BIDUဝယ်သင့်လား မေးထားတဲ့သူရှိလို့ Technical Analysisကို အောက်မှာလုပ်ပေးထားပါတယ်။ Fundamental and Earning related analysisကတော့ ကိုယ့်ဘာသာပဲ Researchလုပ်လိုက်ပါ။
Generallyကတော့ BIDUဟာ Very Strong Long Term Up Trend ရှိတာတွေ့ရပါတယ်။ ဒါပေမယ့် အခုတလောတော့ MFIနဲ့ MACDဟာလည်း အတော်လေး ဝယ်ပြီးသားဖြစ်နေတဲ့ Signတွေပြပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီလိုSignalတွေမှာ ဝင်သင့်တယ်လို့ အားမပေးချင်ပါဘူး။ ၁၃၀နားကို ပြန်ဆင်းလာပြီး ၁၃၀ supportခိုင်တယ်ဆိုရင်တော့ တမျိုးပေါ့။ ဒီလိုဈေးကြီးတဲ့ Stockမျိုးကြတော့ နှစ်လသုံးလ Call Optionsဝယ်ပြီး Tradeတာက ပိုသင့်တော်ပါတယ်။ အရင်းအများကြီး မလိုဘူးပေါ့။ ဒါပေမယ့် အဝင်ကောင်းဖို့တော့ လိုပါတယ်။
Good Luck.
21 April 2011
BIDU chart
19 April 2011
It's this time again
Sell in May and go awayဆိုတဲ့ Stock Market ဆိုရိုးတစ်ခုရှိပါတယ်။ USက Traderအများစုဟာ Springမှာ Accumulateဖြစ်ထားတဲ့ Profitတွေကို Realise/Sellလုပ်ပြီး Holidayသွားလေ့ရှိကြတာမို့ Mayဆိုရင် Marketဟာ ကျလေ့ရှိပါတယ်။ Geopolictical eventတွေဟာလည်း တခုမဟုတ် တခုပေါ်လာလေ့ရှိပြီး လိုအပ်တဲ့ Bad Newsကို ပေးလေ့ရှိပါတယ်။
အောက်မှာပြထားတဲ့ Dow Jones Industrial Average chartဟာ ပြီးခဲ့တဲ့သောကြာနေ့အထိ Dataနဲ့ ဆွဲထားတာပါ။ Up trendဟာ နှစ်ပတ်သုံးပတ်အတွင်း Volumeနည်းနည်းနဲ့ တက်လာပြီး အခုတော့ ၁၂၄၀၀နားမှာ တစ်နေပါတယ်။ MFI, MACD Technical Signal တွေဟာလည်း Toppyဖြစ်နေပါတယ်။
အခုဒီPostကိုရေးနေတုန်းပဲ S&P rating agencyက US Governmentရဲ့ credit rating outlookကို Negativeအနေဲ့ Downgradeလုပ်ချလိုက်ပါတယ်။ အဓိကကတော့ နိုင်ငံရေးသမားတွေဟာ ၂၀၁၃အထိ ထိရောက်တဲ့ Deficit cutting planကို အကောင်အထည်ဖော်နိုင်ပုံမရလို့လို့ ဆိုပါတယ်။ Government Debt ပြဿနာတွေဟာ Greece, Portugal, Irelandတွေမှာ ပြန်ပြီးအနံ့ထွက်လာတာ လတ်လတ်ဆတ်ဆတ်ရှိနေတုန်းမှာ US soverign credit outlook downgrade newsဟာ Last thing Stock Markets needပါ။
အခုဒီPostရေးနေတုန်း Dowဟာ point 200ကျော် Downနေပြီး Goldကတော့ ၁၅၀၀ဆီကို ချီတက်နေပါတယ်။
First quarter earning report တွေဟာလည်း Revenueပိုင်းမှာ တော်တော်အားနည်းတာကြောင့် အခုချိန်အထိ very disappointingပါ။ ဒါကြောင့် Shortingလုပ်ရမယ့် အချိန်ကို တစ်လအတွင်း မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်ရောက်ရှိလာပါပြီဖြစ်ကြောင်း။
First quarter earning report တွေဟာလည်း Revenueပိုင်းမှာ တော်တော်အားနည်းတာကြောင့် အခုချိန်အထိ very disappointingပါ။ ဒါကြောင့် Shortingလုပ်ရမယ့် အချိန်ကို တစ်လအတွင်း မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်ရောက်ရှိလာပါပြီဖြစ်ကြောင်း။
Happy Shorting! Glad to be a Bear again!
