22 February 2011

Market Update - 2011/02/22

Marketဟာ Correctionဖြစ်ဖို့ Probabilityတော်တော်လေး ကောင်းနေပြီဆိုတာ ရေးနေဖို့တောင် မလိုတော့ပါဘူး။ ဒါပေမယ့် recordလေးဖြစ်သွားအောင်တော့ ရေးလိုက်ဦးမယ်။

Middle-east Tensions
Tunisiaကနေ Egypt၊ Egyptကနေ Bahrain၊ Bahrainကနေမှ အခု Latest and Hottestတိုင်းပြည်ကတော့ Libyaပါပဲ။ Libyaက အာဏာရှင် Gaddafiအစိုးရဆင်းသွားဖို့ Protestတွေဟာ မနေ့ညက ပိုများလာသလို အစိုးရရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်ချက်ကလည်း ကြောက်ဖို့တောင် ကောင်းပါတယ်။ Confirmedမဖြစ်တဲ့သတင်းအရ Protestorsတွေကို လေယာဉ်နဲ့တောင် ဗုံးကျဲတယ်ပြောပါတယ်။ မကျဲရက်တဲ့ Pilotနှစ်ယောက်ဟာ Libyaကနေ Maltaကို Defectလုပ်သွားတယ်လို့ ဒီနေ့မနက်က ဖတ်လိုက်ရတယ်။ Libyaဟာ OPECမှာ 8th largest oil producerဖြစ်သလို North Africa Regionမှာ Oil Reservesအများဆုံးပိုင်တဲ့ တိုင်းပြည်ဖြစ်တာမို့ Libyaအရေးအခင်းဟာ Marketအတွက် Egyptထက်ပိုပြီး Sensitiveဖြစ်ပါတယ်။

Commodities Market
မနေ့ညက Oil priceဆောင့်တက်သွားသလို Gold priceဟာလည်း လွန်ခဲ့တဲ့အပတ်ကတည်းက မှန်မှန်လေးတက်လာလိုက်တာ အခုဆိုရင် ၁၄၀၀အထက် ပြန်ရောက်သွားပါတယ်။ Oil priceရော၊ Gold priceရောနှစ်ခုလုံးဟာ Middle-east tensionတွေကို confirmလုပ်တယ်လို့ တွေးလို့ရပါတယ်။ Oil priceဆောင့်တက်တာဟာ ခဏတဖြုတ်ဆိုရင်တော့ ပြဿနာမရှိပေမယ့် နည်းနည်းကြာလာတာနဲ့အမျှ တကမ္ဘာလုံးကို Affectဖြစ်ပါတယ်။ Transportation costတွေတက်လာရင် အရာရာဈေးတွေ လိုက်တက်လာမှာပါ။ အဲဒီလိုဖြစ်လာရင် Inflation pressureများနေတဲ့ Emerging Marketတွေမှာ Monetary Policyတွေပိုပြီး Tightenedဖြစ်လာနိုင်သလို Developed Marketတွေရဲ့ နှေးကွေးလှတဲ့ Recovery processကိုလည်း ထိခိုက်နိုင်ပါတယ်။ Stock Marketဟာ ဒါတွေအားလုံးကို Price-inလုပ်လိုက်ရင် ဆက်တက်မလား၊ selloffဖြစ်မလားဆိုတာ ရှင်းရှင်းလေးပါ။

