13 November 2009

Candlesticks - Part I


ဖယောင်းတိုင်တွေဟာ မြန်မာပြည်မှာပဲ အသုံးဝင်တာမဟုတ်ပါဘူး၊ Stock Tradingမှာလည်း တော်တော်အသုံးဝင်ပါတယ်။ Candlesticksတွေဟာ OHLC Barတွေနဲ့ အခြေခံအတူတူပဲဖြစ်ပေမယ့် ပိုပြီးထင်ရှားတဲ့ Trading signalတွေကို ပေးပါတယ်။ Traderတစ်ယောက်အနေနဲ့ Entryနဲ့Exitကို Timingလုပ်တဲ့နေရာမှာ Barရော၊ Candlestickရောသုံးနိုင်ရင် ပိုပြီးသေချာတဲ့ Confirmationရနိုင်ပါတယ်။

Candlestickအကြောင်း အသေးစိတ်မပြောခင် သူ့ရဲ့သမိုင်းကို နည်းနည်းသိရင် ပိုကောင်းတယ်။ Candlestickရဲ့ ဇာတိဟာ Western Countriesတွေ မဟုတ်ပါဘူး။ Candlestick Techniqueတွေရဲ့ အစဟာ ဂျပန်မှာ ၁၇၅၀လောက်က ဆန်ကုန်သည်သူဋ္ဌေး Munehisa Hommaဆိုတဲ့သူကနေ စခဲ့တယ်လို့ဆိုပါတယ်။ Hommaဟာ သူ့ရဲ့ Financialပိုင်းမှာ တော်တာမို့ သူ့ခေတ်က ဂျပန်အစိုးရရဲ့ Financial Consultantအနေနဲ့တောင် နောက်ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး Samuraiဘွဲ့တောင် ပေးအပ်ချင်းခံခဲ့ရပါတယ်။ Candlestick Techniqueဟာ အရှေ့တိုင်းမှာပဲ ရှိနေခဲ့တာ ၂၀ရာစုနှောင်းပိုင်းမှာ Steve Nisonဆိုတဲ့သူက စိတ်ဝင်တစား စလေ့လာရာကနေ အနောက်တိုင်းပြည်တွေကို သယ်လာပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးချအောင် သူပဲဦးဆောင်လုပ်ခဲ့ပါတယ်။ Hommaရဲ့ Techniquesတွေကို အနှစ်နှစ်ရာကျော် ဖြည်းဖြည်းချင်း Refineလုပ်လာခဲ့တာအခုဆိုရင် Technical Analysisတိုင်းမှာ မရှိမဖြစ်ပါပါတယ်။ အောက်မှာ Wal-mart Store(WMT)ရဲ့ Barနဲ့ Candlestick Chartတွေကို ယှဉ်ပြထားပါတယ်။
...



Candlestickကိုဆွဲဖို့ OHLC dataလိုပါတယ်။ အဓိကကွဲပြားချက်ကတော့ Candlestickမှာ Openနဲ့Closeကို ပိုပြီးဦးစားပေးပါတယ်။ Openနဲ့Closeကိုဆက်ပြီး ထောင့်မှန်စတုဂံပုံ ခပ်ရှည်ရှည်လေး ပုံထွက်လေ့ရှိပါတယ်။ Openက Closeထက်ပိုမြင့်တဲ့နေ့ဆိုရင် ထောင့်မှန်စတုဂံကို အနက်ရောင်ဖြည့်မယ်။ Closeက ပိုမြင့်တဲ့နေဆိုရင်တော့ အဖြူရောင်ဖြည့်ပါမယ်။ ဒီထောင့်မှန်စတုဂံBodyကို Real Bodyလို့ခေါ်တယ်။ Highနဲ့Lowလိုင်းတွေကိုတော့ Upper Shadowနဲ့ Lower Shadowလို့ အသီးသီးခေါ်ပါတယ်။ Candlestickမှာသုံးတဲ့ အခေါ်အဝေါ်တွေဟာ နာမည်လှလှလေးတွေရှိတာ နောက်ပိုင်းမှာ တွေ့ပါလိမ့်မယ်။



