Showing posts with label 3M. Show all posts
Showing posts with label 3M. Show all posts

18 November 2009

How to 101

MZTရဲ့ Commentကနေ ရေးသင့်တယ်ထင်တာ ရေးလိုက်ပါတယ်။ တခါမှ Investingမလုပ်ဘူးတဲ့သူ၊ Stock Tradingမလုပ်ဘူးတဲ့သူတွေအတွက် သင့်တော်မယ်ထင်လို့ပါ။ အောက်မှာရေးထားတာတွေအတိုင်း တသွေမတိမ်းလိုက်လုပ်စရာမလိုပေမယ့် Beginnerတစ်ယောက်အတွက် Reasonable Stepတွေလို့ ထင်ပါတယ်။

၁) Can you legally invest/trade
အရင်Postတစ်ခုထဲမှာ ပြောဖူးသလို ကိုယ်Investလုပ်ချင်တဲ့ Marketမှာ Invest/Tradeလုပ်နိုင်တဲ့ Eligibilityရှိမရှိ သေချာသိဖို့လိုမယ်။ USမှာဆိုရင် SSN, Australiaမှာဆိုရင် TFNအစရှိသဖြင့် Minimum requirementလေးတွေရှိပါတယ်။ ဒါပေမယ့် သိပ်တော့မခက်ပါဘူး။ ကိုယ်က Brokerageတစ်ခုမှာ Account ဖွင့်ဖို့ကြိုးစားတာနဲ့ သူတို့ရဲ့ Formမှာ ဘာတွေရှိရမလည်း တွေ့ပါလိမ့်မယ်။
...

၂) How much you can park it
ဘာမှမလုပ်ခင် သေချာတွက်ချက်ရမှာက ကိုယ့်မှာ Investingစလုပ်ဖို့ ငွေဘယ်လောက်ရှိမလည်း ဆိုတာပါ့။ စစချင်းလုပ်တဲ့သူတွေအတွက် Medium Term Investingလုပ်သင့်တယ်လို့ ထင်တယ်။ Short Termလုပ်ဖို့က Skillနဲ့ အတွေ့အကြုံလိုသလို၊ Long Termလုပ်တော့လည်း ငြိမ်လွန်းပြီး ဘာမှသိပ် Learnဖြစ်မှာ မဟုတ်ပါဘူး။ Medium Term အနေနဲ့ ၁လကနေ ၃လလောက်အထိ လုပ်သင့်ပါတယ်။ အချိန်တိုတခုအတွင်း မြတ်ရင် မြတ်သလို၊ ရှုံးရင် ရှုံးသလို Tradeကို Exitလုပ်တာ Beginnerအတွက် Practiceရပါတယ်။

ဘာကြောင့်Termကို ပြောနေရသလည်းဆိုတော့ ဒီLength of timeဟာ ကိုယ့်ပိုက်ဆံကို Marketထဲထည့်ထားရတဲ့ အချိန်မို့လို့ပါ။ ဒီတော့ ငွေAmountဟာ ကိုယ်ဘေးဖယ်ထားနိုင်မယ့် Amountဖြစ်မယ်ဆိုရင် ပိုကောင်းပါတယ်။ နေ့တဓူဝ ကိစ္စတွေအတွက် ပြန်ပြန်ယူသုံးနေရမယ့် Quotaထဲကဆိုရင် Tradeတစ်ခုကို မလိုအပ်ဘဲ စောစောExitလုပ်နေရပါလိမ့်မယ်။ Recommendလုပ်တာကတော့ အနည်းဆုံး ၅၀၀၀ကနေ ၁၀,၀၀၀လောက်အထိ စသင့်တယ်။ သိပ်နည်းလွန်းတော့လည်း ဘာမှကို မလူးလွန့်သာပါဘူး။

