29 March 2012

Lock and Load

Golden Trade Postမှာတုန်းက NEMကို 51-52ကြားထဲမှာရရင် ဝယ်သင့်ကြောင်း Recommendလုပ်ခဲ့ပါတယ်။ မနေ့က Price Actionက ကွက်တိပဲ။ မုဆိုးဟာ အမဲကောင်ရေလာသောက်တဲ့အထိ စိတ်ရှည်လက်ရှည်နဲ့ ထိုင်စောင့်ပြီး အမိပစ်ရသလို ကိုယ်ရည်ရွယ်ထားတဲ့ Targetထဲ Share Priceတစ်ခုရွေ့ လာပြီဆိုရင် Tradeဖို့ လက်မနှေးပါနဲ့။ Entryကို သေချာစောင့်ဖမ်းပြီး Stop-lossနဲ့ ကိုယ့်ကိုယ်ကို Protectလုပ်ထားရင် Tradeတစ်ခုဟာ နည်းနည်းပါးပါးရှုံးတာကနေ မြိုးမြိုးမျက်မျက်လေး မြတ်တဲ့အထိပဲ ဖြစ်ဖို့ရှိပါတယ်။
NEM Daily Chart
 Gold (April 2012 Futures)ဟာလည်း ၁၆၅၀နဲ့ ၁၇၀၀ကြားမှာ Consolidationဖြစ်နေပါတယ်။ Central BankတွေGold Reserves Expansionလုပ်တာနဲ့ Physical Buying from India and Chinaတို့ကြောင့် Goldဟာ ဒီကနေ ရုပ်ပျက်ဆင်းပျက် ဆက်ကျစရာတော့ Probabilityနည်းပါတယ်။ ပိုအရေးကြီးတာက အခုရက်ပိုင်းအတွင်းမှာ US Fed Chief Ben Bernankeဟာ တော်တော်လေး အလုပ်များပါတယ်။ သူ့ရဲ့ Recent Speechesတွေမှာ သူ့အနေနဲ့ US Economy(အထူးသဖြင့် Job market) ဖွံ့ဖြိုးမှုကို အားမရကြောင်း၊ Accommodative Monetary Policy (လူတိုင်းနားလည်အောင်ပြောရရင် ပိုက်ဆံရိုက်ထုတ်တာ) လုပ်သင့်ရင် ဆက်လုပ်ရမှာဖြစ်ကြောင်း အစရှိသဖြင့် ပြောလာပါတယ်။ ဒါဟာ Goldကို အရမ်းSupportပေးပါတယ်။

So, in summary, Long NEM. Keep a stop-loss at $49.

Happy Trading!

18 March 2012

Golden Trade

လိုတိုရှင်း လိုရင်းကိုပဲသွားရအောင်။ အခုတလော Extremely Oversoldဖြစ်နေတဲ့ commodityကတော့ ရွှေပါပဲ။ ရွှေဈေးကို အဓိက ဂယက်ရိုက်နေတာကတော့ Strengthening USDပါ။ Gold Futuresတွေဟာ USDနဲ့ ရောင်းဝယ်ခံရတာမို့လို့ USDအားနည်းရင် ပိုအဝယ်လိုက်ပြီး USD Strongဖြစ်လာရင်တော့ Selloff အလုပ်ခံရတတ်ပါတယ်။

ဘာကြောင့် USDဟာ နှစ်ဆန်းကတည်းကနေ တန်ဖိုးတက်လာသလည်း။ US Economy အခြေအနေမကောင်းလို့ US Federal Reserveဟာ USDကို ရိုက်ထုတ်ပြီး Devaluationလုပ်လာတာ 1.2 trillion USDကျော်နေပါပြီ။ Financial Crisisဖြစ်ပြီး သုံးနှစ်အကြာမှာ လစဉ်၊အပတ်စဉ်ထွက်နေတဲ့ US Economic Dataတွေဟာ 2011နှစ်မကုန်ခင်ကစပြီး တော်တော်လေး ကောင်းလာပါတယ်။ ဒီတော့ Marketဟာ Federal Reserveအနေနဲ့ နောက်ထပ် USDအသစ်ရိုက်ထုတ်ဖို့ Chanceတော်တော်လေးနည်းသွားပြီဆိုပြီး USD Downtrendဟာ အဆုံးသတ်တော့မယ်လို့ Pricing in လုပ်နေကြတာပါ။ ဒေါ်လာရိုက်ထုတ်တိုင်း Devalutionနဲ့ Inflationary Pressureတက်လာမှာဖြစ်တာကြောင့် ရွှေဈေးဆောင့်တက်သလို ဒေါ်လာရိုက်မထုတ်တော့ဘဲ Interest Rate outlookဟာ Rosyနည်းနည်းဖြစ်လာတာနဲ့ ရွှေဈေးဟာ ထိုးကျတက်ပါတယ်။

Gold exposureကို Directလိုချင်ရင်တော့ Gold Futuresကို Tradeနိုင်ပါတယ်။ အခု Activeအဖြစ်ဆုံး Futuresကတော့ April 2012 Futuresတွေပါ။ ဒါပေမယ့် Gold Futures Tradeဖို့ Margin Requirementအရမ်းများပါတယ်။ ဒီတော့ Goldကို indirectly tradeနိုင်တာကတော့ Gold Mining Stockတွေနဲ့ပါ။ Fundamentalအရမ်းကောင်းပြီး Technically အရမ်းOversoldဖြစ်နေတဲ့ Stockကတော့ NYSE-listed Newmont Mining (NEM)ပါ။

NEMဟာ Februaryလကုန် Highဖြစ်တဲ့ 64လောက်ကနေ ဆင်းလာလိုက်တာ အခုဆိုရင် 53နားရောက်နေပါတယ်။ A little over 16% correctionဖြစ်ပြီးပြီလို့ သတ်မှတ်နိုင်ပါတယ်။ အောက်မှာပြထားတဲ့ daily and weekly chartတွေကို ကြည့်လိုက်ရင် low 51ဝန်းကျင်မှာ Support ကောင်းကောင်းရှိတာတွေ့နိုင်ပါတယ်။ Coincidently, February Highကနေ 20% correctionလောက် areaလို့လည်းဆိုနိုင်ပါတယ်။ ဒါကြောင့် 51-52area ရောက်ရင် NEMကို Long/ဝယ်သင့်ပါတယ်။ NEMဟာ NYSEမှာ Strongestအဖြစ်ဆုံး Gold Minerပါ။ 51-52ဝန်းကျင်ဟာ Extremely Oversold Levelလို့ Safely Defineလုပ်နိုင်ပြီး သင့်တော်တဲ့Riskကို ယူသင့်ပါတယ်။
NEM Daily

NEM Weekly
ကျွန်တော့်ကို မေးနိုင်တာက NEMဟာ ရွှေဈေးပြန်တက်မှ သူလည်းလိုက်တက် မှာမို့လို့ ရွှေဈေးက ပြန်တက်နိုင်လို့လားလို့ပါ။ အခုတလော ရွှေဈေးကျတာဟာ အရမ်းမြန်ပြီး Brutalဖြစ်ပါတယ်။ US Economy recovery trendဟာ သင့်တော်တဲ့ လမ်းကြောင်းပေါ်စရောက်နေပြီလို့ ပြောနိုင်ပေမယ့် USDဆောင့်တက်လာတဲ့ Trendကို Satisfyဖြစ်လောက်အောင် အားမကောင်းသေးပါဘူး။ Most importantly, Federal Reserveဟာ Strengthening USDကို လက်ခံနိုင်လောက်အောင် Bullishမဖြစ်သေးပါဘူး။ Marketရဲ့ USD expectationဟာ အနည်းငယ် Ahead of themselvesဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် Gold Priceဟာ Downtrendရောက်နေပြီဆိုရင်တော့ ဆက်တိုက်မဆင်းသင့်ပါဘူး။ At least, Downtrend continueမလုပ်ခင် ပြန်ပြီးနည်းနည်း Recoverဖြစ်သင့်ပါတယ်။ အဲဒီ့အခါမှာ NEMလို့ Stockတွေဟာလည်း strongly recoverဖြစ်မှာပါ။ Gold Minerတွေကို Pricing in လုပ်တဲ့နေရာမှာ Long-term Moving Averageကို ကြည့်ပြီး ဈေးဖြတ်သင့်ပါတယ်။ Goldရဲ့ Long-term moving averageဟာ အခုချိန်ထိ Up trendပါပဲ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ Personally, NEMကို ၅၁-၅၂ကြားမှာ Bullishတော်တော်ဖြစ်ပါတယ်။ တကယ်လို့ ရွှေဈေးဟာ NEM ၅၂တောင်မရောက်လိုက်ဘဲ ပြန်ပြီး Recoverဖြစ်ရင် ၅၃ဖြစ်နေရင်တောင် NEMကို ဝယ်သင့်ပါကြောင်း။ Put a stop-loss at 49.

Happy Trading!

20 February 2012

RIO Trade Update - China Easing

China Central Bank announced over the weekend that Reserve Requirement Ratio or RRR (the ratio of the money Chinese banks must keep in the bank, used to control credit growth) would be cut by 50 basis points from February 24th.

That annoucement is bullish for many miners including RIO because RIO earns 30% of revenue by selling Iron Ores, Copper and Coal to China.  Cutting RRR means Chinese government has allowed banks to pump more credit into the slowing economy, preventing the so-called hard-landing scenario.

Since Monday is Public Holiday in US, I highly recommend closing RIO short positions on Tuesday. If entered before or on the result date, you should not lose any cent.

Good Luck

16 February 2012

RIO Trade Update

  • Feb 9 Earnings disappointed Investors and Traders therefore the trade was to SHORT.
  • RIO has been trending down even before the result. But from the result date, it has made 5% unrealised profit so far.
  • Money Flow and MACD both confirm trend reversal.
  • Tension between Greece and its creditors has been rising fast and markets are spooked of disorderly Greece default.
  • Profit taking should happen around $55. That would make 8% return unleveraged. With 1:3 leverage, return would be 24% easily.
Good Luck!

