29 November 2010

Psychology of Losing

Stock Tradingလုပ်တဲ့အခါ Beginnerတွေအတွက် Stop-lossမလုပ်နိုင်တာဟာ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ ကျွန်တော်လည်း ဒီဘဝကို ဖြတ်သန်းခဲ့တာပါပဲ။ Paper Loss/Unrealised Lossဖြစ်နေတဲ့အခါမှာ ပိုက်ဆံကလေး ကိုယ့်အိတ်ထဲကထွက်သွားနိုင်တဲ့ Chanceကနေ Stop-lossလုပ်လိုက်ရင် Realisedတကယ်ဖြစ်သွားမှာကိုး။ ဒီPostမှာ Money Lossကို Perspectiveမျိုးစုံကနေ ပိုပြီးPalatableဖြစ်စေအောင် ရေးထားပါတယ်။ အောက်မှာရေးထားတာတွေ ဖတ်ပြီး အရှုံးဒဏ်ပိုခံနိုင်ပြီဆိုရင် ကျွန်တော်ရေးရကျိုးနပ်ပါမယ်။

Forget about $$$
အရှုံးကို ပိုပြီးManageလုပ်နိုင်အောင် တွေးသင့်တဲ့ရှုထောင့်ကတော့ ပိုက်ဆံကို ပိုက်ဆံလို့မတွေးပါနဲ့။ Pointတွေလို့တွေးပါ။ Casinoတွေမှာ Chipလေးတွေနဲ့ တကယ့်ပိုက်ဆံကို လဲပေးထားတာတွေ့တယ်မဟုတ်လား။ အဲဒါလူတွေကို ပိုပြီးအရှုံးဒဏ်ခံနိုင်အောင် လုပ်ထားတာပါ။ ပိုက်ဆံကို ပိုက်ဆံလိုမမြင်ဘဲ ရေလိုသုံးပစ်လို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ ပိုက်ဆံကို ဘယ်နှဒေါ်လာအစရှိသဖြင့်မတွက်ဘဲ၊ ဘယ်နှPointတော့ Downနေပြီလို့တွေးရင် နည်းနည်းပိုသက်သာပါမယ်။

Casualty of War
စစ်ဖြစ်ရင် စစ်သားတစ်ယောက်တော့ သေမှာသေချာတယ်။ ကံဆိုးရင် Civillianတွေတောင်ပါဦးမယ်။ ဒီIdeaကိုတော့ လက်ခံနိုင်ကြပါတယ်၊ ဒါပေမယ့် Tradingလုပ်ရင်တော့ အရှုံးမခံချင်ကြဘူး - ယုတ္တိရှိသေးရဲ့လား စဉ်းစားကြည့်ပါဦး။

Remember how you learned riding a bike
စက်ဘီးစီးတတ်သူများ စသင်ခါစက တဘိုင်းဘိုင်းနဲ့လဲခဲ့တာ မှတ်မိသေးရဲ့လား။ မြန်မာပြည်မှာကတော့ သတ္တိရှိကြတယ်၊ သင်ခါစ ဘာအကာမှမပါဘူး။ Helmatလည်း မပါဘူး။ တော်တော်လေး ပြဲကွဲပြီးမှ တဲ့တဲ့စီးနိုင်တာ။ Tradingလုပ်တဲ့အခါမှာလည်း ဒီလိုပါပဲ။ စစချင်းမှာ Stop-lossဆိုတဲ့ Helmatပါရင် လဲတဲ့ဒဏ်၊ ရှုံးတဲ့ဒဏ်ကို ပိုပြီးခံနိုင်ပါမယ်။ သေချာတာက လဲမှာပဲ။ လဲမှာကြောက်ရင် စက်ဘီးမစီးတတ်သလို ရှံးမှာကြောက်နေရင် Traderဘယ်တော့မှ မဖြစ်ဘူး။ Tradingစလုပ်လုပ်ချင်း Millionaireဖြစ်ချင်တဲ့သူဟာလည်း စက်ဘီးမှ မစီးတတ်သေးဘူး၊ ခေါင်းထောင်စီးချင်တဲ့သူလိုပါပဲ။