Candlestickတွေဟာ ဘယ်လိုနေရာမှာအသုံးအဝင်ဆုံးလည်းဆိုတော့ Trend Reversalဖြစ်တော့မလား Confirmလုပ်တဲ့နေရာမှာပါ။ ပထမဆုံး Introအနေနဲ့ Trend Reversal Signalပြတဲ့ Candlestick typeနှစ်မျိုးကိုပြောပါမယ်။ သူတို့ကို Hammerနဲ့ Hanging Manလို့ခေါ်ပါတယ်။ နှစ်ခုလုံးဟာ ပုံစံအတူတူပါပဲ - ဒါပေမယ့် ဘယ်လိုTrendမှာပေါ်လာသလည်းပေါ် မူတည်ပြီး အခေါ်အဝေါ်ကွဲသွားပါမယ်။ ဘယ်လို Candleကို Hammerလို့ခေါ်လည်းဆိုတော့ ပထမဦးဆုံး Trendဟာ Down Trendဖြစ်ရပါမယ်။ Down Trendမှာ Candleတစ်ခုရဲ့ Lower Shadowဟာ Real Body Heightရဲ့ အနည်းဆုံး နှစ်ဆရှည်ပြီး၊ Upper Shadowဟာ မရှိ(သို့)မရှိသလောက် တိုရင်တိုရပါမယ်။ Hanging Manကကျတော့ Up trendတစ်ခုထိပ်နားမှာ ဖြစ်ရပါမယ်။ Real Bodyနဲ့ Lower Shadowရဲ့ Length Ratioဟာလည်း Hammerလိုပဲ ၁း၂ အချိုးအနည်းဆုံး ရှိသင့်ပါတယ်။ အောက်မှာ Hammerနဲ့ Hanging Manတွေကို Circleလုပ်ပြထားပါတယ်။




Hammers in AMD chart

Hanging Men in Black & Decker Chart

Crowd Psychologyပိုင်းကနေပြန်ကြည့်ရင် Hammerဖြစ်လာတာဟာ ဘာကြောင့်လဲလို့တွေးရပါမယ်။ Bearတွေဟာ ဈေးကိုဆွဲချဖို့ ကြိုးစားတယ်။ ဒါပေမယ့် မအောင်မြင်ပဲ Closeဟာ Lowနဲ့ အလှမ်းဝေးဝေးမှာ သွားပိတ်ပါတယ်။ ဒါဟာ ဘာကိုပြလည်းဆို Bullတွေဟာ နောက်ဆုံးတော့ အနိုင်ရသွားတယ်လို့ ဆိုလိုပါတယ်။ ဒီIdeaကို နောက်နေ့ Down Trend Line Breakout Signalနဲ့ Confirmလုပ်ပြီး Tradeတစ်ခုကို ဝင်လို့ရတယ်။ Hammerမြင်ရင် Bearsတွေဟာ တူနဲ့ အထုခံရတော့မယ်လို့ တွေးရပါမယ်။

Hanging Manရဲ့ Psychologyကတော့ Up Trendတစ်ခုဟာ တဖြည်းဖြည်းနဲ့ ဆက်တိုက်တက်လာတဲ့အခါမှာ အချိန်တန်ရင် အရှိန်ကုန်လာပါမယ်။ Hanging Man Formationဟာ Bearsတွေဟာ စပြီးAttackလုပ်လာပြီလို့ ဆိုလိုတယ်။ သွေးတိုးစမ်းတယ်ပေါ့။ ဒါပေမယ့် သူတို့ မအောင်မြင်လိုက်ဘူး။ Hanging Manကိုမြင်ရင် Bullတွေတော့ ထိပ်မှာ တွဲလောင်းဖြစ်နေပြီ၊ အကိုင်မမြဲရင် ပြုတ်ကျတော့မယ်လို့ သတိထားရပါမယ်။ ဒါကြောင့် Hanging Manဖြစ်ဖြစ်၊ Hammer ဖြစ်ဖြစ် Following Dayရဲ့ Candleကို ကြည့်ပြီး Confirmလုပ်သင့်ပါတယ်။ Hanging Manအတွက်ဆိုရင် Following Candleဟာ Black real body၊ Hammerအတွက်ဆိုရင်တော့ White real bodyဖြစ်ရင်ပိုသေချာပါတယ်။