RIO ADR Daily Chart

07 February 2012

Trade of the Month - RIO earning

stock quote : RIO (RIO TINTO ADR)
earning release : Full Year Result (Feb 9, 2012 Thursday)
current technical : Heavily Overbought
earning expectation : in-line earnings is expected to trigger "sell-the-news" trades. only much-better-than-expected earnings can lift the share price into the new trading zone 65-75 range.

To Short
If $65 resistance holds.
Target $57-55
Stop-loss $68+

To Long
If $65 resistance is decidely broken following blow-out earnings
Target $72-74
Stop-loss $62-

Chart
RIO (ADR) Daily Chart

Good luck!

23 January 2012

BAC Short Trade : +7%, or -1%? Depends on how you executed your trades


BAC Tradeရဲ့ current situationကို updateလုပ်ပေးတာပါ။ Jan 12ရက် US Marketမဖွင့်ခင်က Shortချင်ရင် Shortလို့ရပြီလို့ ကျွန်တော်Recommendလုပ်ခဲ့ပါတယ်။ အဲဒီ့ညက 6.99မှာ ဖွင့်ပြီး 6.79မှာ ပိတ်သွားပါတယ်။ Shortချင်တဲ့သူဟာ Sellအရင်လုပ်ရပါမယ်။ Sellingလုပ်ဖို့ Good Rule-of-Thumbကတော့ "Sell at the morning madness"တဲ့။ ဆိုလိုတာက Opening Time Priceဟာ များသောအားဖြင့် မှားတတ်ပါတယ်။ အလောတကြီး Executeသူ့ထက်ငါလုပ်တတ်တာမို့ Price Actionဟာ Closing Timeလောက် Reliableမဖြစ်တတ်ပါဘူး။ ဒါကြောင့် Proအများစုဟာ Closingကိုပဲ ကြည့်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။
BAC Daily Chart

Anyway, Opening madnessကို take advantageယူနိုင်ခဲ့ရင် (၇)ကျပ်နီးပါးလောက်မှာ ဝင်နိုင်ခဲ့ပါလိမ့်မယ်။ Closeမှဝင်တော့လည်း ခြောက်ကျပ်ပြားရှစ်ဆယ်နီးပါးပေါ့။ Closeမှာဝင်ခဲ့မိရင် မှတ်ထားပါ။ Short-sellerတစ်ယောက်အတွက် Morning madnessကို အခွင့်အရေးယူနိုင်ရင် ယူသင့်ပါတယ်။

Short Tradeတစ်ခုဖွင့်ပြီးသွားရင်တော့ ဘယ်အချိန်မှာ ပြန်ဝယ်ရမလည်း ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ထားရပါမယ်။ Stop-lossပဲလုပ်လုပ်၊ Profit-takingပဲလုပ်လုပ် Tradeကို ပိတ်ဖို့က ပြန်ဝယ်မှကို ရပါမယ်။ ဝယ်ဖို့အတွက် Rule-of-thumbကတော့ "Closing Prices are always more reliable". Closing or near-closing priceလို့ပြောရင်တော့ ပိုမှန်ပါမယ်။

Short Trade openလုပ်အပြီး နောက်သုံးရက်အတွင်း share priceဟာ 6.60နဲ့ 6.48ကြားမှာ ပြေးနေခဲ့ပါတယ်။ Short positionတစ်ခုဖွင့်ပြီးပြီဆိုရင် ထားသင့်တဲ့ Another Rule-of-Thumbကတော့ Shorts are supposed to be held "SHORT". Short tradeတစ်ခု မြတ်နေပြီဆိုရင်၊ Profit %ကလည်း Reasonableဖြစ်တယ်ဆိုရင် မြန်မြန်သာ ပြန်ဝယ်လိုက်ပေတော့။ 6.99မှာ Shortပြီး 6.49မှာ ဝယ်ခဲ့မယ်ဆိုရင် 7%လောက် မြတ်နေပါပြီ။ Leverage နှစ်ဆ(သို့)သုံးဆသာလုပ်ထားရင် 14%-21%လောက်ဆိုတော့ လောဘကို အတောသတ်ပြီး Profit taking လုပ်သင့်ပါတယ်။

Profitမယူမိခဲ့ရင်လည်း ပြဿနာမရှိပါဘူး။ ဘာလို့လည်းဆိုတော့ အဲဒီ့နေ့ Closeအထိ Stockဟာ Bearish Trendသွားနေတုန်းပါပဲ။ Jan 18မှာ ဘာလို့ပြန်တက်သွားသလည်း ကြည့်ရအောင်။ တရားခံကတော့ IMFပါပဲ။ IMFက Eurozoneကို ကယ်ဆယ်ဖို့ နောက်ထပ် $500 billionလောက် Rescue Fundထဲမှာ ထပ်တိုးဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းထွက်လာတာပါပဲ။ သေချာဖတ်ကြည့်ရင် ဘာမှသေချာတာ မပါပါဘူး။ US Governmentကဆိုရင် မြန်တယ်။ သူတို့ဆီကတော့ ထပ်မမျှော်တဲ့နဲ့။ IMFက တကယ်တမ်း China, Indiaအစရှိတဲ့ Emerging Powerhouseတွေဆီက Contributionကို လိုချင်တာပါ။ ဒါပေမယ့် ဘယ်သူ့မှမလှုပ်ကြပါဘူး။ But, it's a big But, Stockတွေကတော့ အကြိုက်တွေ့ပြီး တက်ကုန်ကြတာပါပဲ။ ဒီEuphoriaကုန်တဲ့အထိတော့ ကျမယ်မထင်ပါဘူး။

အဲဒီ့နေ့က 6.80မှာ ပိတ်တော့ အဲဒီ့ဝန်းကျင်မှာ ပိတ်နိုင်ခဲ့ရင် နည်းနည်း မြတ်ပါသေးတယ်။ မပိတ်ခဲ့ရင်ရင်လည်း မမှားသေးပါဘူး။ အမှားဖြစ်နိုင်ခဲ့တာ ပြောပြပါမယ်။ Knee-jerk reactionဖြစ်ပြီးတော့ Jan 19th Opening timeမှာ ပိတ်ခဲ့ရင် အမှားပါပဲ။ Jan 19thကြာသာပတေးနေ့က BACရဲ့ quarterly earningပါ။ Good earningမို့လို့ ဆောင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် သေချာတွေးကြည့်ရင် Traderအများစုဟာ BACရဲ့ earningကို ကောင်းမယ်လို့ မှန်းထားပြီးသားပါ။ ဆိုလိုတာက High Expectationဟာ Priceထဲမှာ baked-inလုပ်ပြီးသားလို့ ပြောချင်တာပါ။ ဒါကြောင့် Closing timeလဲရောက်ရော တစ်နေကုန် ဆင်းလာတဲ့ share priceဟာ 6.96ပဲ ကျန်ပါတော့တယ်။

သောကြာနေ့ Jan 20thမှာတော့ 7.07မှာ ပိတ်သွားပါတယ်။ Weekendမှာ ပေါ်လာတတ်တဲ့ Headline Newsတွေ ရန်ကိုကြောက်လို့ Shortသမားအများစုဟာ စနေမဝင်ခင် Coverလုပ်တတ်ကြပါတယ်။ Short-coverလုပ်တယ်ဆိုတာ ပြန်ဝယ်ပြီး Tradeကို ပိတ်လိုက်တာ ဆိုလိုတာပါ။ Same worryရှိလို့ 7.07ဝန်းကျင်မှာ ပိတ်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ -1%လောက်ပေါ့။ This is part of the process and do not have to worry about it. Traderဆိုတာ Carefulဖြစ်တာကောင်းပါတယ်။ မပိတ်ခဲ့လည်း ကိစ္စမရှိ၊ All the good news for BAC have come out and baked into share price for now. S&P500, Dow Industrial Averageဟာလည်း Technical Resistance levelတွေနဲ့ နီးနေပြီမို့ ဒီနေ့ပြန်ဝင်မယ်ဆိုရင် ဝင်သင့်ပါတယ်။ ပြီးခဲ့တဲ့အပတ်က Tradeကို ကိုင်ထားရင်လည်း အခြေအနေကို ကြည့်ပြီး closing timeနားမှာ ဝယ်သင့်ရင် ဝယ်ပြီး Closeသင့်ပါကြောင်း။

Happy Trading.

12 January 2012

BAC Short Trade Update

BAC Short Trade updateပါ။ BACဟာ မှန်းထားတဲ့ target zoneကို ရောက်နေပြီဖြစ်တဲ့အတွက် Shortချင်သူများ Shortနိုင်ပြီ ဖြစ်ပါကြောင်း။ Stop-lossကိုတော့ $7လောက်မှာ ထားသင့်ပါတယ်။
BAC Daily Chart

Good Luck,
Happy Shorting

06 January 2012

New Year, New Trade

Happy New Year everyone. If you're in this business, I hope you have made some money last year even though it can only be possible if you were trading and shorting most of the time.

ကျွန်တော်Shortဖို့ Signal ပေးရင် Indexတွေကို Exhibitထားပြီး ပြောတတ်တာ ပျင်းစရာများကောင်းနေလားလို့ နှစ်သစ်မှာတွေးမိပါတယ်။ ဒီတော့ ဒီနှစ်ကစပြီး ပိုပြီးဒဲ့ဖြစ်တဲ့ Trading Signalတွေကို လိုတိုရှင်းရေးဖို့ ဆုံးဖြတ်ထားပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လုံးရေးခဲ့တဲ့ Technical Postsတွေကို ပြန်ဖတ်မယ်ဆိုရင် Basic fundamentalsတော်တော်များများကို စိတ်ဝင်စားမယ်ဆိုရင် Graspလုပ်နိုင်ကြမယ်လို့ Assumeလုပ်ထားပါတယ်။

အိုကေ၊ လိုရင်းကို သွားရအောင်။ Recommendလုပ်ချင်တဲ့ Tradeကတော့ Bearish Tradeပါ။ Stockကတော့ အများရင်းနှီးပြီးသား BAC (Bank of America)။ Just to be clear, I have no issue with BAC :) The trade is purely fundamental, headline and technical driven.

