30 March 2011

Trading Fukushima

First of all, this trade is not for faint-hearted, it's related to Uranium :) Japanမှာ Nuclear reactorတွေ ပြဿနာစတက်တာနဲ့ Uraniumဈေးတွေ ထိုးကျပြီး Uranium Mining Stockတွေဟာလည်း လိုက်ပြီးထိုးဆင်းသွားကြပါတယ်။ အခုဆိုရင် Marketထဲမှာ Japanက Newsတွေနဲ့ပတ်သက်လို့တော့ နည်းနည်းသွေးအေးသွားပါပြီ။ Uranium Stockတွေဟာ TEPCOက Power Supplyပြန်တပ်နိုင်တော့မယ်ဆိုတဲ့ သတင်းထွက်လာတာနဲ့ ခွေးကျကျထားတဲ့ ဈေးတွေကနေ Bargain Huntingရော၊ Short-coveringတွေကြောင့်ပါ နည်းနည်းပြန်ပြီးRecoverဖြစ်လာပါတယ်။ ဒီအပတ်မှာတော့ ထင်ထားတာထက်များတဲ့ Radioactive materialတွေ Fukushimaတဝိုက်မှာ တွေ့တယ်ဆိုတာနဲ့ Uraniumရော Uranium Mining Stockတွေပါ နည်းနည်းပြန်ဆင်းနေပါတယ်။

Japanဟာ သူ့တိုင်းပြည်ရဲ့ Electricityလိုအပ်ချက်ရဲ့ ၂၅%ကို Nuclearကနေထုတ်ပြီး တကမ္ဘာလုံး Uranium Productionရဲ့ ၁၀%လောက်ကို Japanက ဝယ်တယ်ဆိုပါတယ်။ Japanထက်ပိုပြီး Nuclear Hungryဖြစ်တဲ့ တိုင်းပြည်က နှစ်ခုပဲရှိပါတယ် - USAနဲ့ Franceပါ။ USနဲ့ Franceဟာ သူတို့ဆီက Power Plantတွေကို ပြန်ပြီးReviewလုပ်မယ် ပိုပြီးတင်းကျပ်တဲ့ Safety Regulationတွေလုပ်မယ်ဆိုတာလွဲလို့ ကျန်တာဘာမှ မပြောပါဘူး။ Power Plantတွေ ပိတ်ပစ်မယ်၊ လျော့ချမယ်လည်း မပြောဘူး။ Power Hungryတကယ်ဖြစ်ပြီး နောက်ဆယ်စုနှစ်အချို့မှာ USကို ကျော်သွားမှာက Chinaပါ။ Chinaဟာ Nuclear Power Plant construction planတွေကို ခဏဆိုင်းလိုက်ပြီး Safetyပိုင်းဆိုင်ရာတွေပြန်ပြီး Reviewလုပ်နေပါတယ်။ ဒါပေမယ့် သူတို့ဟာ အချိန်တန်ရင် အဲဒီ့Projectတွေကို ပြန်စမှာပါ။ Fukushimaအတွေ့အကြုံဟာ တကယ်တမ်းတော့ Nuclear Power Industryကို ပိုပြီးSafeဖြစ်အောင် လှုံ့ဆော်ပေးသလိုတောင် ဖြစ်သွားပါသေးတယ်။ ဒါဟာ ကောင်းတဲ့အချက်ပါ။

Long termအတွက် Investလုပ်သင့်တဲ့ Uranium Mining Stockကတော့ Cameco (CCJ)ပါ။ NYSEမှာ Listedလုပ်ပါတယ်။ Camecoဟာ ကမ္ဘာပေါ်မှာ Publicly tradedလုပ်တဲ့ Uranimum Mining Companiesတွေထဲမှာ အကြီးဆုံးပါ။ အောက်ကChartကို ကြည့်ရင် March 14က Japanသတင်းကြောင့် ထိုးဆင်းသွားတာတွေ့ပါလိမ့်မယ်။ CCJအောက်မှာ Uranium May 2011 Futures Contractရဲ့ ဈေးကိုပြထားပါတယ်။ March 14မှာ ဈေးပြုတ်သွားပြီး Uranium priceဟာ CCJကို Heavily Influence ဖြစ်နေတာတွေ့နိုင်ပါတယ်။

