Showing posts with label methods. Show all posts
Showing posts with label methods. Show all posts

10 December 2010

Bond, Treasury Bond - အပိုင်း(၂)

Treasury Securitiesတွေအကြောင်း General Ideaရပြီဆိုရင် Stock Traderတစ်ယောက်အနေနဲ့ Treasury Yieldတွေကို ဘယ်လိုယူသုံးလို့ရသလည်း ကြည့်ရအောင်။ အောက်မှာ Bloombergကနေ Copyလုပ်ပြီး different treasury seriesတွေကို ပြထားပါတယ်။ အရေးကြီးတာက ပုံအောက်ဘက်မှာပါတဲ့ Yield Curveကို ကြည့်တတ်ဖို့ လိုပါတယ်။


Yield Curve
Yield Curveရဲ့ X-axisဟာ Maturityတွေ တိုရာကနေရှည်သွားတာကို တွေ့မှာပါ။ Y-axisကတော့ ရတဲ့ Yieldတွေပါ။ အပေါ်မှာတွေ့ရတဲ့ Yield Curveဟာ ပုံမှန် Not-so-bad curveပါ။ Bond Marketဟာ Bondတွေကို Tradeတဲ့နေရာမှာ Near-term Inflation Expectationနဲ့ Long-term Inflation Expectationကို အမြဲကြည့်ပြီး tradeကြပါတယ်။ Inflation Expectationဟာ ဘာလို့အရေးကြီးလည်းဆိုတော့ Inflationတက်လာရင် Controlလုပ်ဖို့ Central Bank/Fedဟာ Cash rateတက်ရပါမယ်။ Inflationary Pressureများလို့ Cash rateဟာ ဆက်တိုက်လှိမ့်တက်ရင် Bond Yieldတွေဟာ သိပ် Attractiveမဖြစ်တော့ပါဘူး။ ဒါ့အပြင် သာမန်Bondတွေဟာ Inflation-protected မဟုတ်ပါဘူး။ Inflation-protectedမဖြစ်ဘူးဆိုတာက ကိုယ်အခု Investလုပ်ထားတဲ့ပိုက်ဆံဟာ ကိုယ်သာBondကို Matureဖြစ်တဲ့အထိ ကိုင်ထားခဲ့ရင် Inflation over timeကြောင့် တန်ဖိုးလျော့နေမှာကို ဆိုလိုတာပါ။

Inflation Expectations
ဒါကြောင့် Long-term inflationဟာ near-term inflationထက် များမယ်ထင်ရင် 30yr Yieldဟာ 2yr, 10yrထက် များကိုများပါမယ်။ Economyသိပ်ကောင်းပြီး Expandဖြစ်နေတယ်ဆိုရင် Yield Curveဟာ ထောင်တက်နေတာ တွေ့ရပါမယ်။ Near-term Economyမကောင်းနိုင်ဘူးလို့ Bond Marketကယူဆရင် ပိုက်ဆံကို Near-term maturity such as 2yr, 10yr notesတွေမှာ Investပြေးလုပ်တတ်ကြတာမို့ Yield Curveဟာ Flattenဖြစ်ရင်ဖြစ်၊ ပိုဆိုးရင် ပြန်တောင် Slopeဆင်းသွားနိုင်ပါတယ်။ Bond Marketဟာ Billionနဲ့ချီတဲ့ Transactionတွေ Dealလုပ်တာကြောင့် Sophisticated investors, Instutitional investorsတွေပဲ အများအားဖြင့် လုပ်ကြတာများပါတယ်။ သူတို့တွေရဲ့ Inflationနဲ့ Economy expectationဟာလည်း Stock Marketထက်သာတယ်လို့ တချို့ကခံယူကြပါတယ်။ Stock Marketထဲမှာတော့ သူများပြောသမျှလိုက်ဝယ်တတ်တဲ့ Retail investorsတွေက ပိုများတတ်တာကိုး။

What Do I care
အပေါ်မှာပြောသွားတာက Yield တစ်ခုနဲ့တစ်ခုရဲ့ Relationshipကိုကြည့်ပြီး Bond Marketရဲ့ Expectationကို ကြည့်တဲ့နည်းပါ။ အဲဒီ့Understandingကနေမှ Forex Traderပဲဖြစ်ဖြစ်၊ Stock Traderပဲဖြစ်ဖြစ် ကိုယ့်domainနဲ့ ဘယ်လိုပတ်သက်နေသလဲ သိရပါမယ်။ Yield curveထောင်နေရင် Inflationလာတော့မယ်။ Inflation means higher cash rates. Higher cash rateဆိုရင် အဲဒီ့အစိုးရရဲ့ Currency ဈေးတက်ပါမယ်။ Higher interest rateဟာ Stock Marketအတွက် မကောင်းပါဘူး။ Leverage / Marginနဲ့ Tradeတဲ့သူအရမ်းများတဲ့ Marketမှာ Interest rateနည်းနည်းတက်တာဟာ Deadlyဖြစ်ပါတယ်။

Flow of the Money
နောက်တမျိုးမြင်တတ်ရမှာက Investလုပ်လို့ရတဲ့ Cashတွေကို အပုံလိုက်ကြီးမြင်ကြည့်လိုက်။ အဲဒီ့အပုံထဲက Cashတွေဟာ Forex, Bond, Stock, Commoditiesဆိုတဲ့ Marketမျိုးစုံစီကို Investmentတွေအနေနဲ့ ဝင်လိုက်ထွက်လိုက်ဖြစ်နေပါမယ်။ Bond Yieldတွေတက်နေရင် သာမန်အခြေအနေမှာတော့ ပိုက်ဆံဟာ Bond Marketထဲကနေ စီးထွက်နေတာပါပဲ (Yieldတက်တယ်ဆိုတာ Bond ဈေးကျလို့ပါ။ ဈေးကျတယ်ဆိုတာ Sellerများနေလို့ပါ)။ သာမန်အားဖြင့်ကတော့ Bondကနေထွက်လာတဲ့ ပိုက်ဆံဟာ Stock Marketထဲကို ဝင်လာတတ်ပါတယ်။ ဒါကြောင့် Stock Market Indexတွေနဲ့ Bond Yieldတွေဟာ Directly Proportionateဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အောက်မှာ 10yr Note Yieldနဲ့ Dow Jones Index, 10yr Note Yieldနဲ့ US Dollar Indexတွေကို ယှဉ်ပြထားပါတယ်။


Special Circumstances
တခါတလေမှာ အပေါ်မှာပြထားတဲ့ Correlationဟာ ပြောင်းသွားနိုင်ပါတယ်။ နည်းနည်းဖောက်မယ်ပေါ့။ Federal reserve/Central bankတွေရဲ့ ဝင်နှောင့်မှုတွေကြောင့် Generallyဖြစ်တတ်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ Fedက Treasuryတွေကို ပိုက်ဆံရိုက်ထုတ်ပြီး လိုက်ဝယ်မယ်ဆိုတာနဲ့ Treasuryတွေ ဈေးတက်ကုန်ပါတယ်။ ဒီတော့ Bond Yieldတွေကျကုန်တာပေါ့။ Stock Marketကတော့ Fedဟာ Economyကောင်းလာဖို့ လုပ်နိုင်သမျှလုပ်မယ်ဆိုတာ သိရတာနဲ့ မကျတော့ပါဘူး။ ဒါကြောင့် ဒီlast quarterမှာ Dow Jonesနဲ့ 10yr yield relationshipဟာ နည်းနည်းဟသွားပါတယ်။ အခုတစ်ပတ်အတွင်းမှာ Yieldတွေ ပြန်ထောင်တက်လာပါတယ်။ ဘာလို့လည်းသိသလား? Obamaက Republicanတွေကို Tax cutနဲ့ပတ်သက်ပြီး အရှုံးပေးတော့မယ်ဆိုတဲ့ သတင်းထွက်လာလို့ပါ။ Bush tax cutတွေကို Extendထပ်လုပ်ရင် အစိုးရရဲ့ tax revenueကို လျော့စေပါမယ်။ ဒီတော့ Obamaဟာ Bondတွေ ပိုထပ်ရောင်းရလိမ့်မယ်လို့ Marketက Expectလုပ်ထားလို့ပါ။ USရဲ့ Deficitဟာ ထိန်းမနိုင်သိမ်းမရဖြစ်လာနိုင်တယ်လို့ တချို့ကယူဆကြတဲ့အတွက် Bondတွေကို Selloffလုပ်တဲ့အခါမှာ Yieldတွေ ပြန်တက်လာတာဖြစ်ပါတယ်။ Yieldပြန်တက်လာကြောင့်ရော၊ European debt crisisကြောင့် Euro dollarကျတာကြောင့်ပါ အခုတလော US dollar နည်းနည်းပြန်ထောင်လာတာ ဖြစ်ပါတယ်။

Want to be a good trader?, Gotta know Bond market
ဒီလောက်ဆိုရင် Bond Marketဟာ Stock marketကို ဘယ်လို Influenceဖြစ်လဲသိလောက်ပြီထင်ပါတယ်။ သတိထားရမှာက Bond Yieldတွေဟာ Stock Marketနဲ့ ဆန့်ကျင်ဘက်သွားနေရင် သတိထားရပါမယ်။ Special circumstancesတွေမရှိပဲ Stockတွေက တက်နေပြီး Yieldတွေက ကျနေရင် ဆိုလိုတာက Institutional investorတချို့ဟာ ပိုက်ဆံကို Stockထဲမထည့်ပဲ Bondတွေလိုက်ဝယ်နေတယ်လို့ သဘောပေါက်ရပါမယ်။ Stock uptrendကို Bond marketက confirmမလုပ်ဘူးလို့ တွေးနိုင်ပါတယ်။ ဆန့်ကျင်ဘက်တွေးရင် Stock Market selloffဖြစ်နေတုံး Bond Yieldတွေ ပြန်တက်နေပြီဆိုရင် သဘောပေါက်ရမှာက Safe haven purchaseတွေ ရပ်နေပြီလို့ သိရပါမယ်။ Dow Jonesဟာ 2009 Marchမှာ ဟိုးအောက်ရောက်နေချိန်မှာ 10yrက နှစ်လလောက် ကြိုပြန်တက်နေတာတွေ့နိုင်ပါတယ်။ အချိန်ဟာ နည်းနည်းLagဖြစ်နိုင်ပါတယ်။ Typicallyကတော့ Bond Yield Trendကို Stock Marketက catch upလုပ်တတ်ပါတယ်လို့ပြောရင်း နိဂုံးချုပ်ပါတယ်။ နောက်ကြုံရင် Bondတွေအကြောင်း ထပ်ပြောပါဦးမယ်။

Happy Investing!


09 December 2010

Bond, Treasury Bond - အပိုင်း(၁)

မှတ်မိလွယ်အောင် James Bondလို ရေးထားတာပါ :) ကျွန်တော် လွန်ခဲ့တဲ့ နှစ်နှစ်လောက်အထိက Stock Tradingလုပ်တဲ့အခါမှာ Stock marketတစ်ခုထဲကိုပဲ Focusထားပြီး လုပ်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့နားလည်လာတာက Marketတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုဟာ ကိုယ်ထင်ထားတာထက် ပိုပြီးCloseဖြစ်တယ်လို့ သိလာရတယ်။ Marketတွေလို့ ဆိုရာမှာ Stock, Forex, Commoditiesနဲ့ Bond marketတွေပါ။ Marketအားလုံးရဲ့ General Trendတွေကိုပါ ထည့်ပြီးAnalysisလုပ်တဲ့အခါမှာ Tradeတွေဟာ ပိုပြီးProfitableဖြစ်လာတာကို တွေ့ရပါတယ်။ ဒီPostမှာ Bond marketကို ဘယ်လိုအသုံးပြုရမလည်းဆိုတာ ပြောပြပါမယ်။ Bond အကြောင်းကိုပြောမယ်ဆိုရင် တနေကုန်ထိုင်ပြောလို့ရတယ်။ ဒီတော့ စာဖတ်သူတွေအတွက် အရှင်းဆုံးနဲ့ အလွယ်ဆုံးဖြစ်အောင် လိုတိုရှင်းပဲ ဒီPostမှာ ရေးထားပါတယ်။

When Governments are short of money
Bondတွေမှာ အဓိကအားဖြင့် Government Bondတွေနဲ့ Corporate Bondတွေဆိုပြီး နှစ်မျိုးရှိပါတယ်။ Corporate Bondကို ခဏထားပြီး Government Bond marketအကြောင်းကိုပဲပြောသွားပါမယ်။ Govt Bondကပဲ တခြားMarketတွေကို ပိုပြီးInfluenceလုပ်နိုင်လို့ပါ။ Govtတွေမှာ ပိုက်ဆံရစရာ အဓိကနည်းလမ်းသုံးမျိုးပဲ ရှိတယ်။
  1. Taxes (you should know very well)
  2. Bonds
  3. Other income (such as Tolls, etc)
Bondဆိုတာ အစိုးရက ကျွန်တော်တို့လို hardworking citizensတွေ၊ တိုင်းပြည်ရဲ့ resourcesတွေကို အပေါင်ထားပြီး တခြားတိုင်းပြည်တွေနဲ့ Private/Institutional investorsတွေဆီကနေ ပိုက်ဆံချေးတာပါပဲ။ Bond Marketကို Fixed income marketလို့လည်း ပြောကြပါတယ်။ ဘာလို့လည်းဆိုတော့ အစိုးရက သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ every six months or so, Fixed Interestမှန်မှန်ပေးလို့ပါပဲ။ အဲဒီ့ Interestsဟာ Bondရဲ့သက်တမ်းအတွက် Issueလုပ်တုန်းက တခါတည်းFixedလုပ်ပြီးသားပါ။

Most Important Concept of Bond - Yield (%)
Bondအကြောင်းပြောရင် မသိမဖြစ်သိရမှာက Yieldဆိုတာပါပဲ။ အစိုးရဟာ Bondတွေကို စရောင်းတာက very few Primary Dealersတွေကိုပဲ ရောင်းတာပါ။ Bondတွေကို ရောင်းတဲ့အခါမှာ လေလံစနစ်နဲ့ ရောင်းပါတယ်။ သူတိုကနေမှ ကျွန်တော်တို့လို အပြင်ကသူတွေ ပြန်ဝယ်ရောင်းလုပ်နိုင်ပါတယ်။ ဒါပေမယ့် Bondကို Tradeလုပ်တဲ့အခါမှာ တိုင်းပြည်အခြေအနေတွေပေါ် မူတည်ပြီး Bond priceဟာ ကျချင်ကျမယ်၊ တက်ချင်တက်မယ်။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလို အစိုးရဆီက Regularlyရမယ့် Interest amountက Fixedလုပ်ပြီးသားပါပဲ။ ဒါကြောင့် ကိုယ်တကယ်ရင်းနှီးရတဲ့အပေါ်မှာ ရတဲ့Interestကို Bond Yieldလို့ ခေါ်ပါတယ်။ Bond Priceနဲ့ Bond Yieldဟာ Inverselyအချိုးကျပါတယ်။ Bondဈေးတက်ရင် Yieldကျမယ်၊ Bondဈေးကျရင် Yieldတက်ပါမယ်။ Bondအကြောင်းနားလည်ချင်ရင် ဒီFormulကို မသိလို့ကို မရဘူး။

Par, Premium, Discount
ဥပမာ Bond price ၁၀၀၀အတွက် အစိုးရဆီက တစ်နှစ်ကို Fixed interest ၁၀၀ရမယ်ဆိုပါတော့။ Fixed Interestဟာ ၁၀%ပေါ့။ ကိုယ်က Secondary market/Retail marketထဲမှာ အဲဒီ့ 10%ရဖို့အတွက် Bond priceကို ၁၀၀၀ပဲပေးရတယ်ဆိုရင် Parဖြစ်တယ်လို့ ဆိုပါတယ်။ Yieldနဲ့ အစိုးရဆီက ရမယ့် Fixed interestဟာ အတူတူပဲပေါ့။ ဒါပေမယ့် ကိုယ်က အစက ၁၀၀၀တန်တဲ့ Bondကို ၈၀၀နဲ့ရရင် ၁၀၀/၈၀၀ = ၁၂.၅% Yieldဖြစ်ပါမယ်။ ကိုယ်က ၁၂၀၀ပေးရရင် Yieldက ၁၀၀/၁၂၀၀ = ၈.၃၃%ဖြစ်ပါမယ်။ အဓိကကတော့ အစိုးရဆီက ရမယ့်ပိုက်ဆံဟာ မပြောင်းပါဘူး။ ဒါပေမယ့် ကိုယ်ဝယ်တဲ့ ပိုက်ဆံပမာဏဟာ ပြောင်းနေပါမယ်။ တူရင် Par, ပိုပေးရရင် Premiumနဲ့ လျော့ရရင် Discountလို့ ခေါ်ကြပါတယ်။