အောက်က Chartကို ကြည့်လိုက်ပါ။ 5.96 resistance levelကို မနေ့က Breakoutဖြစ်မလားလို့ ကျွန်တော်သုံးရက်လောက် စောင့်ကြည့်နေခဲ့ပါတယ်။ မနေ့က Breakoutကို volumeကောင်းကောင်းနဲ့ ဖြစ်သွားပါတယ်။ ဒီတော့ Technically, next levelကတော့ 6.86နားမှာရှိပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အဲဒီတောင် ရောက်မယ်မထင်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် Very Conservativeဖြစ်ချင်ရင်တော့ အဲဒီလိုင်းနားရောက်တဲ့အထိ စောင့်ချင်ရင် စောင့်နိုင်ပါတယ်။ ဘာကြောင့် Shortသင့်သလည်းဆိုတာတော့ အောက်မှာ Bulletတွေနဲ့ လိုတိုရှင်းပဲ ရေးထားပါတယ်။ အသေးစိတ်ကတော့ လက်သည်ကိုချည်းပဲ အားမကိုးဘဲ ကိုယ်တိုင်လည်း Researchလေးလုပ်ပြီး နည်းနည်းညှစ်ကြပါလို့။
BAC Daily Chart

Reasons to Short
- Too fast - since Dec 19th, BAC has made 26.45% gain at yesterday close. That's in less than 3 weeks!
- Yesterday rallyဟာ ADP payroll serviceက ဒီနေ့ထွက်မယ့် US Non-farm payroll estimateကို လူတိုင်းက တစ်သိန်းခွဲလောက်မှန်းနေတဲ့ အချိန်မှာ သူတို့က သုံးသိန်းနှစ်သောင်းခွဲထွက်မယ်လို့ ကြေညာလိုက်တဲ့အတွက် BACဦးဆောင်ပြီး Retail Bank stockတွေ ဆောင့်တက်ကုန်ကြတာပါ။ များများဆောင့်တက်ပြီးလေ Shortလုပ်ချင်တဲ့ Traderအတွက် Safeဖြစ်လေပါပဲ။ Volumeများလေ ဝယ်လက်ကုန်ပြီးသားဖြစ်လေပါပဲ။ ဒါကြောင့် after yesterday, BAC becomes my favourite stock to short. မနေ့က BACဟာ တစ်ရက်ထဲနဲ့ 8.6%တက်ခဲ့တာပါ။
- USAမှာ Economic dataတွေဟာ ထင်တာထက် ကောင်းနေပေမယ့် Europe/Euro zoneမှာတော့ ပိုဆိုးနေပါတယ်။ Italian 10-yr bond yieldတွေဟာ Danger zoneဖြစ်တဲ့ 7%အပေါ် ပြန်ရောက်သွားပါတယ်။ Greeceကလည်း Marchလအကုန်မှာ Disorderly Defaultဖြစ်နိုင်တယ်လို့ အစိုးရကိုယ်နှိုက်က ခြိမ်းခြောက်သလိုတောင် ပြောနေပါတယ်။
- Chinese Shanghai Market Indexဟာ ပြီးခဲ့တဲ့Postမှာ ပြောခဲ့သလိုပဲ downtrendဟာ ပြန်နာလန်မထူနိုင်ပဲ 2300 Support levelအောက်မှာပဲ ဝပ်နေပါတယ်။
- This may seem strange but Wall Street actually does not really want very strong economic data now because many believe that will stop the Federal Reserve's new Quantitative Easing program (new money printing) which is extremely good for the Stock market.

Trading Plan
- Open the trade within the circled zone.
- Place the stop above 6.86 resistance line. For e.g., at 6.90
- Take profit between 5.96 and 5.62. And if we're extremely lucky, it may drop like a stone to 5bucks again :)

Happy and Safe Trading

12 December 2011

Santa Rally? Don't bet on it

Octoberလကုန်က Perfect Shorting Opportunityပြောပြီးကတည်းက Shortလို့ကောင်းလိုက်ပုံများ Novemberလကုန်တဲ့အထိပါပဲ။ Novemberလကုန်မှာ ပြန်ပြီးRecoverဖြစ်တာကလည်း Central Bankersတွေပေါင်းပြီး USD Fundingကို ပေါပေါလောလောချေးပေးမယ်လို့ Announceလုပ်ခဲ့လို့ Intense Short-covering rallyဖြစ်ခဲ့တာပါ။ Shortထားတဲ့သူတွေဟာ အမြတ်ယူဖို့ (သို့) အရှုံးကို cutလုပ်ဖို့ Marketထဲကနေပြန်ဝယ်ရပါတယ်။ အဲဒါကို Short-coverလုပ်တယ်လို့ ခေါ်တာပါ။

Same old Same old EU Summit
ပြီးခဲ့တဲ့အပတ်ကြာသာပတေးနဲ့ သောကြာကလုပ်သွားတဲ့ EU Summitကနေ Credible Crisis Resolution Plan/Policyတစ်ခုခုထွက်လာမယ်လို့ မျှော်မှန်းချက်ကြီးကြီးထားပြီး ဝယ်ခဲ့ကြတဲ့Bullတွေကို ကျွန်တော်ကတော့ ကျေးဇူးတင်ပါတယ်။ Shortဖူးသမျှထဲမှာ Euro-phoria (false hope on Eurozone leaders to contain the crisis) rallyဟာ Safeအဖြစ်ဆုံးနဲ့ အမြတ်အစွန်းအကောင်းဆုံးပါပဲ။ Eurozone Leadersတွေရဲ့ အေးတိအေးစက်နဲ့ လှုပ်တုတ်တုတ်လုပ်တတ်တဲ့ Habit/Attitudeတွေဟာ အရမ်းကိုPredictable/Reliableဖြစ်ပါတယ်။ EU Summitအဝင် Market Rallyဖြစ်မယ်ဆိုတာလည်း အရင်လတွေက အတွေ့အကြုံကိုအသုံးချတတ်ရင် သိနိုင်ပါတယ်။ EU Summitကနေ ဘာမှမယ်မယ်ရရထွက်လာမှာ မဟုတ်ဘူးဆိုတာကိုလည်း Riskနည်းနည်းနဲ့ Shortနိုင်ပါတယ်။ အခုဆိုရင် Summitလည်းပြီးပြီ၊ Eurozone Crisisအတွက် ဘာမှSolutionလည်းမရှိ၊ Marketတွေဟာ ဘာကိုအားကိုးပြီး Rallyဆက်ဖြစ်မလည်းဆိုတာ Big Question Markပါ။ ဒါကြောင့် Trading Directionဟာ still downsideပါပဲ။

Shanghai Composite : The Stock Market of the World's Growth Engine
Shanghai Composite Indexဟာ Western Countries Indexတွေ ဘယ်လိုပဲ တက်နေတက်နေ သူကတော့ အောက်မှာ ဝပ်နေတာပါပဲ။ Shanghai Compositeဟာ Normally ၃လကနေ ၆လလောက်ကြိုပြီး Other indicesတွေကို Leadလုပ်တတ်ပါတယ်။ Currencyနဲ့ Treasury Bond Marketsတွေကြည့်ရင်လည်း Downtrendပါပဲ။ လေထဲမှာ မြောက်တက်နေတာ US Indicesတွေပဲရှိပါတယ်။ ဒါကြောင့် US Indexတွေဟာ တခြားTrendတွေကို သိပ်မကြာခင်မှာပဲ Catch-upလုပ်ဖို့Chanceဟာ Santa Claus Rallyဖြစ်ဖို့ Probabilityထက် ပိုကောင်းပါကြောင်း။

Still Happily Shorting Every Rally! Ho Ho Ho!

Shanghai Composite

S&P500

10-yr US Treasury Bond Yield

31 October 2011

Perfect shorting opportunity

တိုတိုနဲ့လိုရင်းပြောရရင် တစ်လလုံး European Debt Solutionအပေါ်မှာ မျှော်လင့်ချက်ကြီးကြီးထားပြီး တက်လာတဲ့ Rallyဟာ Correctionဖြစ်ဖို့ တာစူနေပါပြီ။ ပြီးခဲ့တဲ့အပတ်က ထွက်လာတဲ့ Eurozone summitက Debt Solutionဟာလည်း တကယ်တမ်းတော့ အာပလာ။

European Financial Stability Fund (EFSF), Really?
So much for the stability. EFSFရဲ့ Firepowerကို Euro 440 billionကနေ 1 trillionကျော်ကျော်တိုးမယ်လို့ Franceနဲ့ Germanyက ဦးဆောင်ပြီး Announceလုပ်ခဲ့ပါတယ်။ ကြားလိုက်ရရင်တော့ အားရစရာကြီးပါ။ တကယ်တမ်း သေချာလေ့လာမယ်ဆိုရင်တော့ သင်္ကြန်အမြောက်မှန်း လွယ်လွယ်ကူကူကို သိသာပါတယ်။ အဓိကသိဖို့က Existing 440bnဟာ PIIGS countriesကို Bailoutလုပ်ရင်းလုပ်ရင်းနဲ့ 250bnလောက်ပဲ ကျန်ပါတော့တယ်။ အဲဒီ့ကျန်တဲ့ balanceအပေါ်မှာ Leverageလုပ်ပြီး EFSFရဲ့ Firepowerကို 1 trillionအထိဖြစ်အောင်လုပ်မယ်လို့ ပြောနေတာပါ။ လေးဆလောက် Leveragလုပ်မှာဆိုတော့ နားလည်လွယ်အောင် ယှဉ်ပြောရရင် ကျွန်တော်တို့ အိမ်ဝယ်တဲ့အခါမှာ Deposit 20%တင်ပြီး 80%ကို ချေးပြီးဝယ်သလိုပါပဲ။ နောက်ဆုံးတော့ ပိုက်ဆံရှိတဲ့ တရုတ်တွေဆီမှာ အရှက်မရှိသွားချေးနေပါတယ်။ Russiaတို့ဘာတို့ဆီကလည်း လိုက်တောင်းဖို့ Planရှိပါတယ်။ အကြွေးကို အကြွေးနဲ့ရှင်းဖို့ ကြိုးစားနေကြတဲ့ အစိုးရတွေအပေါ်မှာ Bullishဖြစ်ချင်တယ်ဆိုရင်တော့ ကျွန်တော်မတားတော့ပါဘူး။