When Markets change, you also change.
07 April 2011
စိတ်ကြိုက် Tradeများ
အခုရက်ပိုင်းအတွင်းမှာ စိတ်ကြိုက်ဖြစ်လာနိုင်တဲ့Tradeတွေကို ဒီPostမှာ Listလုပ်ထားပါတယ်။ ကိုယ့်ရဲ့ Risk Profileပေါ်မူတည်ပြီး လိုက်Tradeတာ မTradeတာကတော့ Readerတွေ သဘောပါပဲ။
CISCO - Finally Breaking Out
CSCOဟာ မနေ့ညက ၅%နီးပါးဆောင့်တက်သွားပါတယ်။ Volumeလည်း အားရစရာပါ။ CSCOကို Tradeဖို့ March 18 US Market မဖွင့်ခင်မှာ ကျွန်တော်Recommendလုပ်ခဲ့ပါတယ်။ March 18 Close 17.14ကသာ ဝင်ခဲ့ရင် အခု 5.4%လောက် Appreciateဖြစ်ပြီးပါပြီ။ CSCOရဲ့ Breakoutဟာ မနေ့ညကမှ Volumeကောင်းကောင်းနဲ့ စိတ်ချရအောင် စတက်တာပါ။ Near term 19လောက်ကို Resistance Levelထားပြီး Tradeသင့်ပါတယ်။ 19ဟာ 17.14ကနေဆိုရင် ၁၁%နီးပါး တက်တာဖြစ်ပါလိမ့်မယ်။
Euro Dollar - Short or Long depends on Mr. Trichet
ECB (European Central Bank)ဟာ ဒီနေ့ညမှာ Monetary Policy Meetingထိုင်ပါမယ်။ ECB President Mr. Trichetဟာ ပြီးခဲ့တဲ့လကတည်းက Eurozone Inflationတွေ အတက်ကြမ်းလို့ ဒီလMeetingမှာတော့ Interest Rateတက်ဖို့ Chanceတော်တော်များတယ်လို့ ပေါ်တင်ပဲပြောခဲ့ပါတယ်။ ဒါကြောင့် Euro Dollarဟာ အခုတလော ဆက်တိုက်တက်လာခဲ့တာပါ။ ဒီနေ့ည Meeting outcome statementမှာ နောက်လတွေမှာပါ ဆက်တက်နိုင်တဲ့ Hintကို ပေးခဲ့ရင် Euroဟာ ဆက်တက်နိုင်ပါတယ်။ Trichetရဲ့ Commentတွေမှာ Inflationကို စိုးရိမ်နေသေးတဲ့ အရိပ်အယောင်များများပါရင် Euroဟာ 1.46အထိတက်နိုင်ပါတယ်။ Trichetက အခုတစ်လပဲတက်ပြီး Impactကို စောင့်ကြည့်ဦးမယ် ဘာညာဆိုရင်တော့ Euroဟာ ပြန်ကျဖို့လမ်းပိုများပါတယ်။ ဘာလို့လည်းဆိုတော့ ဒီနေ့ညမှာ Rate Hikeလုပ်မယ်ဆိုတာ Marketက ကြိုပြီး Pricing in လုပ်ပြီးသားမို့လို့ပါ။ ဒါကြောင့် Euroကို Shortရမလား၊ Longရမလားကတော့ Trichetရဲ့ Meeting statementကို စောင့်ကြည့်ရပါမယ်။ Portugal Bailoutဟာလည်း Euro Dollarအတွက် Bearishဖြစ်တဲ့ Newsဆိုတာ ထည့်စဉ်းစားဖို့ လိုပါတယ်။
Aussie - Short very soon
Aussie Dollarဟာ everydayလိုလို New Highတွေဖြစ်ပြီး 1.02 Resistanceကို လွန်ခဲ့တဲ့March 25ကတည်း Breakoutလုပ်ခဲ့ပါတယ်။ AUDရဲ့ Projected Target Resistanceကို ကျွန်တော်1.05လို့တွက်ထားပါတယ်။ 1.05ရောက်ရင် at least Traderတွေဟာ Profit takingလုပ်ပြီး 1.02ကို Supportအနေနဲ့ ပြန်ပြီးTestလုပ်ပါလိမ့်မယ်။ ဒီနေ့ထွက်လာတဲ့ Unemployment Rateဟာ မှန်းထားတဲ့ 5%ထက် လျော့တာကလည်း AUDကို Supportပေးနေပါတယ်။