Learn from Beckham
Beckhamကိုဆိုရင် လူတိုင်းက သူရဲ့ Twistလေးနဲ့ကန်တဲ့ Free kickကိုပဲ ဦးဆုံးပြေးမြင်ကြတယ်။ သူရဲ့ တည့်တည့်ကြီးလွဲသွားတဲ့ Penalty Goal Kickတွေရော သတိရကြသေးရဲ့လား:) Beckhamနာမည်ကြီးတာဟာ သူ့ရဲ့Personalityကောင်းတာထက် သူ့ရဲ့Achievementက သူ့ရဲ့Lossesတွေထက် သာခဲ့လို့ပါ။ သူပါပြီး ရှုံးတဲ့ပွဲတွေမှ အများကြီး။ ဒါပေမယ့် နိုင်တဲ့ပွဲအရေအတွက်ဟာ သူငယ်စဉ်ဘဝက ပိုများခဲ့လို့ပါပဲ။ ဆက်စပ်တွေးလို့ရတာက Soccerဘယ်လိုပြိုင်သလည်းရော ကြည့်ကြည့်ပါဦး။ Round 1မှာ တစ်ပွဲရှုံးပေမယ့် အုပ်စုတက်ဖို့ Chanceဟာ ရှိနိုင်ပါသေးတယ်။ နောက်ဆုံးပိတ် Totalအမှတ်နဲ့ Goalအရေအတွက်ကသာ အရေးကြီးတာပါ။ First-halfမှာ ရှုံးနေရင်တောင် စိတ်ဓါတ်မကျရင် Second-halfမှာ ပြန်နိုင်နိုင်ပါတယ်။ Beckhamလိုလူတွေ ဒူးခေါင်းတော်တော်နာသွားရင် ခဏနားတာလည်း အတုယူသင့်ပါတယ်။ Marketထဲမှာ ဆက်တိုက်ရှုံးပွဲဆက်လာရင် ခဏ Take a breakလုပ်ပြီး ကိုယ့်လိုအပ်ချက်တွေကို ပြန်Analyseလုပ်သင့်ပါတယ်။

မမှားသောရှေ့နေ...
ဒီစကားပုံလိုပဲ မရှုံးဘူးတဲ့ ရှေ့နေ၊ လူနာမသေဘူးတဲ့ ဆရာဝန်မရှိပါဘူး။ ရှိရင်လည်း ကုသိုလ်ကံ တော်တော်ကောင်းသေးလို့ပဲဖြစ်လိမ့်မယ်။ တရားခံဘက်က Defenseရှေ့နေဟာ ကိုယ့်အမှုသည် လုံးဝလွတ်ရမယ်လို့ တွက်လို့မရပါဘူး။ ဆယ်နှစ်နဲ့ ကြိုးမိန့်နှစ်ခုပဲရှိတယ်ဆိုရင် ပိုသက်သာမယ့် ဆယ်နှစ်ကို ရွေးရမှာပါပဲ။ ခေါင်းမာနေရင် ကိုယ့်အမှုသည် သေမှာပဲ။ ဆရာဝန်ဟာလည်း ပုတ်နေတဲ့ခြေထောက်ကို မဖြတ်လို့ လူနာသေမယ်ဆိုရင် ဖြတ်ရမှာပဲ။ မဖြတ်ရင်.....? ဟုတ်ပ သေမှာပဲ :)

On Sale
ဒါကတော့ မိန်းမတွေအကြိုက်။ Department Storeတွေ ဈေးချရင် ပျော်ကြတယ်မဟုတ်လား။ Further ဘယ်လောက်%offဆိုရင် ပိုတောင်ကြိုက်သေး။ Traderဟာ Retailerတစ်ယောက်လိုတွေးရပါမယ်။ ကိုယ့်ပစ္စည်းရောင်းမထွက်ရင် ဆက်ကိုင်ထားပြီး Further Reducedဆိုပြီးခွက်ခွက်လန်အောင်ရောင်းမလား? စောစော cut lossလုပ်ရမလားဆိုတာ Retailerတွေလိုပဲတွေးရပါမယ်။

It's only in your mind
ဒီလောက်ဆိုရင် Losingဟာ ထင်သလောက်မဆိုးမှန်း၊ Tradingတစ်ခုထဲမှာပဲ special caseဖြစ်နေတဲ့ အရာမဟုတ်မှန်း ပိုနားလည်သွားမှာပါ။ အရှုံးဆိုတာ ကိုယ့်mindsetထဲမှာပဲရှိပါတယ်။ အရှုံးကို အရမ်းအရေးပေးပြီး လုပ်သင့်တာမလုပ်ရင် ပိုဆိုးမယ်၊ အမြတ်အစွန်းရမယ့် Tradeအသစ်တွေကို လွတ်သွားနိုင်ပါတယ်။ Losing is only in your mind and you have to manage losses. Don't let losses manage you.

Happy Cutting Losses!