Hanging Manနဲ့ Hammerကိုယ်တိုင်ရဲ့ Real body ဖြူသလား၊ မည်းသလားကတော့ ဒီလောက်အရေးမကြီးပါဘူး။ ဒါပေမယ့် White Hammerနဲ့ Black Hanging Manဟာ ပိုပြီး Potentဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ Hanging Manနဲ့ Hammerလို Candle Formationတွေဟာ သူတို့နာမည်ရဖို့ Candleတစ်ချောင်းပဲလိုပါတယ်။ နောက်ပိုင်းမှာ နှစ်ချောင်း၊ သုံးချောင်းပေါင်းမှ Formationတစ်ခုဖြစ်တဲ့ Candlesticks Techniqueတွေ ဆက်ရေးပေးပါမယ်။ Part II မှာတော့ single-candle formationအကြောင်းပဲ ဆက်ပြောသွားပါမယ်။

Happy Candle Lighting!

Related Post : OHLC Bars , Trend lines

09 November 2009

STOP!



ဒီPostကတော့ Passive Investorတွေထက် Active Traderတွေအတွက် ပိုသင့်တော်ပါတယ်။ ဒါပေမယ့် Passive Investorတွေလည်း သိသင့်တယ်။ သတင်းစာတွေထဲမှာ သာမန်Middle Class Investorတွေကို ဘယ်လိုခေါ်လည်း ဖတ်ဖူးသလားတော့ မသိဘူး။ Mom-and-dad-investorတွေလို့ ရေးလေ့ရှိပါတယ်။ Mom-and-dad-investorတွေဟာ အများအားဖြင့် သူများဆီကရတဲ့ Tipတွေ၊ သတင်းစာထဲက Finance Sectionက Recommendလုပ်တာတွေကိုဖတ်ပြီး ကောက်ဝယ်လေ့ရှိတယ်။ အဲ ဝယ်ပြီးရင်တော့ အများစုဟာ ဘဏ်ထဲက ငွေလိုပဲထင်ပြီး ပစ်ထားလေ့ရှိတယ်။ Buy-and-pray Modelလို့လည်း တချို့ခေါ်ကြတယ်။

အဆိုးဆုံးကတော့ ဘယ်လောက်ဈေးကျရင်တော့ ငါတော့ရောင်းလိုက်မယ်ဆိုပြီး Stop-loss targetမရှိတတ်ကြပါဘူး။ ဒီတော့ မနှစ်ကလို Marketလည်းပျက်ရော၊ ပြန်တက်လာနိုးနိုးနဲ့ စောင့်ရင်းစောင့်ရင်းနဲ့ပဲ လုံးပါးပါးချင်ပါး၊ ဒါမှမဟုတ် မေ့ထားလိုက်ကြတယ်။ Mom-and-dad-investorတွေရဲ့ အဓိကအားနည်းချက်ကတော့ မြတ်တာပဲမြင်ချင်၊ ကြားချင်တယ်။ ရှုံးခဲ့ရင် ဘာလုပ်ရမလည်းဆိုတဲ့ Plan Bကို သိပ်မတွေးတာများတယ်။
...

Professionalတွေ ဝယ်တဲ့စနစ်နဲ့ Mom-and-dad-investorတွေဝယ်တာ အရမ်းကွာတယ်။ Proတွေဟာ မဝယ်ခင်ကတည်းက ဘယ်လောက်အရှုံးခံမလည်းဆိုတာ ဦးဆုံးစဉ်းစားပြီးမှ ကျန်တာဆက်လုပ်တယ်။ ဘယ်လောက်အရှုံးခံမလည်းဆိုတာ Mom-and-dad-investorတွေထဲမှာလည်း စဉ်းစားတဲ့သူတွေရှိပါတယ်။ ဒါပေမယ့် ယေဘုယျတွက်လေ့ရှိတာကတော့ ဘယ်လောက်% ရှုံးခဲ့ရင် ရောင်းမယ်ဆိုတာပါပဲ။ ဥပမာ ဝယ်ဈေးထက် ၅%၊ ၁၀% (သို့) ၁၅%ရှုံးခဲ့ရင်တော့ရောင်းမယ် အစရှိသဖြင့်ပေါ့လေ။