ဘာမှStrengthမရှိတဲ့ Good News has already been priced in
Stock Market Rallyရှေ့ဆက်တိုးဖို့အတွက် Old Newsအပေါ်မှာ ဘယ်တော့မှ အားကိုးလို့ မရပါဘူး။ ပြီးခဲ့တဲ့အပတ်အထိတက်လာတဲ့ Euphoria Rallyဟာ ဆက်တိုးဖို့ New Newsတွေလိုပါတယ်။ တရုတ်အစရှိတဲ့ တိုင်းပြည်တွေကနေ လောက်လောက်လားလားအကူအညီ ရဖို့လည်းလိုပါတယ်။ Greece Bond holdersတွေကို Julyတုန်းကပဲ ၂၀% အဆုံးခံဖို့ ညှိတုန်းရှိသေး အခုအောက်တိုဘာမှာ ၅၀% ဖြစ်သွားကြပြန်ပြီ။ Christmasမှာ ၁၀၀% ဖြစ်ချင်ဖြစ်မယ်လို့ ထင်ရင်မလွန်လှပါဘူး။ ကြွေးရှင်တွေက တဝက်အဆုံးခံတာတောင် Greeceရဲ့ ကြွေးထုပ်ဟာ GDPရဲ့ ၁၀၀%ကျော်ကျန်ပါသေးတယ်။ ဒီတော့ Greeceဇာတ်လမ်းဟာ Sequelတွေလာဦးမှာပါ။

Technically, even for Bulls, the trend has to take a breather
Octoberတလလုံး Hopeတစ်ခုထဲအပေါ်မှာ အားကိုးပြီး တက်လာတဲ့ Rallyဟာ Bullishဖြစ်နေသေးတဲ့ Bullsတွေအတွက်တောင်မှ Overboughtဖြစ်နေပါတယ်။ ဆက်တက်မယ်ဆိုရင်တောင် Correctionနည်းနည်းဖြစ်ပြီးမှ ဆက်တက်သင့်ပါတယ်။ မဟုတ်ရင် ပိုအကျနာပါလိမ့်မယ်။ ကျွန်တော်အပါဝင် Bearတွေအတွက်ကတော့ အခုTechnical setupဟာ Perfectပါပဲ။ If you dare not to short now, you should never short ever! အခုအပတ်ဟာ Economic dataပိုင်းမှာ Fed meeting, US manufacturing, US Employment အစရှိတာတွေနဲ့ အရေးကြီးသလို၊ G20 summitလဲရှိပါတယ်။ Marketဟာ EFSF expansion implementation detail planကို စောင့်ကြည့်နေကြမှာ သေချာပါတယ်။ မနက်ဖြန် Nov 1ရက်နေ့မှာလည်း China Manufacturing dataထွက်ဖို့ရှိပါတယ်။ Super weekပေါ့။ Earningပိုင်းကကြည့်ရင်လည်း S&P500ကုမ္ပဏီတွေရဲ့ ၂၀%လောက်ဟာ ဒီအပတ်ထဲမှာ Reportလုပ်ဖို့ရှိပါတယ်။ အဓိကပြောချင်တာကတော့ Profit Takingလုပ်ဖို့ ရမယ်ရှာနေတဲ့ Investorတွေဟာ နည်းနည်းလှုပ်လှုပ်ဖြစ်တာနဲ့ Sell buttonကို နှိပ်ဖို့ Readyပါပဲလို့။

Happy Shorting!

Dow Jones Industrial Average

07 October 2011

Bear Market? You bet!

Sorry Folks. Been super-busy. Julyလ နောက်ဆုံးPost "Still Short" ပြီးကတည်းက Marketတွေဟာ ကျလာလိုက်တာ သောက်သောက်လဲဆိုသလိုပါပဲ။ Shortနိုင်ခဲ့သော Traderသူငယ်ချင်းများ အားလုံးကို Congratulationsပါ။ အခုလက်ရှိဘာဖြစ်နေလည်းနဲ့ ဘာဆက်ဖြစ်နိုင်သလည်းဆိုတာ ကြည့်ရအောင်။

Fed is running out of bullets
September 17 Postမှာတုန်းက မShortတော့နဲ့လို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲဒီ့တုန်းက အဓိကReasonကတော့ US Federal Reserveရဲ့ September 2-day meetingလာတော့မှာမို့လို့ပါ။ ထွက်လာတော့ Meeting Outcomeကတော့ သိပ်အားရစရာမရှိပါဘူး။ Fedဟာ Long-dated Treasuryတွေကို ပိုဝယ်ဖို့ ကိုင်ထားတဲ့ Short-dated Treasury bondတွေကို ရောင်းမယ်ဆိုပါတယ်။ တိုတိုပြောရရင်တော့ 6-30yr Treasury Bondတွေကို လိုက်ဝယ်ရင် Treasury Yieldတွေပိုကျမှာဖြစ်ပြီး၊ အကျိုးဆက်အနေနဲ့ US Economyကို Stimulateလုပ်နိုင်မယ်လို့ Fedက မှန်းထားပါတယ်။ USမှာက 30-yr Mortgage rateတွေ၊ Business Loan, Personal Loanအစရှိတာတွေအားလုံးဟာ Treasury Yieldတွေကို Pegလုပ်ထားတာကြောင့် Fedက ဒီလိုလုပ်တာဖြစ်ပါတယ်။ Marketဟာ ၄၀၀billion Operation Twist (Sell 400bn short-term treasury and Buy 400bn long-term treasury)ရဲ့ Fire powerကို အားမရပါဘူး။ အဲဒီ့နေ့ Meetingအပြီးကတည်းက Sell-offလုပ်လိုက်တာ Marketဟာ ငုပ်ချီပေါ်ချီပါပဲ။

Usual Suspect
စက်တင်ဘာလကုန်ဟာ Fed-driven Marketပါပဲ။ အခုအောက်တိုဘာလဆန်း ၃ရက်နေ့မှာတော့ Marketတွေဟာ Sell-offဆက်ဖြစ်ပါတယ်။ အဓိကကတော့ Greece default ဖြစ်ခဲ့ရင် European Bankတွေဟာ အဲဒီ့ Shockwaveကို ခံနိုင်ပါ့မလားဆိုတဲ့ Concernပါပဲ။ Oct 4, 5, 6ရက်တွေမှာတော့ ဆက်တိုက်ပြန်တက်နေပါတယ်။ Dow Jones Industrial Averageဟာ သုံးရက်ပေါင်း ၃၁၅Pointလောက်တက်ထားပါတယ်။ အဲဒီ့လောက်ကတော့ အခုတလောမှာ Sell-off တစ်ရက်ဖြစ်စာပဲရှိပါတယ်။ Traderတစ်ယောက်အနေနဲ့ ဘာကြောင့်Rallyဖြစ်နေသလည်းဆိုတာကို ကြည့်ရပါမယ်။ အဓိကကတော့ အခုရက်ပိုင်းအတွင်းမှာ European Leaderတွေက Greece defaultဖြစ်ခဲ့ရင် European Bankတွေမှာ Cashflow/Liquidity crisisမဖြစ်ရအောင် ကူညီမယ်ဆိုပြီး ဟိုMinisterကပြော၊ ဒီMinisterကပြောလုပ်နေတာကြောင့် မျှော်လင့်ချက်တွေနဲ့ Rallyဖြစ်နေတာပါ။ ပထမတစ်ရက်နှစ်ရက်ကတော့ Shortထားတဲ့သူတွေဟာ Riskမယူချင်တာကြောင့် Agressively Covering (buying back stock to close short positions)လုပ်တဲ့အတွက်လို့ ကျွန်တော်တော့ ယူဆပါတယ်။

What to Trade - Short!
၂၀၁၀နှစ်ဆန်းကတည်းက လေများများ တကယ့်အလုပ်နည်းနည်းနဲ့ တစ်ယောက်တစ်ပေါက်လေလုံးထွားတတ်တဲ့ European Politiciansတွေရဲ့ စကားပေါ်မှာ Buildလုပ်လာတဲ့ အခု latest rallyကို ကျွန်တော်ကတော့ လုံးဝအယုံအကြည်မရှိပါဘူး။ အထူးသဖြင့် Indexတွေဟာ တက်နေပေမယ့် Volumeတွေကတော့ တစ်ရက်ပြီးတစ်ရက် ကျလာပါတယ်။ ဒါနေ့ထွက်မယ့် USက September non-farm payrollဟာလည်း Augustတုံးက ZEROဖြစ်ခဲ့တာမို့ ဒီလဘဲဥကွဲမလား၊ ကွဲခဲ့ရင် ဘယ်လောက်ပဲတိုးမလဲဆိုတာ ကြည့်ရပါမယ်။ ဘာထွက်လာလာ Upside Surpriseဖြစ်ဖို့ Chanceအရမ်းနည်းပါတယ်။ ဒါကြောင့် လက်ရှိTradeကတော့ အခုတလော ဆောင့်တက်ထားတဲ့ Banksတွေ၊ Material/Mining companiesတွေကို Shortသင့်ပါတယ် (Short when Dow Jones Industrial Average is around 11,250)။ အောက်မှာ Bear Trendသွားနေတဲ့ Key Indicesတွေနဲ့ Treasury, Commodities chartတွေကို ပြထားပါတယ်။

Happy Shorting

10-yr Treasury Yield (the lower the yield, the worse the economic outlook is)

Copper October 2011 Futures

Dow Jones Industrial Average

Euro/US$

17 September 2011

Coming back very soon...