Investor/Traderတစ်ယောက်အနေနဲ့တွေးရမှာက Japanကြောင့် Global Uranium Consumption ဘယ်လောက် ကျသွားနိုင်သလည်း ဆိုတာပါပဲ။ ကျွန်တော့်အမြင်ကတော့ Very Limited Impactပါ။ USAနဲ့ Franceရဲ့ Consumptionဟာ တက်မလာရင်သာနေမယ် ကျစရာမရှိပါဘူး။ Emerging countriesတွေဖြစ်တဲ့Chinaနဲ့ Indiaရဲ့ Demandဟာလည်း ပိုလာစရာပဲရှိပါတယ်။ Japanမှာလည်း  Nuclear Plantတွေမှ အများကြီး။ ဒါတွေကြောင့် အခုတလောဖြစ်နေတဲ့ Negative Sentimentဟာ အချိန်တန်ရင် ပျောက်သွားဖို့ပဲရှိပါတယ်။ Fukushimaသတင်းတွေ ငြိမ်သွားရင် Uraniumဈေးလည်း ပြန်အဝယ်လိုက်လာမှာပါ။ Marketsတွေဟာ အမြဲတမ်း Overreaction/Highly Emotionalဖြစ်တတ်ပါတယ်။ ဒီUraniumဇာတ်လမ်းဟာ Exampleကောင်းတစ်ခုပါပဲ။ ဒီတော့ သတ္တိရှိသော Traderများ 32.80ကို First level of profit target၊ 29ကို Stop-lossအနေနဲ့ ထားပြီး Tradeသင့်ပါကြောင်း။ မနေ့က Closeနဲ့သာ ဝင်ခဲ့ရင် 32.80ဟာ ၁၀.၄% profitရပါမယ်။ Investorတွေအနေနဲ့ကတော့ နောက်ခြောက်လအတွင်းမှာ March 14က Gapဟာ ပိတ်နိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ Gap closing profit targetကတော့ 36.80ပါ။ မနေ့က Closeနဲ့တွက်ရင် ၂၄%နီးပါးမြတ်နိုင်ပါကြောင်း။

Happy Investing!

PS : Other smaller Uranium Miners that I like on NYSE and NASDAQ are USU and URRE respectively.

24 March 2011

Reply for BAC and FUQI

ညီလေးတစ်ယောက်က Bank of Americaကို ဝယ်သင့်မဝယ်သင့်နဲ့ FUQIကို Shortသင့်မShortသင့် ပြီးခဲ့တဲ့Postမှာ commentအနေနဲ့ မေးထားတာကို Chartတွေနဲ့ပဲဖြေပေးလိုက်ပါတယ်။ Companyတွေရဲ့ လက်ရှိလုပ်ငန်းအသေးစိပ်တွေနဲ့ Fundamental Analysisကတော့ ကိုယ့်ဘာသာလုပ်လိုက်ပါ။ ကျွန်တော်ကတော့ Technicalပိုင်းကနေ Analyseလုပ်ပေးထားပါတယ်။

BAC
မဆိုးပါဘူး။ အခုShare Price (sp)ဟာ Support 13.5နားမှာ ပြေးနေပါတယ်။ မနေ့ညက BACကို Federal Reserveက Dividend amountပေးမတိုးတာဟာ Investorတချို့ကို ရောင်းဖို့ Excuseပေးလိုက်သလိုဖြစ်သွားတယ်။ ဒါပေမယ့် 13.5ကတော့ Holdနေတုန်းပါပဲ။ Tight Stopကပ်ထားပြီး 14.90ကို Targetထားပြီး Tradeချင်ရင် Tradeသင့်ပါတယ်။ MFIနဲ့ MACD indicatorတွေဟာ Bearish Divergence Signalပေးနေတာကိုတော့ သတိထားပါ။ 13.5အောက်မှာ ပိတ်ခဲ့ရင် Cut lossလုပ်ပါ။