T-Bonds Auctions
ဒီအပတ်ထဲမှာ US Treasuryဟာ 2-yr, 5-yrနဲ့ 7-yr Notes auctionsတွေကို ဆက်တိုက်လုပ်သွားပါမယ်။ ဒီနေ့ညမှာ 2-yr Notes auctionစပါမယ်။ Auctionတွေအားလုံးကနေ ဒီအပတ်တပတ်ထဲမှာ U$99 billionကို Raiseလုပ်မယ်လို့ Treasury departmentက ကြေညာထားပါတယ်။ အမေရိကန်တွေ ချေးသုံးတာကြမ်းချက်ကတော့ သင်္ဘောသား ကုန်းပေါ်ခဏတက်တုန်း သုံးသလိုပါပဲ။ Stock traderတစ်ယောက်အနေနဲ့ Moneyဟာ ဒီAuctionsတွေအားလုံးကို Demandကောင်းကောင်းနဲ့ စီးသွားသလားဆိုတာ စောင့်ကြည့်ရပါမယ်။ အထူးသဖြင့် Short-term 2-yr Notes yieldတွေ ထိုးကျသွားရင် Stock Marketကို Negatively Affectဖြစ်တော့မယ်ဆိုတာ နားလည်ရပါမယ်။ Stock market correctionဖြစ်တော့မယ်ဆိုရင် Short-term Treasury Yieldsတွေဟာ ထိုးဆင်းတက်ပါတယ် (Bonds being purchased with huge demand)။

Seasonal Pattern
Januaryနဲ့ Februaryနှစ်လမှာ Major Companyအများစုဟာ December quarter earningsတွေကို Reportလုပ်ပြီးသွားပါပြီ။ အမြဲတမ်း Quarterတခုရဲ့ နောက်ဆုံးလမှာ Economic dataတွေ၊ Middle-east crisisလို Geopolitical riskတွေမရှိရင်တောင် Marketဟာ Flatဖြစ်နေတတ်ပါတယ်။ ရှေ့ဆက်တိုးဖို့ အားခဏကုန်သွားတဲ့ သဘောပါပဲ။ တတိယမြောက်လမှာ Economic dataမကောင်းရင်၊ အခုဖြစ်နေတဲ့ Crisisတွေမျိုးရှိနေရင်တော့ Investorတွေ၊ Traderတွေဟာ Profit takingလုပ်ဖို့ လက်မတွန့်တတ်ကြပါဘူး။ လက်သည်းဖွက်ထားတဲ့ Bearတွေဟာ Marketထဲကို အလုံးအရင်းနဲ့ပြန်ဝင်လာပြီး Correctionကို ဖြစ်စေနိုင်ပါတယ်။

Remeber PIIGS?
Portugalဟာလည်း Financial Marketတွေကနေ Fund raisingလုပ်ရတာ ပေးရတဲ့Bond yields/Interestတွေဟာ များများလာတာကြောင့် European Financial Stability Fundကနေ Bailoutတောင်းရမယ့်ပုံ ပေါ်နေပါတယ်။ European Central Bank (ECB)ဟာလည်း Portugal Bond Yieldတွေကျအောင် မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို လိုက်ဝယ်နေရပါတယ်။ Portugal bailoutဟာ realityဖြစ်လာရင် Market sentimentကို negative sentimentဘက်ကို ပြောင်းနိုင်ပါတယ်။

Ready Steady
US Marketတွေရဲ့ Technicalတွေဟာ Overboughtအနေနဲ့ တော်တော်လေး overdueဖြစ်နေတာ ကြာပါပြီ။ အခုလို Earning Seasonအကုန်မှာ Middle-eastလို သတင်းဟာ အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုသလို Bearတွေကို လှုပ်နိုးနိုင်မလားဆိုတာကတော့ ဒီနေ့ညကစပြီးသိရပါမယ်။ ဘယ်Stockတွေဟာ Heavily Overboughtဖြစ်နေလည်းဆိုတာ မြန်မြန်သာရှာထားကြပေတော့။

Happy Shorting!

09 February 2011

Market Update - 2011/02/09

US Indexတွေဟာ Overbought Territoryကို ပျော်ပျော်ကြီးပဲ ဆက်တိုးဝင်နေပါတယ်။ ကျွန်တော်အပါအဝင် Shortတွေ Coverလုပ်ရတဲ့သူတွေ အများကြီးပါပဲ။ Tradingမှာ မှားတာမှန်တာထက် မှားတာကို ချက်ချင်းActionယူဖို့က ပိုအရေးကြီးပါတယ်။

