11 May 2011

Forget "Sell in May"

လွန်ခဲ့တဲ့ နှစ်ပတ်လုံး US Market Performanceကို ကျွန်တော်စောင့်ကြည့်နေခဲ့ပါတယ်။ Sell in May and go awayဆိုတဲ့ စကားအတိုင်းများ ဖြစ်လာမလားလို့ပါ။ ဒါပေမယ့် S&P500ဟာ ၁၃၄၀ supportကို လှုပ်တုတ်တုတ်နဲ့ပဲ Holdလုပ်နိုင်ခဲ့ပါတယ်။ အောက်မှာ S&P500ရဲ့ Daily chartကို ပြထားပါတယ်။

Technicals
S&P500ဟာ Mayလ ၅ရက်နေ့မှာ Previous trading rangeရဲ့ Highဖြစ်တဲ့ ၁၃၄၄အောက်မှာ ပိတ်သွားခဲ့ပါတယ်။ ဒါပေမယ့် နောက်နှစ်ရက်အတွင်းမှာ အောင်အောင်မြင်မြင်ပဲ Resistance-turn-Support-line ဖြစ်တဲ့ ၁၃၄၄အပေါ်မှာ ပိတ်သွားနိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ Projectionကတော့ ၁၄၂၉အထိမှန်းထားပါတယ်။ ဒါပေမယ့် ၁၄၀၀ဟာ Round number affectရှိတာမို့ Resistanceအနေနဲ့လည်း ရှိနေနိုင်ပါတယ်။ ၁၄၀၀ကို Breakoutလုပ်နိုင်ရင်တော့ ၁၄၂၉ကို မှန်းလို့ရပါတယ်။ MACDကို ကြည့်ရင်လည်း Bullish confirmation signalပေးနေတာကို တွေ့ရပါတယ်။ EMA50လိုင်းရော၊ current uptrendလိုင်းတွေ အားလုံးHoldဖြစ်နေတာလည်း Bullishဖြစ်ပါတယ်။

Geopolitical
ပြီးခဲ့တဲ့ Fridayက US Employment Situation reportဟာ မှန်းထားတာထက် အများကြီးပိုကောင်းပါတယ်။ Europeမှာလည်း အခုတလောအတွင်း Greeceအစိုးရဟာ Debt restructuringလုပ်မယ်၊ Eurozoneကနေ ခွဲထွက်မယ်စတဲ့ ကောလဟာလတွေထွက်လာပါတယ်။ Greeceရဲ့ Fiscalအခြေအနေဟာ သိပ်မဟန်လှတာမှန်ပေမယ့် ဒီကောလဟာလတွေအတိုင်း ဖြစ်လာလောက်အောင် Eurozone countriesတွေဟာ လွှတ်မထားပါဘူး။ Greeceဟာ Budget Deficit cutting planတွေကို အောင်မြင်အောင်လုပ်နိုင်ရင် နောက်ထပ် Bailout moneyလိုအပ်ရင် လိုအပ်သလို ပေးဖို့ Eurozone memberတွေဟာ အဆင်သင့်ရှိပါတယ်။မနေ့က China Trade balance dataဟာလည်း Analystsတွေမှန်းထားတာထက် ဆယ်ဆပိုပြီးထွက်လာပါတယ်။ Chinese export jumpဖြစ်တာဟာ Global consumptionအရှိန်ကောင်းနေတုန်းပဲဆိုတဲ့ Proofဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့နေ့လယ်မှာ ထွက်မယ့် China CPI, PPI dataတွေတော့ သေချာစောင့်ကြည့်ရပါမယ်။ CPIဟာ လွန်ခဲ့တဲ့လကထက် များတယ်ဆိုရင်တော့ တရုတ်အစိုးရဟာ more monetary tighteningလုပ်တော့မယ်ဆိုပြီး Bearတွေအတွက် selloffလုပ်ဖို့ Reasonပေးသလိုဖြစ်နိုင်ပါတယ်။ Middle-eastက Gadafiသတင်းကတော့ ဘယ်သူမှ သိပ်စိတ်မဝင်စားတော့ပါဘူး။ ရိုးနေပြီ။

Summary
Overall, marketဟာ မေလဆန်းက လှုပ်တုတ်တုတ်ဖြစ်နေပေမယ့် အခုတော့ ပြန်နာလန်ထူဖို့ အရှိန်ယူနေပါပြီ။ S&P500ဟာ 1429ကို နောက်သုံးလအတွင်းသွားဖို့ Probabilityကောင်းပါတယ်။ Time to be bull again!

