20 November 2009

DBS Exercise


ဒီBlogရဲ့ ပင်တိုင်ပရိသတ်တွေထဲမှာ စင်္ကာပူက မြန်မာတွေတော်တော်များတာတွေ့ရလို့ စင်္ကာပူက Stockတစ်ခုကို Base လုပ်ပြီးပြောရင် ပိုစိတ်ဝင်စားမယ်ထင်ပါတယ်။ Singapore Exchangeမှာ Stockသိပ်များများစားစားမရှိပါဘူး။ အဲဒီ့ထဲကမှ Major Indexဖြစ်တဲ့ STI (Straits Times Index)ထဲက Major stock (D05) DBSကို ရွေးထားပါတယ်။ ဥပမာကောင်းတစ်ခုဖြစ်တဲ့အပြင် Exerciseသဘောလဲ ရစေချင်လို့ပါ။

Stockတစ်ခုကို Beginnerတစ်ယောက်အနေနဲ့ ရွေးတဲ့အခါမှာ ဒီလို Major Components of Major Indexကို ဦးစားပေးသင့်ပါတယ်။ အဓိက Reasonကတော့ သူတို့ဟာ Generally Riskပိုနည်းလို့ဖြစ်ပါတယ်။ Long Corporate Historyရှိပြီး Large Customer baseရှိတဲ့ ကုမ္ပဏီကို ရွေးတာ တက်သစ်စStockတွေထက် အများကြီး Riskပိုနည်းပါတယ်။
...

Fundamentalနဲ့စရအောင်။ http://www.dbs.com/investor/Pages/default.aspx ကိုသွားဖတ်ကြည့်လိုက်ပါ။ DBSဟာ အစဉ်အလာရှိတဲ့ ကုမ္ပဏီတစ်ခုဆိုတာ တွေ့ပါလိမ့်မယ်။ တကယ်တမ်းတော့ စင်္ကာပူကလူတွေက ကျွန်တော့်ထက် ကုမ္ပဏီရဲ့ ယေဘုယျအကြောင်း အများကြီးပိုသိမှာပါ။ Customerတောင် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် Investorတစ်ယောက်ကြည့်ရမယ့် ရှုထောင့်က သတင်းစာထဲက Headlineဖတ်ရုံနဲ့တော့ မရဘူး။ Ok - let's dig the numbers.

P/E? P/Eကို တွက်ဖို့ http://www.dbs.com/investor/Pages/fin_highlights.aspx ကိုသွားပါ။ Per Share Data(S$)ဆိုတဲ့ Sectionကို သွားကြည့်ပါ။ အဲဒီမှာ Subsection Per basic shareဆိုတာနဲ့ Per diluted shareဆိုတာထပ်တွေ့လိမ့်မယ်။ အဲဒီ့နှစ်ခုထဲက Dilutedကို ရွေးပါ။ Dilutedဆိုတာ လက်ရှိStockအရေအတွက်အပြင် futureမှာ ထပ်အသစ်ဖြစ်လာနိုင်တဲ့ အရေအတွက်ကိုပါ ထည့်စဉ်းစားပါတယ်။ Conservative Investorတစ်ယောက်အနေနဲ့ ဒီလိုအခြေအနေကိုပါ ထည့်စဉ်းစားသင့်တဲ့အတွက် Dilutedကို ရွေးမယ်။ Dilutedမှာမှ excluding one-time gains and chargesကို ပိုသုံးသင့်တယ်။ one-time itemတွေဟာ အမြဲဖြစ်နေမယ့်အရာတွေမဟုတ်တော့ ကုမ္ပဏီတစ်ခုရဲ့ General Performanceကို တိုင်းတဲ့အခါမှာ ဖယ်ထားသင့်တယ်။ Per diluted share earings excluding one-time gains and chargesတွေဟာ တစ်နှစ်စာAnnualisedလုပ်ပြီးတွက်ထားတယ်လို့ Pageအောက်ဆုံးက Fine Printမှာ ပြောထားပါတယ်။ ဒါကြောင့် ၀.၉၅၊ ၀.၉၃အစရှိတာတွေဟာ Quarterတစ်ခုစီအတွက်ပေမယ့် တစ်နှစ်စာတွက်ထားတာလို့ သိရမယ်။ ဒါကြောင့် Most Recent Quarterလေးခုရဲ့ Average EPS (Earnings Per Share)ကို တွက်ပါ။ ပြီးရင် နောက်ဆုံးClose Priceကို အဲဒီ့ Averageနဲ့ စားလိုက်မယ်ဆိုရင် P/Eကိုရပါလိမ့်မယ်။