၃) Broker
Brokerရွေးချယ်တာဟာ Beginnerတွေအတွက် အရမ်းအရေးမကြီးပါဘူး။ ဘာလို့လည်းဆိုတော့ Tradeလုပ်မယ့် Frequencyနဲ့ Amountက နည်းသေးတော့ Brokerage Firmတစ်ခုနဲ့တစ်ခု ဒီလောက်ကြီး မသိသာပါဘူး။ အရေးကြီးတာက ကိုယ်ပေးရတဲ့ Brokerageနဲ့ တန်တဲ့Serviceပြန်ရရဲ့လား ဆိုတာပါပဲ။ အမေရိကား Marketတွေအတွက် သင့်တော်မယ့် Broker review linkကို တွေ့ထားတယ်။ http://online-stock-trading-review.toptenreviews.com/။ အဲဒီ့Pageမှာ ကိုယ့်အတွက် ဘယ်လိုFeatureတွေလိုမလည်း သေချာဖတ်ကြည့်ပါ။ Top 1-5ဟာ မမှားနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေထဲမှာ လက်ရှိTradeလုပ်နေတဲ့သူတွေရှိရင် အဲဒီထဲက တစ်ခုခု သူတို့များ သုံးနေမလား မေးကြည့်ပါ။ Googleမှာ Brokerတစ်ခုချင်းစီအတွက် Detail Reviewတွေ ဖတ်ကြည့်ပါ။

Brokerအများစုရဲ့ ကောင်းတဲ့အချက်ကတော့ Account Openလုပ်ဖို့ ပိုက်ဆံပေးရလေ့မရှိပါဘူး။ တစ်ချို့ကတော့ Account Activateဖြစ်ဖို့ ငွေအနည်းဆုံး ဒီလောက်တော့ ထည့်ရမယ် ဘာညာလုပ်တတ်တယ်။ ဒီတော့ အရေးကြီးတာက ကိုယ့်Cashအတွက် သူတို့ဘက်က ဘာGuaranteeပေးနိုင်သလည်း ကြည့်ရပါမယ်။ သူတို့Bankruptဖြစ်ရင် ကိုယ့်ငွေအတွက် Insuranceရှိရဲ့လား စသဖြင့်ပေါ့။ တချို့ရက်တွေမှာ Open Tradeမရှိပဲ ငွေသားချည်းရှိရင် ကိုယ့်ငွေက အတိုးဘယ်လောက်ရမလည်း သိကိုသိသင့်တယ်။ ပြီးရင် ATM card, Debit card Accessရှိမရှိ၊ မရှိရင်လည်း wire transferလုပ်ရတာ ဘယ်လောက် Convenientဖြစ်မလည်း သိရမယ်။ Brokerနဲ့ ပတ်သက်ပြီး သိသင့်တာကတော့ Brokerလို့ ဘာလို့ခေါ်လည်းဆိုတော့ ကိုယ့်ကိုBrokeအောင်လုပ်နိုင်လို့ပါပဲး)

၎) 3M
အားလုံး Setupလုပ်ပြီးပြီဆိုတာနဲ့ အနည်းဆုံး Market Movementတွေကို စပြီးကြည့်လို့ရပါပြီ။ ဒါပေမယ့် တကယ့်ပိုက်ဆံနဲ့ တကယ်Investမလုပ်ခင် ကျွန်တော်အမြဲပြောနေတဲ့ 3Mကို သိရပါမယ်။ အပေါ်က ၁၂၃ကို စလုပ်နေပြီဆိုကတည်းက Mindsetကတော့ မဆိုးပါဘူး။ Methodအတွက်တော့ စာဖတ်ရမယ်၊ ပြီးရင် managementနဲ့ ပေါင်းပြီး တကယ့်အတွေ့အကြုံရှိအောင် လုပ်ယူရပါမယ်။ ကျွန်တော် ဒီBlogမှာ 3Mကို လှည့်ပြီး ရေးသွားမှာဖြစ်သလို ကိုယ့်ကိုယ်ကို တဖြည်းဖြည်း 3Mနဲ့ Practical experienceတိုးပွားလာဖို့ အချိန်နဲ့ ငွေရင်းနှီးပြီး လုပ်ယူရပါမယ်။ It's not an easy job but it's very doable. စစချင်းTradeမယ့် Stockကိုရွေးဖို့ ကိုယ်သိတာကို ရွေးပါ။ ကိုယ်အနည်းဆုံး တဝက်လောက် နားလည်မယ့် Businessကို Runနေတဲ့ Stockကိုရွေးပါ။ Tradeမလုပ်ခင် Fundamentalနဲ့ Technical ပိုင်းကို သေချာAnalysisလုပ်ပါ။ ပြီးရင် Entry price, stop-loss price, profit-taking price, units to be boughtအစရှိတာတွေကို Planလုပ်ပါ။ ဒီTopicအားလုံးလိုလိုကို ဒီBlogမှာ တီးခေါက်မိအောင် ရေးပြီးပါပြီ။ ဆက်လည်းရေးသွားမှာပါ။