24 November 2010

အဓိကအကျဆုံးအရာ

Stockတစ်ခုရဲ့ Open, High, Low, Close, Volumeအစရှိတာတွေသုံးပြီးတော့ Technical Analysisလုပ်တဲ့နေရာမှာ အဓိကအကျဆုံးဟာ ဘာလို့ထင်ပါသလည်း? Closing Priceဆိုရင် ထင်တာမှန်ပါတယ်။ တစ်နေကုန် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ နောက်ဆုံးဘယ်လောက်နဲ့ပိတ်သွားသလည်းဟာ အရေးအကြီးဆုံးပါ။ OHLC, Volumeတွေသုံးတဲ့ Technical Analysisအများစုမှာ လူသိပ်သတိမထားမိတဲ့နောက်ထပ် Dimensionတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ အချိန်ပါပဲ။ Minute, Hourကစပြီး Daily, Weekly, Monthlyအစရှိသဖြင့် Linear Dimensionတစ်ခုဟာ X-axisပေါ်မှာရှိရပါမယ်။

ဒီPostမှာ Closing Priceတစ်ခုထဲကိုသုံးပြီး Stockတစ်ခုရဲ့ Major Supportနဲ့ Resistanceကို Analysisလုပ်တဲ့နည်းတစ်ခုကို ပြောပြပါမယ်။ အဲဒီ့Techniqueကို Point & Figure (P&F)လို့ခေါ်ပါတယ်။ အောက်မှာ Bank of America (BAC)ရဲ့ Chartကိုပြထားပါတယ်။

ဒီChartမှာ ထူးခြားတာကတော့ ဆွဲပုံဆွဲနည်းပါပဲ။ P&Fကိုဆွဲဖို့ Stockတစ်ခုဟာ တစ်နေ့တစ်နေ့ဘယ်လောက် ရွေ့လေ့ရှိသလည်းသိရပါမယ်။ ကိုယ်စောင့်ကြည့်နေကြStockဆိုရင် ဘယ်လောက်volatileဖြစ်လည်းဆိုတာ အလွယ်တကူသိနိုင်ပါတယ်။ မသိရင်လည်း သိအောင်တိုင်းတာတဲ့နည်းတွေရှိပါတယ်။ ကျွန်တော်နောက်ပိုင်းမှ ရေးသွားပါမယ်။ တစ်နေ့အတွင်း ရွေ့လေ့ရှိ့တဲ့Amountကိုသိပြီဆိုရင် အဲဒီ့Amountကို ကိုယ့်စိတ်ကြိုက် Multiplierတစ်ခုနဲ့ မြှောက်လိုက်ပါ။ ကျွန်တော့် Personal Choiceကတော့ ၁.၅နဲ့ မြှောက်လေ့ရှိပါတယ်။ ၁ဆခွဲပေါ့။ အဲဒီ့ Daily Range x 1.5 timesကို Box sizeလို့ခေါ်ပါမယ်။ Box sizeဟာ Chartထဲမှာမြင်နေရတဲ့ Crossတစ်ခုစီနဲ့ Circleတစ်ခုစီရဲ့ Amountကို ကိုယ်စားပြုပါတယ်။ Crossဟာ ဈေးတက်တာဖြစ်ပြီး၊ Circleကတော့ ဈေးကျတာအတွက်ပါ။

BACတစ်နေ့ကို ပြား၄၀လောက် Rangeသွားတတ်ပါတယ်။ ဒီတော့ Box sizeဟာ 40c x 1.5 = 60c ပါ။ ဒီတော့ BAC P&F chartမှာ Cross/Circleတစ်ခုစီဟာ ပြား၆၀ကို ကိုယ်စားပြုပါတယ်။ CrossကနေCircle, Circleကနေ Crossပြန်ဖြစ်အစရှိသဖြင့် ပုံထဲမှာ Crossနဲ့ Circleတွေဟာ တစ်Columnစီအလှည့်ကျသွားနေတာကိုလည်း တွေ့ပါလိမ့်မယ်။ အဲဒီလို Column / Symbol ပြောင်းသွားတာကို Reversal ဖြစ်တယ်လို့ ခေါ်ပါမယ်။ Stockဈေး တက်ရာကနေကျ၊ ကျရာကနေတက် အစရှိသဖြင့်ပေါ့။ Reversal လုပ်ဖို့ reversal box amountကို ဆုံးဖြတ်ရပါမယ်။ Rule of Thumbကတော့ 3 boxesပါ။ ဒီ Chartမှာဆိုရင် each box size 60c x 3 = 180cပေါ့။ ဒီတော့ BAC ၁ကျပ်ပြား၈၀ဈေးမကျ/မတက်မချင်း Symbolမပြောင်းပါဘူး။

Cross/Circleတစ်ခုချင်းစီ တက်ဖို့/ဆင်းဖို့အတွက် Stock priceဟာ box sizeလောက်အနည်းဆုံးရွေ့ရပါမယ်။ မရွေ့ရင်ကောဆိုရင် ဘာမှအသစ်ထည့်ဆွဲဖို့မလိုဘူးပေါ့။ Reversal amountလောက် Violentဖြစ်ပြီဆိုရင် Trendပြောင်းတဲ့အနေနဲ့ Symbolကို Switchလုပ်ရပါမယ်၊ တခါတည်းလည်း Reversal amountအတိုင်း 3 boxဆိုရင် 3ခု၊ 4 boxဆိုရင်လည်း 4ခု ဆွဲရပါမယ်။