Per Share Data sectionက net book valueနဲ့ dividendကိုသုံးပြီး P/Bနဲ့ Dividend Yieldကိုတွက်ပါ။ DYတစ်ခုထဲကိုပဲ သာမန်Bank interest rateနဲ့ ယှဉ်ကြည့်ပါ။ ပိုသာတာကို တွေ့ပါလိမ့်မယ်။

Fundamentalပြီးရင် Technicalပိုင်းသွားရအောင်။ အောက်မှာ DBSရဲ့ Candle chartကို 2009 Februaryကနေစပြထားတာ တွေ့ပါလိမ့်မယ်။ DBSဟာ Augustမှာ Trendပျက်ပြီး Side-way သွားနေတာ ဒီနိုဝင်ဘာလဆန်းအထိပါ။ ၆၊၁၁၊၂၀၀၉မှာ ဘာလို့ ထောင်တက်သွားလည်းဆိုတော့ Quarterly Earningထွက်လာလို့ပါပဲ။ Result is very strong result compared with last year same quarter. ဒါကြောင့် ၁၄.၁၄ resistanceကို breakoutလုပ်သွားတာတွေ့ပါလိမ့်မယ်။ ဒါပေမယ့် အခုလိုက်ဝယ်သင့်သလား? နောက်ဆုံး Candleကိုကြည့်ပြီး ဆုံးဖြတ်ပါ။ လိုအပ်တဲ့ Knowledgeကို အရင်Postတွေမှာ ကျွန်တော်ရေးပြပြီးပါပြီ။ ဘယ်ဈေးကို စောင့်ကြည့်ရမလည်း၊ ဘယ်လောက်ရောက်ရင် ဝယ်မလည်း၊ အစရှိတာတွေကို နည်းနည်း Brain Teasingလုပ်ကြည့်ပါ။ အားလုံးကို ကျွန်တော်ကပဲပြောနေရင် ပျင်းစရာကြီး၊ ဟုတ်တယ်မဟုတ်လား။ ကိုယ့်ထင်မြင်ယူဆချက်တွေကို Comment boxထဲချသွားဖို့ မျှော်လင့်ပါတယ်။

Happy Exercising!


18 November 2009

How to 101

MZTရဲ့ Commentကနေ ရေးသင့်တယ်ထင်တာ ရေးလိုက်ပါတယ်။ တခါမှ Investingမလုပ်ဘူးတဲ့သူ၊ Stock Tradingမလုပ်ဘူးတဲ့သူတွေအတွက် သင့်တော်မယ်ထင်လို့ပါ။ အောက်မှာရေးထားတာတွေအတိုင်း တသွေမတိမ်းလိုက်လုပ်စရာမလိုပေမယ့် Beginnerတစ်ယောက်အတွက် Reasonable Stepတွေလို့ ထင်ပါတယ်။

၁) Can you legally invest/trade
အရင်Postတစ်ခုထဲမှာ ပြောဖူးသလို ကိုယ်Investလုပ်ချင်တဲ့ Marketမှာ Invest/Tradeလုပ်နိုင်တဲ့ Eligibilityရှိမရှိ သေချာသိဖို့လိုမယ်။ USမှာဆိုရင် SSN, Australiaမှာဆိုရင် TFNအစရှိသဖြင့် Minimum requirementလေးတွေရှိပါတယ်။ ဒါပေမယ့် သိပ်တော့မခက်ပါဘူး။ ကိုယ်က Brokerageတစ်ခုမှာ Account ဖွင့်ဖို့ကြိုးစားတာနဲ့ သူတို့ရဲ့ Formမှာ ဘာတွေရှိရမလည်း တွေ့ပါလိမ့်မယ်။
...