ဒီလောက်ဆိုရင် ဘယ်လိုစရမလည်း နည်းနည်းတော့ တီးခေါက်မိပြီထင်ပါတယ်။ Advisorနဲ့တွေ့တာတော့ ကောင်းပါတယ်။ ဒါပေမယ့် Advisorအများစုဟာ Insuranceနဲ့ Mutual Fundတွေပဲ ထိုးရောင်းတတ်ပါတယ်။ ကိုယ်ကျိုးထက် Clientကျိုးကို ကြည့်တဲ့ Advisorကိုသိတယ်၊ Recommendလုပ်တဲ့သူရှိတယ်ဆိုရင်တော့ တွေ့ကိုတွေ့သင့်ပါတယ်။ ဒါပေမယ့် သူပြောသမျှကို နားထောင်ပြီး ထွက်လာရမယ့်အစား ကိုယ့်မှာ 3Mနည်းနည်းရှိရင် အနည်းဆုံး အပြန်အလှန်ဆွေးနွေးနိုင်မယ်၊ သူပြောနေတာဟာ ကိုယ့်အတွက်လား သူ့အတွက်လား ပိုပြီး ခွဲခြားလာနိုင်ပါလိမ့်မယ်။

Plan Your Trade, Trade Your Plan.

02 November 2009

The Last 'M'

3Mထဲက Methodနဲ့ ပတ်သက်တာတွေ ဆက်တိုက်ရေးလာလို့ အခုAnother Mဘက်ကို နည်းနည်းပြောပါရစေ။ တကယ်တမ်းတော့ ဒီMအကြောင်း ပြောကိုမပြောရသေးပါဘူး။ Mindsetအကြောင်းအစချီပြီးသွားပြီ၊ Methodအကြောင်းလည်း Basicအချို့တော့ ပြောပြီးသွားပြီ။ 3Mကို လှည့်ရေးသွားမယ်လို့ အရင်ကပြောခဲ့တဲ့အတိုင်း အခုဒီPostမှာ Management အကြောင်းပြောပါမယ်။

Managementဆိုတဲ့ စာလုံးက တစ်လုံးတည်းနဲ့ တော်တော်ကျယ်ပြန့်ပါတယ်။ Trader/Investorတစ်ယောက်နဲ့ ပတ်သက်တဲ့ Managementတွေကတော့

၁) Trade Management
၂) Portfolio Management
၃) Tax Management
၎) Wealth Management အစရှိသဖြင့် အများကြီးရှိပါတယ်။ အခြားManagementတွေရှိပါသေးတယ်။ ဟုံသွားမှာစိုးလို့ အခုတော့ ဒီလောက်သိရင် လုံလောက်ပါတယ်။
...

Trade Managementကနေစရအောင်။ Tradeတစ်ခုကို ဘာများManagementလုပ်ဖို့လိုသလည်းလို့ ထင်ချင်ထင်မယ်။ ဝယ်ပြီး ပြန်ရောင်းတာများပေါ့။ သာမန်လူတွေဟာ အများအားဖြင့် သူများဝယ်ရင်လိုက်ဝယ်ပြီး၊ သူများရောင်းရင် လိုက်ရောင်းတယ်။ ဘယ်လောက်မှာ ဝယ်ပြီး၊ ဘယ်လောက်မှာရောင်းမယ်၊ ဘယ်လောက်ဖိုးဝယ်မယ်၊ ဘယ်လောက်ကြာအောင် ကိုင်ထားမယ်၊ ဘယ်လောက်အထိအရှုံးခံမယ် အစရှိတဲ့ Trading Planတော့ မရှိသလောက်ကို မလုပ်ကြဘူး။ မရှိတာထက် မသိတာလည်း ပါပါတယ်။ Trading Planတစ်ခုမှာ ပါကိုပါရမယ့် Main Fieldတွေကတော့