IBM Shortကို XDမသွားခင် Feb 7က Coverလုပ်လိုက်ပါတယ်။ IBMဟာ Feb 7နေ့မှာ Analyst Upgradeရတာကြောင့် တက်သွားသလို မနေ့ညကလည်း Samsungနဲ့ Patentsတွေကို အပြန်အလှန် Accessလုပ်နိုင်ဖို့ ဆိုင်းထိုးတဲ့သတင်းကြောင့် ဆက်တက်သွားပါတယ်။ Feb 7မှာ Analystတစ်ယောက်က Forward Earningနဲ့တွက်ရင် IBMဟာ ၁၉၀လောက်တန်မယ်ဆိုပါတယ်။ နောက်၁၂လအတွက်ပါ။ အခုလောလောဆယ်တော့ IBMဟာ ၁၇၀ထက်တော့ ကျော်မယ်လို့ ကျွန်တော်မှန်းမထားပါဘူး။

US Indexတွေဟာ Dataမကောင်းရင် Fedက ပိုက်ဆံရိုက်ထုတ်မယ်ဆိုပြီး မကျသလို၊ ကောင်းပြန်ရင်လည်း ကောင်းတယ်ဆိုပြီး ဆက်တက်တာပါပဲ။ ဒါပေမယ့် ဘယ်Marketမှာမှ Minor Correctionမရှိဘဲ ဆက်တိုက်မတက်ပါဘူး။ အောက်က DJI Chartကိုကြည့်ရင် White Candleတွေ များလွန်းနေပြီး Volကတော့ Decliningဖြစ်နေတာတွေ့ရပါမယ်။ MFIဟာလည်း နဂိုလောက် အားမရှိသလို MACDဟာလည်း 52week upper endကို ရောက်နေပါပြီ။ DJIဟာ အနည်းဆုံး ၃% Correctionဖြစ်ဖို့တော့ ထိုက်တန်ပါတယ်။ IBMဟာလည်း MFIရော MACD_Hအားလုံးပါ Overbought/Bearish Divergenceကို ပြနေပါတယ်။ ဒါပေမယ့် Marketဟာ အမြဲOver-Emotionalဖြစ်တတ်တာမို့ ချက်ချင်းတော့ ပြန်မဝင်သင့်သေးပါဘူး။ Feb 8နေ့ကစပြီး XDဖြစ်သွားပြီမို့ ပိုပြီး ရှင်းရှင်းလင်းလင်းတောင် Shortလို့ရသေးတယ်။

Shortတခုအလုပ်မဖြစ်လို့ Coverလုပ်ပြီးသွားရင် ချက်ချင်းပြန်မဝင်တာ ကောင်းပါတယ်။ ဈေးဆက်တက်နိုင်မယ့် အလားအလာရှိနေသေးသရွေ့ ခဏဘေးထွက်နေတဲ့သဘောပါ။ ၁၇၀နားလောက်မှာ ၁၇၁လောက် Tight stopနဲ့ ပြန်ဝင်တာ ပိုကောင်းပါတယ်။

Happy Shorting!

01 February 2011

Short with me

Traderတစ်ယောက်ဟာ Marketထဲမှာ ဈေးတက်မှ ပိုက်ဆံရှာတတ်ရင် ရှာလို့ရနိုင်တဲ့ပိုက်ဆံရဲ့ တဝက်ပဲရှာနိုင်ပါလိမ့်မယ်။ Marketဟာ နိမ့်လိုက်မြင့်လိုက် အမြဲဖြစ်နေတာမို့ Oversoldဖြစ်တဲ့အချိန်မှာ Long(buy low, sell high)လုပ်တတ်သလို Overboughtဖြစ်တဲ့အခါမှာလည်း Short (Sell high, buy low)လုပ်တတ်ရင် ပိုပြီး Efficientဖြစ်တဲ့ Traderဖြစ်လာပါလိမ့်မယ်။