Proတွေက ဘာပါထည့်စဉ်းစားလည်းကြည့်ရအောင်။ Proတွေဟာ သူတို့ရဲ့ Investment/Trading capitalကိုပါ ထည့်စဉ်းစားတယ်။ သေချာStock tradingမလုပ်ဘူးရင် ဒီConceptဟာ နည်းနည်းစိမ်းနေပါလိမ့်မယ်။ တကယ်တမ်းတော့ တော်တော်လွယ်ပါတယ်။ Proတွေဟာ ကိုယ့်မှာရှိတဲ့ Total Capitalရဲ့ 2%ကနေ 3%အထိပဲ Tradeတစ်ခုစီအတွက် Riskယူတတ်ကြတယ်။ ဥပမာ - Traderတစ်ယောက်မှာ $100,000 capitalရှိတယ်ဆိုကြပါစို့။ ဒါဆိုရင် သူဟာ ၂၀၀၀ကနေ ၃၀၀၀အထိပဲ အရှုံးခံဖို့ ပြင်ဆင်ထားပါတယ်။ ဒါထက်ပိုပြီး Riskယူဖို့ လုံးဝPlanမရှိဘူး။

Main Idea behind this conceptကတော့ Traderတစ်ယောက်အနေနဲ့ Rule No.1 ဟာ Profitရဖို့မဟုတ်ပါဘူး။ Capital Preservationဟာ ပိုအရေးကြီးပါတယ်။ ဒီတော့ ၂%ပဲ Riskရင် သူ့အတွက် နောက်ထပ်အကြိမ် ၄၉ခါ Tradeနိုင်ပါသေးတယ် - (၂% x ၅၀ကြိမ် = ၁၀၀%)။ ၃%ဆိုရင် ၃၂ခါကျန်နိုင်ပါတယ်။ ဒါကြောင့် Stock Priceပေါ်မှာ အရှုံးခံတဲ့ %ထက် Capitalပေါ်မှာ အရှုံးခံတဲ့ Amountက Survivalအတွက် ပိုအရေးကြီးတယ်။ Marketထဲကနေ Wash Outဖြစ်သွားတဲ့ Loserအများစုဟာ ဒီအကြောင်းကို ကြားတောင်မကြားဖူးတဲ့သူတွေ ဖြစ်ဖို့Chanceတော်တော်များမယ်။

အောက်မှာ Stock Priceပေါ်မှာရော၊ Capitalပေါ်မှာပါ Riskယူမယ့် %ပေါ်မူတည်ပြီး ကိုယ်ဘယ်လောက် ဝယ်သင့်သလည်းဆိုတဲ့ Spreasheetလေးပြထားပါတယ်။ Capitalကို ၁၀၀၀၀လို့ Assumeလုပ်ထားပါတယ်။


Stock Price $ 30 30 30 30 30
acceptable loss as % of price 5% 10% 15% 20% 25%
acceptable $ loss over price 1.5 3 4.5 6 7.5






Capital $ 10000 10000 10000 10000 10000
acceptable loss as % of capital 3% 3% 3% 3% 3%
acceptable $ loss over capital 300 300 300 300 300






Position Size / Units / Volume 200.00 100.00 66.67 50.00 40.00
Position $ 6000 3000 2000 1500 1200

ဒီဥပမာကနေ ဘာကိုConclusionဆွဲလို့ရလည်းဆိုတော့ Capitalပေါ်မှာ Riskယူတဲ့Amountဟာ Fixedမို့လို့ Stock ပေါ်မှာ Riskများများယူတိုင်း ဝယ်သင့်တဲ့ Unitတွေ လျော့လျော့သွားတာတွေ့ပါလိမ့်မယ်။ နောက်တစ်မျိုးတွေးနိုင်တာကတော့ ကိုယ်က Stop-lossကို စောစောဖြတ်ရင် အစမှာ များများဝယ်နိုင်တာကို တွေ့ပါလိမ့်မယ်။