၁) Entry Price - ဘယ်လောက်ဈေးနဲ့ ဝယ်မလည်း
၂) Profit-taking price - ဘယ်လောက်မြတ်ရင် ရောင်းမလည်းဟာ ဒီဈေးကို သတ်မှတ်မယ်
၃) Stop-loss price - ဘယ်လောက်ရှုံးရင် ရောင်းမလည်းဟာ ဒီဈေးကို သတ်မှတ်မယ်
၎) If Entry price is not achievable with initial bids, how far you would go chasing it? - Entry Priceမရခဲ့ရင် ဘယ်ဈေးအထိလိုက်ပေးဝယ်မလည်း
၅) ဘယ်နှစ်ပတ် (သို့) ဘယ်နှစ်လ ကိုင်ထားမှာလည်း

အစရှိသဖြင့် ကိုယ့်ကိုယ်ကို မညာတမ်းမေးပြီး၊ Stock Quoteနဲ့တကွ Record လုပ်ထားဖို့လိုပါတယ်။ ပိုအရေးကြီးတာက ကိုယ့်ရဲ့ Trading Planကို ကိုယ် Followလုပ်ဖို့လိုပါတယ်။ Self-discipline မရှိရင် Traderမဖြစ်နိုင်ပါဘူး။

Portfolio Managementဟာ ကိုယ့်ရဲ့ Risk Toleranceနဲ့ အများကြီးပတ်သက်ပါတယ်။ ကိုယ်က Short term price fluctuationကို ဘယ်လောက်သည်းခံနိုင်သလဲ (Your stop-loss price)၊ ဘယ်လို Investment Typeတွေကို ကိုယ်က စိတ်ဝင်စားသလည်း ပေါ်မူတည်ပါတယ်။ ဘယ်လိုSectorတွေကိုကိုယ်က ရင်းနှီးမြှပ်နှံချင်တာလည်းလည်း သိဖို့လိုတယ်။ ဥပမာ - Conservativeနည်းနည်းဖြစ်တဲ့ Investorတစ်ယောက်ရဲ့ Portofolioတစ်ခုဟာ အောက်မှာပြထားတာမျိုး ဖြစ်နိုင်တယ်။


ကိုယ့်က Riskများများယူရဲတဲ့သူဆိုရင် Propertyက လျော့သွားပြီး Stockတွေချည်းများများကိုင်တဲ့ Portfolioလည်း ဖြစ်နိုင်ပါတယ်။ Asset typeတစ်မျိုးချင်းစီကမှ တခါထပ်ပြီး Sectorအလိုက် ထပ်ခွဲနိုင်ပါတယ်။ အောက်မှာ Sectorအမျိုးမျိုးခွဲပြီး Investလုပ်ထားတဲ့ Stock Portfolioတစ်ခုကို ပြထားပါတယ်။


General Rule of Thumbကတော့ Asset Typeများလေ၊ Sectorများလေ၊ ကောင်းလေပဲဖြစ်ပါတယ်။ တချို့ကတော့ Diversified Portfolioလို့ ခေါ်လေ့ရှိကြတယ်။ ကျွန်တော့်အမြင်ကတော့ အများကြီးရှိစရာမလိုပါဘူး။ ဒါပေမယ့် တစ်ခုထဲ မည်းပြီးပိုက်ဆံတွေကို ရင်းနှီးမြှုပ်နှံထားတာလည်း မကောင်းပါဘူး။ Asset Type သုံးမျိုးလောက်နဲ့ Stockအတွက် Sector သုံးမျိုးလောက်ဖြန့်ပြီး Investလုပ်ထားရင် Riskကိုလည်း Balanceလုပ်ထားရာရောက်မယ်၊ ကိုယ်လည်း Manageလုပ်ရသက်သာမယ်။