Basic of Shorting
Shortingဟာ ကြည့်လိုက်ရင် ခက်သလိုပါပဲ။ တကယ်တမ်းတော့ လွယ်လွယ်လေးပါ။ Longတဲ့အခါမှာ Stockတစ်ခုကို ဈေးနည်းတဲ့အချိန်မှာ ပိုက်ဆံပေးဝယ်ပြီးတော့ကိုင်ထားပြီး ဈေးတက်သင့်သလောက်တက်ပြီးတဲ့အခါမှာ Profit takingလုပ်ရုံပဲဆိုတာ လူတိုင်းသိပါတယ်။ Shortတဲ့အခါမှာတော့ ကိုယ်က အဲဒီ့Sequenceကို ပြောင်းပြန်လုပ်လိုက်တာပါပဲ။ အဓိကကွာတာကို ကျွန်တော် Longနဲ့ယှဉ်ပြီး အောက်မှာပြထားပါတယ်။

Long
Buyer(you) <------ Seller(another investor)

Short
Buyer(another investor 1) <------ Short Seller(you) <------ Anonymous Lender(another investor 2)

အဓိကဘာကွာသွားသလည်းဆိုတော့ Shortတဲ့အခါမှာ ကိုယ်ကကိုယ့်မှာမရှိတာကို investor 1ကို ရောင်းတာဆိုတော့ ကိုယ့်မှာမရှိတဲ့အတွက် ရောင်းမယ့် Stockတွေကို သူများဆီက(investor 2) ချေးရပါမယ်။ ချေးတဲ့ကိစ္စအသေးစိပ်က ကိုယ့်ကိစ္စမဟုတ်ပါဘူး။ ကိုယ့်Brokerက သူ့မှာရှိတဲ့ Investorတွေထဲကနေ Randomly selectလုပ်ပြီး ကိုယ့်ကိုယ်စား ချေးပေးပါလိမ့်မယ်။ Brokerက ချေးစရာမရှိရင် Not Shortableလို့ပြောပါလိမ့်မယ်။

Short sell အောင်မြင်တဲ့အခါမှာ investor 2ကတော့ ဘာမှမသိပါဘူး။ Brokerက ဘာပဲလုပ်လိုက်သလည်းဆိုတော့ Short sellလုပ်တဲ့ ကျွန်တော့်Accountမှာ Stock Quantity/Volumeကို Negative amountပြထားလိုက်တာပါပဲ။ Investor 2ဟာ ဘာမှမသိလိုက်သလို Investor 1ဟာလည်း သူဝယ်လိုက်တဲ့ Amountအတိုင်း ရသွားတယ်။ ကျွန်တော့်ဆီက Negative Quantityနဲ့ Investor 1ရဲ့ Positive Quantityဟာ Balance outဖြစ်သွားတာပါပဲ။

How to close a short position or Covering
Short Positionတစ်ခုကို ပိတ်တာကို Coveringလုပ်တယ်လို့ ခေါ်ပါတယ်။ Coverလုပ်တဲ့အခါမှာ Stockက ကိုယ်မှန်းထားသလို ဈေးကျသွားရင် ကျနေတဲ့ဈေးမှာ ပြန်ဝယ်လိုက်တာပါပဲ။ Sell high - buy low = Profit ကတော့ Profitable Short Transactionတစ်ခုပါ။ Sell high - buy HIGHER = Lossကတော့ ရှုံးသွားတဲ့ Short Transactionကို ဆိုလိုပါတယ်။ Coverလုပ်တာဟာ Buy transactionဆိုတော့ Positive Quantityဖြစ်ပါတယ်။ အဲဒီ့ +ive ဟာ Open Short Positionရဲ့ -ive quantityကို zero outလုပ်ပါလိမ့်မယ်။ Price differenceကတော့ ကိုယ့်ရဲ့ အရှုံး(သို့)အမြတ်ပေါ့။