FUQI
FUQI chartကို Weekly Candle chartသုံးပြီးပြထားပါတယ်။  မနေ့ညက ပိတ်သွားတဲ့ spဟာ 2009 March low 3.31ထက်တောင် ပိုနည်းပြီး 3.29နဲ့ပိတ်သွားတာ နည်းနည်းတော့ စိုးရိမ်စရာရှိပါတယ်။ ဒီလောက်အထိ ပြုတ်လာတဲ့ Stockမှာ Fundamentally တခုခုမှားနေတာရှိပါလိမ့်မယ်။ ဘာလို့ဒီလောက် levelအထိကျလာသလည်းကို ရှာပါ။ FUQIကို Shortဖို့ထက် Longဖို့က ပိုသင့်တော်ပါလိမ့်မယ်။ အကြောင်းမယ်မယ်ရရ မရှိဘဲ အသားလွတ်ပြုတ်လာတာဆိုရင်တော့ လွန်ခဲ့တဲ့နှစ်နှစ်စာ အလကားပြန်ရတာနဲ့ အတူတူပါပဲ။ ဒီတော့ ဒီလောက်တောင်ကျပြီးသား Stockကို Shortဖို့ မကြိုးစားပါနဲ့။ Longသင့်လားဆိုတာတောင် စဉ်းစားပါ။


Good Luck!

19 March 2011

Certainty is back and so will be Bulls

Just a quick update
  1. Libyan Government has ceased fire after UN security council has passed no-fly zone vote.
  2. Japan situation seems under control and market not getting nervous anymore.
  3. Stocks (especially Asian stocks) look heavily oversold and beaten down to death.
  4. Recent US economic data has been pretty good.
Time to Long / Buy!
Happy Investing

PS : I like Cisco (CSCO) - super cheap at the moment.

11 March 2011

Quick Update - Super Friday

Bargain Huntingလုပ်မယ့်သူများကို သတိပေးချင်လို့ ဒီPostလေးကို အမြန်ကောက်ရေးလိုက်ပါတယ်။

ဒီနေ့ညမှာ
  1. EU Leaders တွေဟာ PIGS countriesတွေအတွက် Bailout Fundပိုပြီးလိုမလို၊ ထားသင့်မထားသင့် ဆွေးနွေးကြပါလိမ့်မယ်။
  2. Saudi Arabiaမှာ ဗလီတက်အပြီး ဆူဖို့လုပ်ထားကြပါတယ်။ ဘာမှမဟုတ်ဘဲ ပြီးသွားနိုင်သလို ဆီဈေးဆောင့်တက်သွားအောင်လည်း လုပ်နိုင်ပါတယ်။ အခြား Middle-east တိုင်းပြည်တွေမှာလည်း ဆူဖို့ညှိထားကြပါတယ်။
  3. Dow Jones Industrial Indexဟာ စက်တင်ဘာကတည်းက စလာတဲ့ Up Trendကို မနေ့ညက အောင်အောင်မြင်မြင် ပြတ်ပြတ်သားသားပဲ Downwardly Breakoutလုပ်သွားပါတယ်။ ဒီ Momentumဟာ အနည်းဆုံး နောက်နှစ်ရက်သုံးရက်လောက်အထိ သေမှာမဟုတ်ဖို့ Chanceတော်တော်များပါတယ်။ ဒါကြောင့် ဝယ်ချင်သူများ စောင့်ကြည့်ပါဦး။
  4. Japan မှာအခုပဲ ငလျင်အကြီးအကျယ်လှုပ်သွားပါတယ်။ Damageဘယ်လောက်များလည်း အသေးစိပ်မသိရသေးပါဘူး။ ဒါပေမယ့် Investorတွေရဲ့ Sentimentကို Affectဖြစ်ပါလိမ့်မယ်။
Summary
ဒီနေ့ည မဝယ်ပါနဲ့။ စိတ်ဝင်စားတဲ့ Stockတွေရဲ့ Support Levelတွေကို စောင့်ကြည့်ပါ။ နောက်အပတ် ဒီအချိန်လောက်ဆို Downtrend အရှိန်သေပြီးလား၊ ပိုကြီးတဲ့ Correction ဆက်ဖြစ်နိုင်လားသိရပါမယ်။


Happy Shorting and Bargain Hunting!