နောက်တစ်ခုသတိပြုရမှာက အချိန်X-axisပါ။ အချိန်ဟာ Linear Scaleမရှိတော့တာကို တွေ့ရပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ဟာ Box size amountတစ်ခုစာစီ Closing Priceအပြောင်းအလဲရှိမှ Chartကို Updateလုပ်တာမို့လို့ပါ။ Alphabet initialsလေးတွေနဲ့ ဂဏန်းလေးတွေဟာ လတွေရဲ့ အစစာလုံးနဲ့ ခုနှစ်၊ အရေးကြီးတဲ့Reversalရက်တွေကို Compressedလုပ်ထားပြီး ပြနေတာပါ။ P&Fကို လက်နဲ့ပဲဆွဲမယ်ဆိုရင် တော်တော်လေး အချိန်ကုန်ပါမယ်။ ကျွန်တော်ကတော့ Metastockဆိုတဲ့ Softwareနဲ့ လွယ်လွယ်ကူကူပဲ ဆွဲလေ့ရှိပါတယ်။ Box sizeနဲ့ Reversal amountကို Inputထည့်ပေးလိုက်ရုံပါပဲ။ P&Fဟာ အချိန်ကို လွယ်လွယ်လေးကျုံ့နိုင်တာမို့ နှစ်များများDataရှိလေ P&Fဟာ လှလေ၊ အသုံးဝင်လေပါပဲ။ BACအတွက် ကျွန်တော် ၂၀၀၅ခုနှစ်ကတည်းက Dataနဲ့ဆွဲပြထားတာပါ။
P&Fရဲ့ အဓိက အသုံးဝင်ပုံကတော့ Circleများများတန်းနေတဲ့ Reversalဖြစ်တဲ့နေရာဟာ Major Supportတွေလို့ သတ်မှတ်နိုင်ပြီး၊ Crossတွေများများတန်းနေတဲ့နေရာကတော့ Major Resistanceလို့ သတ်မှတ်နိုင်ပါတယ်။ BAC Chartထဲမှာ အစိမ်းရောင်လိုင်းတွေဟာ Major Supportနေရာတွေပါ။ P&Fကနေ Stockတစ်ခုဟာ ဘယ်လောက်ကြာအောင် ဈေးကျနေခဲ့လည်း၊ ဈေးတက်နေခဲ့လည်း လွယ်လွယ်ကူကူသိနိုင်ပါတယ်။

P&F Summary
  • Box size = Average daily movement range of a stock price x multiplier (multiplier is personal choice and mine is 1.5) ဘာလို့ ၁.၅သုံးလည်းဆိုတော့ Daily Rangeထက် နည်းနည်းပိုတဲ့ Price actionတွေကိုပဲ Captureလုပ်ချင်လို့ပါ။
  • Reversal boxes = 3 or 4 times of Box size(again, it's personal choice)
  • Time scale is no longer linear on X-axis
  • Mainly used to identify long term major support and resistance. Resistanceအတွက် Cross (X)တွေရဲ့ အပေါ်ဘက်ကို ဆက်ဆွဲပါ။ Supportအတွက် Circle(O)တွေရဲ့ အောက်ဘက်ထိပ်ကို ဆက်ဆွဲပါ။
  • Better to use charting software help to draw P&F
  • P&Fရဲ့ အဓိက အားနည်းချက်ကတော့ အချိန်ပါပဲ။ ဘယ်အချိန်မှ Major resistance/supportတစ်ခုကို ပြန်ထိမလည်းဆိုတာ P&Fသုံးပြီးမှန်းလို့မရနိုင်ပါဘူး။
  • P&Fကို ကျွန်တော်သုံးလေ့ရှိတာကတော့ Priceဟာ Major resistance/supportနား ရောက်နေပြီလားဆိုတာကို Verifyလုပ်ဖို့ပါပဲ။
  • P&Fချည်းပဲသုံးဖို့မသင့်တော်ပါဘူး။ တခြား Technical Analysisနည်းတွေနဲ့ တွဲသုံးသင့်ပါတယ်။

Happy Charting.