Tax Managementကတော့ လူအများစု အမြဲလျစ်လျူရှုထားတတ်တဲ့ areaပါ။ နှစ်ကုန်လို့ tax ရှင်းတော့ မြတ်နေရင်လည်း ပေးသင့်တာထက် ပိုပေးမိမယ်၊ ရှုံးရင်လည်း ရသင့်သလောက် tax offset/refundမရတာမျိုးတွေ ဖြစ်တတ်တယ်။ best ruleကတော့ investမလုပ်ခင်မှာ ဘယ်နာမည်နဲ့ဝယ်မလည်း ကြိုတင်ဆုံးဖြတ်ရပါမယ်။ tax effectiveအဖြစ်ဆုံး နာမည်ကို ရွေးသင့်တယ်။ ဥပမာ - ကိုယ့်နာမည်လား၊ ကိုယ့်သားသမီးနာမည်လား၊ ကိုယ့်မိန်းမ/ယောင်္ကျားရဲ့နာမည်လား၊ ကုမ္ပဏီနာမည်လား၊ Trust fundရဲ့ နာမည်လား အစရှိသဖြင့်ပေါ့။ အကောင်းဆုံးက နာမည်ရှိတဲ့ Accountantနဲ့ တွေ့ ပြီး most tax effectiveဖြစ်မယ့် Structureကို ရွေးရပါမယ်။ tax lawတွေကို Accountantသိသလောက်ရဲ့ သုံးပုံတစ်ပုံလောက်သိရင် အကောင်းဆုံးပဲ။

Wealth Mangementနဲ့ပတ်သက်တာကတော့ အခုပြောရင် နည်းနည်းစောနေလိမ့်မယ်။ ဥပမာတွေကတော့ ကိုယ့် Wealthကို ကာကွယ်ဖို့ ဘာInsuranceရှိသလည်း? ကိုယ့်ရဲ့ Investment Teamက ဘယ်သူတွေလည်း (Mortgage Broker, Accountant, Lawyer, Stock broker, Financial Adviser အစရှိသဖြင့်) သိရပါမယ်။ ကိုယ့်ရဲ့ Cashflowကို ကိုယ်ဘယ်လောက် Controlလုပ်နိုင်သလည်းကလည်း Wealth managementထဲမှာ ပါနိုင်ပါတယ်။

အချုပ်ပြောရရင် အပေါ်မှာ ပြောခဲ့တာမှန်သမျှဟာ 3M - Managementရဲ့ Introductionတွေပဲ ရှိပါသေးတယ်။ အသေးစိပ်တွေကို အလှည့်ကျရင် ပြောသွားပါ့မယ်။ သေချာဖတ်ကြည့်ရင် ကျွန်တော်ပြောသွားတဲ့ထဲမှာ Preparationဟာ ထက်ဝက်မက လွှမ်းမိုးနေတာတွေ့ပါလိမ့်မယ်။ ဒါကြောင့် ကပိုကရို၊ စည်းကမ်းသိပ်မရှိပဲနေလေ့ရှိရင်၊ Plannigလုပ်လေ့မရှိရင် Investorကောင်း မဖြစ်နိုင်ပါဘူး။ ဒီPostဖတ်ပြီး လောလောဆယ်တော့ Stockတစ်ခုမဝယ်ခင် Trading Planလေး ချရေးကြည့်မယ်ဆိုရင် ကျွန်တော်ရေးရကျိုး နပ်ပါပြီ။

12 October 2009

Investment Psychology 101

ပြီးခဲ့တဲ့ Postတွေမှာ Fundamental Analysisနဲ့ ပတ်သက်တာတွေ ရေးထားလို့ အခုနည်းနည်း Topicပြောင်းလိုက်မယ်။ ဒါပေမယ့် ဒီTopicဟာ အရေးအကြီးဆုံးထဲမှာ ပါပါတယ်။

Investmentကို Seriouslyလုပ်မယ်ဆိုရင် 3 M လိုပါတယ်။ အဲဒီ့ 3Mကတော့ Mindset, Methodsနဲ့ Managementပါ။ ဘာRatio ညာRatioအစရှိတာတွေဟာ Methodsပိုင်းမှာပါတယ်။ ဒါတွေသိရုံနဲ့ Investorကောင်းဖြစ်မလာနိုင်ဘူး။ Investorတကယ်ဖြစ်ချင်ရင် 3Mကိုနိုင်နင်းရပါမယ်။ ဒီPostကတော့ Mindsetအပိုင်းထဲ ဝင်သွားလိမ့်မယ်။