၂) How much you can park it
ဘာမှမလုပ်ခင် သေချာတွက်ချက်ရမှာက ကိုယ့်မှာ Investingစလုပ်ဖို့ ငွေဘယ်လောက်ရှိမလည်း ဆိုတာပါ့။ စစချင်းလုပ်တဲ့သူတွေအတွက် Medium Term Investingလုပ်သင့်တယ်လို့ ထင်တယ်။ Short Termလုပ်ဖို့က Skillနဲ့ အတွေ့အကြုံလိုသလို၊ Long Termလုပ်တော့လည်း ငြိမ်လွန်းပြီး ဘာမှသိပ် Learnဖြစ်မှာ မဟုတ်ပါဘူး။ Medium Term အနေနဲ့ ၁လကနေ ၃လလောက်အထိ လုပ်သင့်ပါတယ်။ အချိန်တိုတခုအတွင်း မြတ်ရင် မြတ်သလို၊ ရှုံးရင် ရှုံးသလို Tradeကို Exitလုပ်တာ Beginnerအတွက် Practiceရပါတယ်။

ဘာကြောင့်Termကို ပြောနေရသလည်းဆိုတော့ ဒီLength of timeဟာ ကိုယ့်ပိုက်ဆံကို Marketထဲထည့်ထားရတဲ့ အချိန်မို့လို့ပါ။ ဒီတော့ ငွေAmountဟာ ကိုယ်ဘေးဖယ်ထားနိုင်မယ့် Amountဖြစ်မယ်ဆိုရင် ပိုကောင်းပါတယ်။ နေ့တဓူဝ ကိစ္စတွေအတွက် ပြန်ပြန်ယူသုံးနေရမယ့် Quotaထဲကဆိုရင် Tradeတစ်ခုကို မလိုအပ်ဘဲ စောစောExitလုပ်နေရပါလိမ့်မယ်။ Recommendလုပ်တာကတော့ အနည်းဆုံး ၅၀၀၀ကနေ ၁၀,၀၀၀လောက်အထိ စသင့်တယ်။ သိပ်နည်းလွန်းတော့လည်း ဘာမှကို မလူးလွန့်သာပါဘူး။

၃) Broker
Brokerရွေးချယ်တာဟာ Beginnerတွေအတွက် အရမ်းအရေးမကြီးပါဘူး။ ဘာလို့လည်းဆိုတော့ Tradeလုပ်မယ့် Frequencyနဲ့ Amountက နည်းသေးတော့ Brokerage Firmတစ်ခုနဲ့တစ်ခု ဒီလောက်ကြီး မသိသာပါဘူး။ အရေးကြီးတာက ကိုယ်ပေးရတဲ့ Brokerageနဲ့ တန်တဲ့Serviceပြန်ရရဲ့လား ဆိုတာပါပဲ။ အမေရိကား Marketတွေအတွက် သင့်တော်မယ့် Broker review linkကို တွေ့ထားတယ်။ http://online-stock-trading-review.toptenreviews.com/။ အဲဒီ့Pageမှာ ကိုယ့်အတွက် ဘယ်လိုFeatureတွေလိုမလည်း သေချာဖတ်ကြည့်ပါ။ Top 1-5ဟာ မမှားနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေထဲမှာ လက်ရှိTradeလုပ်နေတဲ့သူတွေရှိရင် အဲဒီထဲက တစ်ခုခု သူတို့များ သုံးနေမလား မေးကြည့်ပါ။ Googleမှာ Brokerတစ်ခုချင်းစီအတွက် Detail Reviewတွေ ဖတ်ကြည့်ပါ။