Why Bond Prices move
အစိုးရနဲ့ Central Bankတွေအပေါ်မှာ မူတည်ပြီး Bond Pricesတွေဟာ တချိန်လုံးပြောင်းနေပါတယ်။ Stock Market, Forex Marketတွေအတိုင်းပဲ သူတို့ကို Dealerတွေဟာ Tradeနေကြပါတယ်။ အစိုးရ Major policy change ဖြစ်တဲ့ eventတွေဟာ Bond Marketကို ဂယက်ရိုက်နိုင်ပါတယ် - ဘယ်လိုဟာမျိုးလည်းဆိုတော့ ဟိုတလောက US Federal Reserveက US dollarအသစ်ရိုက်ထုတ်ပြီး US Govtရဲ့ Bondတွေ လိုက်ဝယ်မယ်ဆိုတာနဲ့ Bondဈေးတွေတက်ကုန်တာပါပဲ။ ဘာလို့လည်းဆိုတော့ Fedက Supportပေးသလိုဖြစ်နေတာကိုး။ Australian Central Bankက Cash Rateကို Inflationကြောက်လို့တိုးတိုင်း Australian Dollar forex rateဟာ တက်သွားတာကို တွေ့ရပါမယ်။ အပေါ်ယံကြည့်ရင်တော့ Cash Rateကို မက်လို့ Australian Dollarကို လိုက်ဝယ်ကြတယ်လို့ ထင်မှာပဲ။ တကယ်တမ်းတော့ ဒါဟာIndirect affectပါ။ Australian Governmentဟာလည်း ပိုက်ဆံလိုရင် Bondထုတ်ရောင်းရတာပါပဲ။ ဒါပေမယ့် ပေးတဲ့ Bond Yieldဟာ Official cash rateထက်မှ မသာလို့ မရပါဘူး။ မသာမှတော့ သူတို့Bondကို ဘယ်သူက ဝယ်မလည်း။ ဒီတော့ Cash Rateတက်ရင် Bond Yieldလိုက်တက်ရမယ်။ Bond Yieldတက်ရင် အဲဒီ့Bondဟာ Attractiveဖြစ်လို့ လိုချင်ရင် Aussie Bondကို Aussie Dollarနဲ့ ဝယ်ရပါမယ်။ ဒါကြောင့် AUD rateဟာ ဝယ်လက်များလို့ တက်သွားရတာပါ။

Remember PIIGS?
၂၀၁၀တစ်နှစ်လုံးလိုလို PIIGS europen countriesတွေ ဘယ်လောက်ဒုက္ခရောက်နေကြလည်း Investmentအကြောင်း နည်းနည်းစိတ်ဝင်စားတာနဲ့ သိမှာပါ။ Greeceအစိုးရဟာ ပိုက်ဆံတွေအများကြီးချေးထားပြီး ပြန်ဆပ်ချင်မှ ဆပ်နိုင်မယ်ဆိုတဲ့ သတင်းသဲ့သဲ့ထွက်လာတာနဲ့ Marketထဲမှာ Greece Bondတွေ ချရောင်းကြတာပါပဲ။ ရောင်းလိုအားများတော့ Bondဈေးတွေကျ၊ Bond ဈေးတွေကျတော့ Yieldတွေ ဆောင့်တက်ကုန်တာပါပဲ။ Marketက ဆိုလိုတာက မင်းတို့အစိုးရက သိပ်စိတ်မချရဘူး၊ ဒီတော့ ငါ့ပိုက်ဆံလိုချင်ရင် Bondဈေးကို ချရောင်းလို့(Effectively Raising Bond Yields) တောင်းဆိုတာနဲ့ အတူတူပါပဲ။ Bond Yieldတွေ တက်နေတိုင်း အစိုးရဟာ Bondရောင်းတဲ့အခါမှာ ပေးရတဲ့ Fixedအတိုးချင်းအတူတူ စစချင်းရတဲ့ ပိုက်ဆံပိုနည်းသွားတယ်လို့ တွေးနိုင်ပါတယ်။ နူရာဝဲဆွဲ လဲရာသူခိုးထောင်းဆိုတာ အဲဒါအစစ်ပဲ။

Maturity Periods
Bondတွေမှာ အစိုးရက ဘယ်တော့မင်းတို့ပိုက်ဆံပြန်ရမယ်ဆိုပြီး အာမခံထားတဲ့ Periodတွေရှိပါတယ်။ အဲဒီ့Periodတွေ အတိုအရှည်ပေါ်မူတည်ပြီး အခေါ်အဝေါ်တွေလည်း ကွဲသွားပါတယ်။
  • 4wk - 52wk Maturityတွေကိုတော့ Bills (Treasury Bill in USA)
  • 2yr - 10yr Maturityတွေကိုတော့ Notes (Treasury Notes) နဲ့
  • 30yr Maturityကိုတော့ Bonds (Treasury Bonds)တွေလို့ ခေါ်ကြပါတယ်။
Marketထဲမှာတော့ 10yr yieldဘယ်လောက်, 30yr ဘယ်လောက်အစရှိသဖြင့် လွယ်လွယ်ပဲပြောကြပါတယ်။ 2yr, 10yrနဲ့ 30yrတွေဟာ Marketထဲမှာ Hottestအဖြစ်ဆုံး Maturityတွေပါ။

US Govt Bond = Safe Haven
US Govt Bondတွေဟာ ကမ္ဘာပေါ်မှာ Safeအဖြစ်ဆုံးလို့ မှတ်ယူထားကြပါတယ်။ US Govtက Guaranteeပေးတဲ့ Investmentပေါ့။ တကယ်တမ်းတော့ US Economyနဲ့ US citizensတွေရဲ့ tax revenueတွေကို backလုပ်ပြီး ပေးတဲ့Guaranteeပါပဲ။ ဘာကြောင့် Institutionတွေဟာ စိတ်ချချင်ရင် ပိုက်ဆံကို ဘဏ်တိုးမထားပဲ Bondဝယ်ကြသလည်း သိသလားမသိဘူး။ ဘဏ်မှာထားတဲ့ Depositတွေဟာ အတိုင်းအတာတခုအထိပဲ Government Guaranteeရှိပါတယ် - ဥပမာ လူတစ်ယောက်ကို နှစ်သန်းအထိပဲ အစရှိသဖြင့်ပေါ့။ ဘဏ်ပျက်ပြီး ကိုယ့်ပိုက်ဆံက နှစ်သန်းအထက်ဆိုရင် သေဖို့သာပြင်ထား။ ဒီတော့ Billionနဲ့ချီတဲ့ Cashတွေကို Manageလုပ်တဲ့ Money Managerတွေဟာ စိတ်ချချင်ရင် Bondကလွဲလို့ တခြားဘာမှမရှိပါဘူး။ Bondကတော့ ကိုယ်Investလုပ်သမျှ အစိုးရက တာဝန်ယူတာကိုး။ ကိုယ့်မှာနှစ်သန်းတောင်မှမရှိတာ ငါနဲ့မဆိုင်ပါဘူးလို့ ထင်နေသလားမသိဘူး။ မထင်ပါနဲ့ Bond Marketရဲ့ Ripple Effectဟာ လူတိုင်းနဲ့ ဆိုင်ပါတယ် - at least Mortgage ownersတွေလို့ ပြောနိုင်ပါတယ်။

If you have a home loan in America, You better know 30yr bond yield
USကို ဥပမာပေးပြောပေမယ့် conceptဟာ တိုင်းပြည်တိုင်းအတွက် အတူတူပါပဲ။ ကျွန်တော်တို့ အိမ်ဝယ်ရင် ဘဏ်ကချေးတယ်မဟုတ်လား။ ဘဏ်က ချေးဖို့ပိုက်ဆံကို ဘယ်ကရသလည်း? ကျွန်တော်တို့ထားတဲ့ Saving depositတွေဟာ သူတို့ချေးသမျှ home loanတွေအတွက် မလုံလောက်ပါဘူး။ Residential Mortgage Backed Security (RMBS)ဆိုတာ ကြားဘူးသလားတော့ မသိဘူး။ ဒါဟာ Lenderတွေက ကျွန်တော်တို့ mortgageတွေကို Securityတစ်ခုအနေနဲ့ Backingလုပ်ပြီး Investorတွေကို ပြန်ရောင်းတာပါပဲ။ ကျွန်တော်တို့ရဲ့ cashတွေ၊ အလုပ်ကရတဲ့ လခတွေကောင်းလေ RMBSရဲ့ Credit Qualityကောင်းလေပေါ့လေ။ RMBSကို ဝယ်မယ့်သူဘက်က ကြည့်ရင် RMBSက ပုံမှန်ရရမယ့်အတိုး(ဟုတ်ပ ကျွန်တော်တို့ပေးတဲ့ အတိုးတွေပါ)ဟာ ပိုပြီး စိတ်ချရမယ့် Treasury Bondထက် ပိုမရရင် ဘယ်သူက Investလုပ်မလည်း? Uncle Samဆီမှာပဲ Investသွားလုပ်မှာပေါ့။ ဒါကြောင့် 30yr yieldတက်ရင် US mortgage ownerတွေဟာ အတိုးပိုပေးရပါမယ်။ မဟုတ်ရင် Marketရပ်သွားပါလိမ့်မယ်။ 30yr yieldတွေ တက်နေတဲ့အချိန်မှာ သွားပြီး Fixedလိုက်မိရင် သေဖို့သာပြင်ထားပေတော့။ အခု US Federal Reserveက Dollarရိုက်ထုတ်ပြီး US Treasuryတွေလိုက်ဝယ်မယ်ဆိုတာ အဓိကက အဲဒီ့အတွက်ပဲ။ Treasury Yieldတွေဟာ Credit Marketရဲ့ Benchmarkဆိုတော့ သူတို့လိုက်ဝယ်ရင် Treasuryဈေးတက်မယ် - ဒီတော့ Yieldတွေကျမယ် - ဒီတော့ Mortgageeတွေပေးရတဲ့ အတိုးတွေ ကျသွားမယ်ပေါ့။ ကဲ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်သေးလား?

ရေးရေးချင်းတုန်းကတော့ တစ်Postထဲနဲ့ ပြတ်မယ်ထင်တာ၊ အခုထိ လိုရင်းကို မရောက်နိုင်သေးဘူး။ အပိုင်း(၂)မှာ Traderတစ်ယောက်အနေနဲ့ Treasury Yieldတွေကို ဘယ်လိုအသုံးချရမလည်း ပြောပြပါမယ်။ အောက်မှာ 30yr yield chartကို ပြထားပါတယ်။

Happy Investing!

24 November 2010

အဓိကအကျဆုံးအရာ

Stockတစ်ခုရဲ့ Open, High, Low, Close, Volumeအစရှိတာတွေသုံးပြီးတော့ Technical Analysisလုပ်တဲ့နေရာမှာ အဓိကအကျဆုံးဟာ ဘာလို့ထင်ပါသလည်း? Closing Priceဆိုရင် ထင်တာမှန်ပါတယ်။ တစ်နေကုန် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ နောက်ဆုံးဘယ်လောက်နဲ့ပိတ်သွားသလည်းဟာ အရေးအကြီးဆုံးပါ။ OHLC, Volumeတွေသုံးတဲ့ Technical Analysisအများစုမှာ လူသိပ်သတိမထားမိတဲ့နောက်ထပ် Dimensionတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ အချိန်ပါပဲ။ Minute, Hourကစပြီး Daily, Weekly, Monthlyအစရှိသဖြင့် Linear Dimensionတစ်ခုဟာ X-axisပေါ်မှာရှိရပါမယ်။

ဒီPostမှာ Closing Priceတစ်ခုထဲကိုသုံးပြီး Stockတစ်ခုရဲ့ Major Supportနဲ့ Resistanceကို Analysisလုပ်တဲ့နည်းတစ်ခုကို ပြောပြပါမယ်။ အဲဒီ့Techniqueကို Point & Figure (P&F)လို့ခေါ်ပါတယ်။ အောက်မှာ Bank of America (BAC)ရဲ့ Chartကိုပြထားပါတယ်။

ဒီChartမှာ ထူးခြားတာကတော့ ဆွဲပုံဆွဲနည်းပါပဲ။ P&Fကိုဆွဲဖို့ Stockတစ်ခုဟာ တစ်နေ့တစ်နေ့ဘယ်လောက် ရွေ့လေ့ရှိသလည်းသိရပါမယ်။ ကိုယ်စောင့်ကြည့်နေကြStockဆိုရင် ဘယ်လောက်volatileဖြစ်လည်းဆိုတာ အလွယ်တကူသိနိုင်ပါတယ်။ မသိရင်လည်း သိအောင်တိုင်းတာတဲ့နည်းတွေရှိပါတယ်။ ကျွန်တော်နောက်ပိုင်းမှ ရေးသွားပါမယ်။ တစ်နေ့အတွင်း ရွေ့လေ့ရှိ့တဲ့Amountကိုသိပြီဆိုရင် အဲဒီ့Amountကို ကိုယ့်စိတ်ကြိုက် Multiplierတစ်ခုနဲ့ မြှောက်လိုက်ပါ။ ကျွန်တော့် Personal Choiceကတော့ ၁.၅နဲ့ မြှောက်လေ့ရှိပါတယ်။ ၁ဆခွဲပေါ့။ အဲဒီ့ Daily Range x 1.5 timesကို Box sizeလို့ခေါ်ပါမယ်။ Box sizeဟာ Chartထဲမှာမြင်နေရတဲ့ Crossတစ်ခုစီနဲ့ Circleတစ်ခုစီရဲ့ Amountကို ကိုယ်စားပြုပါတယ်။ Crossဟာ ဈေးတက်တာဖြစ်ပြီး၊ Circleကတော့ ဈေးကျတာအတွက်ပါ။

BACတစ်နေ့ကို ပြား၄၀လောက် Rangeသွားတတ်ပါတယ်။ ဒီတော့ Box sizeဟာ 40c x 1.5 = 60c ပါ။ ဒီတော့ BAC P&F chartမှာ Cross/Circleတစ်ခုစီဟာ ပြား၆၀ကို ကိုယ်စားပြုပါတယ်။ CrossကနေCircle, Circleကနေ Crossပြန်ဖြစ်အစရှိသဖြင့် ပုံထဲမှာ Crossနဲ့ Circleတွေဟာ တစ်Columnစီအလှည့်ကျသွားနေတာကိုလည်း တွေ့ပါလိမ့်မယ်။ အဲဒီလို Column / Symbol ပြောင်းသွားတာကို Reversal ဖြစ်တယ်လို့ ခေါ်ပါမယ်။ Stockဈေး တက်ရာကနေကျ၊ ကျရာကနေတက် အစရှိသဖြင့်ပေါ့။ Reversal လုပ်ဖို့ reversal box amountကို ဆုံးဖြတ်ရပါမယ်။ Rule of Thumbကတော့ 3 boxesပါ။ ဒီ Chartမှာဆိုရင် each box size 60c x 3 = 180cပေါ့။ ဒီတော့ BAC ၁ကျပ်ပြား၈၀ဈေးမကျ/မတက်မချင်း Symbolမပြောင်းပါဘူး။

Cross/Circleတစ်ခုချင်းစီ တက်ဖို့/ဆင်းဖို့အတွက် Stock priceဟာ box sizeလောက်အနည်းဆုံးရွေ့ရပါမယ်။ မရွေ့ရင်ကောဆိုရင် ဘာမှအသစ်ထည့်ဆွဲဖို့မလိုဘူးပေါ့။ Reversal amountလောက် Violentဖြစ်ပြီဆိုရင် Trendပြောင်းတဲ့အနေနဲ့ Symbolကို Switchလုပ်ရပါမယ်၊ တခါတည်းလည်း Reversal amountအတိုင်း 3 boxဆိုရင် 3ခု၊ 4 boxဆိုရင်လည်း 4ခု ဆွဲရပါမယ်။

