Showing posts with label greece. Show all posts
Showing posts with label greece. Show all posts

16 June 2011

Technicals of Current Markets

Uncertainties ခြောက်ခုပြောတုန်းပဲ Stock Marketတွေဟာ ဆက်ပြီးကျနေပါတယ်။ အဓိက Uncertaintyကတော့ Greece Government Stability, Mass Protestsတွေနဲ့ EU၊ ECBတို့ရဲ့ သဘောထား မတိုက်ဆိုင်မှုတွေပဲ ဖြစ်ပါတယ်။ Greece defaultဖြစ်ရင် ပိုက်ဆံအားဖြင့် EUR300billionလောက်ပဲရှိပေမယ့် Marketကကြောက်တာက Contagionပါ။ Contagion to Irelandနဲ့ Portugal၊ may be even Spain. Defaultဖြစ်ခဲ့ရင် အဓိကခံရမှာကတော့ ပြင်သစ်နဲ့ ဂျာမနီက ဘဏ်ကြီးတွေပါပဲ။

Sundayက ပြောထားတဲ့အတိုင်း ဒီPostမှာ Marketတွေရဲ့ Technical Analysisကို လိုရင်းပဲပြထားပါတယ်။

Stock Market - S&P500 Index
S&P500ဟာ 2011 March low areaဖြစ်တဲ့ 1250 supportကို ဒီအပတ်(သို့) နောက်အပတ်ထဲမှာ Testလုပ်နိုင်ပါတယ်။ 1250ဝန်းကျင်ဟာ Simple Moving Average SMA 200 စောင့်နေတဲ့နေရာလည်း ဖြစ်ပါတယ်။ SMA200ဟာ Bull/Bearလိုင်းလို့ သတ်မှတ်ထားတာမို့ SMA200 Holdမလုပ်နိုင်ရင်တော့ Officially Bear Territory ဖြစ်သွားပြီး Selling Pressureပိုဖြစ်နိုင်ပါတယ်။

Forex - EUR.USD
Obviously, Greeceသတင်းတွေကြောင့် Euro Dollarဟာ Selloffအလုပ်ခံနေရပါတယ်။ Side-effectကတော့ USDဟာ မထိုက်မတန်ဘဲ ပြန်အားကောင်းနေတာပါပဲ(Especially, given the current US Debt ceiling debacle)။ Euro Dollarဟာ အနည်းဆုံးတော့ 1.40ကို Testလုပ်လိမ့်လို့ မှန်းနိုင်ပါတယ်။ USDအားကောင်းတာနဲ့ USDနဲ့ Settleလုပ်ရတဲ့ Oil, Metalတွေ ဈေးကျတာပါပဲ။ ဒါပေမယ့် ရွှေတော့ မပါသေးပါဘူး။ ရွှေဟာ အကြောက်တရားပေါ်မှာ Feed upလုပ်တာမို့ မကျတာ မထူးဆန်းပါဘူး။

Commodity - Gold
Fearဟာ Goldအတွက်ကောင်းတယ်ဆိုရင်ု Inflationary Pressureက ပိုတောင်ကောင်းပါသေးတယ်။ မနေ့ညက US Core CPI ဟာ ထင်ထားတဲ့ 0.2%ထက် ပိုပြီး 0.3%ဆိုပြီးထွက်လာလို့ Goldဟာ တက်သွားတာလည်း ပါပါတယ်။ ဒါပေမယ့် လတ်တလောဖြစ်ပျက်နေတာတွေအရတော့ အဓိကကတော့ Uncertainty related fearကြောင့်ပါ။

Bond - 10yr US Treasury Yield
Fearအရှိန်ဘယ်လောက်ကောင်းသလည်းဆိုရင် USမှာ Debt Ceiling, Housing Market, Job Marketပြဿနာတွေ ဒီလောက်ရှိနေတာတောင် US Treasuryတွေကတော့ အလှူပေးနေသလို အဝယ်လိုက်နေတုန်းပါပဲ။ Demandကောင်းတော့ Bondဈေးတက်၊ Bondဈေးတက်တော့ Inverselyအချိုးကျတဲ့ Yieldတွေထိုးဆင်းပါတယ်။ 10-yr Yieldတွေဟာ ၃%နားမှာ ပြေးနေသရွေ့ Marketထဲမှာ Fearအပြည့်ရှိတုန်းပဲလို့ ပြောလို့ရပါတယ်။