22 November 2010

အရှုံးဆိုတာမရှိ (၂)

Stop-lossအကြောင်းပြောရင် Technical Analysisကို ဘယ်လိုမှ ချန်ထားလို့မရပါဘူး။ Long-term Fundamental based investorတွေတောင်မှ Technical Analysisကို သုံးမယ်ဆိုရင် Stockတစ်ခုကို Investလုပ်တဲ့နေရာမှာ ပိုပြီးထိရောက်နိုင်ပါတယ်။ ဖတ်ရတာလွယ်ကူအောင် Shortingလုပ်တာကို ဘေးဖယ်ထားပြီး Simply Long Stock(ဈေးတက်လျင် အမြတ်ရခြင်း)ဘက်ကနေပဲ ပြောသွားပါ့မယ်။

Oldest and Simplest are the Best
Technical Analysisရဲ့ ရှေးအကျဆုံးနဲ့ အရိုးရှင်းဆုံး Trend line, Support, Resistanceလိုင်းတွေဟာ Stop-loss, Profit-taking pointတွေ Defineလုပ်ဖို့ အကောင်းဆုံးနဲ့ အလွယ်ဆုံးနည်းတွေပါပဲ။ ကျွန်တော်အဲဒါတွေအကြောင်း အသေးစိပ်ရေးဖူးပါတယ်။ Stockတစ်ခုကို မTradeခင် အရေးအကြီးဆုံးသိရမှာတွေက
  • Profit is made at the Entry, not at the Exit (ဘယ်ဈေးကဝင်မလည်းဆိုတာ အရမ်းအရေးကြီးပါတယ်)။
  • အနီးဆုံး Supportနားကို Stockကျလာတဲ့အထိစောင့်ပါ။ စောင့်ရလို့ ဘာမှဖြစ်မသွားပါဘူး။ Cashဟာ အနည်းဆုံးတော့ Cash interestsရနေမှာပါပဲ။
  • Supportကို ထိပြီဆိုရင် နှစ်ရက်၊ သုံးရက်လောက်Closeတွေဟာ Supportအပေါ်မှာ ပိတ်သလားကြည့်ရပါမယ်။ ဈေးတက်ပြီးပိတ်သွားတဲ့နေ့မှာ Volumeကောင်းလားလည်း ကြည့်ရပါမယ်။
  • Tradeတစ်ခု Openမလုပ်ခင်မှာ Supportအောက်နားမနီးမဝေးဟာ ကိုယ့်ရဲ့ Stop-lossလို့ သိထားရပါမယ်။ Tradeတစ်ခုကို မဝင်ခင် ဒီဈေးအထိကျလာရင် Cut Lossလုပ်ရမယ်လို့ ဆုံးဖြတ်ချက်ချထားရပါမယ်။
  • အဲဒီ့ဆုံးဖြတ်ချက်ချပြီးမှ Tradeတစ်ခုကို သေချာOpenလုပ်ပါ။
နည်းနည်းထပ်ကွန့်ချင်ရင် Nearest Resistanceလိုင်းဟာ ကိုယ်Profit-takingလုပ်သင့်တဲ့ နေရာပါပဲ။ ဒါပေမယ့် ဒီနည်းဟာ လှေနံဓါးထစ်မှတ်ထားလို့တော့မရပါဘူး။ သတင်းဆိုးတစ်ခုခုထွက်လာခဲ့ရင် အဲဒီ့Resistanceကို ထိမှာကို မဟုတ်တော့ပါဘူး။ ပြီးရင် ကိုယ်Tradeလုပ်မယ့် Intervalပေါ်လည်း မူတည်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ပြည့်တဲ့အထိ ဘာမှဖြစ်မလာတော့လည်း ရသလောက်နဲ့ Exitလုပ်သင့်ရင် လုပ်ရမှာပါပဲ။ Uptrendကို Clearly Brokenဖြစ်နေတဲ့ Signပြနေရင်လည်း မြန်မြန်ပိတ်ရမှာပါပဲ။

Mindset
ပထမဆုံးနားလည်ဖို့က အပေါ်မှာပြောသွားတဲ့ Technical Analysisဟာ ကိုယ့်ရဲ့ trading riskကို အနည်းဆုံးလျော့ချနိုင်ဖို့ပဲ သုံးစားလို့ရတယ်လို့ နားလည်ရပါမယ်။ ကိုယ်ဝင်တဲ့Entryဟာ Chartပေါ်မှာ လှလှလေးပေါ်နေပေမယ့် ဒါဟာProfitable Tradeဖြစ်လိမ့်မယ်လို့ ကျိန်းသေပြောလို့မရပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က မင်းကိုငါ သေချာမြတ်မယ့် Technical Analysisတစ်မျိုးသင်ပေးမယ်ဆိုရင် too good to be trueလို့ သဘောပေါက်ရပါမယ်။