နောက်တစ်ခုသတိပြုရမှာက အချိန်X-axisပါ။ အချိန်ဟာ Linear Scaleမရှိတော့တာကို တွေ့ရပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ဟာ Box size amountတစ်ခုစာစီ Closing Priceအပြောင်းအလဲရှိမှ Chartကို Updateလုပ်တာမို့လို့ပါ။ Alphabet initialsလေးတွေနဲ့ ဂဏန်းလေးတွေဟာ လတွေရဲ့ အစစာလုံးနဲ့ ခုနှစ်၊ အရေးကြီးတဲ့Reversalရက်တွေကို Compressedလုပ်ထားပြီး ပြနေတာပါ။ P&Fကို လက်နဲ့ပဲဆွဲမယ်ဆိုရင် တော်တော်လေး အချိန်ကုန်ပါမယ်။ ကျွန်တော်ကတော့ Metastockဆိုတဲ့ Softwareနဲ့ လွယ်လွယ်ကူကူပဲ ဆွဲလေ့ရှိပါတယ်။ Box sizeနဲ့ Reversal amountကို Inputထည့်ပေးလိုက်ရုံပါပဲ။ P&Fဟာ အချိန်ကို လွယ်လွယ်လေးကျုံ့နိုင်တာမို့ နှစ်များများDataရှိလေ P&Fဟာ လှလေ၊ အသုံးဝင်လေပါပဲ။ BACအတွက် ကျွန်တော် ၂၀၀၅ခုနှစ်ကတည်းက Dataနဲ့ဆွဲပြထားတာပါ။
P&Fရဲ့ အဓိက အသုံးဝင်ပုံကတော့ Circleများများတန်းနေတဲ့ Reversalဖြစ်တဲ့နေရာဟာ Major Supportတွေလို့ သတ်မှတ်နိုင်ပြီး၊ Crossတွေများများတန်းနေတဲ့နေရာကတော့ Major Resistanceလို့ သတ်မှတ်နိုင်ပါတယ်။ BAC Chartထဲမှာ အစိမ်းရောင်လိုင်းတွေဟာ Major Supportနေရာတွေပါ။ P&Fကနေ Stockတစ်ခုဟာ ဘယ်လောက်ကြာအောင် ဈေးကျနေခဲ့လည်း၊ ဈေးတက်နေခဲ့လည်း လွယ်လွယ်ကူကူသိနိုင်ပါတယ်။

P&F Summary
  • Box size = Average daily movement range of a stock price x multiplier (multiplier is personal choice and mine is 1.5) ဘာလို့ ၁.၅သုံးလည်းဆိုတော့ Daily Rangeထက် နည်းနည်းပိုတဲ့ Price actionတွေကိုပဲ Captureလုပ်ချင်လို့ပါ။
  • Reversal boxes = 3 or 4 times of Box size(again, it's personal choice)
  • Time scale is no longer linear on X-axis
  • Mainly used to identify long term major support and resistance. Resistanceအတွက် Cross (X)တွေရဲ့ အပေါ်ဘက်ကို ဆက်ဆွဲပါ။ Supportအတွက် Circle(O)တွေရဲ့ အောက်ဘက်ထိပ်ကို ဆက်ဆွဲပါ။
  • Better to use charting software help to draw P&F
  • P&Fရဲ့ အဓိက အားနည်းချက်ကတော့ အချိန်ပါပဲ။ ဘယ်အချိန်မှ Major resistance/supportတစ်ခုကို ပြန်ထိမလည်းဆိုတာ P&Fသုံးပြီးမှန်းလို့မရနိုင်ပါဘူး။
  • P&Fကို ကျွန်တော်သုံးလေ့ရှိတာကတော့ Priceဟာ Major resistance/supportနား ရောက်နေပြီလားဆိုတာကို Verifyလုပ်ဖို့ပါပဲ။
  • P&Fချည်းပဲသုံးဖို့မသင့်တော်ပါဘူး။ တခြား Technical Analysisနည်းတွေနဲ့ တွဲသုံးသင့်ပါတယ်။

Happy Charting.

27 July 2010

Triangles

ဒီPostမှာတော့ Triangle Breakout ဆိုတဲ့ Techniqueတစ်ခုကို Dow Jones Industrial Average Indexကို ဥပမာအနေနဲ့သုံးပြီး ကျွန်တော်ပြောပြပါမယ်။ Money Flow Indexရေးပြီးကတည်းက Technical Analysisအသစ်တွေအကြောင်း မရေးဖြစ်တာတောင် နည်းနည်းကြာနေပြီ။ အောက်မှာ DJIရဲ့ Technical Chartကို အရင်ကြည့်လိုက်ပါ။ Candleနဲ့ MACD chartတွေမှာ Triangle ပုံစံဖြစ်နေတာတွေ့ပါလိမ့်မယ်။

Triangle Breakoutဟာ တကယ်တော့ တော်တော်လွယ်ပါတယ်။ အပေါ်မှာပြထားတဲ့အတိုင်း High တွေဟာ နိမ့်နိမ့်လာပြီး၊ Lowတွေဟာ မြင့်မြင့်လာတဲ့အခါမှာ Downtrendလိုင်းရော Uptrendလိုင်းရော ဆွဲလို့ရလာပါတယ်။ နောက်ဆုံးတော့ ဒီလိုင်းနှစ်လိုင်းဟာ ဆုံသွားပါလိမ့်မယ်။ အဲဒီ့အချိန်မှာ Priceဟာ Triangleထိပ်ရဲ့အပေါ်ဘက်ကို Breakoutဖြစ်သွားလား၊ အောက်ဘက်ကိုBreakoutဖြစ်သွားလား ဆိုတာကို ကြည့်ရပါမယ်။ အပေါ်ဘက်ဆိုရင် Obviously Bullish၊ အောက်ဘက်ဆိုရင်တော့ Bearishဖြစ်ပါမယ်။

Crowd Psychologyကတော့ ခက်သလိုလိုနဲ့တော်တော်လွယ်ပါတယ်။ Triangleပုံတဖြည်းဖြည်း ပေါ်လာတာနဲ့အမျှ Bearsနဲ့ Bullsတွေဟာ အားပြိုင်နေကြတယ်လို့ Translateလုပ်နိုင်ပါတယ်။ Bearတွေဟာ Highတွေကို ဖိချနေပေမယ့် Bullတွေဟာလည်း Lowတွေကို Higher Lowဖြစ်အောင် ပင့်တင်နေကြပါတယ်။ နောက်ဆုံးတော့ ပုံထဲကလိုမျိုး အပေါ်ဘက်ကို Breakoutဖြစ်သွားတာဟာ Bearတွေဟာ Tiredဖြစ်သွားပြီး Bullတွေဟာ အားသာသွားပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ အောက်ဘက်ဆိုရင်တော့ ပြောင်းပြန်ပေါ့။

အခုဆိုရင် DJIဟာ Bullish Triangle Breakoutဖြစ်နေပါတယ်။ EMA200အပေါ်ဘက်ကိုလည်း လွတ်လွတ်ကျွတ်ကျွတ် ပြန်ရောက်သွားပါပြီ။ 80%လောက် Corporate Earningsတွေဟာလည်း တော်တော်လေးကောင်းနေတဲ့အတွက် Near term market outlookဟာ Bullishဖြစ်ပေမယ့် ဘယ်Techniqueမှ Market Directionကို တထစ်ချမပြောနိုင်တာမို့ သတိတော့ထားပါလို့။

Happy Trading!

08 April 2010

Combining Crowd Thinking with Crowd Commitment

ဒီအပတ်တော့ Technical Analysis methodတစ်ခုအကြောင်းပြောချင်ပါတယ်။ အခုတလော Market Updateတွေပဲရေးတာ များနေတာလည်း ပါပါတယ်။ အဲဒီ့Indicatorကတော့ Money Flow Index (MFI) လို့ ခေါ်ပါတယ်။ Laszlo Birinyi, Jr. ဆိုတဲ့သူက တီထွင်ခဲ့တာပါ။ MFIကို တွက်ဖို့ Priceရော၊ Volumeရော သိရပါမယ်။ MFIကိုတွက်ဖို့က နည်းနည်းတော့ ပေရှည်ပါတယ်။ ဒါပေမယ့် Charting Softwareတွေ၊ Web Siteတွေ တော်တော်များများမှာ Standard အနေနဲ့ ပါပြီးသားပါ။ ဒါပေမယ့် ဘယ်လိုတွက်လည်းဆိုတာသိရင် ပိုနားလည်ပါလိမ့်မယ်။

...
MFI Formula အဆင့်ဆင့်
၁. Average Price = (High + Low + Close) / 3
၂. Money Flow = Average Price x Volume
၃. ဘယ်နှစ်Periodအတွင်းဖြစ်ခဲ့တဲ့ Money Flowကိုတွက်မလည်းဆိုတာ သတ်မှတ်ပါ။ 14-periodဟာ အသုံးအများဆုံးပါ။
၎. Positive Money Flow = နံပါတ်၃မှာ သတ်မှတ်ထားတဲ့ No. of Periodsအတွင်းမှာ Average Priceတစ်ခုစီဟာ Previous Average Priceထက် ပိုကြီးတယ်ဆိုရင် အဲဒီ့ Average Priceတွေကို ပေါင်းသွားပါမယ်။ (Cumulative Total, in other word)
၅. Negative Money Flow = နံပါတ်၃မှာ သတ်မှတ်ထားတဲ့ No. of Periodsအတွင်းမှာ Average Priceတစ်ခုစီဟာ Previous Average Priceထက် ပိုငယ်တယ်ဆိုရင် အဲဒီ့ Average Priceတွေကို ပေါင်းသွားပါမယ်။ (Cumulative Total, in other word)
၆. Money Ratio = Positive Money Flow / Negative Money Flow
၇. Money Flow Index (MFI) = 100 - (100 / (1+ Money Ratio))

MFI Formula Step 7ဟာ MFIရဲ့ Valueတွေကို ၀-၁၀၀အတွင်းပဲ Range Boundဖြစ်နေအောင် Designလုပ်ထားတာပါ။ MFI value 20ကို Oversold (Bullish)လို့ သတ်မှတ်ပြီး MFI value 80ဖြစ်နေရင် Overbought(Bearish) ဖြစ်နေတယ်လို့ Trading Signalတွေ ယူနိုင်ပါတယ်။ MFI 20ဖြစ်နေရင် Stockတစ်ခုကနေ ငွေတော်တော်များများ ထွက်ပြီးသွားပြီလို့ဆိုလိုပါတယ်။ 80ဆိုရင်တော့ ငွေတော်တော်များများဝင်ပြီးနေပြီမို့ Traderတွေဟာ Profit-takingလုပ်ဖို့ တာစူနေလောက်ပြီလို့ ခန့်မှန်းနိုင်ပါတယ်။ Oversold / Overboughtမှာ သတိထားရမှာက Stockရဲ့ Fundamental Dataတွေက အရမ်းဆိုးရွား/ကောင်းမွန်နေရင် ဆက်ပြီး Oversold / Overboughtဖြစ်နေနိုင်ပါတယ်။ တခြား Technical Analysis Techniqueတွေနဲ့ တွဲပြီး Trading Decisionချတာဟာ ပိုစိတ်ချရပါတယ်။ Common senseဟာလည်း အရေးကြီးပါတယ်။ Fundamentally Strongဖြစ်တဲ့ Stockတစ်ခုဟာ ပြဿနာကြီးကြီးမားမားမရှိပဲ Oversold / Overboughtဖြစ်နေပြီဆိုရင် Reversalဖြစ်ဖို့ သေချာသလောက်ရှိပါတယ်။

အောက်မှာ Dow Jones Industrialရဲ့ Candle Chart, MFIနဲ့ MACD_H chartတွေကို ပြထားပါတယ်။ MFIဟာ ၁၄ရက်ပေါ်မှာ အခြေခံထားတာပါ။ MFIနဲ့ MACD chartတွေဟာ Up trendလိုဖြစ်နေတဲ့ Candle Chartရဲ့ ဆန့်ကျင်ဘက် Trendကို ပြနေပါတယ်။ ဒီလိုဖြစ်နေတာကို Bearish Divergenceဖြစ်နေတယ်လို့ ခေါ်ပါတယ်။ Bearish Divergence Trend Lineကိုဆွဲရင် MFIလိုင်းရဲ့ Peakတွေကို ထိပြီးဆွဲသွားပါမယ်။ Bullish Divergence Trendကို ရဖို့ကတော့ Trough (V-shape bottom)တွေကို ဆက်ပြီးဆွဲပါမယ်။

Stockတစ်ခုရဲ့ ဈေးဟာ Investorတွေက ဘယ်လောက်တန်တယ်လို့ သတ်မှတ်တဲ့ Thinking ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ့ Thinkingကို လူဘယ်နှစ်ယောက်က သဘောတူကြလည်းဆိုတာကတော့ Commitmentဖြစ်ပါတယ်။ ဒါကြောင့် Priceကို what the crowd thinksလို့ ခေါ်ပြီး Volumeကိုတော့ what the crowd commitsလို့ ခေါ်ပါတယ်။ Priceရော Volumeရောသုံးထားတဲ့ MFI Indexဟာ အမြဲတမ်းတော့ မမှန်နိုင်ပေမယ့် ရာခိုင်နှုန်းတော်တော်များများကို အသုံးဝင်အောင် မှန်ကန်ပါတယ်။ MACD_Hလို indicatorမျိုးကတော့ Price actionကိုပဲ Analysisလုပ်တာမို့လို့ MFIလို Indicatorလောက် Crowd Psychologyကို ကောက်ချက်ချရာမှာ စိတ်သိပ်မချရပါဘူး။ Traderတစ်ယောက်အနေနဲ့ အဓိကစောင့်ကြည့်ရမှာက Divergenceတွေကို ကြည့်ရမှာပါ။ Indicator တစ်ခုထက်ပိုပြီး Divergence Signalတွေပေးနေပြီဆိုရင် လုပ်သင့်တာကို မြန်မြန်သာလုပ်ပေတော့။ ဒီလောက်ဆိုရင် ပြီးခဲ့တဲ့အပတ်က Sellလို့ပြောခဲ့တဲ့ ကျွန်တော့်ရဲ့ Recommendationကို အထောက်အကူပေးခဲ့တဲ့အထဲမှာ MFIဟာ တစ်ထောင့်တစ်နေရာကနေ ပါခဲ့တယ်ဆိုတာ သိလောက်ပါပြီ။

Happy Trading!

13 March 2010

MACD / Mac D


ပြီးခဲ့တဲ့အပတ်က MA postမှာ ဒီအပတ်တော့ နည်းနည်းပိုပြီး Advancedဖြစ်တဲ့ MA techniqueအကြောင်း ပြောမယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကတော့ MACD (Moving Average Convergence Divergence)လို့ခေါ်ပါတယ်။ Mac Dလို့ အသံထွက်ပါတယ်။ MACDကို Gerald Appelဆိုတဲ့သူက late 1970sမှာ တီထွင်ခဲ့ပါတယ်။ Technical Analysisတွေရဲ့ Beautyကတော့ နှစ်တွေဘယ်လောက်ကြာကြာ အသုံးဝင်နေတာပါပဲ။ ကျွန်တော်တို့ ITလောကလို နှစ်နှစ်တခါလောက် outdateဖြစ်နေတာ မဟုတ်ပါဘူး။

MACDကိုဆွဲဖို့ MA သုံးခုလိုပါတယ်။ ဒါပေမယ့် Chartပေါ်မှာ ၂လိုင်းပဲ တကယ်တမ်းဆွဲပါတယ်။ Obamaရဲ့ Healthcare billခေတ်စားနေတဲ့အချိန်မို့ အဲဒါနဲ့ပတ်သက်နေတဲ့ Aetna Health Insuranceကို Exampleအနေနဲ့ သုံးပါမယ်။
...
Typical MACD Chartတစ်ခုကိုကြည့်ရင် MACDလိုင်းနဲ့ Signalလိုင်းဆိုပြီး နှစ်လိုင်းတွေ့ပါမယ်။ တခါတလေ MACD Histogramဆိုပြီး Equaliserလို Barလေးတွေလည်းပါတတ်ပါတယ်။ အပေါ်ကပုံမှာ အားလုံးကို တခါတည်း ပြထားပါတယ်။ MACDကို ဘယ်လိုတွက်လည်း ကြည့်ရအောင်။

MACD = EMA12 - EMA26
Signal Line = SMA9 of MACD

MACDဟာ တကယ်တမ်းတော့ EMA12နဲ့ EMA26တို့ရဲ့ Crossoverကို ကိုယ်စားပြုတာပါ။ EMA12ဟာ EMA26ထက်ကြီးတဲ့ အခါမှာ MACDဟာ အပေါင်းကိန်းထွက်သလို ပိုငယ်ရင် အနှုတ်ကိန်းထွက်ပါမယ်။ Bullish Crossoverဖြစ်ဖို့ဆိုရင် MACDဟာ အနှုတ်ဖြစ်နေရာကနေ အပေါင်းဖြစ်လာရပါမယ်။ ရှုပ်သွားလားတော့ မသိဘူး။ Bullish Crossoverဖြစ်ဖို့က EMA12ဟာ EMA26အောက်ရောက်နေရာကနေ တဖြည်းဖြည်းနဲ့ ဖြတ်ပြီးအပေါ်ရောက်သွားရမှာကိုး။ ဒါပေမယ့် အဲဒီ့Crossoverကို MACD Chartမှာ ပြီးခဲ့တဲ့အပတ်က ပြောခဲ့သလို တွေ့ရမှာမဟုတ်ပဲ EMA Differenceကိုပဲ MACDလိုင်းအနေနဲ့ တွေ့ရပါမယ်။