ပထမဆုံးသိရမှာက လူအများစုဟာ Investingကို Get Rich Quick Schemeလို့ထင်တတ်တယ်။ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် You got to be really a financial genius. ဒီတော့ ပိုပြီးRealisticဖြစ်နိုင်တာကို ပြောရရင် အခုထလုပ် အခုထချမ်းသာဖို့ မမြော်လင့်ပါနဲ့။ Investingဟာ အချိန်ယူရပါတယ်။ ယုန်နဲ့လိပ်ပုံပြင်ဟာ ဥပမာကောင်းတစ်ခုပါပဲ။
...

ဒုတိယက ကျွန်တော်/ကျွန်မမှာ ဘာမှ Financial အတွေ့အကြုံမရှိဘူးဆိုတာပါ။ စမလုပ်သ၍ ဘာအတွေ့အကြုံမှ ရလာမှာမဟုတ်ဘူး။ ဒီတော့ မြန်မာစကားပုံတစ်ခုကို မှီပြောရရင် - လက်သည်ကြီးပဲ အားကိုးလို့တော့မရ၊ ကိုယ်တိုင်ကလည်း နည်းနည်းတော့ညှစ်ရမယ် :)။ ဖြည်းဖြည်းလေ့လာ၊ ဖြည်းဖြည်းApplyလုပ်သွားရင် အချိန်ကြာလာတာနဲ့အမျှ Self-Confidence ပိုရှိလာပါလိမ့်မယ်။

တတိယတစ်ခုကတော့ Reasonတစ်သောင်းလို့ဆိုချင်တယ်။ Top Reasons တွေကို အောက်မှာရေးထားပါတယ်။

အချိန်မရသေးလို့
မရသေးရင် လုပ်ယူရပါမယ်။ Sacrificeလုပ်သင့်တာတွေလုပ်ပြီး ကိုယ့်Educationအတွက် အချိန်ရအောင် ဖောက်ယူရပါမယ်။ ဘယ်လိုလုပ်ရမလည်းကတော့ ကိုယ့်Lifestyleနဲ့ကိုယ်မို့လို့ ကျွန်တော်လည်း မပြောတတ်ဘူး။ အဲ TVကြည့်လွန်းရင်၊ Facebookလွန်းရင်၊ Clubသွားလွန်းရင်၊ အိပ်လွန်းရင် နည်းနည်းတော့လျှော့လို့တော့ ပြောချင်တယ်။

ပိုက်ဆံမရှိဘူး
ဒါကတော့ ဂျာအေးသူ့အမေရိုက်မယ့် ပြဿနာ။ ပိုက်ဆံမရှိတော့ Investမလုပ်၊ Investမလုပ်တော့ ရှိသင့်သလောက်မရှိ။ ပိုက်ဆံမရှိသေးရင် အရင်ဆုံး Spendingလျှော့ပြီး Savingပိုလုပ်ပါ။ Investingဟာ ငွေငါးထောင်ကနေ တစ်သောင်းလောက်ကနေစရင် ကောင်းကောင်းလုပ်လို့ရပါတယ်။ နှစ်ထောင်လောက်ကစလည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် သိပ်မလူးလွန့်သာဘူးလို့ ပြောချင်တယ်။ ငါးထောင်လောက်တော့ အနည်းဆုံးရအောင်စုပါ။

အကြွေးချည်းပဲ
သိပ်မညည်းပါနဲ့။ ကျွန်တော်အပါအဝင် Western Economyထွန်းကားတဲ့ တိုင်းပြည်တိုင်းကလူတွေဟာ အကြွေးနဲ့ကင်းလို့ မရပါဘူး။ အကြွေးဆိုတာမရှိရင် ချမ်းသာလာမှာတောင်မဟုတ်ဘူးလို့ ပြောချင်တယ်။ အကြွေးမှာ Personal Debt နဲ့ Investment Debtဆိုပြီး ယေဘုယျနှစ်မျိုးခွဲနိုင်ပါတယ်။ ကိုယ်က Personalကို လျော့ချပြီး Investment Debtဘက်ကပိုများအောင် လုပ်ဖို့ပဲလိုပါတယ်။ Credit Cardအကြွေးတွေများနေရင် မြန်မြန်ပြန်ဆပ်လိုက်ပါ။ အကြွေးတကာထဲမှာ သူအဆိုးဆုံးပဲ။ Investmentကျွမ်းကျင်လာရင် ဘယ်အကြွေးကကိုယ့်အတွက် ကောင်းမလည်း သိလာပါလိမ့်မယ်။ နောက်ပိုင်းမှာ Loanတွေအကြောင်း ရေးပါဦးမယ်။