Gold - Sky is the limit
ဆက်တိုက်တက်ပြီးရင်း တက်နေတဲ့ Oil priceတွေနဲ့ Food pricesတွေဟာ Inflationary pressureတွေဖြစ်တာကြောင့် Classic Inflation Hedgeဖြစ်တဲ့ Goldဟာ 1442 Resistanceကို အင်္ဂါနေ့က Breakoutလုပ်သွားပါတယ်။ မနေ့ညက ဆက်တိုက်ထပ်တက်ပါတယ်။ Volumeလည်း ကောင်းပါတယ်။ US Government Shutdownဖြစ်နိုင်တာ၊ Eurozone Debt Crisis, Middle East Tensionတွေနဲ့ ဂျပန်ကမပြီးသေးတဲ့ Nuclear Crisisဟာ Goldကို Fear Hedgeအနေနဲ့ သုံးချင်သူတွေအတွက် Perfect Candidateပါပဲ။ ဒါကြောင့် Goldဟာ New Trading Rangeကို စပြီးDefineလုပ်နေတယ်လို့ Analyseလုပ်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ Projected Targetတော့ 1526ပါ။ Gold Miner Stockတွေ၊ Gold Futures Call Optionsတွေကို Longဖို့ စကြည့်သင့်နေပါပြီ။ Goldဟာ ၁၄၄၂အပေါ်မှာ အခြေမခိုင်ပဲ ပြန်ကျလာရင်တော့ 1420 areaကို Supportအနေနဲ့ Testလုပ်နိုင်ပါကြောင်း။
Happy Trading!
30 March 2011
Trading Fukushima
First of all, this trade is not for faint-hearted, it's related to Uranium :) Japanမှာ Nuclear reactorတွေ ပြဿနာစတက်တာနဲ့ Uraniumဈေးတွေ ထိုးကျပြီး Uranium Mining Stockတွေဟာလည်း လိုက်ပြီးထိုးဆင်းသွားကြပါတယ်။ အခုဆိုရင် Marketထဲမှာ Japanက Newsတွေနဲ့ပတ်သက်လို့တော့ နည်းနည်းသွေးအေးသွားပါပြီ။ Uranium Stockတွေဟာ TEPCOက Power Supplyပြန်တပ်နိုင်တော့မယ်ဆိုတဲ့ သတင်းထွက်လာတာနဲ့ ခွေးကျကျထားတဲ့ ဈေးတွေကနေ Bargain Huntingရော၊ Short-coveringတွေကြောင့်ပါ နည်းနည်းပြန်ပြီးRecoverဖြစ်လာပါတယ်။ ဒီအပတ်မှာတော့ ထင်ထားတာထက်များတဲ့ Radioactive materialတွေ Fukushimaတဝိုက်မှာ တွေ့တယ်ဆိုတာနဲ့ Uraniumရော Uranium Mining Stockတွေပါ နည်းနည်းပြန်ဆင်းနေပါတယ်။
Japanဟာ သူ့တိုင်းပြည်ရဲ့ Electricityလိုအပ်ချက်ရဲ့ ၂၅%ကို Nuclearကနေထုတ်ပြီး တကမ္ဘာလုံး Uranium Productionရဲ့ ၁၀%လောက်ကို Japanက ဝယ်တယ်ဆိုပါတယ်။ Japanထက်ပိုပြီး Nuclear Hungryဖြစ်တဲ့ တိုင်းပြည်က နှစ်ခုပဲရှိပါတယ် - USAနဲ့ Franceပါ။ USနဲ့ Franceဟာ သူတို့ဆီက Power Plantတွေကို ပြန်ပြီးReviewလုပ်မယ် ပိုပြီးတင်းကျပ်တဲ့ Safety Regulationတွေလုပ်မယ်ဆိုတာလွဲလို့ ကျန်တာဘာမှ မပြောပါဘူး။ Power Plantတွေ ပိတ်ပစ်မယ်၊ လျော့ချမယ်လည်း မပြောဘူး။ Power