MACD Chartမှာတွေ့ရမယ့် Crossoverကတော့ MACDနဲ့ Signal Lineရဲ့ Crossoverတွေပါ။ Signalလိုင်းဟာ Dotted Lineနဲ့ အဆွဲခံရလေ့ရှိပြီး typically လွန်ခဲ့တဲ့ ကိုးရက်အတွင်းဖြစ်ခဲ့တဲ့ MACD valueတွေကို Simple Moving Averageယူထားတာဖြစ်ပါတယ်။ SMAဖြစ်တဲ့အတွက် Recent MACD valuesတွေကို Weightပိုမပေးပါဘူး။ Signalလိုင်းဟာ နာမည်နဲ့လိုက်အောင် Buy/Sell Signalယူဖို့လုပ်ထားတာဖြစ်ပါတယ်။ MACDဟာ Signalလိုင်းအောက်ကနေ အပေါ်ရောက်အောင် Bullish Crossoverဖြစ်ခဲ့ရင် Buy Signalဖြစ်ပါမယ်။ အပေါ်ကနေ အောက်ဘက်ကို Bearish Crossoverဖြစ်ရင် Sell Signal ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ Latest MACDရဲ့ Momentumဟာ ၉ရက် Averageထက် ပိုကောင်း/ဆိုးနေပြီဆိုရင် ဝယ်/ရောင်း လုပ်သင့်တယ်လို့ ကောက်နိုင်ပါတယ်။ Signal Lineဟာ အမြဲတမ်း SMA9ဖြစ်စရာမလိုပါဘူး။ ဒါပေမယ့် Trader အများစုကတော့ SMA9ပဲအသုံးများကြပါတယ်။

ပိုရှုပ်သွားစေတဲ့အရာကတော့ MACD Histogram (MACD_H)လို့ခေါ်ပါတယ်။
MACD_H = MACD - Signal Line
သူ့ကိုဆွဲရင် အပေါ်မှာပြောခဲ့သလို Equaliser Barလေးတွေနဲ့ ဆွဲလေ့ရှိပါတယ်။ MACD_Hကနေ MACDနဲ့ Signalလိုင်းရဲ့ Difference sizeကို ပိုပြီး ကွဲကွဲပြားပြားမြင်နိုင်ပါတယ်။ MACD Crossovers, MACD_Hတွေ တကယ်အသုံးဝင်တဲ့အချိန်ကတော့ Waveတွေကို ဆက်ဆွဲထားတဲ့ Slopeတွေဟာ သာမန် Price Chartက Trend Slopeနဲ့ ဆန့်ကျင်ဘက်ပြနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါကို Divergenceလို့ ခေါ်ပါတယ်။ Slopeတွေရဲ့ Directionတူမယ်ဆိုရင်တော့ Convergenceဖြစ်တယ်လို့ ဆိုပါမယ်။ Divergenceဟာ Disagreementကို ပြသလို Convergenceဟာ Agreementကို ပြပါတယ်။ ဒီတော့ MACDနဲ့ပတ်သက်ရင် သတိထားရမယ့် အရာတွေကတော့

To buy
  • MACDလိုင်း Negativeကနေ Positiveဖြစ်ခဲ့ရင်
  • MACDလိုင်းဟာ Signalလိုင်းကို Bullish Crossoverဖြစ်ခဲ့ရင်
  • Price Trendဟာ Downward Slopeဖြစ်နေပေမယ့် MACD(သို့) MACD_Hဟာ ဆန့်ကျင်ဘက် Upward slopeပြနေရင်
ရောင်းဖို့ကတော့ အပေါ်က Ruleတွေကို ပြောင်းပြန်လှန်လိုက်ရင် ပြီးပါတယ်။ MACDဟာ Silver Bulletမဟုတ်ပါဘူး။ ပြီးတော့ Stockတိုင်းအတွက်လည်း မမှန်တတ်ပါဘူး။ ကောင်းတာကတော့ နှစ်နှစ်စာလောက် Analysisလုပ်ကြည့်ပြီး ငါဒီတုန်းက ဝယ်ခဲ့ရင်၊ ရောင်းခဲ့ရင်ဆိုပြီး Paper Tradeကြည့်ဖို့ပါပဲ။ အဲဒီ့Tradeတွေဟာ အလုပ်ဖြစ်တယ်ဆိုရင် MACDဟာ အဲဒီ့Stock Quoteအတွက် ဆက်ပြီးအလုပ်ဖြစ်နိုင်ပါတယ်။ အောက်မှာ Aetnaရဲ့ Signalတွေကို ပြထားပါတယ်။


Happy Trading!

05 March 2010

MA

Technical Analysisမှာ အရိုးရှင်းဆုံး၊ ရှေးအကျဆုံး နဲ့ one of the most effective methodsဖြစ်တဲ့ နည်းတစ်ခုအကြောင်း ဒီPostမှာ ပြောပြပါမယ်။ အဲဒါကတော့ Moving Average (MA)လို့ ခေါ်ပါတယ်။ MAမှာ Subcategory အဓိကနှစ်မျိုးရှိတယ်။ Simple MA နဲ့ Exponential MAလို့ ခေါ်တယ်။ MAရဲ့ အဓိက အသုံးဝင်ပုံကတော့ Trendတစ်ခုဟာ သတ်မှတ်ထားတဲ့ ရက်အပိုင်းအခြားတစ်ခုရဲ့ average priceရဲ့ အပေါ်မှာရှိလား၊ အောက်မှာရှိလား ဆိုပြီး ဆန်းစစ်တဲ့ နေရာမှာ အသုံးဝင်ပါတယ်။ MAကို တွက်တဲ့အခါမှာ ဘယ်နှစ်ရက်ပေါ်မှာ တွက်လည်းက အရေးကြီးသလို ဘယ်လို MAလည်း ဆိုတာကလည်း ထည့်စဉ်းစားရပါမယ်။ Formulaကတော့ ရှင်းပါတယ်။ Sum of Prices / No. of Daysပေါ့။

Simple MA (SMA)ကို တွက်တဲ့နေရာမှာ အပေါ်က Formulaအတိုင်းတွက်လို့ ရပါတယ်။ ဒါကြောင့်လည်း သူ့ကို Simpleလို့ ခေါ်တာပေါ့။ Priceလို့ပြောပေမယ့် Priceဟာ သုံးမျိုးဖြစ်နိုင်တာကိုလည်း သိသင့်ပါတယ် - High, Low, Close. Openကရှိပေမယ့် သိပ်သုံးလေ့မရှိသလို တကယ် ၉၉%အသုံးခံရတာကတော့ Closeပါ။ ဥပမာ SMA10 လို့ပြောရင် လွန်ခဲ့တဲ့ ၁၀ရက်အတွင်းမှာပိတ်ခဲ့တဲ့ Closeတွေကို ပေါင်းပြီး ၁၀နဲ့စားထားတာလို့ သိရပါမယ်။
...

Exponential MA(EMA)ကို တွက်တာကတော့ နည်းနည်း ပိုရှုပ်တယ်။ အသေးစိတ်သိချင်သပါ့ဆိုရင်တော့ googleသာလုပ်ကြည့်ပေတော့။ အဓိကသိဖို့က EMAဟာ Most Recent Priceတွေကို ပိုပြီး Weightပိုပေးပြီး တွက်တယ်လို့ နားလည်ထားရင် လုံလောက်ပါတယ်။ မနက်ဖြန်ဖြစ်မယ့် Priceဟာ လွန်ခဲ့တဲ့ တစ်လကဈေးထက် ဒီနေ့၊ မနေ့က ဈေးပေါ်မှာ ပိုပြီးDependဖြစ်တယ်ပြောရင် မလွန်ပါဘူး။ ဒါကြောင့် Proအများစုဟာ EMAကို ပိုကြိုက်ကြပါတယ်။ ကျွန်တော်လည်း EMAပဲ အသုံးများပါတယ်။

Dow Jones Industrial (DJI) indexကို အောက်မှာ EMA10နဲ့ ကျွန်တော်ပြထားပါတယ်။ အစိမ်းလိုင်းက EMA10ပါ။ လိုက်ကြည့်ရမှာက တစ်Barချင်းစီရဲ့ Closeနဲ့ EMA10ကို လိုက်ယှဉ်ကြည့်ရပါမယ်။ Closeဟာ EMA10ရဲ့ အပေါ်မှာ ရှိနေသ၍ Short-term uptrendဟာ အခြေအနေကောင်းတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ အောက်ရောက်သွားရင်တော့ စသတိထားရပါမယ်။ သုံးရက်လောက်စောင့်ကြည့်ပြီး တခြားTechnical Indicatorတွေကပါ Bearish Signalတွေ ပြနေရင်တော့ ရောင်းဖို့Readyလုပ်ထားသင့်ပါတယ်။

MAတွေရဲ့ No. of daysဟာ တိုရင်တိုသလောက် Recent Price Activityနဲ့ Matchingဖြစ်ပြီး ရှည်ရင်ရှည်သလောက် Recent Priceတွေနဲ့ ကွာဟနိုင်ပါတယ်။ ဒါကြောင့် EMA15လောက်အထိကို Short-term MAလို့ ခေါ်ပြီး 15ထက်ကြီးတဲ့ MAတွေကိုတော့ Medium to Long-term trendတွေလို့ ခေါ်ကြပါတယ်။ Short-term EMAတွေဟာ Tradersတွေအတွက် အရေးကြီးသလို Long-term EMAတွေဟာ Investorsတွေအတွက် သတိထားကြည့်နေရမယ့် Technical Indicatorတွေ ဖြစ်ပါတယ်။

Short-termနဲ့ Long-termကို ပေါင်းပြီးသုံးရင် အဲဒီ့ Groupနှစ်မျိုး (Traders & Investors)တွေရဲ့ Overall Sentimentကို တွေ့ပါလိမ့်မယ်။ Short-termဟာ Long-termပေါ်မှာ ရှိနေသ၍ Uptrendရဲ့ Momentumကောင်းတယ်လို့ ပြောနိုင်သလို အောက်မှာရှိရင်လည်း Downtrendဟာ အားကောင်းနေဆဲလို့ ဆိုနိုင်ပါတယ်။ အရေးအကြီးဆုံး Conceptကတော့ MA Crossoversတွေပါ။ Shortဟာ Longအောက်မှာရှိနေခဲ့တာကနေ ဦးထောင်လာပြီး Longကို တဖြည်းဖြည်း စဖြတ်နေပြီဆိုရင် Downtrendဟာ Reversal ဖြစ်တော့မယ့် အခြေအနေဆိုပြီး ဝယ်ဖို့စောင့်ကြည့်နေရပါမယ်။ Reverseတွေးရင် Shortဟာ Longပေါ်မှာ ရှိနေခဲ့တာကနေ အားမရှိတော့ပဲ စပြီး Downward directionနဲ့ ဖြတ်နေပြီဆိုရင်လည်း ရောင်းဖို့ ပြင်ဆင်ထားရပါမယ်။

အရေးကြီးတဲ့ MA valueတွေကတော့ EMA30 (six trading weeks), EMA60 (12 trading weeks), EMA100, EMA200 တို့ပါပဲ။ Closeတွေဟာ EMA100 နဲ့ EMA200အောက်စရောက်ပြီဆိုရင် Investorတွေကိုယ်တိုင် ချရောင်းနေပြီလို့ သဘောပေါက်ရပါမယ်။ EMA200အောက်ရောက်ရင် Marketလည်း တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်နေပြီးလောက်ပါပြီ။ အောက်မှာ DJIရဲ့ EMA10နဲ့ 30ရဲ့ Crossoverတွေကို ကြည့်ကြည့်ပါ။ လွန်ခဲ့တဲ့ Aprilက EMA crossoverကို Signalယူခဲ့တဲ့သူဟာ အခုလောက်ဆိုရင် တွေးသာကြည့်ပေတော့။ ဒီလိုပဲ 2009 Januaryက Bearish Crossoverနဲ့ ရောင်းခဲ့တဲ့သူဟာလည်း အကျဘယ်လောက် သက်သာခဲ့မလည်းဆိုတာကြည့်ရင် MAတွေရဲ့ Powerကို သဘောပေါက်လောက်ပါပြီ။ နောက် Postတွေမှာ MAတွေကနေ Deriveလုပ်ထားတဲ့ ပိုပြီး Advancedဖြစ်တဲ့ Technical Indicatorတွေအကြောင်း  ပြောသွားပါမယ်။

Happy Crossovers!!



09 January 2010

ပိုက်ဆံချင်းတူပေမယ့်


Happy Belated New Year! မြန်မာပြည် ခဏပြန်လည်နေလို့ ဘာမှ မBlogနိုင်ခဲ့ဘူး။ Blogspotကလည်း အပိတ်ခံထားရပြီး ဟိုကျော်ဒီကျော်လုပ်ဖို့လည်း စိတ်မပါတာနဲ့ Holidayကို အပြည့်အဝပဲ ခံစားလိုက်တယ်။ ကိုယ့်Readerများလည်း New Yearမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပျော်နေကြမှာမို့ သိပ်တော့မထူးပါဘူးလို့ ထင်ပါတယ်။ ကဲ လိုရင်းကို ရေးတော့မယ်။

Technical Analysis(TA)နဲ့ပတ်သက်ပြီး Traderတိုင်းတောင် သိပ်သုံးလေ့မရှိတဲ့ Settingတစ်ခု အကြောင်းပြောပြချင်ပါတယ်။ လွယ်ပါတယ် - နှစ်သစ်ကို ခုမှစတာ Easy Readingပဲကောင်းပါတယ်။ ဟုတ်တယ် မဟုတ်လား။ အဲဒါကတော့ Line / Bar Chartတွေရဲ့ Scale အမျိုးအစားပါ။
...

သာမန်တွေ့ဖူးနေကျ Line / Bar Chartတွေရဲ့ Scaleဟာ Linear Scaleလို့ ခေါ်ပါတယ်။ Linearဟာ Stock Priceရဲ့ ဈေးကို ဈေးအတိုင်းပဲ Plotလုပ်ပါတယ်။ ဥပမာ ၅ကျပ်ကနေ ၁၀တက်သွားရင် ၅ကျပ် (သို့) ၅ ticks ပေါ့။ အချိန်ကြာလာပြီး ဈေးမှန်မှန်တက်လာလို့ ၅၀ကနေ ၅၅ကျပ်ဖြစ်သွားရင်လည်း ၅ကျပ် (သို့) ၅ ticksပါပဲ။ ဒီတော့ ၅ကျပ်ကနေ ၁၀ဖြစ်သွားတဲ့ Gapနဲ့ ၅၀ကနေ ၅၅ဖြစ်သွားတဲ့ Gapရဲ့ Chart ပေါ်က Distanceဟာ Exactly the sameပါပဲ။ ဒါကြောင့်လည်း ဒီလို Scaleကို Linear Scaleလို့ ခေါ်တာဖြစ်ပါတယ်။

လူသိပ်မသိတဲ့ Scaleတစ်မျိုးကတော့ Semi-Log scaleလို့ ခေါ်ပါတယ်။ တစ်ချို့ကတော့ Logarithmicလို့ ခေါ်တယ်။ ဒီအမျိုးအစားမှာ ပိုက်ဆံချင်းတူပေမယ့် Chartingလုပ်တဲ့အခါမှာ ဘယ်လောက် Percentageတက်သွားသလည်းပေါ် မူတည်ပြီး Bar / Candleတွေရဲ့ Heightတွေကို သတ်မှတ်ပါတယ်။ ဒါကြောင့် ၅ကျပ်ကနေ ၁၀တက်သွားရင် ၁၀၀% တက်တယ်လို့ ယူဆပေမယ့် ၅၀ကနေ ၅၅ကျပ်ဖြစ်သွားရင် ၁၀%ပဲတက်တယ်လို့ တွက်ပါမယ်။ အောက်မှာ Australiaက နာမည်ကြီး Commonwealth Bank (CBA)ရဲ့ Bar Chartကို Scaleနှစ်မျိုးလုံးသုံးပြီး ဆွဲပြထားပါတယ်။

Linear Scale


Semi-Log Scale

Trend Lineကို ဆွဲတဲ့အခါမှာ တတ်နိုင်သလောက် Dateတွေကို တူအောင် ဖြတ်ဆွဲရင် ကောင်းပါတယ်။ Linear Scaleနဲ့ ဆွဲထားတဲ့ Trendကို ကြည့်လိုက်ရင် လက်ရှိ Price Trendဟာ Okနေတာတွေ့ပါလိမ့်မယ်။ ဒါပေမယ့် Semi-Log Scaleကို ကြည့်ပါဦး။ Trendပျက်ပြီး Sideways သွားနေတာကို တွေ့ပါမယ်။ ဒီတော့ Questionက ကျွန်တော်/ကျွန်မဘာကို ကြည့်ရမလည်းပေါ့။ အမြဲ Scaleနှစ်မျိုးသုံးကြည့်ပါ။ Semi-Logနဲ့ Linearဟာ မတူညီတဲ့ Outcomeကို ပြနေရင် Semi-logကို ဦးစားပေးသင့်တယ် - အထူးသဖြင့် Long Term Trendတွေကို လေ့လာတဲ့အခါမှာ ပိုအရေးပါပါတယ်။

