်းတယ်။ Retirementယူနိုင်တာလည်းကောင်းတယ်။ မကောင်းနိုင်တာက ကိုယ့်ရဲ့ Retirement Plan နဲ့ Money။ အလုပ်ကမလုပ်နိုင်တော့တဲ့အချိန်မှာ ကိုယ့်မှာရှိတဲ့ Asset (သို့) ပိုက်ဆံ(နှစ်မျိုးလုံး ရှိရင် ပိုကောင်းတယ်)က မလောက်ငှရင်၊ သားသမီးတွေက မကြည့်နိုင်ရင် (သို့) ဘာသားသမီးမှ မရှိရင်၊ သေသွားတာကမှ ပိုကောင်းဦးမယ်။ ကိုယ့်သားသမီးတွေဟာလည်း သူတို့ကြီးလာရင် သူတို့ဘာသာ အိမ်ထောင်နဲ့ Mortgageနဲ့ လုံးလယ်ချာလယ် လိုက်နေကြဖို့က သေချာသလောက်ပဲ။  ဒီတော့ သူတို့ကို အားကိုးဖို့ Planကို Retirement Plan ထဲက ဖယ်ထားလိုက်ပါ။
...

တချို့ကတော့ တွက်ထားတယ်။ ဟာ အစိုးရက စောင့်ရှောက်မှာပါ ဆိုပြီး။ အစိုးရPensionဟာ ဒီမှာတော့ Criteria မျိုးစုံနဲ့ တွက်ချက်ပြီး ပေးပါတယ်။ ရှင်းပြရင် စာမျက်နှာတောင် မလောက်လို့ ကိုယ့်ဘာသာကိုယ်သာ ဒီမှာ သွားကြည့်ပါ http://www.centrelink.gov.au/internet/internet.nsf/payments/age_pension.htmAussie မဟုတ်တဲ့သူတွေလည်း ကိုယ့်တိုင်းပြည်က Pension Eligibilitiesကို ကောင်းကောင်းနားလည်ထားသင့်တယ်။ ဒါမျိုးကျတော့ မြန်မာပြည်က ရှင်းတယ်။ ဘာမှကို တွက်နေစရာမလိုဘူး :) သေချာတာက အစိုးရဟာ Income Test, Asset Testတွေ မျိုးစုံစိစစ်ပြီးမှ မသထာရေစာ ပေးလိမ့်မယ်။ နောက်အနှစ်သုံးဆယ်လောက်မှာ လူတွေဟာ ပိုကျန်းမာလာပြီး ပိုအသက်ရှည်လာကြတာနဲ့အမျှ အစိုးရအပေါ်ကျလာမယ့် Social Security Burdenဟာ ပိုကြီးလာမှာပါ။ ဒီတော့ ပိုရဖို့တော့ မမျှော်နဲ့၊ အိတ်မစိုက်ရရင် ကံကောင်း။ ဒီတော့ ကျွန်တော်ကတော့ Personally အစိုးရကို မေ့ကိုထားတယ်။

Big Corporationsတွေမှာ လုပ်နေတဲ့သူဆိုရင်တော့ ငါ့ရဲ့ Prestigious Companyကြီးရဲ့ Retirement Packageဟာ ငါ့ကို စောင့်ရှောက်သွားမှာပါလို့ ထင်ချင်ထင်မယ်။ ဒီမှာတော့ Compulsory Superannuation (Singaporeမှာ Saving Fund၊ အမေရိကားမှာ 401kလို့ ခေါ်ပါတယ်)ကို ကုမ္ပဏီတွေက ထပ်ဆောင်းပြီး လခ၇ဲ့ ၉%ပေးရတယ်။ ဒါဟာ ဥပဒေပါ။ ကိုယ့်အလုပ်ရှင်က ကောင်းရင်ကောင်းသလို ၉%ထက်ပိုရတာတွေလည်း ရှိတတ်တယ်။ ဒါပေမယ့် ပြဿနာက အများစုဟာ ကိုယ့်ရဲ့ retirement savingကို အသက်၆၀ရောက်တဲ့အထိ ထိလို့မရဘူး။ Managed Fund or Mutual Fundအစရှိတာတွေကပဲ လုပ်ချင်သလိုလုပ်နေကြလိမ့်မယ်။ မနက်ကပဲ ရေဒီယိုမှာ ကြားလိုက်တယ်။ အမေရိကားမှာ Average 401kတွေဟာ ၂၄%လောက် Crisis ကြောင့် လုံးပါးပါးသွားတယ်တဲ့။ ဒီမှာလည်း သိပ်မထူးပါဘူး။ ၁၅ကနေ ၂၀%လောက်တော့ ထိနေကြတာပဲ။ ဒီတော့ ကိုယ့်ရဲ့ retirement savingsတွေကိုလည်း အမြဲတမ်း Blue Skyဖြစ်နေမယ်လို့ မထင်တာက ပိုကောင်းပါတယ်။