Isn't Investing same as Gambling
မှန်သင့်သလောက်မှန်ပါတယ်။ ကိုယ့်မှာ 3Mထဲက ဘာMမှ မရှိရင် ၁၀၀%မှန်ပါတယ်။ Every Investmentမှာ Riskရှိပါတယ်။ ကိုယ်က Riskကို Analyseလုပ်တတ်ဖို့၊ ထင်သလိုဖြစ်မလာရင် Manageလုပ်နိုင်ဖို့ 3Mလိုပါတယ်။ Investmentဆိုရင် အမြဲတမ်းRiskကို တွဲမြင်ပါ။ ဘာRiskမှ သည်းညည်းမခံနိုင်ရင်တော့ ဘဏ်တိုးစားတာ ပိုကောင်းပါတယ်။

It takes a Genius to become rich
ဒါကတော့ Absolutely Rubbishပါ။ တော်ရုံAverage IQနဲ့ ဘယ်သူမဆို Investorဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Reasonable Objectiveလေးတော့ ရှိဖို့လိုပါတယ်။ အခုမှစလုပ်ရင် နောက်ခြောက်လမှာ 1 Billion $တော့မှန်းလို့ ဘယ်ရမလဲ။ တကယ် Financiallyအောင်မြင်နေတဲ့သူတွေဟာ Common Senseရှိပြီး Self-disciplineကောင်းတဲ့သူတွေပါ၊ အများစုဟာ Geniusတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် သာမန်လူတွေထက် နည်းနည်းတော့ Braveပိုဖြစ်ဖို့လိုမယ်။

အိမ်ကမိန်းမ၊ ယောင်္ကျားကတော့ ဘယ်တော့မှ လုပ်မှာမဟုတ်
ဒါကတော့ နည်းနည်းခက်လိမ့်မယ်။ Plainကြီးတော့ ကိုယ်နားလည်သလို သူကလိုက်နားလည်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ကိုယ့်Spouse/Partnerကို ဖြည်းဖြည်းချင်း Educateလုပ်သွားဖို့လို့ပါတယ်။ ကိုယ့်ဘက်က သူယုံကြည်အောင် အချိန်အတိုင်းအတာတခုအတွင်း နည်းနည်းတော့ သက်သေပြဖို့လည်းလိုလိမ့်မယ်။ Singleသမားဆိုရင်တော့ Investလုပ်ဖို့ ဒီ့ထက်ကောင်းတဲ့အချိန် ဘဝမှာ မရှိဘူးလို့ပြောချင်တယ်။ ဝင်ငွေကောင်းတဲ့လူဆိုရင် ပိုတောင်မှန်သေးတယ်။

အထက်ကပြောခဲ့တဲ့ Reasonတွေ ကိုယ်နဲ့ဘယ်လောက် ပတ်သက်နေလည်း မညာတမ်းစမ်းစစ်ကြည့်ပါ။ Investingမှာ Conceptတွေဟာ တွေးရလွယ်ကူသလောက် လိုက်လုပ်ရခက်ပါတယ်။ အချိန်တန်ရင် ပိုနားလည်လာပါလိမ့်မယ်။ အခုလောလောဆယ်တော့ ကိုယ့်Mindsetလေးကို နည်းနည်းစီ စပြောင်းကြည့်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း နေ့တိုင်းကိုယ့်ရဲ့ Mindsetကို တိုးတက်အောင် ကြိုးစားနေဆဲပါပဲ။ ဒီPostမှာ Robert Kiyosaki နဲ့ Dr. Alexander Elderတို့ရဲ့ Materialအချို့ကို Referenceလုပ်ပါတယ်။

Happy Investing!