Long Term Trendကို ဆွဲရင် Semi-logဟာ ဘာလို့ ပိုအရေးကြီးရသလည်းဆိုတော့ အထက်က ပြောခဲ့သလို ၅ကျပ်ချင်းတူပေမယ့် တက်သွားတဲ့ ရာခိုင်နှုန်းချင်းမတူပါဘူး။ ဒါကြောင့် Price Amountနည်းနေတုန်းမှာ Gapတွေဟာ ပိုကျဲပြီး ဈေးမြင့်လာတော့ တဖြည်းဖြည်းစိပ်စိပ်သွားတာ တွေ့ပါလိမ့်မယ်။ ဒါပေမယ့် ဒီလို ဈေးနည်းနေရာကနေ မြင့်လာဖို့ဆိုတာ အချိန်ယူရတဲ့အတွက် Semi-logဟာ Long Term Trendအတွက် ပိုအသုံးဝင်တယ်လို့ ဆိုလိုတာပါ။

နာမည်ရှိတဲ့ Charting Softwareတိုင်းမှာ Y-axisရဲ့ Scaleကို ပြောင်းနိုင်တဲ့ Featureပါကိုပါရပါမယ်။ Yahooလို websiteမှာလည်း Chart Settingsအောက်မှာ Scaleပြောင်းနိုင်တဲ့ Linkတွေရှိပါတယ်။ Chart Scaleလေးတွေ ကစားပြီး TAကို ပိုပြီး ရှင်းရှင်းလင်းလင်း လုပ်ကြည့်ပါလို့ တိုက်တွန်းပါတယ်။

04 December 2009

Two is better than One

ဒီအပတ်တော့ powerfulပိုဖြစ်တဲ့ Candle Patternတွေအကြောင်းပဲ ဆက်ပြောပါမယ်။ Candlestick အကြောင်းစပြောတုံးက single-candle formationတွေအကြောင်းနဲ့ စခဲ့တယ်။ ဒါပေမယ့် ပိုပြီးလက်စလက်န ရှိတဲ့ Candle Formationကတော့ Candle နှစ်ချောင်းပါရင် ပိုကောင်းတယ်။ dual-candle formationတွေရဲ့ နာမည်လေးတွေဟာလည်း မှတ်မိလွယ်သလို အဓိပ္ပါယ်လည်း ရှိပါတယ်။

Candle formationတွေရဲ့ potency / strengthပေါ်မူတည်ပြီး သုံးဆင့်ခွဲပေးထားတယ်။ သူတို့အားလုံးဟာ Trend Reversalကို Confirmလုပ်ဖို့ပဲ အသုံးဝင်တာတော့ တူပါတယ်။

Bullish / Bearish Counterattack Pattern - Weak reversal signal


...

ပုံမှာပြထားသလိုပဲ Bullish Counterattackဟာ Downtrendမှာ ဖြစ်တတ်ပြီး Bearish Counterattackဟာ Uptrendမှာ မြင်နိုင်ပါတယ်။ အဓိပ္ပါယ်ဟာ ပြောင်းပြန်လှန်လိုက်ရင် အတူတူပဲမို့လို့ Bullishဘက်ကနေပဲ ကျွန်တော်ပြောသွားပါမယ်။ Bullish Counterattackဖြစ်ဖို့ Bearတွေ အားသာနေတဲ့ Downtrendတစ်ခုရှိရမယ်။ Downtrendရဲ့ Durationဟာ အနည်းဆုံး ၄-၅ရက်၊ တစ်ပတ်ဖြစ်သင့်တယ်။ ဒီလိုနဲ့ ဆင်းလာရင်း နောက်ဆုံးမှာ Closeဟာ Openထက်သာပြီး White Candleရပါမယ်။ အဲဒီမှာ အရေးအကြီးဆုံးက Closeတွေပါ။ Closeနှစ်ခုဟာ Almost Equalဖြစ်သင့်ပါတယ်။ White Candleရဲ့ Openဟာ မနေ့က Closeအောက် ရောက်ရပါမယ်။ Crowd Psychologyကတော့ ဖွင့်ဖွင့်ချင်းတော့ Bearတွေဟာ ကြီးစိုးနေခဲ့ပြီး နောက်ဆုံးတော့ Bullတွေက ပြန်ဆွဲတင်လိုက်နိုင်တယ် ဆိုတာပါပဲ။ ဒါပေမယ့် Closeဟာ မနေ့ကCloseနဲ့ မတိမ်းမယိမ်းမို့ ဒီ Formationကို Weak Signalလို့ ဆိုနိုင်ပါတယ်။

Piercing Pattern and Dark Cloud Cover Pattern - Good Reversal Signal



အပေါ်က Counterattackနဲ့ သဘောတရား အတူတူပါပဲ။ ကွာတာကတော့ White Candle Closeဟာ မနေ့ကBlack Candle Closeကိုကျော်ရုံတင်မက အနည်းဆုံး Black Candle Real Bodyရဲ့ အလယ်ကို အသာလေး ရောက်/ကျော်သင့်ပါတယ် - ဒါပေမယ့် Black Candle Openကိုတော့ မကျော်သင့်ဘူး။ ကျော်သွားရင် နောက်ထပ်ပြောမယ့် Strong Reversal Signalဖြစ်သွားပါမယ်။ Piercingကတော့ Bullတွေဟာ Bearတွေရဲ့ နယ်ပယ်ကို Pierceလုပ်လိုက်တယ်လို့ ဆိုသလို၊ Dark Cloud Coverဟာလည်း မိုးမရွာခင် တိမ်မည်းတွေညို့လာသလို Up Trendဟာ Sunnyမဖြစ်နိုင်တော့ဘူးလို့ ဆိုလိုတယ်။

Bullish / Bearish Engulfing Pattern - Strong Reversal Signal


အပေါ်မှာပြောခဲ့သလိုပဲ White Candle Openဟာ မနေ့က Black Candle Closeထက်နိမ့်ပြီး White Candle Closeဟာ Black Candle Openထက်ကျော်သွားရင်တော့ Strongest Reversal Signalကို ပြပါတယ်။ Engulfingဆိုတာကတော့ ငုံ/ဝန်းရံထားတယ်ပေါ့။ အနောက်တိုင်း Technical Analysisမှာတော့ Outside Dayလို့ခေါ်တယ်။ ဒါမျိုးတွေ့ပြီး Volumeကလည်း ကောင်းတယ်ဆိုရင် Reversalဖြစ်ဖို့ သေချာသလောက်ရှိပါတယ်။

ဒီ Reversal Candle Patternတွေကို Second Candleရဲ့ Volumeနဲ့ ယှဉ်ပြီးသုံးရင် ပိုသေချာတဲ့ Trading Signalကို ရပါလိမ့်မယ်။ Trend Line၊ Supportနဲ့ Resistance လိုင်းတွေပါ တွဲသုံးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အောက်မှာ BHP.ASX ရဲ့ Candleတွေကို ပြထားပါတယ်။

Happy Charting!


27 November 2009

How to Stop

Sorry Folks. တစ်ပတ်လုံး အလုပ်ရှုပ်နေတယ် - Marketအလုပ်၊ ရုံးအလုပ်မဟုတ်ပါဘူး။ Marketဟာ Major Correctionဖြစ်ဖို့ တာစူနေတာကို တစ်ပတ်စာအလုပ်ကနေ ကျွန်တော် Confirmလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော့အမြင်တစ်ခုထဲပါ။ ဒါပေမယ့် ဖြစ်လာခဲ့ရင် Readerများ အကျသက်သာဖို့ Stopလုပ်ဖို့ Techniqueတွေကို Detail ရေးလိုက်တယ်။

အလွယ်ကူဆုံးကတော့ ကိုယ်ဘယ်ဈေးနဲ့ ဝယ်ခဲ့သလည်းပေါ်မှာ Baseထားပြီး ၅၀၀ရှုံးနေရင်တော့ ရောင်းလိုက်မယ်၊ ၁၀၀၀ရှုံးရင်တော့ ရောင်းလိုက်မယ် အစရှိသဖြင့်ပေါ့လေ။ ပိုကောင်းတဲ့ နည်းလမ်းကတော့ Trend Lineနဲ့ Supportနဲ့ Resistance သုံးပြီး နည်းနည်း Professional ဆန်ဆန်လေး Stop Lossလုပ်တာပိုကောင်းပါတယ်။ Technical Analysis (TA)အကြောင်းမသွားခင် ဘယ်လို Stop orderလုပ်သလည်း အရင်ကြည့်ရအောင်။
...

လူBrokerသုံးရင် ကိုယ့်Brokerကို ငါဒီဈေးမှာတော့ Stop orderထားချင်တယ်လို့ ပြောလိုက်ယုံပါပဲ။ Internet Brokerသုံးရင်တော့ နည်းနည်းပိုအလုပ်ရှုပ်မယ်။ Brokerပေါ်မူတည်ပြီး Websiteတွေရဲ့ Usabilityဟာလည်း ကွာပါတယ်။ Generallyကတော့ အောက်မှာရေးထားတာတွေကို Defineလုပ်ရပါမယ်။

၁) Stop price - ဘယ်ဈေးကိုထိရင် ဒီ Sell orderကို Marketထဲပို့ရမလည်း။
၂) Limit price - Marketထဲကို ဘယ်လောက်Sell Priceနဲ့ ပို့ရမလည်း။ Generally, it should be less than or equal to the Stop price. ဒါမှမဟုတ် Marketနဲ့ရောင်းလို့ ပြောလို့ရပါတယ်။ ဆိုလိုတာက ရတဲ့ပေါက်ဈေးနဲ့ ထွက်သွားရင်ပြီးရော ရောင်းလိုက်လို့ပြောတာပါ။
၃) Positionအကုန်လုံး Liquidateလုပ်မှာလား? ဒါမှမဟုတ် တဝက်ပဲရောင်းမလား - Number of Units to sellကို ပြောတာပါ။
၎) order expiration - Triggerဖြစ်သွားလို့ Marketထဲရောက်သွားရင် အဲဒီ့Orderကို ဘယ်လောက်ထားမလည်း? Generally, Day order or GTC (Good Till Cancel)လားဆိုပြီးရှိပါတယ်။ Day orderဟာ ဈေးပိတ်သွားတာနဲ့ Purgeလုပ်တာခံရပါမယ်။ GTCဆိုတာကတော့ ကိုယ်Cancelမလုပ်မချင်း ရှိနေမယ့်ဟာပေါ့ (ဒါပေမယ့် normally ၆လကနေ တစ်နှစ်ထက်ပိုအထားမခံရပါဘူး)။

TAပိုင်းကြည့်ရအောင်။ အောက်မှာ Ford (F)ရဲ့ Chartကို ကျွန်တော်သုံးထားပါတယ်။ Stopကို Defineလုပ်ဖို့ Trendလိုင်းကို အရင်သိရပါမယ်။ Long term trendလိုင်းပေါ်မှာ ရှိနေသ၍ သိပ်စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် Closeဟာ အဲဒီ့ Major Trendလိုင်းအောက်မှာ နှစ်ရက်သုံးရက် စပိတ်ပြီဆိုတာနဲ့ စပြီးသတိထားရပါမယ်။



Ford ရဲ့ Primary Trendဟာ 16/9/2009မှာ Break outဖြစ်သွားတာကို တွေ့ပါမယ်(Primary Trendကို ကျွန်တော် အပြာလိုင်း တုတ်တုတ်ဆွဲထားတယ်)။ ဒါပေမယ့် Long term Horizontal Support line 6.75ကို မဖောက်ပဲ Side-wayဆက်ဖြစ်နေတာကို တွေ့ပါလိမ့်မယ်(ရေပြင်ညီ အနီလိုင်း တုတ်တုတ်)။ ဒါဟာ Bullနဲ့ Bearတို့ လွန်ဆွဲနေတာကို ပြပါတယ်။ Minor Up Trendပြန်စတာက 9/11/2009မှပါ (အစိမ်းလိုင်း)။ Minor Up Trendဟာ Holding ဖြစ်နေတုန်းပါပဲ။ 25/11/2009 Closeဟာ Just above Minor Up Trendလိုင်းပေါ်မှာ တွေ့ပါလိမ့်မယ်။

Volumeကို ကြည့်ရင် Minor Up Trendဟာ Declining Volumeနဲ့သွားနေတယ်ဆိုတာတွေ့ပါလိမ့်မယ်။ ဒါဟာ Bullတွေရဲ့ Commitmentကို ပြပါတယ်။ Bullတွေဟာ ဝယ်တော့ဝယ်နေတယ် ဒါပေမယ့် သိပ်တော့ လိုလိုလားလားမဟုတ်ဘူးပေါ့။ ဒါမျိုးတွေ့ရင် ကိုယ်က ပိုသတိထားရမယ်။

Horizontal Blue line at 8.95ဟာ Major Resistanceလိုင်းပါ။ အခုနောက်ဆုံး Closeဟာ Major Resistanceကို ထိတော့မှာကိုတွေ့ပါလိမ့်မယ်။ 3/8/2009က ဒီလိုင်းကို မကျော်နိုင်ပဲ Pull backဖြစ်ခဲ့တာကို တွေ့နိုင်ပါတယ်။ ဒီတော့ Fordကို ကိုင်ထားတဲ့သူတစ်ယောက်အနေနဲ့ ဘာဆက်လုပ်မလည်း။

ပထမဆုံး ကျွန်တော့်အနေနဲ့ 8.95 Resistanceပေါ်မှာ အနည်းဆုံး နှစ်ရက်သုံးရက် နေနိုင်လားစောင့်ကြည့်ပါမယ်။ Preferably, Closeဟာ Original Primary Trendပေါ်ကို ပြန်ရောက်သွားသင့်တယ်။ Primary Trend လိုင်းဟာ Break outဖြစ်သွားတာနဲ့ ဆက်ဆွဲထားသင့်တယ်။ ဘာလို့လည်းဆိုတော့ ဒီလိုင်းဟာ Minor Up Trendရဲ့ Resistanceအနေနဲ့ ပြန်ပြီးဖြစ်တတ်လို့ပါပဲ။ Volumeဟာလည်း Improvementရှိသင့်ပါတယ်။

အခုနောက်ဆုံးရှိတဲ့ Dataကိုကြည့်ရင် Fordဟာ 8.95 Resistanceကို မကျော်နိုင်ဖို့များတယ်။ ဒီတော့ Traderဆိုရင် 8.95 ဝန်းကျင်မှာ ရောင်းပြီး Profitယူပါမယ်။ Medium Term Investorဆိုရင် 6.75အောက်မှာ 1 or 2 ticks ခွာပြီး Stop Orderထားပါမယ်။ Tickဆိုတာ ညာဘက် Y-Axisလိုင်းပေါ်က ပေတံကအမှတ်လေးတွေကို ပြောတာပါ။ တစ်မှတ်ကို တစ်Tickလို့ ခေါ်ပါတယ်။ Long Term Investorဆိုရင်တော့ 5.00 (အဝါလိုင်း)အောက်မှာ 1 or 2 ticksခွာထားပါမယ်။ ဘာလို့ 1 or 2 ticksခွာထားသင့်သလည်းဆိုတော့ Professionalတွေဟာလည်း ဒီ Major Supportနဲ့ Resistance နေရာတွေကိုသိပါတယ်။ ဒါကြောင့် သူတို့ဟာ အဲဒီ့Pointတွေမှာ Stop orderတွေ Setupလုပ်ထားတတ်တာကို အခွင့်ကောင်းယူပြီး ကိုယ့်Stopတွေ Triggerဖြစ်အောင် ကလိမ်ကကျစ်ကျတတ်ပါတယ်။

ဒီလောက်ဆိုရင် Trendလိုင်းနဲ့ Supportနဲ့ Resistance လိုင်းတွေဟာ Investorတစ်ယောက်အတွက် ဘယ်လောက်အရေးကြီးလည်း သိလောက်ပါပြီ။ ကိုယ်ကိုင်ထားတဲ့ Stockတွေရဲ့ Current Momentumကို TAလုပ်ကြည့်ပါ။ ဒီPostကနေ Stop Orderတွေကို ဘယ်လိုလုပ်သင့်သလည်း နားလည်သွားရင် ကျွန်တော်ကျေနပ်ပါတယ်။ မရှင်းတာရှိရင်လည်း မေးနိုင်ပါတယ်။

Knowledge is Power!