Summary
Stock Markets are decidely in a downtrend. S&P500ဟာ ၁၂၅၀ထက်ဆက်ကျရင် ၁၁၇၀လောက်အထိ Big Correctionဖြစ်ဖို့ မှန်းနိုင်ပါတယ်။ Marketဟာ Oversoldအရမ်းဖြစ်နေပြီး အချိန်မရွေး Bounceဖြစ်ဖို့ အဆင်သင့်ပဲလို့ Argueလုပ်နိုင်ပေမယ့် June 12မှာ ပြောခဲ့တဲ့ Uncertaintiesတွေရှိနေရွေ့ Bullတွေဟာ Under Pressureရှိနေမှာ ဖြစ်ပါကြောင်း။

Happy Shorting but keep a tight buy stop!

22 March 2010

Alert for Traders - 22/03/2010

Dow Jones Industrial(DJI) နဲ့ S&P 500(SPX) indexတွေဟာ ဆက်တိုက်တက်လာခဲ့တာ တစ်လရှိပါပြီ။ Technically, Marketတွေဟာ Overboughtဖြစ်နေပြီလို့ ပြောလို့ရပါတယ်။ ဒီPostဟာ Long-term investorတွေအတွက် သိပ်အရေးမပါပါဘူး။ Short-term traderတွေအတွက်တော့ သိသင့်တဲ့ အချက်တွေ ရေးထားပါတယ်။

DJI, SPX maintain strong up trend but for how long?
Major indexတွေဟာ up trendအောက်မှာ Closeစဖြစ်နေပါပြီ။ Recent Up Daysတွေမှာလည်း Volumeဟာ နည်းနည်းလာတာ တွေ့ရပါတယ်။ DJIဆိုရင် 30-40 points ဝန်းကျင်ကနေကို မတက်တော့ဘူး။ သတိထားရမှာကတော့ DJIရော SPXရောဟာ January 20 Closeအပေါ်ကို ပြန်ရောက်သွားပါပြီ။ အထူးသဖြင့် SPXဟာ ပြတ်ပြတ်သားသားပဲ 17-month high ဖြစ်နေပါတယ်။ Traderတစ်ယောက်အနေနဲ့ Marketဟာ Light Volumeနဲ့ 52-week highဖြစ်နေရင် သတိထားရပါမယ်။ FTSE 100 (London Market Major Index) ဆိုရင် 21-month highနဲ့ Fridayက ပိတ်သွားပါတယ်။ ဒါပေမယ့် သူ့ရဲ့ MACD_Hကို ကြည့်ရင် Bearish Divergenceပြနေတာကို တွေ့ပါလိမ့်မယ်။ ဒါဟာ Warning Signတစ်ခုပါ။


...
Back is Greece
Greeceအစိုးရဟာ EUခေါင်းဆောင်တွေရဲ့ မတိမကျ ကတိတွေကို အားမရနိုင်တော့ပါဘူး။ Frenchနဲ့ German ခေါင်းဆောင်တွေဟာ EUက bail out လုပ်သင့်သလား၊ IMFကပဲ bail outလုပ်သင့်သလားဆိုပြီး အခုထိ အငြင်းပွားနေကြတုန်းပါပဲ။ ကြားထဲက Greece အစိုးရက ဘာဆက်လုပ်ရမှန်းမသိဖြစ်လာပြီး သူတို့လည်း သိပ်စိတ်မရှည်တော့ပါဘူး။ ဒီတော့ Euro Dollarဟာ ပြန်ပြီး ခပ်လှုပ်လှုပ်ဖြစ်ပြီး US Dollar Indexဟာ ၈၀အထက်ကနေကို မကျတော့ပါဘူး။ US Dollar Indexဟာ USနဲ့ Major Trading Partner currencyတွေရဲ့ Strengthနဲ့ တွက်ချက်ထားတဲ့ Trade-weighted indexတစ်ခုဖြစ်ပါတယ်။ US Dollar မြင့်ရင် US Dollarနဲ့ ရှင်းရတဲ့ Commodityတွေ ဈေးကျတတ်ပါတယ်။ Investorတွေဟာလည်း Market နည်းနည်းလှုပ်လှုပ်ဖြစ်တာနဲ့ Stock Exposureကို လျော့ချပြီး Safe Havenဖြစ်တဲ့ US Dollarကို ပြောင်းကိုင်တတ်ပါတယ်။ ဒါတွေ အားလုံးဟာ Stock Marketအတွက် သိပ်မကောင်းပါဘူး။