Brokerအများစုရဲ့ ကောင်းတဲ့အချက်ကတော့ Account Openလုပ်ဖို့ ပိုက်ဆံပေးရလေ့မရှိပါဘူး။ တစ်ချို့ကတော့ Account Activateဖြစ်ဖို့ ငွေအနည်းဆုံး ဒီလောက်တော့ ထည့်ရမယ် ဘာညာလုပ်တတ်တယ်။ ဒီတော့ အရေးကြီးတာက ကိုယ့်Cashအတွက် သူတို့ဘက်က ဘာGuaranteeပေးနိုင်သလည်း ကြည့်ရပါမယ်။ သူတို့Bankruptဖြစ်ရင် ကိုယ့်ငွေအတွက် Insuranceရှိရဲ့လား စသဖြင့်ပေါ့။ တချို့ရက်တွေမှာ Open Tradeမရှိပဲ ငွေသားချည်းရှိရင် ကိုယ့်ငွေက အတိုးဘယ်လောက်ရမလည်း သိကိုသိသင့်တယ်။ ပြီးရင် ATM card, Debit card Accessရှိမရှိ၊ မရှိရင်လည်း wire transferလုပ်ရတာ ဘယ်လောက် Convenientဖြစ်မလည်း သိရမယ်။ Brokerနဲ့ ပတ်သက်ပြီး သိသင့်တာကတော့ Brokerလို့ ဘာလို့ခေါ်လည်းဆိုတော့ ကိုယ့်ကိုBrokeအောင်လုပ်နိုင်လို့ပါပဲး)

၎) 3M
အားလုံး Setupလုပ်ပြီးပြီဆိုတာနဲ့ အနည်းဆုံး Market Movementတွေကို စပြီးကြည့်လို့ရပါပြီ။ ဒါပေမယ့် တကယ့်ပိုက်ဆံနဲ့ တကယ်Investမလုပ်ခင် ကျွန်တော်အမြဲပြောနေတဲ့ 3Mကို သိရပါမယ်။ အပေါ်က ၁၂၃ကို စလုပ်နေပြီဆိုကတည်းက Mindsetကတော့ မဆိုးပါဘူး။ Methodအတွက်တော့ စာဖတ်ရမယ်၊ ပြီးရင် managementနဲ့ ပေါင်းပြီး တကယ့်အတွေ့အကြုံရှိအောင် လုပ်ယူရပါမယ်။ ကျွန်တော် ဒီBlogမှာ 3Mကို လှည့်ပြီး ရေးသွားမှာဖြစ်သလို ကိုယ့်ကိုယ်ကို တဖြည်းဖြည်း 3Mနဲ့ Practical experienceတိုးပွားလာဖို့ အချိန်နဲ့ ငွေရင်းနှီးပြီး လုပ်ယူရပါမယ်။ It's not an easy job but it's very doable. စစချင်းTradeမယ့် Stockကိုရွေးဖို့ ကိုယ်သိတာကို ရွေးပါ။ ကိုယ်အနည်းဆုံး တဝက်လောက် နားလည်မယ့် Businessကို Runနေတဲ့ Stockကိုရွေးပါ။ Tradeမလုပ်ခင် Fundamentalနဲ့ Technical ပိုင်းကို သေချာAnalysisလုပ်ပါ။ ပြီးရင် Entry price, stop-loss price, profit-taking price, units to be boughtအစရှိတာတွေကို Planလုပ်ပါ။ ဒီTopicအားလုံးလိုလိုကို ဒီBlogမှာ တီးခေါက်မိအောင် ရေးပြီးပါပြီ။ ဆက်လည်းရေးသွားမှာပါ။

ဒီလောက်ဆိုရင် ဘယ်လိုစရမလည်း နည်းနည်းတော့ တီးခေါက်မိပြီထင်ပါတယ်။ Advisorနဲ့တွေ့တာတော့ ကောင်းပါတယ်။ ဒါပေမယ့် Advisorအများစုဟာ Insuranceနဲ့ Mutual Fundတွေပဲ ထိုးရောင်းတတ်ပါတယ်။ ကိုယ်ကျိုးထက် Clientကျိုးကို ကြည့်တဲ့ Advisorကိုသိတယ်၊ Recommendလုပ်တဲ့သူရှိတယ်ဆိုရင်တော့ တွေ့ကိုတွေ့သင့်ပါတယ်။ ဒါပေမယ့် သူပြောသမျှကို နားထောင်ပြီး ထွက်လာရမယ့်အစား ကိုယ့်မှာ 3Mနည်းနည်းရှိရင် အနည်းဆုံး အပြန်အလှန်ဆွေးနွေးနိုင်မယ်၊ သူပြောနေတာဟာ ကိုယ့်အတွက်လား သူ့အတွက်လား ပိုပြီး ခွဲခြားလာနိုင်ပါလိမ့်မယ်။

Plan Your Trade, Trade Your Plan.