Related Posts : Trend , Support / Resistance

20 November 2009

DBS Exercise


ဒီBlogရဲ့ ပင်တိုင်ပရိသတ်တွေထဲမှာ စင်္ကာပူက မြန်မာတွေတော်တော်များတာတွေ့ရလို့ စင်္ကာပူက Stockတစ်ခုကို Base လုပ်ပြီးပြောရင် ပိုစိတ်ဝင်စားမယ်ထင်ပါတယ်။ Singapore Exchangeမှာ Stockသိပ်များများစားစားမရှိပါဘူး။ အဲဒီ့ထဲကမှ Major Indexဖြစ်တဲ့ STI (Straits Times Index)ထဲက Major stock (D05) DBSကို ရွေးထားပါတယ်။ ဥပမာကောင်းတစ်ခုဖြစ်တဲ့အပြင် Exerciseသဘောလဲ ရစေချင်လို့ပါ။

Stockတစ်ခုကို Beginnerတစ်ယောက်အနေနဲ့ ရွေးတဲ့အခါမှာ ဒီလို Major Components of Major Indexကို ဦးစားပေးသင့်ပါတယ်။ အဓိက Reasonကတော့ သူတို့ဟာ Generally Riskပိုနည်းလို့ဖြစ်ပါတယ်။ Long Corporate Historyရှိပြီး Large Customer baseရှိတဲ့ ကုမ္ပဏီကို ရွေးတာ တက်သစ်စStockတွေထက် အများကြီး Riskပိုနည်းပါတယ်။
...

Fundamentalနဲ့စရအောင်။ http://www.dbs.com/investor/Pages/default.aspx ကိုသွားဖတ်ကြည့်လိုက်ပါ။ DBSဟာ အစဉ်အလာရှိတဲ့ ကုမ္ပဏီတစ်ခုဆိုတာ တွေ့ပါလိမ့်မယ်။ တကယ်တမ်းတော့ စင်္ကာပူကလူတွေက ကျွန်တော့်ထက် ကုမ္ပဏီရဲ့ ယေဘုယျအကြောင်း အများကြီးပိုသိမှာပါ။ Customerတောင် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် Investorတစ်ယောက်ကြည့်ရမယ့် ရှုထောင့်က သတင်းစာထဲက Headlineဖတ်ရုံနဲ့တော့ မရဘူး။ Ok - let's dig the numbers.

P/E? P/Eကို တွက်ဖို့ http://www.dbs.com/investor/Pages/fin_highlights.aspx ကိုသွားပါ။ Per Share Data(S$)ဆိုတဲ့ Sectionကို သွားကြည့်ပါ။ အဲဒီမှာ Subsection Per basic shareဆိုတာနဲ့ Per diluted shareဆိုတာထပ်တွေ့လိမ့်မယ်။ အဲဒီ့နှစ်ခုထဲက Dilutedကို ရွေးပါ။ Dilutedဆိုတာ လက်ရှိStockအရေအတွက်အပြင် futureမှာ ထပ်အသစ်ဖြစ်လာနိုင်တဲ့ အရေအတွက်ကိုပါ ထည့်စဉ်းစားပါတယ်။ Conservative Investorတစ်ယောက်အနေနဲ့ ဒီလိုအခြေအနေကိုပါ ထည့်စဉ်းစားသင့်တဲ့အတွက် Dilutedကို ရွေးမယ်။ Dilutedမှာမှ excluding one-time gains and chargesကို ပိုသုံးသင့်တယ်။ one-time itemတွေဟာ အမြဲဖြစ်နေမယ့်အရာတွေမဟုတ်တော့ ကုမ္ပဏီတစ်ခုရဲ့ General Performanceကို တိုင်းတဲ့အခါမှာ ဖယ်ထားသင့်တယ်။ Per diluted share earings excluding one-time gains and chargesတွေဟာ တစ်နှစ်စာAnnualisedလုပ်ပြီးတွက်ထားတယ်လို့ Pageအောက်ဆုံးက Fine Printမှာ ပြောထားပါတယ်။ ဒါကြောင့် ၀.၉၅၊ ၀.၉၃အစရှိတာတွေဟာ Quarterတစ်ခုစီအတွက်ပေမယ့် တစ်နှစ်စာတွက်ထားတာလို့ သိရမယ်။ ဒါကြောင့် Most Recent Quarterလေးခုရဲ့ Average EPS (Earnings Per Share)ကို တွက်ပါ။ ပြီးရင် နောက်ဆုံးClose Priceကို အဲဒီ့ Averageနဲ့ စားလိုက်မယ်ဆိုရင် P/Eကိုရပါလိမ့်မယ်။

Per Share Data sectionက net book valueနဲ့ dividendကိုသုံးပြီး P/Bနဲ့ Dividend Yieldကိုတွက်ပါ။ DYတစ်ခုထဲကိုပဲ သာမန်Bank interest rateနဲ့ ယှဉ်ကြည့်ပါ။ ပိုသာတာကို တွေ့ပါလိမ့်မယ်။

Fundamentalပြီးရင် Technicalပိုင်းသွားရအောင်။ အောက်မှာ DBSရဲ့ Candle chartကို 2009 Februaryကနေစပြထားတာ တွေ့ပါလိမ့်မယ်။ DBSဟာ Augustမှာ Trendပျက်ပြီး Side-way သွားနေတာ ဒီနိုဝင်ဘာလဆန်းအထိပါ။ ၆၊၁၁၊၂၀၀၉မှာ ဘာလို့ ထောင်တက်သွားလည်းဆိုတော့ Quarterly Earningထွက်လာလို့ပါပဲ။ Result is very strong result compared with last year same quarter. ဒါကြောင့် ၁၄.၁၄ resistanceကို breakoutလုပ်သွားတာတွေ့ပါလိမ့်မယ်။ ဒါပေမယ့် အခုလိုက်ဝယ်သင့်သလား? နောက်ဆုံး Candleကိုကြည့်ပြီး ဆုံးဖြတ်ပါ။ လိုအပ်တဲ့ Knowledgeကို အရင်Postတွေမှာ ကျွန်တော်ရေးပြပြီးပါပြီ။ ဘယ်ဈေးကို စောင့်ကြည့်ရမလည်း၊ ဘယ်လောက်ရောက်ရင် ဝယ်မလည်း၊ အစရှိတာတွေကို နည်းနည်း Brain Teasingလုပ်ကြည့်ပါ။ အားလုံးကို ကျွန်တော်ကပဲပြောနေရင် ပျင်းစရာကြီး၊ ဟုတ်တယ်မဟုတ်လား။ ကိုယ့်ထင်မြင်ယူဆချက်တွေကို Comment boxထဲချသွားဖို့ မျှော်လင့်ပါတယ်။

Happy Exercising!


18 November 2009

How to 101

MZTရဲ့ Commentကနေ ရေးသင့်တယ်ထင်တာ ရေးလိုက်ပါတယ်။ တခါမှ Investingမလုပ်ဘူးတဲ့သူ၊ Stock Tradingမလုပ်ဘူးတဲ့သူတွေအတွက် သင့်တော်မယ်ထင်လို့ပါ။ အောက်မှာရေးထားတာတွေအတိုင်း တသွေမတိမ်းလိုက်လုပ်စရာမလိုပေမယ့် Beginnerတစ်ယောက်အတွက် Reasonable Stepတွေလို့ ထင်ပါတယ်။

၁) Can you legally invest/trade
အရင်Postတစ်ခုထဲမှာ ပြောဖူးသလို ကိုယ်Investလုပ်ချင်တဲ့ Marketမှာ Invest/Tradeလုပ်နိုင်တဲ့ Eligibilityရှိမရှိ သေချာသိဖို့လိုမယ်။ USမှာဆိုရင် SSN, Australiaမှာဆိုရင် TFNအစရှိသဖြင့် Minimum requirementလေးတွေရှိပါတယ်။ ဒါပေမယ့် သိပ်တော့မခက်ပါဘူး။ ကိုယ်က Brokerageတစ်ခုမှာ Account ဖွင့်ဖို့ကြိုးစားတာနဲ့ သူတို့ရဲ့ Formမှာ ဘာတွေရှိရမလည်း တွေ့ပါလိမ့်မယ်။
...

၂) How much you can park it
ဘာမှမလုပ်ခင် သေချာတွက်ချက်ရမှာက ကိုယ့်မှာ Investingစလုပ်ဖို့ ငွေဘယ်လောက်ရှိမလည်း ဆိုတာပါ့။ စစချင်းလုပ်တဲ့သူတွေအတွက် Medium Term Investingလုပ်သင့်တယ်လို့ ထင်တယ်။ Short Termလုပ်ဖို့က Skillနဲ့ အတွေ့အကြုံလိုသလို၊ Long Termလုပ်တော့လည်း ငြိမ်လွန်းပြီး ဘာမှသိပ် Learnဖြစ်မှာ မဟုတ်ပါဘူး။ Medium Term အနေနဲ့ ၁လကနေ ၃လလောက်အထိ လုပ်သင့်ပါတယ်။ အချိန်တိုတခုအတွင်း မြတ်ရင် မြတ်သလို၊ ရှုံးရင် ရှုံးသလို Tradeကို Exitလုပ်တာ Beginnerအတွက် Practiceရပါတယ်။

ဘာကြောင့်Termကို ပြောနေရသလည်းဆိုတော့ ဒီLength of timeဟာ ကိုယ့်ပိုက်ဆံကို Marketထဲထည့်ထားရတဲ့ အချိန်မို့လို့ပါ။ ဒီတော့ ငွေAmountဟာ ကိုယ်ဘေးဖယ်ထားနိုင်မယ့် Amountဖြစ်မယ်ဆိုရင် ပိုကောင်းပါတယ်။ နေ့တဓူဝ ကိစ္စတွေအတွက် ပြန်ပြန်ယူသုံးနေရမယ့် Quotaထဲကဆိုရင် Tradeတစ်ခုကို မလိုအပ်ဘဲ စောစောExitလုပ်နေရပါလိမ့်မယ်။ Recommendလုပ်တာကတော့ အနည်းဆုံး ၅၀၀၀ကနေ ၁၀,၀၀၀လောက်အထိ စသင့်တယ်။ သိပ်နည်းလွန်းတော့လည်း ဘာမှကို မလူးလွန့်သာပါဘူး။

၃) Broker
Brokerရွေးချယ်တာဟာ Beginnerတွေအတွက် အရမ်းအရေးမကြီးပါဘူး။ ဘာလို့လည်းဆိုတော့ Tradeလုပ်မယ့် Frequencyနဲ့ Amountက နည်းသေးတော့ Brokerage Firmတစ်ခုနဲ့တစ်ခု ဒီလောက်ကြီး မသိသာပါဘူး။ အရေးကြီးတာက ကိုယ်ပေးရတဲ့ Brokerageနဲ့ တန်တဲ့Serviceပြန်ရရဲ့လား ဆိုတာပါပဲ။ အမေရိကား Marketတွေအတွက် သင့်တော်မယ့် Broker review linkကို တွေ့ထားတယ်။ http://online-stock-trading-review.toptenreviews.com/။ အဲဒီ့Pageမှာ ကိုယ့်အတွက် ဘယ်လိုFeatureတွေလိုမလည်း သေချာဖတ်ကြည့်ပါ။ Top 1-5ဟာ မမှားနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေထဲမှာ လက်ရှိTradeလုပ်နေတဲ့သူတွေရှိရင် အဲဒီထဲက တစ်ခုခု သူတို့များ သုံးနေမလား မေးကြည့်ပါ။ Googleမှာ Brokerတစ်ခုချင်းစီအတွက် Detail Reviewတွေ ဖတ်ကြည့်ပါ။

Brokerအများစုရဲ့ ကောင်းတဲ့အချက်ကတော့ Account Openလုပ်ဖို့ ပိုက်ဆံပေးရလေ့မရှိပါဘူး။ တစ်ချို့ကတော့ Account Activateဖြစ်ဖို့ ငွေအနည်းဆုံး ဒီလောက်တော့ ထည့်ရမယ် ဘာညာလုပ်တတ်တယ်။ ဒီတော့ အရေးကြီးတာက ကိုယ့်Cashအတွက် သူတို့ဘက်က ဘာGuaranteeပေးနိုင်သလည်း ကြည့်ရပါမယ်။ သူတို့Bankruptဖြစ်ရင် ကိုယ့်ငွေအတွက် Insuranceရှိရဲ့လား စသဖြင့်ပေါ့။ တချို့ရက်တွေမှာ Open Tradeမရှိပဲ ငွေသားချည်းရှိရင် ကိုယ့်ငွေက အတိုးဘယ်လောက်ရမလည်း သိကိုသိသင့်တယ်။ ပြီးရင် ATM card, Debit card Accessရှိမရှိ၊ မရှိရင်လည်း wire transferလုပ်ရတာ ဘယ်လောက် Convenientဖြစ်မလည်း သိရမယ်။ Brokerနဲ့ ပတ်သက်ပြီး သိသင့်တာကတော့ Brokerလို့ ဘာလို့ခေါ်လည်းဆိုတော့ ကိုယ့်ကိုBrokeအောင်လုပ်နိုင်လို့ပါပဲး)

၎) 3M
အားလုံး Setupလုပ်ပြီးပြီဆိုတာနဲ့ အနည်းဆုံး Market Movementတွေကို စပြီးကြည့်လို့ရပါပြီ။ ဒါပေမယ့် တကယ့်ပိုက်ဆံနဲ့ တကယ်Investမလုပ်ခင် ကျွန်တော်အမြဲပြောနေတဲ့ 3Mကို သိရပါမယ်။ အပေါ်က ၁၂၃ကို စလုပ်နေပြီဆိုကတည်းက Mindsetကတော့ မဆိုးပါဘူး။ Methodအတွက်တော့ စာဖတ်ရမယ်၊ ပြီးရင် managementနဲ့ ပေါင်းပြီး တကယ့်အတွေ့အကြုံရှိအောင် လုပ်ယူရပါမယ်။ ကျွန်တော် ဒီBlogမှာ 3Mကို လှည့်ပြီး ရေးသွားမှာဖြစ်သလို ကိုယ့်ကိုယ်ကို တဖြည်းဖြည်း 3Mနဲ့ Practical experienceတိုးပွားလာဖို့ အချိန်နဲ့ ငွေရင်းနှီးပြီး လုပ်ယူရပါမယ်။ It's not an easy job but it's very doable. စစချင်းTradeမယ့် Stockကိုရွေးဖို့ ကိုယ်သိတာကို ရွေးပါ။ ကိုယ်အနည်းဆုံး တဝက်လောက် နားလည်မယ့် Businessကို Runနေတဲ့ Stockကိုရွေးပါ။ Tradeမလုပ်ခင် Fundamentalနဲ့ Technical ပိုင်းကို သေချာAnalysisလုပ်ပါ။ ပြီးရင် Entry price, stop-loss price, profit-taking price, units to be boughtအစရှိတာတွေကို Planလုပ်ပါ။ ဒီTopicအားလုံးလိုလိုကို ဒီBlogမှာ တီးခေါက်မိအောင် ရေးပြီးပါပြီ။ ဆက်လည်းရေးသွားမှာပါ။

ဒီလောက်ဆိုရင် ဘယ်လိုစရမလည်း နည်းနည်းတော့ တီးခေါက်မိပြီထင်ပါတယ်။ Advisorနဲ့တွေ့တာတော့ ကောင်းပါတယ်။ ဒါပေမယ့် Advisorအများစုဟာ Insuranceနဲ့ Mutual Fundတွေပဲ ထိုးရောင်းတတ်ပါတယ်။ ကိုယ်ကျိုးထက် Clientကျိုးကို ကြည့်တဲ့ Advisorကိုသိတယ်၊ Recommendလုပ်တဲ့သူရှိတယ်ဆိုရင်တော့ တွေ့ကိုတွေ့သင့်ပါတယ်။ ဒါပေမယ့် သူပြောသမျှကို နားထောင်ပြီး ထွက်လာရမယ့်အစား ကိုယ့်မှာ 3Mနည်းနည်းရှိရင် အနည်းဆုံး အပြန်အလှန်ဆွေးနွေးနိုင်မယ်၊ သူပြောနေတာဟာ ကိုယ့်အတွက်လား သူ့အတွက်လား ပိုပြီး ခွဲခြားလာနိုင်ပါလိမ့်မယ်။

Plan Your Trade, Trade Your Plan.

16 November 2009

Candlesticks - Part II


Part I မှာပြောခဲ့သလိုပဲ ဒီPostမှာ Single-candle Formationတွေပဲ ဆက်ကြည့်ရအောင်။ အောက်မှာ Formationတစ်ခုစီအကြောင်းကို ရှင်းပြထားပါတယ်။

Shooting Star

ဂျပန်တွေဟာ နာမည်ပေးကတော့ တော်တော် တော်တယ်။ နာမည်လေးတွေဟာ မှတ်ရလွယ်သလို အဓိပ္ပာယ်လည်းရှိတယ်။ Shooting Star formationဟာ နာမည်နဲ့လိုက်အောင် Bearish reversal signalကို ပေးပါတယ်။ ကြယ်ကျွေပါတယ်ဆိုမှ ကောင်းပါတော့မလား။ Shooting Starဟာ တကယ်တမ်းတော့ Hanging Manရဲ့ ပြောင်းပြန်ပုံစံပါ။ Up Trendတစ်ခုမှာ Upper Shadowရဲ့ Lengthဟာ Real bodyထက် နှစ်ဆအနည်းဆုံးပိုရှည်ပြီး Real bodyဟာ Lowနားကို ကပ်နေရပါမယ်။ Crowd Psychologyဟာ ဘာဖြစ်နိုင်မလည်း? ဆက်မဖတ်ခင် နည်းနည်းကိုယ့်ဘာသာ စဉ်းစားကြည့်ပါ။ Exampleအောက်မှာ Psychologyကို ရှင်းပြထားပါတယ်။
...