Stop-loss သတ်မှတ်ပြီး လိုက်နာတာဟာ Professionalနဲ့ Mom-and-dad-investorတွေကြားက အဓိက ကွာဟချက်ပါပဲ။ Stop-lossကိုသတ်မှတ်တဲ့အခါ ကိုယ့်မှာရှိတဲ့ပိုက်ဆံ၊ Stock priceနဲ့ Capitalပေါ်မှာ Riskယူမယ့် %ပေါ်မူတည်ပြီး Position sizeကွဲပြားသွားတာကို နားလည်ရမယ်။ Stop-lossမရှိရင် Helmetမပါပဲ ဆိုင်ကယ်စီးသလို လဲပြုခဲ့ရင် ပိုပြီးနာဖို့ သေချာပါတယ်။ ဒါကြောင့် Tradingမလုပ်ခင် ကိုယ့်ရဲ့ Stop-lossနဲ့  Position sizeကို သေချာDefineလုပ်ဖို့ ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။

Happy Investing!

PS : ဒီ့ထက် ပိုအဆင့်မြင့်တဲ့ Stop-lossလုပ်နည်းတွေကို နောက်ပိုင်းမှာ ရေးသွားပါမယ်။

04 November 2009

Mid-week alert - Microsoft

ဒီBlogကို မှန်မှန်အားပေးနေတဲ့သူတွေအားလုံးကို Technical Analysis and Fundamental Analysisနဲ့ပတ်သတ်တဲ့ basicတော့ နည်းနည်းရပြီလို့ Assumeလုပ်ပြီး ဒီ Mid-week alertကို ရေးပါတယ်။ တကယ်တမ်းတော့ Practicalအနေနဲ့ လုပ်စေချင်လို့ပါ။

Tech Stockတွေကို ပေါင်းစပ်ပြီးလုပ်ထားတဲ့ Major Indexကတော့ NASDAQ Composite (^IXIC) Indexပါ။ NASDAQ Compositeဟာ Sell-offအလုပ်ခံနေရတာ အောက်တိုဘာ ၂၀ကတည်းက။ အဓိကကတော့ ဘာမှ Fundamentallyဆိုးဆိုးရွားရွားပြဿနာမရှိပဲ၊ Profit-takingအလုပ်ခံနေရတယ်။ Indexက March 2009ကတည်းက အရှိန်ကောင်းကောင်းနဲ့တက်လာတာ ဒီလောက်Correctionဖြစ်တာ Acceptable Rangeလို့ ကျွန်တော်တော့ ယူဆတယ်။
...

ကျွန်တော့်Radarထဲကို အခုရက်ပိုင်းအတွင်းဝင်လာတာက Microsoft (MSFT)။ MSFTဟာ First Quarter Earningကို အောက်တိုဘာ ၂၃က Reportလုပ်ပြီးပါပြီ။ မနှစ်က First Quarterနဲ့ယှဉ်ရင် Revenueရော၊ Earningsရော ကျတယ် - ဒါပေမယ့် Marketက expectလုပ်ထားတာထက်သာတယ်။ ဒီလို ခေတ်ပျက်ထဲမှာ ထင်ထားသလောက် မကျတာဟာ Impressive resultလို့ ဆိုနိုင်တယ်။ MSFTဟာ နောက်နှစ်ထဲမှာ net operating EXPENSEဟာ ပိုကျသွားလိမ့်မယ်လို့ guidanceတောင် ပေးလိုက်သေးတယ်။ စာသေချာမဖတ်တဲ့သူတွေက အဲဒီ့နေ့က Expenseကို မမြင်ပဲ ချရောင်းကုန်လို့ ဈေးတောင်နည်းနည်း ကပျက်ကယက် ဖြစ်သွားသေးတယ်။

အရေးအကြီးဆုံးက Windows 7 release။ Microsoftဟာ PCလောကကို လွှမ်းမိုးထားဦးမယ်လို့ Analystအားလုံးလိုလိုက ယုံကြည်ကြတယ်။ ကျွန်တော်လည်း ယုံတယ်။ New Releaseနဲ့ Less operating expenseဟာ MSFTရဲ့ earningကို boostလုပ်ဖို့ပဲရှိတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ Business အများစုဟာ Vistaရဲ့ Unpopularityကြောင့် XPနဲ့ပဲ နှစ်ပါးသွားနေတဲ့ Businessတွေ အများကြီးရှိပါတယ်။ သူတို့ဟာ Windows 7 အောင်မြင်ရင် အောင်မြင်သလို Vistaကို ကျော်ပြီး Upgradeလုပ်ဖို့ Chanceတော်တော်များပါတယ်။