16 November 2009

Candlesticks - Part II


Part I မှာပြောခဲ့သလိုပဲ ဒီPostမှာ Single-candle Formationတွေပဲ ဆက်ကြည့်ရအောင်။ အောက်မှာ Formationတစ်ခုစီအကြောင်းကို ရှင်းပြထားပါတယ်။

Shooting Star

ဂျပန်တွေဟာ နာမည်ပေးကတော့ တော်တော် တော်တယ်။ နာမည်လေးတွေဟာ မှတ်ရလွယ်သလို အဓိပ္ပာယ်လည်းရှိတယ်။ Shooting Star formationဟာ နာမည်နဲ့လိုက်အောင် Bearish reversal signalကို ပေးပါတယ်။ ကြယ်ကျွေပါတယ်ဆိုမှ ကောင်းပါတော့မလား။ Shooting Starဟာ တကယ်တမ်းတော့ Hanging Manရဲ့ ပြောင်းပြန်ပုံစံပါ။ Up Trendတစ်ခုမှာ Upper Shadowရဲ့ Lengthဟာ Real bodyထက် နှစ်ဆအနည်းဆုံးပိုရှည်ပြီး Real bodyဟာ Lowနားကို ကပ်နေရပါမယ်။ Crowd Psychologyဟာ ဘာဖြစ်နိုင်မလည်း? ဆက်မဖတ်ခင် နည်းနည်းကိုယ့်ဘာသာ စဉ်းစားကြည့်ပါ။ Exampleအောက်မှာ Psychologyကို ရှင်းပြထားပါတယ်။
...



Shooting Star formationကိုတွေ့တာနဲ့ လက်ရှိUp trendဟာ reverseဖြစ်နိုင်တယ်ဆိုတာ သတိထားရပါမယ်။ ဘာလို့လည်းဆိုတော့ Long Upper Shadowဟာ Bullတွေရဲ့ ဈေးကိုဆွဲတင်တဲ့ Attemptကို ပြပါတယ်။ ဒါပေမယ့် အဆုံးသတ်တော့ Bearတွေပဲ အနိုင်ရသွားပြီး Closeဟာ Highနဲ့မကပ်ပဲ Lowနဲ့သွားကပ်နေတာကို တွေ့ပါလိမ့်မယ်။ Upper Shadowရှည်လေ၊ Bullတွေဟာရဲ့ ကြိုးစားသမျှဟာ အချည်းအနှီးဖြစ်သွားလေဆိုတာ သဘောပေါက်ရပါမယ်။ Bullနဲ့Bearစစ်ပွဲမှာ Bullတွေအားပျော့လာပြီဆိုရင် ဘာကိုသတိထားရတော့မလည်း? Trend Reversal!!! Shooting Starရဲ့ Real bodyအရောင်ဟာ အရေးသိပ်မကြီးပေမယ့် အနက်ရောင်ဆိုရင် ပိုသတိထားရပါမယ်။

Belt-hold lines

Belt-holdဆိုတဲ့ နာမည်ဟာ Sumo Wrestling term "Yorikiri"ကနေဆင်းသက်လာပါတယ်။ ကိုယ်နဲ့ နပန်းသတ်နေတဲ့ Opponentရဲ့ ခါးပတ်ကို ဆုပ်ကိုင်ထားရင်းနဲ့ နပန်းစည်းဝိုင်းအပြင်ဘက်ကို ရောက်အောင်တွန်းထုတ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ Trading contextမှာတော့ Bullနဲ့Bearတို့ နပန်းသတ်တာ ဘယ်သူနိုင်တော့မလည်း အကဲဖြတ်တာပေါ့။ ထုံးစံအတိုင်း Down Trendနဲ့ Up Trendနှစ်ခုစလုံးအတွက် Belt-hold candleနှစ်မျိုးရှိတယ်။ Bullish Belt-holdနဲ့ Bearish Belt-holdလို့ မှတ်ထားနိုင်ပါတယ်။ Belt-hold candleတွေရဲ့ major characteristicကို ကြည့်ရအောင်။