Shooting Star formationကိုတွေ့တာနဲ့ လက်ရှိUp trendဟာ reverseဖြစ်နိုင်တယ်ဆိုတာ သတိထားရပါမယ်။ ဘာလို့လည်းဆိုတော့ Long Upper Shadowဟာ Bullတွေရဲ့ ဈေးကိုဆွဲတင်တဲ့ Attemptကို ပြပါတယ်။ ဒါပေမယ့် အဆုံးသတ်တော့ Bearတွေပဲ အနိုင်ရသွားပြီး Closeဟာ Highနဲ့မကပ်ပဲ Lowနဲ့သွားကပ်နေတာကို တွေ့ပါလိမ့်မယ်။ Upper Shadowရှည်လေ၊ Bullတွေဟာရဲ့ ကြိုးစားသမျှဟာ အချည်းအနှီးဖြစ်သွားလေဆိုတာ သဘောပေါက်ရပါမယ်။ Bullနဲ့Bearစစ်ပွဲမှာ Bullတွေအားပျော့လာပြီဆိုရင် ဘာကိုသတိထားရတော့မလည်း? Trend Reversal!!! Shooting Starရဲ့ Real bodyအရောင်ဟာ အရေးသိပ်မကြီးပေမယ့် အနက်ရောင်ဆိုရင် ပိုသတိထားရပါမယ်။

Belt-hold lines

Belt-holdဆိုတဲ့ နာမည်ဟာ Sumo Wrestling term "Yorikiri"ကနေဆင်းသက်လာပါတယ်။ ကိုယ်နဲ့ နပန်းသတ်နေတဲ့ Opponentရဲ့ ခါးပတ်ကို ဆုပ်ကိုင်ထားရင်းနဲ့ နပန်းစည်းဝိုင်းအပြင်ဘက်ကို ရောက်အောင်တွန်းထုတ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ Trading contextမှာတော့ Bullနဲ့Bearတို့ နပန်းသတ်တာ ဘယ်သူနိုင်တော့မလည်း အကဲဖြတ်တာပေါ့။ ထုံးစံအတိုင်း Down Trendနဲ့ Up Trendနှစ်ခုစလုံးအတွက် Belt-hold candleနှစ်မျိုးရှိတယ်။ Bullish Belt-holdနဲ့ Bearish Belt-holdလို့ မှတ်ထားနိုင်ပါတယ်။ Belt-hold candleတွေရဲ့ major characteristicကို ကြည့်ရအောင်။



Bullish Belt-hold candleဟာ down trendမှာ ပေါ်လာတတ်ပါတယ်။ Openဟာ Lowနဲ့ အတူတူပဲဖြစ်ပြီး Closeဟာ Highလောက်နီးပါး သွားပိတ်ပါမယ်။ Bearish Belt-hold candleဟာ up trendနဲ့ သက်ဆိုင်ပြီး Openဟာ Highနဲ့ အတူတူဖြစ်ရပါမယ်။ Closeဟာ Lowနဲ့ နီးပါးလောက် ပိတ်သင့်တယ်။ ဟာသနည်းနည်းမြောက်တဲ့ တခြားနာမည်တွေလည်း ရှိပါသေးတယ်။ Bullish Belt-holdကို White Opening Shaven Bottomလို့လည်း ခေါ်ပြီး၊ Bearish Belt-holdကိုတော့ Black Opening Shaven Headလို့လည်း ခေါ်ပါတယ်။

Belt-hold candleတွေဟာ Real bodyရှည်လေ၊ More reliableဖြစ်လေဖြစ်ပါတယ်။ Up Trend/Down Trendတလျှောက်မှာ ခပ်ဆင်ဆင် Same color, long real body candleတွေ မရှိရင်လည်း ပိုပြီးReliableဖြစ်ပါတယ်။ Belt-hold candleတွေနဲ့ သက်ဆိုင်တဲ့ Crowd Psychologyကို စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်ဖို့ ချန်ထားလိုက်တယ်။

Riskယူရဲတဲ့ Traderတွေကတော့ ဒီReversal Signတွေတွေ့တာနဲ့ လိုအပ်တဲ့ Actionကို လုပ်တတ်သလို နည်းနည်းConservativeဖြစ်တဲ့ Investorတွေအနေနဲ့တော့ next day candleကိုကြည့်ပြီး ပိုသေချာတဲ့ Signalရအောင်စောင့်လေ့ရှိပါတယ်။ ဒီလောက်ဆိုရင် Candlestickတွေရဲ့ Powerကို နည်းနည်းတော့ မြည်းစမ်းမိပြီလို့ ထင်ပါတယ်။ Candlestick chartတွေကို Bar chartတွေနဲ့ အမြဲတွဲပြီး သုံးသင့်ပါတယ်။ ဒီPostတွေမှာ Steve Nisonရဲ့ Candlestick Techniques Referenceတွေကို Referလုပ်ပါတယ်။

Happy Candle Lighting!!!

13 November 2009

Candlesticks - Part I


ဖယောင်းတိုင်တွေဟာ မြန်မာပြည်မှာပဲ အသုံးဝင်တာမဟုတ်ပါဘူး၊ Stock Tradingမှာလည်း တော်တော်အသုံးဝင်ပါတယ်။ Candlesticksတွေဟာ OHLC Barတွေနဲ့ အခြေခံအတူတူပဲဖြစ်ပေမယ့် ပိုပြီးထင်ရှားတဲ့ Trading signalတွေကို ပေးပါတယ်။ Traderတစ်ယောက်အနေနဲ့ Entryနဲ့Exitကို Timingလုပ်တဲ့နေရာမှာ Barရော၊ Candlestickရောသုံးနိုင်ရင် ပိုပြီးသေချာတဲ့ Confirmationရနိုင်ပါတယ်။

Candlestickအကြောင်း အသေးစိတ်မပြောခင် သူ့ရဲ့သမိုင်းကို နည်းနည်းသိရင် ပိုကောင်းတယ်။ Candlestickရဲ့ ဇာတိဟာ Western Countriesတွေ မဟုတ်ပါဘူး။ Candlestick Techniqueတွေရဲ့ အစဟာ ဂျပန်မှာ ၁၇၅၀လောက်က ဆန်ကုန်သည်သူဋ္ဌေး Munehisa Hommaဆိုတဲ့သူကနေ စခဲ့တယ်လို့ဆိုပါတယ်။ Hommaဟာ သူ့ရဲ့ Financialပိုင်းမှာ တော်တာမို့ သူ့ခေတ်က ဂျပန်အစိုးရရဲ့ Financial Consultantအနေနဲ့တောင် နောက်ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး Samuraiဘွဲ့တောင် ပေးအပ်ချင်းခံခဲ့ရပါတယ်။ Candlestick Techniqueဟာ အရှေ့တိုင်းမှာပဲ ရှိနေခဲ့တာ ၂၀ရာစုနှောင်းပိုင်းမှာ Steve Nisonဆိုတဲ့သူက စိတ်ဝင်တစား စလေ့လာရာကနေ အနောက်တိုင်းပြည်တွေကို သယ်လာပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးချအောင် သူပဲဦးဆောင်လုပ်ခဲ့ပါတယ်။ Hommaရဲ့ Techniquesတွေကို အနှစ်နှစ်ရာကျော် ဖြည်းဖြည်းချင်း Refineလုပ်လာခဲ့တာအခုဆိုရင် Technical Analysisတိုင်းမှာ မရှိမဖြစ်ပါပါတယ်။ အောက်မှာ Wal-mart Store(WMT)ရဲ့ Barနဲ့ Candlestick Chartတွေကို ယှဉ်ပြထားပါတယ်။
...



Candlestickကိုဆွဲဖို့ OHLC dataလိုပါတယ်။ အဓိကကွဲပြားချက်ကတော့ Candlestickမှာ Openနဲ့Closeကို ပိုပြီးဦးစားပေးပါတယ်။ Openနဲ့Closeကိုဆက်ပြီး ထောင့်မှန်စတုဂံပုံ ခပ်ရှည်ရှည်လေး ပုံထွက်လေ့ရှိပါတယ်။ Openက Closeထက်ပိုမြင့်တဲ့နေ့ဆိုရင် ထောင့်မှန်စတုဂံကို အနက်ရောင်ဖြည့်မယ်။ Closeက ပိုမြင့်တဲ့နေဆိုရင်တော့ အဖြူရောင်ဖြည့်ပါမယ်။ ဒီထောင့်မှန်စတုဂံBodyကို Real Bodyလို့ခေါ်တယ်။ Highနဲ့Lowလိုင်းတွေကိုတော့ Upper Shadowနဲ့ Lower Shadowလို့ အသီးသီးခေါ်ပါတယ်။ Candlestickမှာသုံးတဲ့ အခေါ်အဝေါ်တွေဟာ နာမည်လှလှလေးတွေရှိတာ နောက်ပိုင်းမှာ တွေ့ပါလိမ့်မယ်။



Candlestickတွေဟာ ဘယ်လိုနေရာမှာအသုံးအဝင်ဆုံးလည်းဆိုတော့ Trend Reversalဖြစ်တော့မလား Confirmလုပ်တဲ့နေရာမှာပါ။ ပထမဆုံး Introအနေနဲ့ Trend Reversal Signalပြတဲ့ Candlestick typeနှစ်မျိုးကိုပြောပါမယ်။ သူတို့ကို Hammerနဲ့ Hanging Manလို့ခေါ်ပါတယ်။ နှစ်ခုလုံးဟာ ပုံစံအတူတူပါပဲ - ဒါပေမယ့် ဘယ်လိုTrendမှာပေါ်လာသလည်းပေါ် မူတည်ပြီး အခေါ်အဝေါ်ကွဲသွားပါမယ်။ ဘယ်လို Candleကို Hammerလို့ခေါ်လည်းဆိုတော့ ပထမဦးဆုံး Trendဟာ Down Trendဖြစ်ရပါမယ်။ Down Trendမှာ Candleတစ်ခုရဲ့ Lower Shadowဟာ Real Body Heightရဲ့ အနည်းဆုံး နှစ်ဆရှည်ပြီး၊ Upper Shadowဟာ မရှိ(သို့)မရှိသလောက် တိုရင်တိုရပါမယ်။ Hanging Manကကျတော့ Up trendတစ်ခုထိပ်နားမှာ ဖြစ်ရပါမယ်။ Real Bodyနဲ့ Lower Shadowရဲ့ Length Ratioဟာလည်း Hammerလိုပဲ ၁း၂ အချိုးအနည်းဆုံး ရှိသင့်ပါတယ်။ အောက်မှာ Hammerနဲ့ Hanging Manတွေကို Circleလုပ်ပြထားပါတယ်။




Hammers in AMD chart

Hanging Men in Black & Decker Chart

Crowd Psychologyပိုင်းကနေပြန်ကြည့်ရင် Hammerဖြစ်လာတာဟာ ဘာကြောင့်လဲလို့တွေးရပါမယ်။ Bearတွေဟာ ဈေးကိုဆွဲချဖို့ ကြိုးစားတယ်။ ဒါပေမယ့် မအောင်မြင်ပဲ Closeဟာ Lowနဲ့ အလှမ်းဝေးဝေးမှာ သွားပိတ်ပါတယ်။ ဒါဟာ ဘာကိုပြလည်းဆို Bullတွေဟာ နောက်ဆုံးတော့ အနိုင်ရသွားတယ်လို့ ဆိုလိုပါတယ်။ ဒီIdeaကို နောက်နေ့ Down Trend Line Breakout Signalနဲ့ Confirmလုပ်ပြီး Tradeတစ်ခုကို ဝင်လို့ရတယ်။ Hammerမြင်ရင် Bearsတွေဟာ တူနဲ့ အထုခံရတော့မယ်လို့ တွေးရပါမယ်။

Hanging Manရဲ့ Psychologyကတော့ Up Trendတစ်ခုဟာ တဖြည်းဖြည်းနဲ့ ဆက်တိုက်တက်လာတဲ့အခါမှာ အချိန်တန်ရင် အရှိန်ကုန်လာပါမယ်။ Hanging Man Formationဟာ Bearsတွေဟာ စပြီးAttackလုပ်လာပြီလို့ ဆိုလိုတယ်။ သွေးတိုးစမ်းတယ်ပေါ့။ ဒါပေမယ့် သူတို့ မအောင်မြင်လိုက်ဘူး။ Hanging Manကိုမြင်ရင် Bullတွေတော့ ထိပ်မှာ တွဲလောင်းဖြစ်နေပြီ၊ အကိုင်မမြဲရင် ပြုတ်ကျတော့မယ်လို့ သတိထားရပါမယ်။ ဒါကြောင့် Hanging Manဖြစ်ဖြစ်၊ Hammer ဖြစ်ဖြစ် Following Dayရဲ့ Candleကို ကြည့်ပြီး Confirmလုပ်သင့်ပါတယ်။ Hanging Manအတွက်ဆိုရင် Following Candleဟာ Black real body၊ Hammerအတွက်ဆိုရင်တော့ White real bodyဖြစ်ရင်ပိုသေချာပါတယ်။

Hanging Manနဲ့ Hammerကိုယ်တိုင်ရဲ့ Real body ဖြူသလား၊ မည်းသလားကတော့ ဒီလောက်အရေးမကြီးပါဘူး။ ဒါပေမယ့် White Hammerနဲ့ Black Hanging Manဟာ ပိုပြီး Potentဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ Hanging Manနဲ့ Hammerလို Candle Formationတွေဟာ သူတို့နာမည်ရဖို့ Candleတစ်ချောင်းပဲလိုပါတယ်။ နောက်ပိုင်းမှာ နှစ်ချောင်း၊ သုံးချောင်းပေါင်းမှ Formationတစ်ခုဖြစ်တဲ့ Candlesticks Techniqueတွေ ဆက်ရေးပေးပါမယ်။ Part II မှာတော့ single-candle formationအကြောင်းပဲ ဆက်ပြောသွားပါမယ်။

Happy Candle Lighting!

Related Post : OHLC Bars , Trend lines

29 October 2009

လှေကားထစ်များကို မြင်အောင်ကြည့်ခြင်း

ဒီPostမှာ Technical Analystတစ်ယောက် မသိမဖြစ်သိရမယ့် Topicကို ပြောပါမယ်။ Stock Priceတစ်ခုဟာ limitတစ်ခုမှာ ဆက်မတိုးနိုင်တော့တာ (သို့) ဆက်မကျတော့တာ တွေ့ဖူးလားတော့ မသိဘူး။ အဲဒီ့ Limit တွေကို Technical Support and Resistanceတွေလို့ ခေါ်ပါတယ်။ Supportဟာ ဈေးကျတဲ့အပိုင်းနဲ့ ပတ်သက်ပြီး၊ Resistanceကတော့ ဈေးတက်တဲ့ အပိုင်းနဲ့ ပတ်သက်ပါတယ်။ Supportဟာ ဈေးကျတာကို Breakအုပ်သလို၊ Resistanceဟာလည်း ဈေးတက်တာကို တန့်သွားအောင် တားနိုင်ပါတယ်။

Supportနဲ့ Resistance လိုင်းတွေကိုဆွဲရင် Horizontal Lineတွေကို သုံးပါမယ်။ လိုင်းတွေဟာ ရေပြင်ညီကြီးဖြစ်ရမယ် မဟုတ်ပေမယ့် ၉၉%ကတော့ ရေပြင်ညီဆွဲကြတာ များပါတယ်။ Supportနဲ့ Resistance အကြောင်းကို Detailမပြောခင် Typical Stock Priceတစ်ခုဘယ်လို တက်လေ့ကျလေ့ရှိလည်း ကြည့်ရအောင်။ Priceတွေဟာ ဒုံးပျံတက်သလို Straightလိုင်းတက်လေ့ရှိသလား၊ နည်းနည်းတက်၊ နည်းနည်းပြန်ကျ၊ ခဏငြိမ်သွားပြီးမှ ဆက်တက်လေ့ရှိသလား?
...