Ok - Fundamentalပြီးတော့ Technicalပိုင်းကကြည့်ရအောင်။ Tech Stockတွေကို Analyseလုပ်တဲ့အခါ Sector Indexကိုပါတွဲပြီးလေ့လာတာ ပိုစိတ်ချရတယ်။ ဒါကြောင့် NASDAQ Compositeကိုပါ ဆွဲထည့်ရမယ်။



NASDAQ Compositeဟာ Long term up trendကနေ ဖောက်ပြီး Selloffအလုပ်ခံနေရတာ ပြီးခဲ့တဲ့ တစ်ပတ်လုံးပဲ။ မနေ့က သူ့ရဲ့ Closeဟာ short term down trendအပေါ်မှာ ပိတ်ပါတယ်။ Indexရဲ့ Major Componentဖြစ်တဲ့ Intel (INTC)ဟာ Analyst Downgradeအလုပ်ခံရတာတောင် Indexရဲ့Closeဟာ breakout signalပြနေပါတယ်။ ဒါဟာ Tech Stockတွေအတွက် Reversal ဖြစ်နိုင်တဲ့ Signပါ။


MSFTကတော့ short term down trendကို မကျော်နိုင်သေးဘူး။ ဒါပေမယ့် MSFTဟာ 27.50နဲ့ 25.75မှာ Strong Supportတွေရှိပါတယ်။ ဒီတော့ Technically, MSFTဟာ ဒီနေ့ ပြန်ပြီး Bounceနိုင်ပြီး Down trendကို breakoutလုပ်မယ်လို့ ခန့်မှန်းပါတယ်။

ဒီတော့ NASDAQ Compositeရော၊ MSFTရော ဒီနေ့တက်ခဲ့ရင် Long term investmentအနေနဲ့ Definitelyဝယ်သင့်တယ်လို့ Suggestလုပ်ပါတယ်။ Disclaimerကို ထပ်ပြောရရင် Every investmentမှာ Riskရှိတာမို့ Lossဖြစ်ခဲ့ရင် Investorရဲ့ တာဝန်သာဖြစ်ပါကြောင်း။

PS : Stop-lossအနေနဲ့ ၂၅.၇၅အောက်ရောက်ခဲ့ရင် အရှုံးခံပြီး ရောင်းလိုက်ပါ။

02 November 2009

The Last 'M'

3Mထဲက Methodနဲ့ ပတ်သက်တာတွေ ဆက်တိုက်ရေးလာလို့ အခုAnother Mဘက်ကို နည်းနည်းပြောပါရစေ။ တကယ်တမ်းတော့ ဒီMအကြောင်း ပြောကိုမပြောရသေးပါဘူး။ Mindsetအကြောင်းအစချီပြီးသွားပြီ၊ Methodအကြောင်းလည်း Basicအချို့တော့ ပြောပြီးသွားပြီ။ 3Mကို လှည့်ရေးသွားမယ်လို့ အရင်ကပြောခဲ့တဲ့အတိုင်း အခုဒီPostမှာ Management အကြောင်းပြောပါမယ်။

Managementဆိုတဲ့ စာလုံးက တစ်လုံးတည်းနဲ့ တော်တော်ကျယ်ပြန့်ပါတယ်။ Trader/Investorတစ်ယောက်နဲ့ ပတ်သက်တဲ့ Managementတွေကတော့

၁) Trade Management
၂) Portfolio Management
၃) Tax Management
၎) Wealth Management အစရှိသဖြင့် အများကြီးရှိပါတယ်။ အခြားManagementတွေရှိပါသေးတယ်။ ဟုံသွားမှာစိုးလို့ အခုတော့ ဒီလောက်သိရင် လုံလောက်ပါတယ်။
...

