24 March 2011

Reply for BAC and FUQI

ညီလေးတစ်ယောက်က Bank of Americaကို ဝယ်သင့်မဝယ်သင့်နဲ့ FUQIကို Shortသင့်မShortသင့် ပြီးခဲ့တဲ့Postမှာ commentအနေနဲ့ မေးထားတာကို Chartတွေနဲ့ပဲဖြေပေးလိုက်ပါတယ်။ Companyတွေရဲ့ လက်ရှိလုပ်ငန်းအသေးစိပ်တွေနဲ့ Fundamental Analysisကတော့ ကိုယ့်ဘာသာလုပ်လိုက်ပါ။ ကျွန်တော်ကတော့ Technicalပိုင်းကနေ Analyseလုပ်ပေးထားပါတယ်။

BAC
မဆိုးပါဘူး။ အခုShare Price (sp)ဟာ Support 13.5နားမှာ ပြေးနေပါတယ်။ မနေ့ညက BACကို Federal Reserveက Dividend amountပေးမတိုးတာဟာ Investorတချို့ကို ရောင်းဖို့ Excuseပေးလိုက်သလိုဖြစ်သွားတယ်။ ဒါပေမယ့် 13.5ကတော့ Holdနေတုန်းပါပဲ။ Tight Stopကပ်ထားပြီး 14.90ကို Targetထားပြီး Tradeချင်ရင် Tradeသင့်ပါတယ်။ MFIနဲ့ MACD indicatorတွေဟာ Bearish Divergence Signalပေးနေတာကိုတော့ သတိထားပါ။ 13.5အောက်မှာ ပိတ်ခဲ့ရင် Cut lossလုပ်ပါ။


FUQI
FUQI chartကို Weekly Candle chartသုံးပြီးပြထားပါတယ်။  မနေ့ညက ပိတ်သွားတဲ့ spဟာ 2009 March low 3.31ထက်တောင် ပိုနည်းပြီး 3.29နဲ့ပိတ်သွားတာ နည်းနည်းတော့ စိုးရိမ်စရာရှိပါတယ်။ ဒီလောက်အထိ ပြုတ်လာတဲ့ Stockမှာ Fundamentally တခုခုမှားနေတာရှိပါလိမ့်မယ်။ ဘာလို့ဒီလောက် levelအထိကျလာသလည်းကို ရှာပါ။ FUQIကို Shortဖို့ထက် Longဖို့က ပိုသင့်တော်ပါလိမ့်မယ်။ အကြောင်းမယ်မယ်ရရ မရှိဘဲ အသားလွတ်ပြုတ်လာတာဆိုရင်တော့ လွန်ခဲ့တဲ့နှစ်နှစ်စာ အလကားပြန်ရတာနဲ့ အတူတူပါပဲ။ ဒီတော့ ဒီလောက်တောင်ကျပြီးသား Stockကို Shortဖို့ မကြိုးစားပါနဲ့။ Longသင့်လားဆိုတာတောင် စဉ်းစားပါ။


Good Luck!

19 March 2011

Certainty is back and so will be Bulls

Just a quick update
  1. Libyan Government has ceased fire after UN security council has passed no-fly zone vote.
  2. Japan situation seems under control and market not getting nervous anymore.
  3. Stocks (especially Asian stocks) look heavily oversold and beaten down to death.
  4. Recent US economic data has been pretty good.
Time to Long / Buy!
Happy Investing

PS : I like Cisco (CSCO) - super cheap at the moment.

11 March 2011

Quick Update - Super Friday

Bargain Huntingလုပ်မယ့်သူများကို သတိပေးချင်လို့ ဒီPostလေးကို အမြန်ကောက်ရေးလိုက်ပါတယ်။

ဒီနေ့ညမှာ
  1. EU Leaders တွေဟာ PIGS countriesတွေအတွက် Bailout Fundပိုပြီးလိုမလို၊ ထားသင့်မထားသင့် ဆွေးနွေးကြပါလိမ့်မယ်။
  2. Saudi Arabiaမှာ ဗလီတက်အပြီး ဆူဖို့လုပ်ထားကြပါတယ်။ ဘာမှမဟုတ်ဘဲ ပြီးသွားနိုင်သလို ဆီဈေးဆောင့်တက်သွားအောင်လည်း လုပ်နိုင်ပါတယ်။ အခြား Middle-east တိုင်းပြည်တွေမှာလည်း ဆူဖို့ညှိထားကြပါတယ်။
  3. Dow Jones Industrial Indexဟာ စက်တင်ဘာကတည်းက စလာတဲ့ Up Trendကို မနေ့ညက အောင်အောင်မြင်မြင် ပြတ်ပြတ်သားသားပဲ Downwardly Breakoutလုပ်သွားပါတယ်။ ဒီ Momentumဟာ အနည်းဆုံး နောက်နှစ်ရက်သုံးရက်လောက်အထိ သေမှာမဟုတ်ဖို့ Chanceတော်တော်များပါတယ်။ ဒါကြောင့် ဝယ်ချင်သူများ စောင့်ကြည့်ပါဦး။
  4. Japan မှာအခုပဲ ငလျင်အကြီးအကျယ်လှုပ်သွားပါတယ်။ Damageဘယ်လောက်များလည်း အသေးစိပ်မသိရသေးပါဘူး။ ဒါပေမယ့် Investorတွေရဲ့ Sentimentကို Affectဖြစ်ပါလိမ့်မယ်။
Summary
ဒီနေ့ည မဝယ်ပါနဲ့။ စိတ်ဝင်စားတဲ့ Stockတွေရဲ့ Support Levelတွေကို စောင့်ကြည့်ပါ။ နောက်အပတ် ဒီအချိန်လောက်ဆို Downtrend အရှိန်သေပြီးလား၊ ပိုကြီးတဲ့ Correction ဆက်ဖြစ်နိုင်လားသိရပါမယ်။