Gambler and Lotto Player
အပျော်တမ်းလောင်းကစားတတ်တဲ့သူ၊ ထီထိုးပြီး စိတ်ကူးကောင်းကောင်းယဉ်တတ်တဲ့သူတွေဟာ Stock Tradingဝင်လုပ်ရင် ဒုက္ခကောင်းကောင်းရောက်နိုင်ပါတယ်။ ထီထိုးပြီး စိတ်ကူးယဉ်တတ်တဲ့ Mindsetဟာ Traderတစ်ယောက်ကို Realistic decisionချဖို့ ကောင်းကောင်းနှောင့်နိုင်ပါတယ်။ အဆိုးရွားဆုံးက တစ်ချို့လောင်းကစားနည်းတွေနဲ့ ထီထိုးရင် ဘာလုပ်လို့ မရဘူးလည်း သိသလားမသိဘူး။ တွေးကြည့်ပါဦး။
....
....
....
....
....
....
အဖြေကတော့ You can't stop-loss! ထီထိုးပြီးသွားရင် ဘွာတေးလုပ်လို့ရသေးလား? ကိုယ့်ပိုက်ဆံကတော့ အဆုံးပဲ။ ထီပေါက်ဖို့Probabilityက 1 in a several millions။ ထီထိုးပြီး ထိုင်စောင့်တတ်တဲ့အကျင့်ဟာ ထီအပျော်ထိုးတဲ့ကိစ္စမှာ ပိုက်ဆံဘာမှမများပေမယ့် အဲဒီ့Mindsetကို Tradingထဲကို သယ်လာရင် You're as good as dead! နောက်တနည်းတွေးလို့ရတာကတော့ Stop-lossမရှိရင်၊ မလိုက်နာရင် ဒါဟာ လောင်းကစားနေတာလို့ပဲ မြင်ရပါမယ်။

Can't bear the feeling of losing money
ဟုတ်ပါတယ်၊ အဆိုးဆုံးပဲ။ ပိုက်ဆံဆိုတာ ကိုယ့်အိတ်ထဲကနေ တတိတိနဲ့ထွက်နေရင် ဘယ်လိုလုပ် စိတ်ကောင်းနိုင်မှာလည်း။ မရောင်းသေးသရွေ့တော့ တကယ်မရှုံးသေးဘူး (Realised Loss)ဟုတ်တယ်မဟုတ်လား။ အဲဒီ့ ကိုယ့်ပိုက်ဆံလေးပြန်ရနိုး၊ ပြန်ရနိုးနဲ့စောင့်တဲ့အလုပ်ဟာ Tradingမှာ အဆိုးရွားဆုံးပဲ။ အဲဒီလို Bad Feelingမခံစားရအောင်က ကိုယ့်ရဲ့Perspectiveကို ပြောင်းဖို့လိုပါတယ်။

Think like a business man
အခုဒီPostဖတ်နေတဲ့သူဟာ Businessတစ်ခုမှာ Employeeအနေနဲ့ လုပ်နေဖို့က တော်တော်လေးProbabilityများမှာပါ။ ကိုယ့်တစ်လတစ်လရရနေတဲ့ လခကအဲဒီ့ Businessရဲ့ Incomeဘက်မှာရှိသလား၊ Expenseဘက်မှာရှိသလား?? ရှင်းပါတယ်၊ ကိုယ်ရမှတော့ Expenseပေါ့။ ဒီတော့ ကိုယ့်ကိုခန့်ထားတဲ့ အလုပ်ရှင်ဟာ ကိုယ့်ကိုလခပေးသလောက်မှ အနည်းဆုံးပြန်အမြတ်မရရင် ကိုယ့်ကိုခန့်ထားပါ့မလား။ No way unless it's your daddy's business. အလုပ်မှာ ကိုယ်ဟာContribution သိပ်မလုပ်နိုင်တော့ရင်ဖြစ်ဖြစ်၊ Employerရဲ့ Businessဟာ သိပ်မစွံတော့ရင်ဖြစ်ဖြစ် နောက်ဆုံးမှာ ဘာလုပ်ခံရမလည်း? The famous "L" wordလေ - Layoff!