Trade Managementကနေစရအောင်။ Tradeတစ်ခုကို ဘာများManagementလုပ်ဖို့လိုသလည်းလို့ ထင်ချင်ထင်မယ်။ ဝယ်ပြီး ပြန်ရောင်းတာများပေါ့။ သာမန်လူတွေဟာ အများအားဖြင့် သူများဝယ်ရင်လိုက်ဝယ်ပြီး၊ သူများရောင်းရင် လိုက်ရောင်းတယ်။ ဘယ်လောက်မှာ ဝယ်ပြီး၊ ဘယ်လောက်မှာရောင်းမယ်၊ ဘယ်လောက်ဖိုးဝယ်မယ်၊ ဘယ်လောက်ကြာအောင် ကိုင်ထားမယ်၊ ဘယ်လောက်အထိအရှုံးခံမယ် အစရှိတဲ့ Trading Planတော့ မရှိသလောက်ကို မလုပ်ကြဘူး။ မရှိတာထက် မသိတာလည်း ပါပါတယ်။ Trading Planတစ်ခုမှာ ပါကိုပါရမယ့် Main Fieldတွေကတော့

၁) Entry Price - ဘယ်လောက်ဈေးနဲ့ ဝယ်မလည်း
၂) Profit-taking price - ဘယ်လောက်မြတ်ရင် ရောင်းမလည်းဟာ ဒီဈေးကို သတ်မှတ်မယ်
၃) Stop-loss price - ဘယ်လောက်ရှုံးရင် ရောင်းမလည်းဟာ ဒီဈေးကို သတ်မှတ်မယ်
၎) If Entry price is not achievable with initial bids, how far you would go chasing it? - Entry Priceမရခဲ့ရင် ဘယ်ဈေးအထိလိုက်ပေးဝယ်မလည်း
၅) ဘယ်နှစ်ပတ် (သို့) ဘယ်နှစ်လ ကိုင်ထားမှာလည်း

အစရှိသဖြင့် ကိုယ့်ကိုယ်ကို မညာတမ်းမေးပြီး၊ Stock Quoteနဲ့တကွ Record လုပ်ထားဖို့လိုပါတယ်။ ပိုအရေးကြီးတာက ကိုယ့်ရဲ့ Trading Planကို ကိုယ် Followလုပ်ဖို့လိုပါတယ်။ Self-discipline မရှိရင် Traderမဖြစ်နိုင်ပါဘူး။

Portfolio Managementဟာ ကိုယ့်ရဲ့ Risk Toleranceနဲ့ အများကြီးပတ်သက်ပါတယ်။ ကိုယ်က Short term price fluctuationကို ဘယ်လောက်သည်းခံနိုင်သလဲ (Your stop-loss price)၊ ဘယ်လို Investment Typeတွေကို ကိုယ်က စိတ်ဝင်စားသလည်း ပေါ်မူတည်ပါတယ်။ ဘယ်လိုSectorတွေကိုကိုယ်က ရင်းနှီးမြှပ်နှံချင်တာလည်းလည်း သိဖို့လိုတယ်။ ဥပမာ - Conservativeနည်းနည်းဖြစ်တဲ့ Investorတစ်ယောက်ရဲ့ Portofolioတစ်ခုဟာ အောက်မှာပြထားတာမျိုး ဖြစ်နိုင်တယ်။


ကိုယ့်က Riskများများယူရဲတဲ့သူဆိုရင် Propertyက လျော့သွားပြီး Stockတွေချည်းများများကိုင်တဲ့ Portfolioလည်း ဖြစ်နိုင်ပါတယ်။ Asset typeတစ်မျိုးချင်းစီကမှ တခါထပ်ပြီး Sectorအလိုက် ထပ်ခွဲနိုင်ပါတယ်။ အောက်မှာ Sectorအမျိုးမျိုးခွဲပြီး Investလုပ်ထားတဲ့ Stock Portfolioတစ်ခုကို ပြထားပါတယ်။