Hungryတကယ်ဖြစ်ပြီး နောက်ဆယ်စုနှစ်အချို့မှာ USကို ကျော်သွားမှာက Chinaပါ။ Chinaဟာ Nuclear Power Plant construction planတွေကို ခဏဆိုင်းလိုက်ပြီး Safetyပိုင်းဆိုင်ရာတွေပြန်ပြီး Reviewလုပ်နေပါတယ်။ ဒါပေမယ့် သူတို့ဟာ အချိန်တန်ရင် အဲဒီ့Projectတွေကို ပြန်စမှာပါ။ Fukushimaအတွေ့အကြုံဟာ တကယ်တမ်းတော့ Nuclear Power Industryကို ပိုပြီးSafeဖြစ်အောင် လှုံ့ဆော်ပေးသလိုတောင် ဖြစ်သွားပါသေးတယ်။ ဒါဟာ ကောင်းတဲ့အချက်ပါ။
Long termအတွက် Investလုပ်သင့်တဲ့ Uranium Mining Stockကတော့ Cameco (CCJ)ပါ။ NYSEမှာ Listedလုပ်ပါတယ်။ Camecoဟာ ကမ္ဘာပေါ်မှာ Publicly tradedလုပ်တဲ့ Uranimum Mining Companiesတွေထဲမှာ အကြီးဆုံးပါ။ အောက်ကChartကို ကြည့်ရင် March 14က Japanသတင်းကြောင့် ထိုးဆင်းသွားတာတွေ့ပါလိမ့်မယ်။ CCJအောက်မှာ Uranium May 2011 Futures Contractရဲ့ ဈေးကိုပြထားပါတယ်။ March 14မှာ ဈေးပြုတ်သွားပြီး Uranium priceဟာ CCJကို Heavily Influence ဖြစ်နေတာတွေ့နိုင်ပါတယ်။
Investor/Traderတစ်ယောက်အနေနဲ့တွေးရမှာက Japanကြောင့် Global Uranium Consumption ဘယ်လောက် ကျသွားနိုင်သလည်း ဆိုတာပါပဲ။ ကျွန်တော့်အမြင်ကတော့ Very Limited Impactပါ။ USAနဲ့ Franceရဲ့ Consumptionဟာ တက်မလာရင်သာနေမယ် ကျစရာမရှိပါဘူး။ Emerging countriesတွေဖြစ်တဲ့Chinaနဲ့ Indiaရဲ့ Demandဟာလည်း ပိုလာစရာပဲရှိပါတယ်။ Japanမှာလည်း Nuclear Plantတွေမှ အများကြီး။ ဒါတွေကြောင့် အခုတလောဖြစ်နေတဲ့ Negative Sentimentဟာ အချိန်တန်ရင် ပျောက်သွားဖို့ပဲရှိပါတယ်။ Fukushimaသတင်းတွေ ငြိမ်သွားရင် Uraniumဈေးလည်း ပြန်အဝယ်လိုက်လာမှာပါ။ Marketsတွေဟာ အမြဲတမ်း Overreaction/Highly Emotionalဖြစ်တတ်ပါတယ်။ ဒီUraniumဇာတ်လမ်းဟာ Exampleကောင်းတစ်ခုပါပဲ။ ဒီတော့ သတ္တိရှိသော Traderများ 32.80ကို First level of profit target၊ 29ကို Stop-lossအနေနဲ့ ထားပြီး Tradeသင့်ပါကြောင်း။ မနေ့က Closeနဲ့သာ ဝင်ခဲ့ရင် 32.80ဟာ ၁၀.၄% profitရပါမယ်။ Investorတွေအနေနဲ့ကတော့ နောက်ခြောက်လအတွင်းမှာ March 14က Gapဟာ ပိတ်နိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ Gap closing profit targetကတော့ 36.80ပါ။ မနေ့က Closeနဲ့တွက်ရင် ၂၄%နီးပါးမြတ်နိုင်ပါကြောင်း။
Happy Investing!
PS : Other smaller Uranium Miners that I like on NYSE and NASDAQ are USU and URRE respectively.
Subscribe to:
Posts (Atom)