I have been very busy with a software development contract. Will return to writing a new post very soon. In the mean time, do not short anymore. Hold the trigger.

12 July 2011

Still Short

Greece Parliamentမှာ Austerity Voteတွေ Passဖြစ်တဲ့ June 29မတိုင်ခင်နှစ်ရက်ကတည်းက US Marketတွေဟာ တက်လာလိုက်တာ ပြီးခဲ့တဲ့သောကြာ July 8ရက်နေ့ US Non-Farm Payroll Reportထွက်လာတဲ့ အထိပါပဲ။ US Indexesတွေရဲ့ Upward momentumဟာ ကြမ်းလွန်းလို့ (800pts in 8sessions for DJIA) ကျွန်တော်ကတော့ အဲဒီ့Rallyထဲကို ဝင်မပါခဲ့ပါဘူး။ Last Thursdayက NASDAQဟာ Pre-GFC highအပေါ်မှာ Closeသွားတော့ Aprilတုန်းက Highနဲ့တွဲပြီး Double-Top formationများ ဖြစ်မလားလို့ Friday Payroll reportကို စောင့်နေခဲ့ပါတယ်။

Peanut Jobs
Analystsအများစုဟာ Juneလ US Payrollကို ၁သိန်းခွဲလောက်တက်မယ်လို့ မှန်းထားတာ တကယ်ထွက်လာတော့ ၁သောင်း၈ထောင်ပဲရှိပါတယ်။ ဒါပေမယ့် အဲဒီ့နေ့ကတော့ ထင်သလောက် Selloff မဖြစ်ခဲ့ပါဘူး - ဒီအပတ် 2nd Quarter Earning Seasonအပေါ်မှာ မျှော်လင့်ချက်ကြီးခဲ့ပုံ ပေါ်ပါတယ်။ ဒါပေမယ့် US Marketတွေ မျက်ခြေပျက်သွားခဲ့တဲ့ Chartကတော့ Italy 10-yr bond yieldတွေပါပဲ။

The Second "I" in PIIGS
Italy Manufacturing and Services PMI (Purchasing Managers Index)တွေဟာ Expansion Territoryကနေ Contraction Territoryကို Juneလမှာ ဆင်းနေခဲ့ပါတယ်။ Manufacturing and Service PMIတွေဟာ Economyတစ်ခုရဲ့ Leading Indicatorတွေပါ။ Italy ရဲ့ Debt-to-GDP Ratioဟာလည်း Eurozone areaမှာ Greeceပြီးရင် အများဆုံးဖြစ်ပါတယ်။ အဆိုးဆုံးကတော့ Italy Economyဟာ Eurozoneမှာ 3rd Largestဖြစ်တာကြောင့် Greeceလို လွယ်လွယ်ကူကူ Bailoutလုပ်ဖို့ မလွယ်ဘူးလို့ Marketက Assumeလုပ်ထားပါတယ် - Too Big To Saveပေါ့။ Italyအခြေအနေမကောင်းတာနဲ့ Italy 10-yr bondတွေ Selloffအလုပ်ခံရပါတယ်။ Bondဈေးတွေထိုးကျတော့ Yieldတွေခုန်တက်ကုန်တာပေါ့။ ဒါပေမယ့် Marketဟာ High Yieldတွေကို မမက်ဘဲ ပြီးခဲ့တဲ့ တပတ်လုံး Italy Bondတွေကို Selloffလုပ်နေခဲ့ပါတယ်။
Italy 10-Yr Bond Yield - Source : Bloomberg
Charts Don't Lie
Technicalတွေကို ကြည့်ရအောင်။ အခုတလောမှာ Forexနဲ့ Bond Market Chartတွေဟာ Equity/Stock Market Chartတွေထက် ပိုအရေးကြီးပါတယ်။ In short, EUR.USD & Treasury Bond Yields dive and S&P500 is playing catch-up.
 Gold August 2011 Futures
 US Treasury 10-Yr Note Yield
 EUR/USD Forex
 S&P500 Daily
Summary
လွန်ခဲ့တဲ့နှစ်ပတ်က စခဲ့တဲ့ Rallyဟာ Fund Managerတွေ Second Quarter End Window-dressing လုပ်တာလို့ တချို့က ယူဆတာဟာ မှန်ချင်လည်း မှန်နိုင်ပါတယ်။ Juneလတစ်လလုံး Selloffဖြစ်လာတော့ နောက်ဆုံးပတ်မှာ Quarter end result ကြည့်ကောင်းအောင် လိုက်ဝယ်တာကို ဆိုလိုတာပါ။ Negative %တွေအများကြီးပြနေရင် ဘယ်လိုလုပ် ကြည့်ကောင်းမလဲ။ All that aside, US Economy outlook is not looking good after last Friday Payroll number. Inflation in China is going through the roof and there will be more tightening. And Eurozone drama has just started with big guy Italy.

Short and Sweet! - David Tepper (Hedge Fund Manager)

16 June 2011

Technicals of Current Markets

Uncertainties ခြောက်ခုပြောတုန်းပဲ Stock Marketတွေဟာ ဆက်ပြီးကျနေပါတယ်။ အဓိက Uncertaintyကတော့ Greece Government Stability, Mass Protestsတွေနဲ့ EU၊ ECBတို့ရဲ့ သဘောထား မတိုက်ဆိုင်မှုတွေပဲ ဖြစ်ပါတယ်။ Greece defaultဖြစ်ရင် ပိုက်ဆံအားဖြင့် EUR300billionလောက်ပဲရှိပေမယ့် Marketကကြောက်တာက Contagionပါ။ Contagion to Irelandနဲ့ Portugal၊ may be even Spain. Defaultဖြစ်ခဲ့ရင် အဓိကခံရမှာကတော့ ပြင်သစ်နဲ့ ဂျာမနီက ဘဏ်ကြီးတွေပါပဲ။

Sundayက ပြောထားတဲ့အတိုင်း ဒီPostမှာ Marketတွေရဲ့ Technical Analysisကို လိုရင်းပဲပြထားပါတယ်။

Stock Market - S&P500 Index
S&P500ဟာ 2011 March low areaဖြစ်တဲ့ 1250 supportကို ဒီအပတ်(သို့) နောက်အပတ်ထဲမှာ Testလုပ်နိုင်ပါတယ်။ 1250ဝန်းကျင်ဟာ Simple Moving Average SMA 200 စောင့်နေတဲ့နေရာလည်း ဖြစ်ပါတယ်။ SMA200ဟာ Bull/Bearလိုင်းလို့ သတ်မှတ်ထားတာမို့ SMA200 Holdမလုပ်နိုင်ရင်တော့ Officially Bear Territory ဖြစ်သွားပြီး Selling Pressureပိုဖြစ်နိုင်ပါတယ်။

Forex - EUR.USD
Obviously, Greeceသတင်းတွေကြောင့် Euro Dollarဟာ Selloffအလုပ်ခံနေရပါတယ်။ Side-effectကတော့ USDဟာ မထိုက်မတန်ဘဲ ပြန်အားကောင်းနေတာပါပဲ(Especially, given the current US Debt ceiling debacle)။ Euro Dollarဟာ အနည်းဆုံးတော့ 1.40ကို Testလုပ်လိမ့်လို့ မှန်းနိုင်ပါတယ်။ USDအားကောင်းတာနဲ့ USDနဲ့ Settleလုပ်ရတဲ့ Oil, Metalတွေ ဈေးကျတာပါပဲ။ ဒါပေမယ့် ရွှေတော့ မပါသေးပါဘူး။ ရွှေဟာ အကြောက်တရားပေါ်မှာ Feed upလုပ်တာမို့ မကျတာ မထူးဆန်းပါဘူး။

Commodity - Gold
Fearဟာ Goldအတွက်ကောင်းတယ်ဆိုရင်ု Inflationary Pressureက ပိုတောင်ကောင်းပါသေးတယ်။ မနေ့ညက US Core CPI ဟာ ထင်ထားတဲ့ 0.2%ထက် ပိုပြီး 0.3%ဆိုပြီးထွက်လာလို့ Goldဟာ တက်သွားတာလည်း ပါပါတယ်။ ဒါပေမယ့် လတ်တလောဖြစ်ပျက်နေတာတွေအရတော့ အဓိကကတော့ Uncertainty related fearကြောင့်ပါ။

Bond - 10yr US Treasury Yield
Fearအရှိန်ဘယ်လောက်ကောင်းသလည်းဆိုရင် USမှာ Debt Ceiling, Housing Market, Job Marketပြဿနာတွေ ဒီလောက်ရှိနေတာတောင် US Treasuryတွေကတော့ အလှူပေးနေသလို အဝယ်လိုက်နေတုန်းပါပဲ။ Demandကောင်းတော့ Bondဈေးတက်၊ Bondဈေးတက်တော့ Inverselyအချိုးကျတဲ့ Yieldတွေထိုးဆင်းပါတယ်။ 10-yr Yieldတွေဟာ ၃%နားမှာ ပြေးနေသရွေ့ Marketထဲမှာ Fearအပြည့်ရှိတုန်းပဲလို့ ပြောလို့ရပါတယ်။

Summary
Stock Markets are decidely in a downtrend. S&P500ဟာ ၁၂၅၀ထက်ဆက်ကျရင် ၁၁၇၀လောက်အထိ Big Correctionဖြစ်ဖို့ မှန်းနိုင်ပါတယ်။ Marketဟာ Oversoldအရမ်းဖြစ်နေပြီး အချိန်မရွေး Bounceဖြစ်ဖို့ အဆင်သင့်ပဲလို့ Argueလုပ်နိုင်ပေမယ့် June 12မှာ ပြောခဲ့တဲ့ Uncertaintiesတွေရှိနေရွေ့ Bullတွေဟာ Under Pressureရှိနေမှာ ဖြစ်ပါကြောင်း။

Happy Shorting but keep a tight buy stop!