Bullish Belt-hold candleဟာ down trendမှာ ပေါ်လာတတ်ပါတယ်။ Openဟာ Lowနဲ့ အတူတူပဲဖြစ်ပြီး Closeဟာ Highလောက်နီးပါး သွားပိတ်ပါမယ်။ Bearish Belt-hold candleဟာ up trendနဲ့ သက်ဆိုင်ပြီး Openဟာ Highနဲ့ အတူတူဖြစ်ရပါမယ်။ Closeဟာ Lowနဲ့ နီးပါးလောက် ပိတ်သင့်တယ်။ ဟာသနည်းနည်းမြောက်တဲ့ တခြားနာမည်တွေလည်း ရှိပါသေးတယ်။ Bullish Belt-holdကို White Opening Shaven Bottomလို့လည်း ခေါ်ပြီး၊ Bearish Belt-holdကိုတော့ Black Opening Shaven Headလို့လည်း ခေါ်ပါတယ်။

Belt-hold candleတွေဟာ Real bodyရှည်လေ၊ More reliableဖြစ်လေဖြစ်ပါတယ်။ Up Trend/Down Trendတလျှောက်မှာ ခပ်ဆင်ဆင် Same color, long real body candleတွေ မရှိရင်လည်း ပိုပြီးReliableဖြစ်ပါတယ်။ Belt-hold candleတွေနဲ့ သက်ဆိုင်တဲ့ Crowd Psychologyကို စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်ဖို့ ချန်ထားလိုက်တယ်။

Riskယူရဲတဲ့ Traderတွေကတော့ ဒီReversal Signတွေတွေ့တာနဲ့ လိုအပ်တဲ့ Actionကို လုပ်တတ်သလို နည်းနည်းConservativeဖြစ်တဲ့ Investorတွေအနေနဲ့တော့ next day candleကိုကြည့်ပြီး ပိုသေချာတဲ့ Signalရအောင်စောင့်လေ့ရှိပါတယ်။ ဒီလောက်ဆိုရင် Candlestickတွေရဲ့ Powerကို နည်းနည်းတော့ မြည်းစမ်းမိပြီလို့ ထင်ပါတယ်။ Candlestick chartတွေကို Bar chartတွေနဲ့ အမြဲတွဲပြီး သုံးသင့်ပါတယ်။ ဒီPostတွေမှာ Steve Nisonရဲ့ Candlestick Techniques Referenceတွေကို Referလုပ်ပါတယ်။

Happy Candle Lighting!!!

13 November 2009

Candlesticks - Part I


ဖယောင်းတိုင်တွေဟာ မြန်မာပြည်မှာပဲ အသုံးဝင်တာမဟုတ်ပါဘူး၊ Stock Tradingမှာလည်း တော်တော်အသုံးဝင်ပါတယ်။ Candlesticksတွေဟာ OHLC Barတွေနဲ့ အခြေခံအတူတူပဲဖြစ်ပေမယ့် ပိုပြီးထင်ရှားတဲ့ Trading signalတွေကို ပေးပါတယ်။ Traderတစ်ယောက်အနေနဲ့ Entryနဲ့Exitကို Timingလုပ်တဲ့နေရာမှာ Barရော၊ Candlestickရောသုံးနိုင်ရင် ပိုပြီးသေချာတဲ့ Confirmationရနိုင်ပါတယ်။