ဒီတော့တွေးရမှာက ကိုယ့်ကိုယ်ကို Business Ownerလိုသဘောထားပြီး Lossတွေဟာ ကိုယ့်Businessရဲ့ Expensesတွေပဲလို့ နားလည်ရပါမယ်။ Profitတွေကတော့ Revenue/Incomeပေါ့။ ဒီတော့ Stop-lossမလုပ်ဘဲ Traderဖြစ်ချင်တဲ့သူဟာ Expenseမရှိတဲ့ Businessကို Runချင်နေတဲ့သူနဲ့အတူတူပဲလို့ နားလည်ရပါမယ်။ Tradeတစ်ခုဟာ ကိုယ်ထင်သလိုဖြစ်မလာရင် အသုံးမကျတဲ့အလုပ်သမားကို ထုတ်ပစ်သလို အဲဒီ့Tradeကို Sackလုပ်ပစ်ရပါမယ်။ Technical Analysisကိုသုံးပြီး Analysisလုပ်တာဟာ ကိုယ်ခန့်မယ့် အလုပ်သမားရဲ့ Resumeကို ကြည့်သလိုပဲလို့ သဘောပေါက်ရမယ်။ သဘောကျလို့ ခန့်ပြီးတိုင်း တကယ်သုံးစားလို့ ရချင်မှရမှာပေါ့၊ ဟုတ်တယ်မဟုတ်လား။ ဒီတော့ အသုံးမကျတဲ့အလုပ်သမားကို ဖြုတ်ပစ်နိုင်ရင် Professional traderဖြစ်ဖို့ နီးစပ်လာပြီလို့မှတ်ထားနိုင်ပါတယ်။

Stop-lossကို ဒီpostမှာ Method and Mindsetပိုင်းဘက်တွေကနေ ပြောခဲ့ပါတယ်။ နောက်Postတွေမှာ Detailed Money Managementအပိုင်းတွေ ရေးပေးသွားပါဦးမယ်။

Happy Cutting Losses!

19 November 2010

အရှုံးဆိုတာမရှိ (၁)

ဟုတ်ပါ့မလားဟလို့ တွေးနေလားတော့ မသိဘူး။ Tradingလုပ်တဲ့အခါမှာ အရှုံးဆိုတာရှိပါတယ်။ ဒါပေမယ့် Net အရှုံးဆိုတာ မရှိအောင် ဘယ်လို Money Managementလုပ်ရမလည်းဆိုတာကို စိတ်ဝင်စားအောင် Titleပေးထားတာပါ။ ဒီPostထဲက တချို့Conceptတွေဟာ Robert Kiyosakiနဲ့ Dr. Alexander Elderရဲ့ Intellectual Propertyတွေဖြစ်ပါတယ်။

Trading vs. Investing
ပထမဆုံးပြောချင်တာကတော့ အများစုဟာ Tradingနဲ့ Investingကို ရောနေတာပါပဲ။ Tradingဟာ Short-term focusedဖြစ်ပြီး Investingကတော့ Long-termအတွက်ပါ။ Stock Investingဟာ တကယ်တမ်းတော့ Day jobလည်းရှိ၊ ငွေပိုငွေလျှံနည်းနည်းရှိတဲ့သူတွေ Financial Advisor, Brokerအစရှိတဲ့သူတွေရဲ့ Tipsတွေနဲ့ ဝယ်ပြီးပစ်ထားတတ်တဲ့ အရာလို့ Generally Definitionဖွင့်နိုင်ပါတယ်။ ဟုတ်မဟုတ် ကိုယ့်ဘာသာကိုယ်နဲ့ ကိုယ့်ဝန်းကျင်ကသူတွေကိုသာ ကြည့်ကြည့်ပါ။ အများစုဟာ Stock Marketထဲမှာ Directly(သို့) Indirectly (Mutual Funds in America, Superannuation Funds in Australia) Investလုပ်ထားကြပါတယ်။ အခုကျွန်တော်ပြောနေတဲ့ Investingဆိုတာ Direct Investingကို ပြောနေတာပါ။ ကိုယ်ဝယ်ခဲ့တဲ့Stockက solid bluechip stockဆိုရင်တော့ တော်ရုံအရှုံးပေါ်နေရင်တောင် အချိန်တန်ရင် (အချိန်ဟာ ၃လကနေ ၃နှစ်ဖြစ်နိုင်ပါတယ်) ကိုယ့်ပိုက်ဆံတော့ ပြန်ရတတ်ပါတယ်။ ကြားထဲမှာရတဲ့ Dividendsကပဲ အမြတ်ပေါ့။ တချို့ကပြောကြတယ် Time in the Market is More Important than Timing in the Marketဆိုပြီးတော့ပါ။ အချိန်တန်ရင်တော့ နွားပိန်ကန်မယ်ပေါ့။ "အရှုံးဆိုတာမရှိ" တမျိုးပေါ့လေ :)။ ဒီလိုနည်းနဲ့ Investလုပ်မယ်ဆိုရင်တော့ တစ်ခုပဲပြောချင်ပါတယ် - "You are going to need a lot of LUCK"။