12 June 2011

Uncertainties Drag the Markets

Sorry Folks. Been super busy. Marketဟာ မေလဆန်းကတည်းက Super volatileဖြစ်နေတာ (especially here in Asia) အားချိန်များရမလားမှတ်တယ်၊ Quote screenနဲ့ မျက်စိနဲ့ ခွာလို့ကို မရဘူး။ အခုတလောဖြစ်နေတာတွေ အားလုံးကို အောက်မှာ လိုတိုရှင်းပဲ Analyseလုပ်ပေးထားပါတယ်။

The most annoying thing - Uncertainty
Marketတွေဟာ Data/Newsကောင်းကောင်းဆိုးဆိုး တိတိကျကျသိရရင် Price inလုပ်ပြီး Move onလုပ်နိုင်ပါတယ်။ တီကောင်ဆားကြောက်သလို Marketတွေကြောက်တာကတော့ Uncertaintyပါပဲ။ ဟိုလိုလို၊ ဒီလိုလို ဖြစ်နေတာများလေ Marketဟာ Sell first, Ask laterဆိုတဲ့ စကားအတိုင်း အရင်ဆုံးစလုပ်တာကတော့ Selloffပါပဲ။

Uncertainty No. 1
Global Growthဟာ temporary slowလား၊ ပိုဆိုးမယ့် double-dip recessionဘက်ကို သွားနေတာလားဆိုတာ အခုတလော မှန်းရခက်ပါတယ်။ Prominent Economistsအများစုနဲ့ Federal Reserveကိုယ်တိုင်ကတော့ March, Aprilတုန်းက ဖြစ်သွားတဲ့ Japan Quake/Nuclear crisisနဲ့ Middle-east crisisကြောင့် ဆောင့်တက်သွားတဲ့ Oil pricesတွေကြောင့် Global Economyဟာ Soft Patch (Temporary slowdown)ကာလထဲ ရောက်နေတယ်ဆိုပါတယ်။ 2011 second-halfမှာ ပြန်ပြီးAccelerationပြန်ရလာမယ်လို့ တွက်ထားကြပါတယ်။

Uncertainty No. 2
USမှာ Federal Reserveရဲ့ 600billion Treasury buying scheme (well known as QEII)ဟာလည်း ဒီလကုန်ရင် ပြီးတော့မှာမို့လို့ ဘာဆက်ဖြစ်မလည်း သို့လောသို့လောဖြစ်နေကြတာလည်း ပါပါတယ်။ တကယ်တော့ QEIIဟာ ဒီလကုန်ရင် Bond Buying Processပြီးသွားတာပဲရှိတာပါ။ Fedဟာ အဲဒီ့ပိုက်ဆံတွေကို Withdrawလုပ်ဖို့ ၂၀၁၁မပြောနဲ့ ၂၀၁၂တောင် မသေချာပါဘူး။ ဆိုလိုတာက Fedရဲ့ Balance sheetဟာ ဒီလကုန်ရင် ပြန်Deflateမဖြစ်သွားပါဘူး။ 600billion dollarဟာ Bankတွေကနေ သာမန်လူတန်းစားတွေ လက်ထဲအထိရောက်ဖို့ အချိန်ယူရပါတယ်။ အနည်းဆုံး နောက်ထပ် သုံးလေးငါးလလောက်ကြာမှ QEIIရဲ့ Effectကို သိရမှာပါ။ ဒါပေမယ့် QEIIပြီးတော့မယ်ဆိုပြီး မိုးပြိုမှာကြောက်တဲ့သူတွေကတော့ အခုတလော Marketထဲမှာ အများသား။

Uncertainty No. 3
US အစိုးရမှာ အခုမြွေကိုက်နေတဲ့ကိစ္စကတော့ Obamaအစိုးရရဲ့ Borrowable Debt limitတိုးရေး မတိုးရေးပါပဲ။ Democratတွေက August dealineမတိုင်ခင်တိုးချင်ပေမယ့် Republicanတွေက တိုးမယ့်Amountအတိုင်း လာမယ့် Budgetမှာ spending cutsတွေ ပြန်ပြီး compensateလုပ်ပေးရမယ်ဆိုပြီး တောင်းဆိုနေပါတယ်။ နောက်နှစ်မှာ Electionရှိတော့ Republicanတွေကလည်း နည်းနည်းတော့ ဒီနှစ်ပိုညစ်တယ်။ Political Chicken Gameကို နှစ်ဘက်လုံးဆော့နေကြတာ ဘယ်သူအရင် မျက်တောင်စခတ်မလည်းပေါ့။ ဒီအပတ်ထဲမှာတော့ နှစ်ပါတီ ဆက်ဆွေးနွေးကြမယ်(ဆက်သတ်ကြဦးမယ်) ပြောတာပဲ။ Dealတစ်ခု စောစောထွက်လာလေ၊ Marketအတွက် Uncertaintyတစ်ခုလျော့သွားလေပါပဲ။ US Governmentဟာ ထုတ်ရောင်းထားတဲ့ Bondတွေရဲ့ Coupon/Interestမပေးနိုင်ခဲ့ရင် Technical Defaultဖြစ်စေနိုင်တာကြောင့် ဒီကိစ္စဟာ တော်တော်အရေးကြီးပါတယ်။ Biggest Foreign Owner of Treasury Bondဖြစ်တဲ့ တရုတ်အစိုးရကလည်း မင်းတို့လုပ်နေကြတာ Playing with Fireလို့တောင် ထုတ်ပြောပါတယ်။

Uncertainty No. 4
Chinese အစိုးရရဲ့ Monetary Tighteningဟာလည်း Soft landingမဖြစ်ဘဲ လက်လွန်ပြီး Hard landingဖြစ်မလားဆိုပြီး Marketဟာ Evaluateလုပ်နေတုန်းပါပဲ။ Chinese dataတွေထွက်လာရင် Balanceမှန်ဖို့ အရမ်းအရေးကြီးပါတယ်။ ကောင်းလွန်းရင် အစိုးရတော့ Tightening (interest rate hike)ထပ်လုပ်တော့မယ်ဆိုပြီး ကြောက်ကြသလို မှန်းတာထက် နည်းလွန်းရင်လည်း အစိုးရScrewလုပ်တာများလို့ Slowdownဖြစ်သင့်တာထက် ပိုဖြစ်နေပြီဆိုပြီး selloff ဖြစ်တတ်ပါတယ်။ Shanghai Composite Indexဟာ Aprilလလယ်ကတည်းက ကျလာတာ အခုဆိုရင် 12%နှုန်းလောက် Correctionဖြစ်ပြီးပါပြီ။ Januaryတုန်းက Support Line 2700ဟာ Holdလုပ်ထားနိုင်ပါသေးတယ်။ ဒါဟာကောင်းတဲ့Signပါ။ ဒါပေမယ့် ဒီအပတ် June 14မှာ CPI dataထွက်လာပါမယ်။ CPIဟာ ပြီးခဲ့တဲ့လက 5.3%ထက်များမယ်ဆိုရင် 2700ဟာ Brokenဖြစ်နိုင်ပါတယ်။

Uncertainty No. 5
သူမပါလို့ ဘယ်ပြီးမလည်း - Greeceလေ။ နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ Marketကို Screw upလုပ်နေသလား အောက်မေ့ရတယ်။ Tax revenueတွေ မှန်းထားသလောက် Collectမလုပ်နိုင်၊ Deficit cutting planတွေကို ကောင်းကောင်းမလုပ်နိုင်နဲ့ အခုပိုက်ဆံထပ်လိုပြန်ပြီ။ Eurozone Leader Germanyက ဒီတခေါက်တော့ Private Greece Bond Holderတွေပါ ပါသင့်တယ်ဆိုပါတယ်။ Germanတွေဖြစ်ချင်တာက Greece Bond Holderတွေဟာ နောက်နှစ်မှာ Matureဖြစ်မယ့် Bondတွေကို နောက်ထပ် (၇)နှစ်လောက် Rolloverလုပ်စေချင်တာပါပဲ။ သူတို့ရဲ့ Reasonကတော့ Greeceဟာ နာလန်ထူဖို့ အချိန်ယူရမယ် ဘာညာပေါ့။ ဒါပေမယ့် ပြဿနာက Major Bond Holderဖြစ်တဲ့ European Central Bank leader Jean-Claude Trichetက ဒါဟာ Defaultတစ်မျိုးပဲဆိုပြီး လက်မခံနိုင်ပါဘူး။ ဒီတော့ နောက်အပတ် Eurozone Finance Minister meeting (June 20)မှာ Finaliseလုပ်ရမယ့် Greece Aid packageဟာ ECB-Germany standoffကြောင့် တကယ်ဖြစ်မလာရင် Julyမှာ Greeceဟာ Defaultဖြစ်နိုင်တယ်ဆိုတဲ့ Uncertaintyဟာလည်း Marketကို Spookedဖြစ်စေပါတယ်။