Obama-Care
အခုစာရေးနေတဲ့အချိန်မှာပဲ US မှာ Health Care billအတွက် Voteလုပ်ဖို့ ပြင်ဆင်နေကြပါပြီ။ Abortionကိစ္စနဲ့ပတ်သက်ပြီး အစက No Voteလုပ်ထားတဲ့ Democratsတွေဟာ Obamaနဲ့ Agreementရသွားတဲ့အတွက် Bill Passဖြစ်ဖို့ လိုတဲ့ ၂၁၆မဲကို ရဖို့ တော်တော်သေချာသွားပြီလို့ ဖတ်လိုက်ရပါတယ်။ Healthcare sectorဟာ US Economyရဲ့ ၆ပုံ ၁ပုံလောက်ရှိတာမို့ ဒီ Billဟာ Marketကို Significantly Impactဖြစ်မှာကတော့ သေချာပါတယ်။ Bill အတည်ဖြစ်ခဲ့ရင် Insurerတွေအတွက် ရေတိုမှာ သိပ်မကောင်းနိုင်ပေမယ့် Pharmaceutical Companyတွေအတွက်တော့ ကောင်းနိုင်ပါတယ်။ Health care billပြီးရင် မရှေးမနှောင်းပဲ Financial Reform Billဟာ Sequelအနေနဲ့ ဆက်တိုက်လာနိုင်ပါတယ်။

India has raised the rate 0.25%
တိုင်းပြည်ရဲ့ Inflationဟာ 16-month highဖြစ်နေတဲ့အတွက် Reserve Bank of India (RBI)ဟာ Interest Rateကို တင်လိုက်ရပါတယ်။ ဒါဟာ သာမန် Monthly Meeting outcomeမဟုတ်ပါဘူး။ ထဖောက်လိုက်တာဖြစ်ပါတယ်။ နောက်လ Meetingမှာ ထပ်တင်ဦးမယ်လို့ Economistsတွေဟာ ထင်ကြေးပေးနေကြပါတယ်။ Indiaလို high inflationကို containလုပ်ရမှာ ဘယ်တိုင်းပြည်ရှိသေးတယ် ထင်သလဲ - China! တရုတ်အစိုးရဟာ Inflationမြင့်နေတာကို Acknowledgeလုပ်ပေမယ့် အခုထက်ထိ ဘာမှActionမယူသေးပါဘူး။ ဒီအပတ်ထဲမှာ ဘဏ်တွေရဲ့ Captial reserve ratioကို ထပ်မြှင့်ရင်မြှင့်၊ ဒါမှမဟုတ် Benchmark interest rateကို တိုးတော့မယ်လို့တောင် သတင်းထွက်နေပါတယ်။

ဒီသတင်းတွေအားလုံးဟာ Fundamental ကောင်းတဲ့ Stockကိုင်ထားတဲ့ Long-term investorတစ်ယောက်အတွက် အရေးမကြီးလှပေမယ့် Traderတစ်ယောက်အတွက် အရမ်းအရေးကြီးပါတယ်။ ဒီနေ့ဟာ လွန်ခဲ့တဲ့ တစ်လလုံး Appreciateဖြစ်လာတဲ့ Profitကို Realiseလုပ်ဖို့ နောက်ဆုံးChanceဖြစ်ဖို့ အလားအလာ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်ကတော့ Short-term bearish but long-term still bullishပါပဲလို့ ပြောချင်ပါတယ်။

Happy Trading!