အဖြေကတော့ ဒုတိယတစ်ခုပါ။ Priceဟာ လှေကားထစ်လိုပဲ တက်-ကျ-ငြိမ်၊ တက်-ကျ-ငြိမ် Patternနဲ့ တက်တတ်ပါတယ်။ ဈေးကျရင်လည်း အဲဒီလို့ပဲ - ဒါပေမယ့် အရှိန်ပိုမြန်မယ်။ ဈေးတက်တဲ့အချိန်မှာ တက်တဲ့နှုန်းဟာ ကျတာထက်များနေမှသာ ရေရှည်မှာ Prieဟာ Up Trend ဖြစ်ပါမယ်။ Supportနဲ့ Resistance လိုင်းတွေဟာ လှေကားထစ်ရဲ့ အနင်းခံရတဲ့ မျက်နှာပြင်တွေကို ကိုယ်စားပြုတယ်လို့ ပြောရင် မမှားပါဘူး။

Supportနဲ့ Resistanceတွေဘယ်လို ဖြစ်လာသလည်းဆိုတော့ Crow Psychologyကို ပြန်သွားရမယ်။ ဈေးတစ်ခုမှာ Bullsတွေဟာ တန်ပြီထင်ရင် အားရပါးရဝယ်ကြမယ်။ ဝယ်လိုအားများတော့ ဈေးတက်မယ်။ Bullsတွေဟာ သိသမျှလူအားလုံးလိုလိုကို သူတို့ဝယ်တာ လိုက်ဝယ်ခိုင်းလေ့လည်း ရှိကြတယ်။ Herd Mentalityပေါ့။ တချို့လည်း လိုက်ဝယ်ကြမယ်။ ဒီလိုနဲ့ ဈေးတက်တက်လာပြီး Resistanceဖြစ်မယ့်ဈေးလည်းရောက်ရော Bullsတစ်ချို့ဟာ အမြတ်တွေကို Realiseလုပ်ဖို့ လိုလာပါတယ်။ မရောင်းမခြင်း တကယ့်အမြတ်မှ မဟုတ်သေးတာ။ အဲဒီလိုပဲ Resistanceလိုင်းမှာ Stockရဲ့ P/Eဟာ မတန်တဆဖြစ်နေပြီလို့ထင်ပြီး ဝယ်လိုအားလည်း ကျလာနိုင်ပါတယ်။ ရောင်းလိုအားများပြီး ဝယ်လိုအားရော့သွားတဲ့အခါမှာ ဈေးဟာဆက်တက်ဖို့ အင်အားမရှိတော့ပါဘူး။ ကျဖို့လမ်းပဲရှိတော့တယ်။ အဲဒီ့အမှတ်မှာ ရောင်းပြီးမြတ်တဲ့လူတွေရှိနိုင်သလို ဆက်ကိုင်ထားတဲ့သူတွေလည်း ရှိပါမယ်။

ဒီလိုနဲ့ ကြောက်လို့ရောင်းတဲ့သူ၊ အမြတ်ယူဖို့ ရောင်းတဲ့သူတွေနဲ့ ဈေးဟာကျသွားမယ်။ Supportလိုင်းလည်းရောက်ရော ရောင်းနေတဲ့သူတွေ ကုန်သလောက်ရှိသွားမယ်။ ပထမတစ်ခေါက် ဈေးတက်တုန်းက မဝယ်လိုက်ရတဲ့ Bullတွေဟာ အခုတော့ ငါ့အလှည့်ရောက်ပြီဆိုပြီး ကောက်ဝယ်ကြမယ်။ ဒါနဲ့ ဈေးတက်တဲ့ Cycleပြန်စမယ်။

ဒီလိုနဲ့တခါ ပြီးခဲ့တဲ့ Resistanceလိုင်းပြန်ရောက်ပြန်ရော။ ပြီးခဲ့တဲ့တစ်ခေါက်က မရောင်းလိုက်ရလို့ တောက်တခေါက်ခေါက် လုပ်နေတဲ့သူတွေဟာ ထရောင်းဖို့ ထိုင်စောင့်နေကြတာပါ။ သူတို့လိုလူတွေရယ်၊ အမြတ်ယူတဲ့သူတွေရယ်နဲ့ ဈေးဟာပြန်ကျပြီး Bearish Cycleပြန်စပြန်ရော။ ဒီလောက်ဆိုရင် Supportနဲ့ Resistanceကို Driveလုပ်နေတဲ့ Crowd Psychologyကို သိလောက်ပြီထင်ပါတယ်။

Supportနဲ့ Resistanceကို ဘယ်လိုဆွဲမလည်းဆိုရင် Resistanceအတွက် တူသလိုလိုရှိမယ့် High/Closeတွေများနိုင်သမျှ များအောင်ရှာပြီး သူတို့ကို ဆက်ဆွဲရပါမယ်။ Periodရှည်လေ၊ Reliableဖြစ်လေ ဖြစ်ပါတယ်။ Supportအတွက်ဆိုရင် Low/Closeတွေကို သုံးရပါမယ်။ Stockတိုင်းလိုလိုမှာ Significantဖြစ်တဲ့ Support & Resistanceလိုင်းတွေရှိပါတယ်။ ဒီတော့ ဘယ်လိုEventတွေက Support & Resistanceကို Breakout လုပ်နိုင်သလည်း ကြည့်ရအောင်။

ကုမ္ပဏီတစ်ခုရဲ့ Earning Announcement/Upgrade/Downgrade, Takeover bid from rivals, Acquisition plan to bid rivals, Huge protests from workers, Plant/Machinery shutdown, Success/failure of exploration/drilling, launching new product, new medicine, Brokers' upgrade/downgrade အစရှိတာတွေဟာ Priceကို Supportနဲ့ Resistanceကို ဆက်ပြီးထိုးဖောက်သွားစေနိုင်ပါတယ်။

Investorတစ်ယောက်အနေနဲ့ ဒီလိုင်းတွေနဲ့ကပ်လာတိုင်း ဘာဆက်ဖြစ်နိုင်လည်း၊ ဘာAnnoucementရှိမလည်း သိရပါမယ်။ ဥပမာ Resistanceကို Breakဖို့ ဘာမှဖြစ်ဖြစ်မြောက်မြောက် Dataမရှိ၊ Annoucementမရှိရင် ဆက်တိုးမှာ မဟုတ်တာ သေချာသလောက်ပါ။ ဒါမျိုးဆိုရင်တော့ ရောင်းပြီး အမြတ်ယူသင့်ပါတယ်။ အဲ ဆက်သွားဖို့ Potentialရှိရင် ထပ်တောင်ဝယ်သင့်သေးတယ်။ ဝယ်ပြီး ဘာမှမလုပ်ပဲ ထိုင်ကြည့်နေတတ်တဲ့သူမျိုးဆိုရင် Supportလိုင်းဟာ ဈေးကျတာကို Floorမလုပ်နိုင်ရင် ချက်ချင်းရောင်းသင့်ပါတယ်။ Buy-and-prayမလုပ်ပါနဲ့။

အောက်မှာ Ford Motor (F)ရဲ့ ၂၀၀၀ခုနှစ်ကနေစပြီး Major Supportနဲ့ Resistanceလိုင်းတွေကို ပြထားပါတယ်။ Chartက Weekly Chartပါ။ အရေးကြီးဆုံးသိရမှာက Supportနဲ့ Resistance ဟာ ခေါင်းနဲ့ပန်းလိုပဲ Breakoutဖြစ်တာနဲ့ Supportဟာ Resistanceဖြစ်ပြီး၊ Resistanceဟာလည်း Support ပြန်ဖြစ်နိုင်ပါတယ်။

Happy Charting!


23 October 2009

Trend Is Your Friend

OHLC Barတွေအကြောင်းပြောပြီးတော့ ဆက်တိုက်ပြောသင့်တာကတော့ Trend Lineတွေအကြောင်းပဲ။ Trendဆိုတာကတော့ Share Priceရဲ့ ယေဘုယျDirectionလို့ ပြောရင်မှန်ပါတယ်။ Trend Lineတွေကနေ Price Trendတခုဟာ အပြောင်းအလဲဖြစ်တော့မလား၊ လက်ရှိဈေးကျနေတာဟာ within normal rangeလား အစရှိသဖြင့် Confirmationတွေ ချလို့ရပါတယ်။

ဘာမှဆက်မပြောခင် ကြိုပြောချင်တာကတော့ Trend Lineတွေဆွဲတတ်ရုံနဲ့ Price Trendကို အပ်ကျမတ်ကျပြောလို့ မရဘူး။ တခြား Technical Analysis Indicatorsတွေသုံးပြီး Confirmလုပ်ရမယ်၊ ဒါပေမယ့် Trend Lineတွေဟာ Generallyတော့ ပိုPriorityရှိတယ်လို့ ဆိုနိုင်တယ်။ Trend Lineဘယ်လိုဆွဲလည်း ကြည့်ရအောင်။ ဥပမာပေးထားတဲ့ Stockကတော့ Microsoft (MSFT)ပါ။ ၆၊၃၊၂၀၀၉ကနေ (၇)လစာ လိုင်းအရှည်ကြီးဆွဲထားတာတွေ့ပါလိမ့်မယ်။
...



အပေါ်ကTrendကတော့ obviously Bull/Up Trendလို့ဆိုနိုင်တယ်။ Up Trendဆွဲတဲ့အခါမှာ စည်းကမ်းအတိအကျကြီးမရှိပေမယ့် Professionalတွေသုံးလေ့ရှိတဲ့ စည်းကမ်းတစ်ခုကတော့ Up Trendအတွက်ဆိုရင် ကိုယ်Analyseလုပ်နေတဲ့ Periodအတွင်း Lowest Lowကနေ Low before the most recent Highest Lowကို ဆက်ပြီးဆွဲသင့်တယ်လို့ ဆိုတယ်။ ပုံအရဆိုရင် ကျွန်တော်ဟာလွန်ခဲ့တဲ့ (၇)လကို Targetထားပြီး March 6ဟာ Lowest Lowလို့ သတ်မှတ်လိုက်တယ်။ The most recent Highest Lowတော့ October 21ဖြစ်ပြီး Low before the most recent Higest Lowကတော့ October 20က Lowဖြစ်တယ်။ ဒီတော့ ကျွန်တော် March 6 Lowနဲ့ October 20 Lowတွေကို ထိပြီးဆက်ဆွဲလိုက်တယ်။

Up Trendဆိုရင် Lowကိုသုံးသလို Down Trendဆိုရင်တော့ Highကို သုံးပါမယ်။ Down Trendအတွက် Ruleဟာ Periodတစ်ခုအတွင်း Highest Highကနေ High before the most recent Lowest Highကို ဖြတ်သွားပြီး downward slope line ဆွဲသင့်တယ်လို့ ပြောင်းပြန်တွေးမိချင်တွေးမိမယ်။ ဒီစည်းကမ်းဟာ Applyလုပ်လို့ရနိုင်ပေမယ့် သိပ်တော့Up Trend ruleလောက် အသုံးမဝင်လှဘူး။ Up Trendနဲ့ Down Trendရဲ့ အဓိကကွာခြားချက်က ဈေးတက်ရင် ပက်ကျိလိုတက်ပေမယ့် ဈေးကျရင် ခွေးကျကျတက်တယ်။ ဈေးကျရင် ပိုကြမ်းပြီး ပိုမြန်တတ်တယ်။ ဒါကြောင့် Up Trendကို Reverseလုပ်ပြီးဆွဲရင် သိပ်အချိုးမပြေတာကို တွေ့လိမ့်မယ်။

ဒီတော့ Down Trendကိုဆွဲရင် (ဒီစည်းကမ်းဟာ Up Trendမှာလည်း နည်းနည်းပြောင်းပြန်လှန်ပြီး Applyလုပ်နိုင်ပါတယ်) Highest Highကနေ ဆက်ကျသွားတဲ့ Barတွေက Highတွေကို ထိနိုင်သမျှ ထိအောင်ကြိုးစားပြီးဆွဲပါ။ များများထိလေ၊ လိုင်းရှည်ရှည်ဆွဲနိုင်လေ ပိုReliableဖြစ်လေဖြစ်ပါတယ်။ အောက်ကပုံမှာ ကျွန်တော် အနည်းဆုံး Highသုံးခုထိပြီး ဆွဲသွားတာ တွေ့ပါလိမ့်မယ်။ ဖြတ်တဲ့အခါမှာ တိတိကျကျကြီးထိနိုင်ရင် အကောင်းဆုံးပေမယ့် အဲဒီလိုကြီးဖြစ်ရမယ်လည်း မဟုတ်ပါဘူး။ အဓိကနားလည်ဖို့ဟာ ကျွန်တော်တို့ဟာ Price Trendကို ဒီ Slopeလိုင်းတွေနဲ့ Generaliseလုပ်ဖို့ကသာ ပိုအရေးကြီးတာလို့ နားလည်ရပါမယ်။



Ok - ဆွဲတတ်တာနဲ့ မပြီးသေးဘူး၊ Translateလည်းလုပ်တတ်ရပါမယ်။ Reliableဖြစ်တဲ့ Trendတစ်ခုရပြီဆိုတာနဲ့ သူ့ကို Baselineအနေနဲ့ မြင်ရပါမယ်။ Up Trendအတွက် အသုံးဝင်မယ့် Interpretationတွေကတော့

၁) ဈေးကျတဲ့နေ့မှာ Closeဟာ Trend Line အပေါ်မှာ ရှိနေသ၍ စိတ်ပူစရာမလို။ ဈေးဆက်ကျပြီး Closeဟာ Trend Lineအောက် အနည်းငယ်ရောက်သွားရင်တော့ စသတိထားရပါမယ်။ ဒါပေမယ့် Generallyတော့ နှစ်ရက်သုံးရက်လောက် ဆက်စောင့်သင့်တယ်။ Confirmလုပ်တဲ့သဘောပါ။ တခြား Technical Indicatorတွေကိုသုံးပြီးလည်း Confirmလုပ်ရပါမယ်။ Confirmဖြစ်ရင် ရောင်းသင့်တယ်။

၂) Trendလိုင်းဟာ Holdလုပ်နေမယ်လို့ ယူဆရင် Future Dateတွေဘက်ကို ဆက်ဆွဲဆန့်ပြီး ဖြစ်နိုင်မယ့် Priceကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် Near Futureပဲ။ သိပ်ပြီး ဗေဒင်ဆရာ မဆန်တာကောင်းပါတယ်။

၃) Lowest Lowမှာ Horizontalလိုင်းတစ်လိုင်း ထပ်ဆွဲလိုက်ရင် Angleတစ်ခုရလာပါလိမ့်မယ်။ အဲဒီ့ Angleဟာ Momentumကို ပြပါတယ်။ Angleများလေ အတက်ကြမ်းလေဖြစ်ပါတယ်။ ဒါပေမယ့် အတက်ကြမ်းထားရင် Correctionဖြစ်နိုင်တာကို ပိုသတိထားရပါမယ်။ ခပ်ပြေပြေလေး တက်နေတာ အကောင်းဆုံးပါပဲ။ ပိုပြီး Predictableဖြစ်တဲ့သဘောပါ။

ဒီRuleတွေကို ပြောင်းပြန်လှန်လိုက်ရင် Down Trendအတွက် Ruleတွေရပါလိမ့်မယ်။ အောက်မှာ ကျွန်တော်ပဲ ပြောင်းပြန်လှန်ပေးထားပါတယ်။

၁) ဈေးတက်တဲ့နေ့မှာ Closeဟာ Trend Line အောက်မှာ ရှိနေသ၍ ဆက်ကျနိုင်တယ်။ ဈေးတက်ပြီး Closeဟာ Trend Lineအပေါ် အနည်းငယ်ရောက်သွားရင်တော့ စသတိထားရပါမယ်။ ဒါပေမယ့် Generallyတော့ နှစ်ရက်သုံးရက်လောက် ဆက်စောင့်သင့်တယ်။ Confirmလုပ်တဲ့သဘောပါ။ တခြား Technical Indicatorတွေကိုသုံးပြီးလည်း Confirmလုပ်ရပါမယ်။ Confirmဖြစ်ရင် ဝယ်သင့်တယ်။

၂) Trendလိုင်းဟာ Holdလုပ်နေမယ်လို့ ယူဆရင် Future Dateတွေဘက်ကို ဆက်ဆွဲဆန့်ပြီး ဖြစ်နိုင်မယ့် Priceကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် Near Futureပဲ။ သိပ်ပြီး ဗေဒင်ဆရာ မဆန်တာကောင်းပါတယ်။

၃) Highest Highမှာ Horizontalလိုင်းတစ်လိုင်း ထပ်ဆွဲလိုက်ရင် Angleတစ်ခုရလာပါလိမ့်မယ်။ အဲဒီ့ Angleဟာ Momentumကို ပြပါတယ်။ Angleများလေ အကျကြမ်းလေဖြစ်ပါတယ်။ ဒီမှာတော့ အကျကြမ်းထားရင် Correctionဖြစ်နိုင်တာကို ပိုသတိထားစရာမလိုပါဘူး။ တကယ်ကျရင် ကြမ်းပြီးသားပဲ။

နောက်Postတွေမှာ Technical Analysisနဲ့ပတ်သက်တာပဲ ဆက်ပြောသွားပါမယ်။

Happy Charting!

PS : High/Lowများများထိပြီးဆွဲထားတဲ့ Apple ရဲ့ Chartတွေကို အောက်မှာ Attachလုပ်ပေးထားပါတယ်။