Trading is a totally different ball game
အများစု Stock Tradingဝင်လုပ်ပြီး Marketထဲကနေ Washed Outဖြစ်ဖြစ်သွားရတဲ့ အဓိကတရားခံကတော့ အဲဒီ့Long-term investing mindsetကို Trading arenaထဲကို ဆွဲခေါ်လာလို့ပါပဲ။ Tradingလုပ်ဖို့ Totally different mindsetလိုပါတယ်။ ကျွန်တော်ဒီBlogရေးစက ပြောဖူးတဲ့ 3M (mindset, method, management)ဟာ အရမ်းအရေးကြီးပါတယ်။ Technical Analysis(TA)နဲ့ Fundamental Analysis(FA)ကို လေ့လာနိုင်သလောက် တတ်နိုင်ပါတယ်။ ဒါပေမယ့် TAနဲ့FAသိတဲ့လူတိုင်းဘာလို့ ပိုက်ဆံမရှာနိုင်ရသလည်း? အဓိကကတော့ mindsetနဲ့ managementပိုင်းမှာ တယောက်နဲ့တယောက် ကွာသွားလို့ပါပဲ။

Mythbusting
Tradingနဲ့ပတ်သက်ပြီး Mythတွေတော်တော်များများရှိပါတယ်။ ဦးနှောက်အရမ်းကောင်းရမယ်၊ ပိုက်ဆံအများကြီးအရင်ရှိရမယ်၊ ဈေးကြီးတဲ့ Stock Market Analysis Reportတွေ ဝယ်ရမယ် စတာတွေပေါ့။ ဒါတွေအားလုံးဟာ Mythတွေကြီးပါပဲ။ Tradingလုပ်ရင် သေချာမှာတွေ ကျွန်တော်ပြောပြမယ်။

- သေချာလေ့လာ Analysisလုပ်ပြီး Entryကောင်းကောင်းလေးဝင်ထားဦး၊ ရှုံးနိုင်သေးတယ်။
- မသေမချာနဲ့ သူများပြောတိုင်းလိုက်ဝယ်၊ ရှုံးဖို့တော်တော်လေးသေချာတယ်။
- လောင်းကစားသလို မျက်စိမှိတ်ပြီး ကောက်သာဝယ် သေချာပေါက်ရှုံးမယ်။

ဒီအချက်သုံးချက်ကနေ ဘာကိုကောက်ချက်ချနိုင်သလည်းဆိုတော့ Tradingလုပ်ရင် ရှုံးဖို့Chanceက ပိုများပါလားလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါဆိုရင် သန်းထောင်နဲ့ချီပြီး တစ်နေ့တစ်နေ့ Marketထဲမှာ Tradeနေကြတာ ဘာလိုများ ပိုက်ဆံရှာနေကြသလည်းဆိုပြီး မေးနိုင်ပါတယ်။ အဖြေကတော့ Professionalsတွေ၊ Institutionsတွေဟာ "ရှုံးတာထက် မြတ်တာက ပိုများလို့ပါ"။ မြန်မာလိုပြောတော့ အဓိပ္ပါယ်က နည်းနည်းလုံးသွားတယ်။ တိတိကျကျပြောရရင် ရှုံးတဲ့အကြိမ်က မြတ်တဲ့အကြိမ်ထက် ပိုများချင်များမယ်၊ ဒါပေမယ့် ရှုံးရင်ငွေနည်းနည်းပဲရှုံးပြီး မြတ်ရင် ငွေများများပိုမြတ်တဲ့အခါမှာ Net balanceဟာ Positiveပြနိုင်ပါတယ်။

Lose Less, Make More
အခုလောက်ဆိုရင် Tradingရဲ့ Core Principleကို သိပြီထင်ပါတယ်။ အဓိကကတော့ Lossတွေကို သေချာManageလုပ်ဖို့ပါပဲ။ Lossကိုနိုင်နင်းရင် Profitပိုင်းက Automatic handleလုပ်သွားပါလိမ့်မယ်။ Stop-loss, Stop-lossဆိုပြီး ကျွန်တော်ရေးရေးနေတာ တွေ့ဖူးမှာဖြစ်သလို၊ သူများတွေပြောတာ၊ Trading Bookတွေထဲမှာ ပြောပြောနေတာ တွေ့ဖူးမှာပါပဲ။ အပြောလွယ်သလောက် အလုပ်ခက်ဆိုတဲ့အရာထဲမှာ အဲဒီ့Disciplineဟာ ထိပ်ဆုံးမှာပါပါတယ်။ အားလုံးနားလည်အောင်ပြောရရင် ဘာနဲ့တူသလည်းဆိုတော့ Weightချတာနဲ့ အတူတူပဲ။ နည်းနည်းလေ့လာလိုက်ရင် လူတိုင်းဘယ်လိုWeightချရမလည်း သိတယ်မဟုတ်လား။ ဒါပေမယ့် တကယ်လည်းလုပ်ရော သိတဲ့အတိုင်းပဲ :) Part IIမှာ Stop-loss, Profit-taking, Money Managementအသေးစိတ်ကို ဆက်ရေးသွားပါ့မယ်။