Candlestickအကြောင်း အသေးစိတ်မပြောခင် သူ့ရဲ့သမိုင်းကို နည်းနည်းသိရင် ပိုကောင်းတယ်။ Candlestickရဲ့ ဇာတိဟာ Western Countriesတွေ မဟုတ်ပါဘူး။ Candlestick Techniqueတွေရဲ့ အစဟာ ဂျပန်မှာ ၁၇၅၀လောက်က ဆန်ကုန်သည်သူဋ္ဌေး Munehisa Hommaဆိုတဲ့သူကနေ စခဲ့တယ်လို့ဆိုပါတယ်။ Hommaဟာ သူ့ရဲ့ Financialပိုင်းမှာ တော်တာမို့ သူ့ခေတ်က ဂျပန်အစိုးရရဲ့ Financial Consultantအနေနဲ့တောင် နောက်ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး Samuraiဘွဲ့တောင် ပေးအပ်ချင်းခံခဲ့ရပါတယ်။ Candlestick Techniqueဟာ အရှေ့တိုင်းမှာပဲ ရှိနေခဲ့တာ ၂၀ရာစုနှောင်းပိုင်းမှာ Steve Nisonဆိုတဲ့သူက စိတ်ဝင်တစား စလေ့လာရာကနေ အနောက်တိုင်းပြည်တွေကို သယ်လာပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးချအောင် သူပဲဦးဆောင်လုပ်ခဲ့ပါတယ်။ Hommaရဲ့ Techniquesတွေကို အနှစ်နှစ်ရာကျော် ဖြည်းဖြည်းချင်း Refineလုပ်လာခဲ့တာအခုဆိုရင် Technical Analysisတိုင်းမှာ မရှိမဖြစ်ပါပါတယ်။ အောက်မှာ Wal-mart Store(WMT)ရဲ့ Barနဲ့ Candlestick Chartတွေကို ယှဉ်ပြထားပါတယ်။
...



Candlestickကိုဆွဲဖို့ OHLC dataလိုပါတယ်။ အဓိကကွဲပြားချက်ကတော့ Candlestickမှာ Openနဲ့Closeကို ပိုပြီးဦးစားပေးပါတယ်။ Openနဲ့Closeကိုဆက်ပြီး ထောင့်မှန်စတုဂံပုံ ခပ်ရှည်ရှည်လေး ပုံထွက်လေ့ရှိပါတယ်။ Openက Closeထက်ပိုမြင့်တဲ့နေ့ဆိုရင် ထောင့်မှန်စတုဂံကို အနက်ရောင်ဖြည့်မယ်။ Closeက ပိုမြင့်တဲ့နေဆိုရင်တော့ အဖြူရောင်ဖြည့်ပါမယ်။ ဒီထောင့်မှန်စတုဂံBodyကို Real Bodyလို့ခေါ်တယ်။ Highနဲ့Lowလိုင်းတွေကိုတော့ Upper Shadowနဲ့ Lower Shadowလို့ အသီးသီးခေါ်ပါတယ်။ Candlestickမှာသုံးတဲ့ အခေါ်အဝေါ်တွေဟာ နာမည်လှလှလေးတွေရှိတာ နောက်ပိုင်းမှာ တွေ့ပါလိမ့်မယ်။



Candlestickတွေဟာ ဘယ်လိုနေရာမှာအသုံးအဝင်ဆုံးလည်းဆိုတော့ Trend Reversalဖြစ်တော့မလား Confirmလုပ်တဲ့နေရာမှာပါ။ ပထမဆုံး Introအနေနဲ့ Trend Reversal Signalပြတဲ့ Candlestick typeနှစ်မျိုးကိုပြောပါမယ်။ သူတို့ကို Hammerနဲ့ Hanging Manလို့ခေါ်ပါတယ်။ နှစ်ခုလုံးဟာ ပုံစံအတူတူပါပဲ - ဒါပေမယ့် ဘယ်လိုTrendမှာပေါ်လာသလည်းပေါ် မူတည်ပြီး အခေါ်အဝေါ်ကွဲသွားပါမယ်။ ဘယ်လို Candleကို Hammerလို့ခေါ်လည်းဆိုတော့ ပထမဦးဆုံး Trendဟာ Down Trendဖြစ်ရပါမယ်။ Down Trendမှာ Candleတစ်ခုရဲ့ Lower Shadowဟာ Real Body Heightရဲ့ အနည်းဆုံး နှစ်ဆရှည်ပြီး၊ Upper Shadowဟာ မရှိ(သို့)မရှိသလောက် တိုရင်တိုရပါမယ်။ Hanging Manကကျတော့ Up trendတစ်ခုထိပ်နားမှာ ဖြစ်ရပါမယ်။ Real Bodyနဲ့ Lower Shadowရဲ့ Length Ratioဟာလည်း Hammerလိုပဲ ၁း၂ အချိုးအနည်းဆုံး ရှိသင့်ပါတယ်။ အောက်မှာ Hammerနဲ့ Hanging Manတွေကို Circleလုပ်ပြထားပါတယ်။