Uncertainty No. 6
No. 1မှာပြောခဲ့သလို Economistတွေရဲ့ Global Slowdown Villainကတော့ High Oil Priceတွေပါပဲ။ ပြီးခဲ့တဲ့ အပတ်က OPEC meeting အပြီးမှာ Marketထဲမှာ Supplyလုံလောက်တာမို့ Production Quota ထပ်တိုးဖို့ မလိုဘူးလို့ ဆိုပါတယ်။ More Supplyဟာ Priceကို ကျစေနိုင်တာမို့ ရေရှည်ကြည့်မယ်ဆိုရင် Global Growthနဲ့ Inflation controlအတွက် ကောင်းပါတယ်။ OPECရဲ့ အကြီးဆုံး Memberဖြစ်တဲ့ Saudi Arabiaကတော့ သူ့ဘာသာ ငါတကောကောပြီး Julyမှာ Productionကို 1million barrels per day ပိုထုတ်ပေးမယ်ဆိုပါတယ်။ ဒီသတင်းထွက်လာတာနဲ့ သောကြာနေ့က Oilဈေးကျတာပါပဲ။ ဒါပေမယ့် Saudiထွက်တဲ့ Crudeဟာ Sour Crude (lower quality than Libya's sweet crude)ဖြစ်တာကြောင့် Sweet crudeအသုံးများတဲ့ Europeနဲ့ Asiaအတွက်တော့ အရမ်းထူးတဲ့ သတင်းကောင်းတော့ မဟုတ်ပါဘူး။ Libya စစ်ပွဲပြီးမှသာ Stableဖြစ်သွားမယ့်ပုံ ပိုရှိပါတယ်။

Summary
တိုမလားလို့ စရေးလိုက်ပါတယ်၊ တော်တော်တောင် များသွားပြီ။ အပေါ်မှာပြောခဲ့တဲ့ Uncertaintiesတွေကြောင့် Marketဟာ Selloffဖြစ်နေတာ မဆန်းပါဘူး။ ဒီလကုန် July လဆန်းပိုင်းရောက်ရင်တော့ ပိုပြီး Certaintyရှိလာမှာမို့ Julyလကုန်ပိုင်းလောက်ကို Market bottomဖြစ်နိုင်တယ်လို့ Conservativelyမှန်းလို့ရပါတယ်။ But we never know. Political Decisions can happen suddenly and Market can roar back anytime soon. However, some certainties must come first.

Happy Bargain Hunting!

PS : I'll write Technicals about current Markets soon.

15 May 2011

SOHU chart

ညီလေးတစ်ယောက်က SOHUရဲ့ Technicalလေးလုပ်ပါဦးဆိုလို့ အောက်မှာ ပြထားပါတယ်။

Daily Chart
Dailyမှာ ကြည့်လိုက်ရင်တော့ အခုတလော Selling Pressureများနေတာကို တွေ့ရပါတယ်။ Februaryက breakoutလုပ်ခံရတဲ့ Resistance line $78ဟာ ပြန်ပြီးTestခံရဖို့ Chanceများပါတယ်။ သတ္တိရှိရင်တော့ $78မှာ Tight-stopထားပြီး ဝယ်သင့်ပါတယ်။ ဆိုးဆိုးရွားရွား သတင်းမရှိဘဲ $78အောက်ရောက်ဖို့တော့ Chanceနည်းပါတယ်။ သေချာချင်ရင်တော့ 78ကနေ Bounceပြန်ဖြစ်တဲ့အထိစောင့်သင့်ပါတယ်။


Weekly Chart
Weeklyကို ကြည့်လိုက်ရင်တော့ သတိထားစရာတွေပိုရှိပါတယ်။ 2010 Julyကစခဲ့တဲ့ Long-term uptrendဟာ နောက်ဆုံးအပတ်မှာ Brokenဖြစ်နေတာကို ကျွန်တော်သိပ်မကြိုက်ပါဘူး။ Past two weeks (down weeks)တွေမှာ Volumeတွေကောင်းတာလည်း တွေ့ရပါတယ်။ ဒါမျိုးတွေ့ရင် ပိုသတိထားရပါမယ်။ 78ကို Testလုပ်မလား Definitely စောင့်ကြည့်သင့်ပါတယ်။

Good Luck!

11 May 2011

Forget "Sell in May"

လွန်ခဲ့တဲ့ နှစ်ပတ်လုံး US Market Performanceကို ကျွန်တော်စောင့်ကြည့်နေခဲ့ပါတယ်။ Sell in May and go awayဆိုတဲ့ စကားအတိုင်းများ ဖြစ်လာမလားလို့ပါ။ ဒါပေမယ့် S&P500ဟာ ၁၃၄၀ supportကို လှုပ်တုတ်တုတ်နဲ့ပဲ Holdလုပ်နိုင်ခဲ့ပါတယ်။ အောက်မှာ S&P500ရဲ့ Daily chartကို ပြထားပါတယ်။

Technicals
S&P500ဟာ Mayလ ၅ရက်နေ့မှာ Previous trading rangeရဲ့ Highဖြစ်တဲ့ ၁၃၄၄အောက်မှာ ပိတ်သွားခဲ့ပါတယ်။ ဒါပေမယ့် နောက်နှစ်ရက်အတွင်းမှာ အောင်အောင်မြင်မြင်ပဲ Resistance-turn-Support-line ဖြစ်တဲ့ ၁၃၄၄အပေါ်မှာ ပိတ်သွားနိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ Projectionကတော့ ၁၄၂၉အထိမှန်းထားပါတယ်။ ဒါပေမယ့် ၁၄၀၀ဟာ Round number affectရှိတာမို့ Resistanceအနေနဲ့လည်း ရှိနေနိုင်ပါတယ်။ ၁၄၀၀ကို Breakoutလုပ်နိုင်ရင်တော့ ၁၄၂၉ကို မှန်းလို့ရပါတယ်။ MACDကို ကြည့်ရင်လည်း Bullish confirmation signalပေးနေတာကို တွေ့ရပါတယ်။ EMA50လိုင်းရော၊ current uptrendလိုင်းတွေ အားလုံးHoldဖြစ်နေတာလည်း Bullishဖြစ်ပါတယ်။

Geopolitical
ပြီးခဲ့တဲ့ Fridayက US Employment Situation reportဟာ မှန်းထားတာထက် အများကြီးပိုကောင်းပါတယ်။ Europeမှာလည်း အခုတလောအတွင်း Greeceအစိုးရဟာ Debt restructuringလုပ်မယ်၊ Eurozoneကနေ ခွဲထွက်မယ်စတဲ့ ကောလဟာလတွေထွက်လာပါတယ်။ Greeceရဲ့ Fiscalအခြေအနေဟာ သိပ်မဟန်လှတာမှန်ပေမယ့် ဒီကောလဟာလတွေအတိုင်း ဖြစ်လာလောက်အောင် Eurozone countriesတွေဟာ လွှတ်မထားပါဘူး။ Greeceဟာ Budget Deficit cutting planတွေကို အောင်မြင်အောင်လုပ်နိုင်ရင် နောက်ထပ် Bailout moneyလိုအပ်ရင် လိုအပ်သလို ပေးဖို့ Eurozone memberတွေဟာ အဆင်သင့်ရှိပါတယ်။မနေ့က China Trade balance dataဟာလည်း Analystsတွေမှန်းထားတာထက် ဆယ်ဆပိုပြီးထွက်လာပါတယ်။ Chinese export jumpဖြစ်တာဟာ Global consumptionအရှိန်ကောင်းနေတုန်းပဲဆိုတဲ့ Proofဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့နေ့လယ်မှာ ထွက်မယ့် China CPI, PPI dataတွေတော့ သေချာစောင့်ကြည့်ရပါမယ်။ CPIဟာ လွန်ခဲ့တဲ့လကထက် များတယ်ဆိုရင်တော့ တရုတ်အစိုးရဟာ more monetary tighteningလုပ်တော့မယ်ဆိုပြီး Bearတွေအတွက် selloffလုပ်ဖို့ Reasonပေးသလိုဖြစ်နိုင်ပါတယ်။ Middle-eastက Gadafiသတင်းကတော့ ဘယ်သူမှ သိပ်စိတ်မဝင်စားတော့ပါဘူး။ ရိုးနေပြီ။

Summary
Overall, marketဟာ မေလဆန်းက လှုပ်တုတ်တုတ်ဖြစ်နေပေမယ့် အခုတော့ ပြန်နာလန်ထူဖို့ အရှိန်ယူနေပါပြီ။ S&P500ဟာ 1429ကို နောက်သုံးလအတွင်းသွားဖို့ Probabilityကောင်းပါတယ်။ Time to be bull again!

Happy Trading!

27 April 2011

The Biggest Event of April or even 2011

Yes, လူတိုင်းက Williamနဲ့ Kateရဲ့ Friday Weddingကို မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်နေကြပေမယ့် Financial Marketအတွက် The Biggest Eventကတော့ ဒီနေ့ည USက Fed meeting policy statementနဲ့ First ever Fed post-meeting News Conferenceပါပဲ။

Why this meeting policy statement is so important
ဘာလို့လည်းဆိုတော့ financial marketထဲမှာ QE II(Quantitative Easing II)လို့ အသိများတဲ့ Fedရဲ့ U$600billion worth of Treasury purchase programဟာ လာမယ့် Juneလမှာ ကုန်ပါမယ်။ Fedဟာ Official interest rateကို zeroနီးပါးချထားခဲ့တာ ၂၀၀၈နှစ်ကုန်ပိုင်းကတည်းကပါ။ ဒါပေမယ့် ဒီလို Traditional Monetary Policyဟာ Financial Crisisကနေ Recoverဖြစ်ဖို့ မလုံလောက်တာမို့ Fedဟာ US dollarကို အလှူပေးသလို ရိုက်ထုတ်ပြီး Obama governmentရဲ့ treasury debtတွေကို လိုက်ဝယ်ရပါတယ်။ ဘာလို့ဝယ်ရသလည်းဆိုတော့ သူတို့က Billionကို ရာနဲ့ချီပြီးဝယ်တော့ treasury notesတွေ၊ bondsတွေဟာ ဈေးမတက်ရင်တောင် ဈေးထိုးမကျတော့ပါဘူး။ ဒီတော့ treasuryဈေးနဲ့ ပြောင်းပြန်အချိုးကျတဲ့ treasury interest rateတွေဟာ ကျ(သို့)ငြိမ်သွားပါတယ် (low or stable interest rate helps the financial recovery process)။ ဒါကြောင့် ဒီJuneအကုန်မှာ အပြီးသတ်မယ့် U$600bn QEIIပြီးသွားရင် Fedဘာဆက်လုပ်မလည်းဆိုတာဟာ Marketရဲ့ medium-term directionကို defineလုပ်မယ့် very important decisionပါ။