တကယ့် ပြဿနာက ကိုယ်က ဝင်ငွေမရှိ(သို့)မရှိသလောက် နည်းသွားမယ့်အချိန်မှာ နောက်ထပ် အနှစ်နှစ်ဆယ်ကနေ သုံးဆယ်လောက်အထိ ဆက်နေမှာပါပဲ။ အောက်မှာ ဖြစ်နိုင်တဲ့ အခြေအနေတစ်ခုကို ဖော်ပြထားပါတယ်။ ဒီဇယားမှာ Average Aussieတစ်ယောက်ရဲ့ ဝင်ငွေဟာ ၅၅၀၀၀လို့ စတွက်ထားပါတယ်။ နိုင်ငံခြားမှာ အခြေစကျခါစ မြန်မာအများစုဟာလည်း အသက်သုံးဆယ်ဝန်းကျင်တွေမို့လို့ အနှစ်၃၀စာ Projectionလုပ်ထားတယ်။ Saving Fund/Superannuationရဲ့ Rateတော့ ၉%ပါ။  CPIကို ၃%တွက်ထားပါတယ်။ ဒီဇယားကို Hypothetical Exampleလို့ပဲ ယူပြီးကိုယ့်ဘာသာ စိတ်ကြိုက်Adjustလုပ်ကြည့်နိုင်ပါတယ်။

Year
Pay
CPI

Retr. Saving at 9% of pay
1
$55,000.00
3.00%

$4,950.00
2
$56,650.00
3.00%

$5,098.50
3
$58,349.50
3.00%

$5,251.46
4
$60,099.99
3.00%

$5,409.00
5
$61,902.98
3.00%

$5,571.27
6
$63,760.07
3.00%

$5,738.41
7
$65,672.88
3.00%

$5,910.56
8
$67,643.06
3.00%

$6,087.88
9
$69,672.35
3.00%

$6,270.51
10
$71,762.53
3.00%

$6,458.63
11
$73,915.40
3.00%

$6,652.39
12
$76,132.86
3.00%

$6,851.96
13
$78,416.85
3.00%

$7,057.52
14
$80,769.35
3.00%

$7,269.24
15
$83,192.43
3.00%

$7,487.32
16
$85,688.21
3.00%

$7,711.94
17
$88,258.85
3.00%

$7,943.30
18
$90,906.62
3.00%

$8,181.60
19
$93,633.82
3.00%

$8,427.04
20
$96,442.83
3.00%

$8,679.85
21
$99,336.12
3.00%

$8,940.25
22
$102,316.20
3.00%

$9,208.46
23
$105,385.69
3.00%

$9,484.71
24
$108,547.26
3.00%

$9,769.25
25
$111,803.68
3.00%

$10,062.33
26
$115,157.79
3.00%

$10,364.20
27
$118,612.52
3.00%

$10,675.13
28
$122,170.90
3.00%

$10,995.38
29
$125,836.02
3.00%

$11,325.24
30
$129,611.10
3.00%

$11,665.00

$2,616,647.86


$235,498.31





Government (20%)
$523,329.57



Mortgage + Bills (60%)
$1,569,988.72



What's left for you
$523,329.57



Your retirement savings
$235,498.31



Total retirement fund
$758,827.88



For Next 30 yr
$25,294.26
per year


For Next 30 yr
$2,107.86
per month



ခြွင်းချက်ကတော့ အိမ်ရှိရင် ကိုယ့်အိမ်ဟာ ဈေးတက်လာမှာဖြစ်လို့၊ အသက်ကြီးမှ Downsizeလုပ်တယ်ဆိုရင်တော့ ငွေထပ်ထွက်လာပါလိမ့်မယ်။ ဒါပေမယ့် Mortgageနဲ့ Billsတွေနှစ်ခုပေါင်းကိုမှ ၆၀%ပေးထားတာကိုလည်း သတိပြုသင့်ပါတယ်။ ကလေးများရင်များသလို၊ ကိုယ့်Life Styleက စရိတ်များရင်များသလို အဲဒါထက်ပိုပါလိမ့်မယ်။ ဒါပေမယ့် ဒီမှာ Professionalတွေရဲ့ Averageလခဟာ Year 1 Pay ထက်တော့ များပါတယ်။ ကျွန်တော့်အမြင်ကတော့ Average Aussieတစ်ယောက်ဟာ နောက်အနှစ်သုံးဆယ်မှာ နောက်ထပ်အနှစ်သုံးဆယ်အတွက် တစ်လကို ငွေ၂၀၀၀ကနေ ၃၀၀၀ကြားနဲ့ တော်တော် Struggle လုပ်ရမယ်လို့ ထင်ပါတယ်။ ဒီတော့ Definitely and Seriously၊ Retirementအတွက် အခုကတည်းက ပြင်ဆင်ထားကြပါလို့ တိုက်တွန်းပါတယ်။