General Rule of Thumbကတော့ Asset Typeများလေ၊ Sectorများလေ၊ ကောင်းလေပဲဖြစ်ပါတယ်။ တချို့ကတော့ Diversified Portfolioလို့ ခေါ်လေ့ရှိကြတယ်။ ကျွန်တော့်အမြင်ကတော့ အများကြီးရှိစရာမလိုပါဘူး။ ဒါပေမယ့် တစ်ခုထဲ မည်းပြီးပိုက်ဆံတွေကို ရင်းနှီးမြှုပ်နှံထားတာလည်း မကောင်းပါဘူး။ Asset Type သုံးမျိုးလောက်နဲ့ Stockအတွက် Sector သုံးမျိုးလောက်ဖြန့်ပြီး Investလုပ်ထားရင် Riskကိုလည်း Balanceလုပ်ထားရာရောက်မယ်၊ ကိုယ်လည်း Manageလုပ်ရသက်သာမယ်။

Tax Managementကတော့ လူအများစု အမြဲလျစ်လျူရှုထားတတ်တဲ့ areaပါ။ နှစ်ကုန်လို့ tax ရှင်းတော့ မြတ်နေရင်လည်း ပေးသင့်တာထက် ပိုပေးမိမယ်၊ ရှုံးရင်လည်း ရသင့်သလောက် tax offset/refundမရတာမျိုးတွေ ဖြစ်တတ်တယ်။ best ruleကတော့ investမလုပ်ခင်မှာ ဘယ်နာမည်နဲ့ဝယ်မလည်း ကြိုတင်ဆုံးဖြတ်ရပါမယ်။ tax effectiveအဖြစ်ဆုံး နာမည်ကို ရွေးသင့်တယ်။ ဥပမာ - ကိုယ့်နာမည်လား၊ ကိုယ့်သားသမီးနာမည်လား၊ ကိုယ့်မိန်းမ/ယောင်္ကျားရဲ့နာမည်လား၊ ကုမ္ပဏီနာမည်လား၊ Trust fundရဲ့ နာမည်လား အစရှိသဖြင့်ပေါ့။ အကောင်းဆုံးက နာမည်ရှိတဲ့ Accountantနဲ့ တွေ့ ပြီး most tax effectiveဖြစ်မယ့် Structureကို ရွေးရပါမယ်။ tax lawတွေကို Accountantသိသလောက်ရဲ့ သုံးပုံတစ်ပုံလောက်သိရင် အကောင်းဆုံးပဲ။

Wealth Mangementနဲ့ပတ်သက်တာကတော့ အခုပြောရင် နည်းနည်းစောနေလိမ့်မယ်။ ဥပမာတွေကတော့ ကိုယ့် Wealthကို ကာကွယ်ဖို့ ဘာInsuranceရှိသလည်း? ကိုယ့်ရဲ့ Investment Teamက ဘယ်သူတွေလည်း (Mortgage Broker, Accountant, Lawyer, Stock broker, Financial Adviser အစရှိသဖြင့်) သိရပါမယ်။ ကိုယ့်ရဲ့ Cashflowကို ကိုယ်ဘယ်လောက် Controlလုပ်နိုင်သလည်းကလည်း Wealth managementထဲမှာ ပါနိုင်ပါတယ်။

အချုပ်ပြောရရင် အပေါ်မှာ ပြောခဲ့တာမှန်သမျှဟာ 3M - Managementရဲ့ Introductionတွေပဲ ရှိပါသေးတယ်။ အသေးစိပ်တွေကို အလှည့်ကျရင် ပြောသွားပါ့မယ်။ သေချာဖတ်ကြည့်ရင် ကျွန်တော်ပြောသွားတဲ့ထဲမှာ Preparationဟာ ထက်ဝက်မက လွှမ်းမိုးနေတာတွေ့ပါလိမ့်မယ်။ ဒါကြောင့် ကပိုကရို၊ စည်းကမ်းသိပ်မရှိပဲနေလေ့ရှိရင်၊ Plannigလုပ်လေ့မရှိရင် Investorကောင်း မဖြစ်နိုင်ပါဘူး။ ဒီPostဖတ်ပြီး လောလောဆယ်တော့ Stockတစ်ခုမဝယ်ခင် Trading Planလေး ချရေးကြည့်မယ်ဆိုရင် ကျွန်တော်ရေးရကျိုး နပ်ပါပြီ။