Happy Trading!

27 April 2011

The Biggest Event of April or even 2011

Yes, လူတိုင်းက Williamနဲ့ Kateရဲ့ Friday Weddingကို မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်နေကြပေမယ့် Financial Marketအတွက် The Biggest Eventကတော့ ဒီနေ့ည USက Fed meeting policy statementနဲ့ First ever Fed post-meeting News Conferenceပါပဲ။

Why this meeting policy statement is so important
ဘာလို့လည်းဆိုတော့ financial marketထဲမှာ QE II(Quantitative Easing II)လို့ အသိများတဲ့ Fedရဲ့ U$600billion worth of Treasury purchase programဟာ လာမယ့် Juneလမှာ ကုန်ပါမယ်။ Fedဟာ Official interest rateကို zeroနီးပါးချထားခဲ့တာ ၂၀၀၈နှစ်ကုန်ပိုင်းကတည်းကပါ။ ဒါပေမယ့် ဒီလို Traditional Monetary Policyဟာ Financial Crisisကနေ Recoverဖြစ်ဖို့ မလုံလောက်တာမို့ Fedဟာ US dollarကို အလှူပေးသလို ရိုက်ထုတ်ပြီး Obama governmentရဲ့ treasury debtတွေကို လိုက်ဝယ်ရပါတယ်။ ဘာလို့ဝယ်ရသလည်းဆိုတော့ သူတို့က Billionကို ရာနဲ့ချီပြီးဝယ်တော့ treasury notesတွေ၊ bondsတွေဟာ ဈေးမတက်ရင်တောင် ဈေးထိုးမကျတော့ပါဘူး။ ဒီတော့ treasuryဈေးနဲ့ ပြောင်းပြန်အချိုးကျတဲ့ treasury interest rateတွေဟာ ကျ(သို့)ငြိမ်သွားပါတယ် (low or stable interest rate helps the financial recovery process)။ ဒါကြောင့် ဒီJuneအကုန်မှာ အပြီးသတ်မယ့် U$600bn QEIIပြီးသွားရင် Fedဘာဆက်လုပ်မလည်းဆိုတာဟာ Marketရဲ့ medium-term directionကို defineလုပ်မယ့် very important decisionပါ။

လုပ်ချင်တိုင်းလုပ်လို့ မလွယ်တော့သော USရဲ့ Fiscal situation
US governmentဟာ net deficitပြပြီး အတိုးပေးဖို့တောင် အကြွေးသစ်တွေ ထပ်ရောင်းစားနေရတာ ကြာပါပြီ။ အပေါ်မှာ ပြောခဲ့သလို Fedကလည်း ပိုက်ဆံရိုက်ထုတ်ပြီး အားပေးတယ်ပေါ့။ ဒါကြောင့် တရုတ်တို့ Brazilတို့က Fedဟာ US government debtကို Monetizingလုပ်တယ်လို့တောင် စွပ်စွဲကြပါတယ်။ US dollar devaluationလုပ်တယ်ဆိုလည်း မှန်ပါတယ်။ အမှန်လည်း Fedဟာ USDကို ကျစေချင်တာပါ။ ဒါမှ US Exportတွေဟာ Cheaperပိုဖြစ်ပြီး တိုင်းပြည်နာလန်ပြန်ထူတာ မြန်နိုင်မယ်လို့ သူတို့ယုံကြည်ပါတယ်။ Officiallyတော့ ကျွန်တော်ပြောသလို ဘယ်ဝန်ခံပါ့မလည်း၊ ဒါပေမယ့် USD devaluationဟာ Exactly what the Fed wants! အပေါ်မှာ ပြောခဲ့သလို treasury notes, bondsတွေ ထုတ်ရောင်းကောင်းကောင်းနဲ့ ရောင်းစားလာလိုက်တာ အခုတော့ Treasury Secretary Timothy Geithnerရဲ့ လည်ပင်းကိုရောက်ပြီး USရဲ့ Official Debt limitဟာ max outဖြစ်ဖို့ တော်တော်နီးနေပါတယ်။ လူတိုင်းနားလည်အောင်ပြောရရင်တော့ Obamaမှာ credit limitများများနဲ့ credit cardကြီးရှိတာ အခုတော့ အဲဒီ့Credit card max outဖြစ်တော့မယ်လို့ ဆိုလိုတာပါ။ Fedက ဝယ်မယ်ဆိုရင်တောင် Obama အစိုးရဟာ Budget cuttingတွေ၊ deficit reductionတွေကို Republicanတွေရဲ့ Pressureကြောင့်ရော 2012 Electionအတွက်ပါ စပြီးလုပ်နေရပါပြီ။ ဒါကြောင့် Fedရဲ့ Monetary Policyဟာ governmentရဲ့ Fiscal policyလွှမ်းမိုးမှုကို ခံရပါလိမ့်မယ်။