လုပ်ချင်တိုင်းလုပ်လို့ မလွယ်တော့သော USရဲ့ Fiscal situation
US governmentဟာ net deficitပြပြီး အတိုးပေးဖို့တောင် အကြွေးသစ်တွေ ထပ်ရောင်းစားနေရတာ ကြာပါပြီ။ အပေါ်မှာ ပြောခဲ့သလို Fedကလည်း ပိုက်ဆံရိုက်ထုတ်ပြီး အားပေးတယ်ပေါ့။ ဒါကြောင့် တရုတ်တို့ Brazilတို့က Fedဟာ US government debtကို Monetizingလုပ်တယ်လို့တောင် စွပ်စွဲကြပါတယ်။ US dollar devaluationလုပ်တယ်ဆိုလည်း မှန်ပါတယ်။ အမှန်လည်း Fedဟာ USDကို ကျစေချင်တာပါ။ ဒါမှ US Exportတွေဟာ Cheaperပိုဖြစ်ပြီး တိုင်းပြည်နာလန်ပြန်ထူတာ မြန်နိုင်မယ်လို့ သူတို့ယုံကြည်ပါတယ်။ Officiallyတော့ ကျွန်တော်ပြောသလို ဘယ်ဝန်ခံပါ့မလည်း၊ ဒါပေမယ့် USD devaluationဟာ Exactly what the Fed wants! အပေါ်မှာ ပြောခဲ့သလို treasury notes, bondsတွေ ထုတ်ရောင်းကောင်းကောင်းနဲ့ ရောင်းစားလာလိုက်တာ အခုတော့ Treasury Secretary Timothy Geithnerရဲ့ လည်ပင်းကိုရောက်ပြီး USရဲ့ Official Debt limitဟာ max outဖြစ်ဖို့ တော်တော်နီးနေပါတယ်။ လူတိုင်းနားလည်အောင်ပြောရရင်တော့ Obamaမှာ credit limitများများနဲ့ credit cardကြီးရှိတာ အခုတော့ အဲဒီ့Credit card max outဖြစ်တော့မယ်လို့ ဆိုလိုတာပါ။ Fedက ဝယ်မယ်ဆိုရင်တောင် Obama အစိုးရဟာ Budget cuttingတွေ၊ deficit reductionတွေကို Republicanတွေရဲ့ Pressureကြောင့်ရော 2012 Electionအတွက်ပါ စပြီးလုပ်နေရပါပြီ။ ဒါကြောင့် Fedရဲ့ Monetary Policyဟာ governmentရဲ့ Fiscal policyလွှမ်းမိုးမှုကို ခံရပါလိမ့်မယ်။

Recent Madnessများ
Fedဟာ Easy Money Policy stanceကို Maintainလုပ်မယ်လို့ Marketဟာ မျှော်လင့်ထားသလား မထားသလားကတော့ အခုတလော Marketထဲက Actionတွေကို ကြည့်လိုက်ရင် သိသာပါတယ်။ Euro Dollar 1.46၊ Aussie Dollar 1.08၊ Gold 1500၊ Silver 45ကျပ်ကျော်သွားတာတွေ ကြည့်ရင် USDဟာ being sold offအလုပ်ခံနေရပြီး high yielding currencyတွေနဲ့, precious metalတွေဟာ အဝယ်လိုက်နေတာကို တွေ့နိုင်ပါတယ်။ Treasury Marketမှာလည်း Fedဟာ QE IIIမလုပ်ရင်တောင် current balance sheet amountကို ဆက်ထိန်းထားမယ်လို့ မျှော်လင့်ထားလို့ Bondဈေးတွေဟာလည်း နေ့တိုင်းလိုလို နည်းနည်းဆီတက်နေပါတယ် - effectively, yields going down။ Stock Marketဟာလည်း အတိုးနှုန်းနည်းရင် သိပ်ကြိုက်တာကတမျိုး USDကို Freeနီးပါး Fedဆီက ဆက်ချေးလို့ရနေမှာကတဖုံမို့ အခုတလော ပြန်ပြီးတက်လာပါတယ်(Stock Market up because of good earnings are all media hype - earnings are history and stock market trades for future)။ မနေ့ညကဆိုရင် S&P500 indexဟာ ၂၀၁၁ February highကို breakoutလုပ်ပြီး ပိတ်သွားပါတယ်။ ဒါဟာ Bullish signပေမယ့် Bull trapလည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ည Fedရဲ့ News conferenceပေါ်မူတည်ပြီး နောက်ထပ်ဆက်တက်သွားနိုင်သလို Fedက Monetary Stimulusကို နည်းနည်း Withdrawlလုပ်မယ်လို့ ပြောရင်တော့ Stock Marketအပါအဝင် အပေါ်ကပြောသွားတဲ့ Madness rallyတွေအားလုံး Selloff ဖြစ်ပါလိမ့်မယ်။ မနှစ်က QE I အကုန်မှာ Fedက အခြေအနေကို စောင့်ကြည့်မယ်ဆိုတာနဲ့ မနှစ်က Springမှာ Selloff ဖြစ်တာပါပဲ။ ဒါကြောင့် ဒီနေ့ည Fed news conferenceဟာ ကျွန်တော်တို့ traderတွေအတွက်တော့ Prince William's weddingထက် ပိုပြီးExcitingဖြစ်ပါကြောင်း။ Fed policy meeting news conference is at US Eastern time 2:15pm.

Happy Trading!

S&P500 daily chart

21 April 2011

BIDU chart

BIDUဝယ်သင့်လား မေးထားတဲ့သူရှိလို့ Technical Analysisကို အောက်မှာလုပ်ပေးထားပါတယ်။ Fundamental and Earning related analysisကတော့ ကိုယ့်ဘာသာပဲ Researchလုပ်လိုက်ပါ။



Generallyကတော့ BIDUဟာ Very Strong Long Term Up Trend ရှိတာတွေ့ရပါတယ်။ ဒါပေမယ့် အခုတလောတော့ MFIနဲ့ MACDဟာလည်း အတော်လေး ဝယ်ပြီးသားဖြစ်နေတဲ့ Signတွေပြပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီလိုSignalတွေမှာ ဝင်သင့်တယ်လို့ အားမပေးချင်ပါဘူး။ ၁၃၀နားကို ပြန်ဆင်းလာပြီး ၁၃၀ supportခိုင်တယ်ဆိုရင်တော့ တမျိုးပေါ့။ ဒီလိုဈေးကြီးတဲ့ Stockမျိုးကြတော့ နှစ်လသုံးလ Call Optionsဝယ်ပြီး Tradeတာက ပိုသင့်တော်ပါတယ်။ အရင်းအများကြီး မလိုဘူးပေါ့။ ဒါပေမယ့် အဝင်ကောင်းဖို့တော့ လိုပါတယ်။

Good Luck.

19 April 2011

It's this time again

Sell in May and go awayဆိုတဲ့ Stock Market ဆိုရိုးတစ်ခုရှိပါတယ်။ USက Traderအများစုဟာ Springမှာ Accumulateဖြစ်ထားတဲ့ Profitတွေကို Realise/Sellလုပ်ပြီး Holidayသွားလေ့ရှိကြတာမို့ Mayဆိုရင် Marketဟာ ကျလေ့ရှိပါတယ်။ Geopolictical eventတွေဟာလည်း တခုမဟုတ် တခုပေါ်လာလေ့ရှိပြီး လိုအပ်တဲ့ Bad Newsကို ပေးလေ့ရှိပါတယ်။

အောက်မှာပြထားတဲ့ Dow Jones Industrial Average chartဟာ ပြီးခဲ့တဲ့သောကြာနေ့အထိ Dataနဲ့ ဆွဲထားတာပါ။ Up trendဟာ နှစ်ပတ်သုံးပတ်အတွင်း Volumeနည်းနည်းနဲ့ တက်လာပြီး အခုတော့ ၁၂၄၀၀နားမှာ တစ်နေပါတယ်။ MFI, MACD Technical Signal တွေဟာလည်း Toppyဖြစ်နေပါတယ်။


အခုဒီPostကိုရေးနေတုန်းပဲ S&P rating agencyက US Governmentရဲ့ credit rating outlookကို Negativeအနေဲ့ Downgradeလုပ်ချလိုက်ပါတယ်။ အဓိကကတော့ နိုင်ငံရေးသမားတွေဟာ ၂၀၁၃အထိ ထိရောက်တဲ့ Deficit cutting planကို အကောင်အထည်ဖော်နိုင်ပုံမရလို့လို့ ဆိုပါတယ်။ Government Debt ပြဿနာတွေဟာ Greece, Portugal, Irelandတွေမှာ ပြန်ပြီးအနံ့ထွက်လာတာ လတ်လတ်ဆတ်ဆတ်ရှိနေတုန်းမှာ US soverign credit outlook downgrade newsဟာ Last thing Stock Markets needပါ။

အခုဒီPostရေးနေတုန်း Dowဟာ point 200ကျော် Downနေပြီး Goldကတော့ ၁၅၀၀ဆီကို ချီတက်နေပါတယ်။
First quarter earning report တွေဟာလည်း Revenueပိုင်းမှာ တော်တော်အားနည်းတာကြောင့် အခုချိန်အထိ very disappointingပါ။ ဒါကြောင့် Shortingလုပ်ရမယ့် အချိန်ကို တစ်လအတွင်း မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်ရောက်ရှိလာပါပြီဖြစ်ကြောင်း။

Happy Shorting! Glad to be a Bear again!
When Markets change, you also change.