Hammers in AMD chart

Hanging Men in Black & Decker Chart

Crowd Psychologyပိုင်းကနေပြန်ကြည့်ရင် Hammerဖြစ်လာတာဟာ ဘာကြောင့်လဲလို့တွေးရပါမယ်။ Bearတွေဟာ ဈေးကိုဆွဲချဖို့ ကြိုးစားတယ်။ ဒါပေမယ့် မအောင်မြင်ပဲ Closeဟာ Lowနဲ့ အလှမ်းဝေးဝေးမှာ သွားပိတ်ပါတယ်။ ဒါဟာ ဘာကိုပြလည်းဆို Bullတွေဟာ နောက်ဆုံးတော့ အနိုင်ရသွားတယ်လို့ ဆိုလိုပါတယ်။ ဒီIdeaကို နောက်နေ့ Down Trend Line Breakout Signalနဲ့ Confirmလုပ်ပြီး Tradeတစ်ခုကို ဝင်လို့ရတယ်။ Hammerမြင်ရင် Bearsတွေဟာ တူနဲ့ အထုခံရတော့မယ်လို့ တွေးရပါမယ်။

Hanging Manရဲ့ Psychologyကတော့ Up Trendတစ်ခုဟာ တဖြည်းဖြည်းနဲ့ ဆက်တိုက်တက်လာတဲ့အခါမှာ အချိန်တန်ရင် အရှိန်ကုန်လာပါမယ်။ Hanging Man Formationဟာ Bearsတွေဟာ စပြီးAttackလုပ်လာပြီလို့ ဆိုလိုတယ်။ သွေးတိုးစမ်းတယ်ပေါ့။ ဒါပေမယ့် သူတို့ မအောင်မြင်လိုက်ဘူး။ Hanging Manကိုမြင်ရင် Bullတွေတော့ ထိပ်မှာ တွဲလောင်းဖြစ်နေပြီ၊ အကိုင်မမြဲရင် ပြုတ်ကျတော့မယ်လို့ သတိထားရပါမယ်။ ဒါကြောင့် Hanging Manဖြစ်ဖြစ်၊ Hammer ဖြစ်ဖြစ် Following Dayရဲ့ Candleကို ကြည့်ပြီး Confirmလုပ်သင့်ပါတယ်။ Hanging Manအတွက်ဆိုရင် Following Candleဟာ Black real body၊ Hammerအတွက်ဆိုရင်တော့ White real bodyဖြစ်ရင်ပိုသေချာပါတယ်။

Hanging Manနဲ့ Hammerကိုယ်တိုင်ရဲ့ Real body ဖြူသလား၊ မည်းသလားကတော့ ဒီလောက်အရေးမကြီးပါဘူး။ ဒါပေမယ့် White Hammerနဲ့ Black Hanging Manဟာ ပိုပြီး Potentဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ Hanging Manနဲ့ Hammerလို Candle Formationတွေဟာ သူတို့နာမည်ရဖို့ Candleတစ်ချောင်းပဲလိုပါတယ်။ နောက်ပိုင်းမှာ နှစ်ချောင်း၊ သုံးချောင်းပေါင်းမှ Formationတစ်ခုဖြစ်တဲ့ Candlesticks Techniqueတွေ ဆက်ရေးပေးပါမယ်။ Part II မှာတော့ single-candle formationအကြောင်းပဲ ဆက်ပြောသွားပါမယ်။

Happy Candle Lighting!

Related Post : OHLC Bars , Trend lines