Recent Madnessများ
Fedဟာ Easy Money Policy stanceကို Maintainလုပ်မယ်လို့ Marketဟာ မျှော်လင့်ထားသလား မထားသလားကတော့ အခုတလော Marketထဲက Actionတွေကို ကြည့်လိုက်ရင် သိသာပါတယ်။ Euro Dollar 1.46၊ Aussie Dollar 1.08၊ Gold 1500၊ Silver 45ကျပ်ကျော်သွားတာတွေ ကြည့်ရင် USDဟာ being sold offအလုပ်ခံနေရပြီး high yielding currencyတွေနဲ့, precious metalတွေဟာ အဝယ်လိုက်နေတာကို တွေ့နိုင်ပါတယ်။ Treasury Marketမှာလည်း Fedဟာ QE IIIမလုပ်ရင်တောင် current balance sheet amountကို ဆက်ထိန်းထားမယ်လို့ မျှော်လင့်ထားလို့ Bondဈေးတွေဟာလည်း နေ့တိုင်းလိုလို နည်းနည်းဆီတက်နေပါတယ် - effectively, yields going down။ Stock Marketဟာလည်း အတိုးနှုန်းနည်းရင် သိပ်ကြိုက်တာကတမျိုး USDကို Freeနီးပါး Fedဆီက ဆက်ချေးလို့ရနေမှာကတဖုံမို့ အခုတလော ပြန်ပြီးတက်လာပါတယ်(Stock Market up because of good earnings are all media hype - earnings are history and stock market trades for future)။ မနေ့ညကဆိုရင် S&P500 indexဟာ ၂၀၁၁ February highကို breakoutလုပ်ပြီး ပိတ်သွားပါတယ်။ ဒါဟာ Bullish signပေမယ့် Bull trapလည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ည Fedရဲ့ News conferenceပေါ်မူတည်ပြီး နောက်ထပ်ဆက်တက်သွားနိုင်သလို Fedက Monetary Stimulusကို နည်းနည်း Withdrawlလုပ်မယ်လို့ ပြောရင်တော့ Stock Marketအပါအဝင် အပေါ်ကပြောသွားတဲ့ Madness rallyတွေအားလုံး Selloff ဖြစ်ပါလိမ့်မယ်။ မနှစ်က QE I အကုန်မှာ Fedက အခြေအနေကို စောင့်ကြည့်မယ်ဆိုတာနဲ့ မနှစ်က Springမှာ Selloff ဖြစ်တာပါပဲ။ ဒါကြောင့် ဒီနေ့ည Fed news conferenceဟာ ကျွန်တော်တို့ traderတွေအတွက်တော့ Prince William's weddingထက် ပိုပြီးExcitingဖြစ်ပါကြောင်း။ Fed policy meeting news conference is at US Eastern time 2:15pm.

Happy Trading!