Happy Shorting and Bargain Hunting!

07 March 2011

လွန်ဆွဲပွဲ

ပြီးခဲ့တဲ့အပတ်ဟာ Marketထဲမှာ တကယ်ကို လွန်ဆွဲပွဲပါပဲ။ Bullနဲ့Bearတွေအကြား လွန်ဆွဲတယ် ပြောလည်းရတယ်၊ US Economic Dataတွေနဲ့ Middle-east newsတွေအကြား လွန်ဆွဲတယ် ပြောလည်းရပါတယ်။ USမှာ Last weekက ISM Manufacturing, Non-manufacturing data, Initial Jobless Claims, Unemployment Rate, Private Payrolls, Factory data အစရှိတဲ့ Monthly Macroeconomic Dataတွေ ထွက်ပါတယ်။ အားလုံးကောင်းပါတယ်။ အားရစရာလည်း ရှိပါတယ်။ ဒါပေမယ့် Stock Marketမှာ လာမယ့်သုံးလကနေ ခြောက်လလောက်ကို အနည်းဆုံး Targetထားပြီး Tradeတာမို့ အပေါ်မှာပြောသွားတဲ့ Reportအများစုဟာ သိပ်ကြာကြာBullတွေကို အထောက်အကူမပေးနိုင်ခဲ့ပါဘူး။ အပေါ်က Dataအများစုဟာ January, Februaryက ဖြစ်ပြီးသွားတဲ့ အဖြစ်အပျက်တွေကို ကောင်းတဲ့ဘက်ကနေ Confirmလုပ်တဲ့သဘောပဲရှိပါတယ်။ ရှေ့ဘာဆက်ဖြစ်နိုင်တယ်ဆိုတာကို မှန်းဆနိုင်ဖို့ Leading indicatorတွေအနေနဲ့ သုံးစားလို့ သိပ်မရပါဘူး။

Oil Price - One of the most important leading indicators
အခုလောက်ဆိုရင် ကားမောင်းတဲ့သူတိုင်း Middle-eastရဲ့ Headline affectတွေကို ခံစားပြီးလောက်ပါပြီ။ Middle-eastမှာ ပွဲထကြမ်းတိုင်း Crude Oilဈေးဟာ တက်တက်သွားပါတယ်။ ဓါတ်ဆီဆိုင် ဆိုင်းဘုတ်က ဈေးဟာကိုယ့်မျက်စိရှေ့မှာပဲ တစ်နေ့ပြီးတစ်နေ့တက်နေတာကို တွေ့နိုင်ပါတယ်။ အခုမတွေ့သေးလည်း သိပ်မကြာခင် တွေ့ပါလိမ့်မယ်။ ဆီဈေးဟာ ဒီပုံစံအတိုင်းတော့ မြန်မြန်ပြန်ကျမယ့်ပုံ မပေါ်ပါဘူး။ ဆီဈေးတက်တာနဲ့အမျှ Transportation costတွေတက်လာပြီး လူတန်းစားအလွှာအားလုံးကို ထိခိုက်လာနိုင်ပါတယ်။ ကျွန်တော်တို့ကို ဘာမှတော့ ဆိုးဆိုးရွားရွားမထိခိုက်ဘူးပေါ့။ ဒါပေမယ့် ဆီဈေးကြီးလာတာကြောင့် ဈေးတွေတက်လာရင် Discretionary(non-essential) Spendingတွေ ကျလာပါမယ်။ အပြင်သိပ်သဝေမထိုးတော့ပဲ အိမ်ထဲမှာ ပိုနေလာကြမယ်။ Consumer Spendingကျလာတာနဲ့အမျှ Companyတွေရဲ့ Earningတွေကို ထိခိုက်လာပါမယ်။ Manufacturing Raw Material Input Costတွေတက်လာပြီး Producerတွေဟာ အဲဒီ့Costတွေကို End-user/consumerတွေဆီကို ရသလောက် Transferလုပ်လိုက်မှာပါ။ ဒီတော့ inflationတက်လာပြီး Central Bankတွေကို Interest Rate Hikeလုပ်ဖို့ Pressureလုပ်လာပါမယ်။