8 comments:

  1. ပြောလို့မှ မဆုံးသေး ဒီဆောင်းပါးလေးကို ဖတ်လိုက်ရတယ်။ http://finance.yahoo.com/news/Social-Security-freeze-means-apf-1102942042.html?x=0&sec=topStories&pos=1&asset=&code=

    ReplyDelete
  2. ဟုတ်တယ်ဗျ။ ကျနော်လည်း နောက်အနှစ်သုံးဆယ် ဆိုတာကိုတွေးကြည့်မိတယ်။ ရှာလိုက် စားလိုက် ကုန်သွားလိုက် ကျန်တာလေးစုထားလိုက်နဲ့။ စုတယ်ဆိုတာကလည်း Mutual Fund လိုဟာမျိုး နောင်တချိန်ကျမှ ထိခွင့်ရမယ့်ဟာတွေ။ ကျနော်တို့ SG မှာဆို CPF ကလည်း saving တမျိုးပေါ့ဗျား။ တွေးကြည့်ရင်တော့လည်း အဲဒီ Saving တွေကခပ်ဟုတ်ဟုတ်ပဲ။ ဒါပေမယ့် အကိုပြောသလိုပဲဗျ၊ အဲဒီဟာတွေက အမြဲတမ်း Blue Sky ဖြစ်နေဖို့ဆိုတာ တယ်မလွယ်ပါဘူး။ လတ်တလော အခြေအနေတွေကို ပြန်သုံးသပ်ကြည့်ရင် တနေ့တခြားသိသာလာနေတယ်လေး။ Retirement Plan ကောင်းကောင်းတော့ လုပ်ရအုံးမယ်။ Financial Freedom ကို ငယ်ငယ်ရွယ်ရွယ်နဲ့ရချင်တယ်ဗျား။ :)
    *Thanks a lot for your sharing.

    ReplyDelete
  3. sell out everything and better go back to our home land at the age of 60+. :D

    ReplyDelete
  4. အသက်ငယ်တုန်း retireယူနိုင်အောင်က ကိုယ့်ကိုယ်ကို နာမည်ကြီး ဘောလုံးသမားလို တွေးဖို့လိုတယ် - သူတို့ဟာ ကန်နိုင်တုန်း၊ နာမည်ကြီးတုံး လှိမ့်ရှာရပါတယ်။ Keyက သူတို့တော်သလို ကိုယ်ကလည်း Financialပိုင်းမှာ Educated ဖြစ်ဖို့လိုတယ်။ ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်နိုင်တဲ့လိုင်းထဲမှာ ဒီလိုင်းပါတယ်။ Financial Educationကို စပြီးစောက်ချလုပ်ပါ၊ လက်တွေ့လည်း နည်းနည်းလိုမယ်။ စိတ်ဝင်စားတဲ့သူတွေကို ဒီBlogကနေ ကူညီသွားဖို့ Planရှိပါတယ်။

    ReplyDelete
  5. ကိုညီမူရာ - ပထမဆုံးအပိုဒ်လေးကို ပြန်ဖတ်လိုက်ပါဗျာ :)

    ReplyDelete
  6. အစ်ကိုပြောတာ ထောက်ခံပါတယ် ကျွန်တော်ကတော့  အစိုးရရဲ့ ထောက်ပံ့ကြေးကို လုံးဝနီးပါးလောက်မမျှော်လင့် ထားပါဘူး အခုတောင် budget deficit တွေနဲ့ လုံးချာလည်လိုက်နေတဲ့ အစိုးရပာာ ကျွန်တော်ပင်စင်ယူရင်ပိုက်ဆံပေးနိင်မယ် လို့  အာမခံချက်မရှိပါဘူး Inflation ကလည်းရှိသေးတယ် ဒီတော့ ကိုယ့် ဘာသာ ကြိုတင်ပြင်ဆင်ထားဖို့ ကလုံးဝ လိုအပ်ပါတယ်

    ReplyDelete
  7. Can you let me share your articles on my facebook wall?
    Totally appreciate your life-changed knowledge distributions!!
    I also just sign up the SGX trading account last week, and DBS Vicker brokerage firm!!
    Thank you so much for your hard work brother!!!
    :-)

    ReplyDelete
  8. Thanks for your kind words. By all means, you can share anything from my blog. Just mention the source. AMH

    ReplyDelete