S&P500 daily chart

21 April 2011

BIDU chart

BIDUဝယ်သင့်လား မေးထားတဲ့သူရှိလို့ Technical Analysisကို အောက်မှာလုပ်ပေးထားပါတယ်။ Fundamental and Earning related analysisကတော့ ကိုယ့်ဘာသာပဲ Researchလုပ်လိုက်ပါ။



Generallyကတော့ BIDUဟာ Very Strong Long Term Up Trend ရှိတာတွေ့ရပါတယ်။ ဒါပေမယ့် အခုတလောတော့ MFIနဲ့ MACDဟာလည်း အတော်လေး ဝယ်ပြီးသားဖြစ်နေတဲ့ Signတွေပြပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီလိုSignalတွေမှာ ဝင်သင့်တယ်လို့ အားမပေးချင်ပါဘူး။ ၁၃၀နားကို ပြန်ဆင်းလာပြီး ၁၃၀ supportခိုင်တယ်ဆိုရင်တော့ တမျိုးပေါ့။ ဒီလိုဈေးကြီးတဲ့ Stockမျိုးကြတော့ နှစ်လသုံးလ Call Optionsဝယ်ပြီး Tradeတာက ပိုသင့်တော်ပါတယ်။ အရင်းအများကြီး မလိုဘူးပေါ့။ ဒါပေမယ့် အဝင်ကောင်းဖို့တော့ လိုပါတယ်။

Good Luck.

19 April 2011

It's this time again

Sell in May and go awayဆိုတဲ့ Stock Market ဆိုရိုးတစ်ခုရှိပါတယ်။ USက Traderအများစုဟာ Springမှာ Accumulateဖြစ်ထားတဲ့ Profitတွေကို Realise/Sellလုပ်ပြီး Holidayသွားလေ့ရှိကြတာမို့ Mayဆိုရင် Marketဟာ ကျလေ့ရှိပါတယ်။ Geopolictical eventတွေဟာလည်း တခုမဟုတ် တခုပေါ်လာလေ့ရှိပြီး လိုအပ်တဲ့ Bad Newsကို ပေးလေ့ရှိပါတယ်။

အောက်မှာပြထားတဲ့ Dow Jones Industrial Average chartဟာ ပြီးခဲ့တဲ့သောကြာနေ့အထိ Dataနဲ့ ဆွဲထားတာပါ။ Up trendဟာ နှစ်ပတ်သုံးပတ်အတွင်း Volumeနည်းနည်းနဲ့ တက်လာပြီး အခုတော့ ၁၂၄၀၀နားမှာ တစ်နေပါတယ်။ MFI, MACD Technical Signal တွေဟာလည်း Toppyဖြစ်နေပါတယ်။


အခုဒီPostကိုရေးနေတုန်းပဲ S&P rating agencyက US Governmentရဲ့ credit rating outlookကို Negativeအနေဲ့ Downgradeလုပ်ချလိုက်ပါတယ်။ အဓိကကတော့ နိုင်ငံရေးသမားတွေဟာ ၂၀၁၃အထိ ထိရောက်တဲ့ Deficit cutting planကို အကောင်အထည်ဖော်နိုင်ပုံမရလို့လို့ ဆိုပါတယ်။ Government Debt ပြဿနာတွေဟာ Greece, Portugal, Irelandတွေမှာ ပြန်ပြီးအနံ့ထွက်လာတာ လတ်လတ်ဆတ်ဆတ်ရှိနေတုန်းမှာ US soverign credit outlook downgrade newsဟာ Last thing Stock Markets needပါ။

အခုဒီPostရေးနေတုန်း Dowဟာ point 200ကျော် Downနေပြီး Goldကတော့ ၁၅၀၀ဆီကို ချီတက်နေပါတယ်။
First quarter earning report တွေဟာလည်း Revenueပိုင်းမှာ တော်တော်အားနည်းတာကြောင့် အခုချိန်အထိ very disappointingပါ။ ဒါကြောင့် Shortingလုပ်ရမယ့် အချိန်ကို တစ်လအတွင်း မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်ရောက်ရှိလာပါပြီဖြစ်ကြောင်း။

Happy Shorting! Glad to be a Bear again!
When Markets change, you also change.