Bullတပြန် Bearတပြန်
February 22က Market Updateရေးအပြီးပဲ Dow Jones Industrial Averageဟာ စကျပါတယ်။ ၂၂၊၂၃၊၂၄ သုံးရက်ဆက်တိုက်ကျပြီး ၂၅(သောကြာနေ့)မှာ နည်းနည်းပြန်တက်ပါတယ်။ ကျွန်တော့်အမြင်ကတော့ အဲဒီ့နေ့က Short-sellerတွေဟာ Weekendမဝင်ခင် Unrealised profitတွေကို Realisedဖြစ်ဖို့ ပြန်ဝယ်ကြတာမို့ နည်းနည်းပြန်တက်သွားတယ်လို့ ထင်ပါတယ်။ ၂၈ရက်နေ့မှာ Personal Income dataမဆိုးလှတာကြောင့် ဆက်တက်ပါတယ်။ ဒါပေမယ့် Libyaမှာ Violenceတွေပိုဖြစ်လာတာနဲ့ March ၁ရက်နေ့မှာ ပြန်ထိုးဆင်းသွားပါတယ်။ ၂ ရက်နေ့ကတော့ Flatပဲ။ ၃ ရက်နေ့ကတော့ Initial Jobless Claimsတွေ သိသိသာသာလျော့သွားတာကြောင့် Marketမှာ Friday Job Reportအတွက် Over-enthusiastic ဖြစ်ပြီး Point 200လောက် တက်သွားပါတယ်။ ဒါပေမယ့် Fridayမှာ Crude Oil ဈေးတွေခုန်တက်တာရော၊ Employment Reportကလည်း ထင်တာထက် သိပ်ပြီးအားရစရာမရှိတာကြောင့် 88 points ပြန်ဆင်းသွားပြန်ရော။ သောကြာနေ့ဈေးလည်းပိတ်ရော Market Indexတွေဟာ တနင်္လာနေ့က စခဲ့တဲ့နေရာကနေ ဘယ်မှသိပ်မရွေ့နိုင်ခဲ့ပါဘူး။ 

Volatility is the Sign
ပြီးခဲ့တဲ့အပတ်က Volatilityဟာ တော်တော်လေးကြမ်းပါတယ်။ Marketဟာ ၁၀၀pointလောက်ကို အသာလေးပဲ တရက်ထဲမှာ Directionပြောင်းနိုင်တဲ့အစွမ်းရှိပါတယ်။ Market ဆက်တိုက်တက်တက်လာပြီး ထိပ်နားမှာ ဒီလိုလွန်ဆွဲပွဲတွေ ဆက်တိုက်တွေ့နေရပြီဆိုရင် ရှေ့ပိုင်းကအသာစီးရနေတဲ့ အုပ်စုဟာ လက်ပန်းကျပြီး ရှုံးလေ့ရှိပါတယ်။ Middle-eastက Headlineတွေဟာ Oil priceနဲ့ Stock Marketတွေကို ဒီအပတ်မှာလည်း Dominateလုပ်သွားဦးမှာပါ။ လူတိုင်းက Libyaကို ကြည့်နေချိန်မှာ ကျွန်တော်သေချာကြည့်နေတာကတော့ Bahrainပါ။ Bahrainဟာ ပိုပြီး Democracy Protestနဲ့ တူသလို ကမ္ဘာပေါ်မှာ ဆီExportအလုပ်ဆုံး Saudi Arabiaရဲ့ Closest အိမ်နီးချင်းလည်း ဖြစ်ပါတယ်။ Saudiဟာ ခုချိန်အထိ 100% ဘုရင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ တိုင်းပြည်ဖြစ်တာကြောင့် Revolutionဖြစ်နိုင်တဲ့ Chanceအများကြီးရှိပါတယ်။ Bahrainမှာ အခြေအနေတွေဟာ ခုထက်ထိ မအေးသေးပါဘူး။ ပိုတောင်ဆိုးလာပါသေးတယ်။ Saudiမှာ ဒီအပတ်သောကြာနေ့ ဗလီတက်အပြီးမှာ Protestလုပ်ဖို့ ကြိုးစားနေကြပါတယ်။ Protestတွေကို Illegalလုပ်ထားတဲ့ တိုင်းပြည်မှာ တကယ်သာဖြစ်လာခဲ့ရင် Oil Priceကို ဆက်ပင့်တင်ယုံတင်သမက Stock Marketတွေလည်း ဆက်ပြီးSelloff ဖြစ်မှာဖြစ်ပါကြောင်း။

Happy Shorting!