Price going up is not good for a Short seller
ကိုယ်Shortတဲ့ Stockဟာ short-sellလုပ်တဲ့ ဈေးထက် နောက်နေ့တွေမှာ ဆက်ကျရပါမယ်။ ဒါမှဈေးနည်းနည်းနဲ့ ပြန်ဝယ်ပြီး အမြတ်ရပါမယ်။ ဈေးမကျဘဲ ကိုယ်မှန်းထားသလိုဖြစ်မလာဘဲ ဆက်တက်ရင် ပြန်ဝယ်ရတဲ့ Covering costက ပိုများသွားတာမို့ အရှုံးပေါ်ပါမယ်။ ဈေးဟာ အကန့်အသတ်မရှိဘဲတက်နိုင်တာမို့ တချို့က Short sellလုပ်ရင် Unlimited Lossဖြစ်နိုင်တယ်ပြောကြပါတယ်။ တကယ်တမ်းတော့ Realistically ဈေးတခုဟာ Sky is the limitဖြစ်ပြီး မတက်ပါဘူး။ ဒါပေမယ့် ကိုယ်ရောင်းတဲ့ ဈေးထက် နည်းနည်းမြင့်တဲ့နေရာ(အရှုံးခံနိုင်တဲ့နေရာ)မှာ Stoplossကို ကပ်ထားဖို့တော့ လိုလိမ့်မယ်။

Things that must be understood before you short
Different Brokersဟာ Different Rulesတွေရှိပါတယ်။ တချို့ဆိုရင် Shortကို ပေးကိုမလုပ်ပါဘူး။ ဒါမျိုးကတော့ ဝေးဝေးရှောင်။

Exchangeတွေမှာ Up-tick ruleဆိုတာရှိပါတယ်။ Stock ဈေးဟာ Intraday Up-tickဖြစ်တဲ့အချိန်မှာပဲ Shortလို့ရပါတယ်။ ဆိုလိုတာက Stock ဈေးဆက်တိုက်ကျနေတုန်း ဆက်တိုက် Shortလို့မရပါဘူး။ Intraday chartမှာ Uptickဖြစ်တဲ့အထိ Brokerဟာ ထိန်းပေးရပါမယ်။

ကိုယ်Shortလိုက်တာ ၁သိန်းဖိုးဆိုပါစို့။ အဲဒီ့တစ်သိန်းဖိုးကို ကိုယ်ကပြန်ဝယ်နိုင်ဖို့ (Coveringလုပ်နိုင်ဖို့) Brokerက သေချာဖို့လိုပါတယ်။ ကိုယ့်ရဲ့ cash balanceမလောက်ရင် Brokerက သတ်မှတ်ထားတဲ့ Margin ratioနဲ့ ပိုက်ဆံကို ချေးပေးပါတယ်။ အဲဒီ့အတွက် အတိုးပေးရပါမယ် (သတ်မှတ်ထားတဲ့ Cash rateနဲ့ပေါ့)။ Stock ဈေးက မကျဘဲ ဆက်တိုက်တက်နေရင် ကိုယ်ပြန်ဝယ်ရမယ့် စရိတ်တက်လာတဲ့အတွက် Brokerဟာ ကိုယ့်ပိုက်ဆံ/Marginမလောက်ရင် ကိုယ့်ကိုအရှုံးခံပြီး Coverလုပ်ဖို့ Forceလုပ်ပါလိမ့်မယ်။

The Most Important Thing with Shorting - Ex-dividend date
Shortတဲ့အခါမှာ အရေးအကြီးဆုံး မသိမဖြစ်သိရမှာက Ex-dividend(XD) dateပါပဲ။ XDနေ့မတိုင်ခင်အထိ Stockကို ကိုင်ထားတဲ့သူဟာ အဲဒီ့Periodအတွက်ပေးတဲ့ Dividendရပါမယ်။ အပေါ်မှာပြထားတဲ့ Short Sell Flowကို ပြန်ကြည့်လိုက်ရင် investor 1ကလည်း Buyer / Stock holder ၊ ဘာမှမသိတဲ့ investor 2ကလည်း Stock holderပါပဲ။ တနည်းအားဖြင့် ကိုယ်က XDနေ့မတိုင်ခင်မှာ Short sellလုပ်ပြီး XDနေ့အထိ Short Open positionရှိနေရင် investor 1ရော 2ရောဟာ Dividendရထိုက်တဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် Companyကနေ တကယ်ရမှာက investor 2ပဲရှိပါတယ်။ ဒီတော့ investor 1ကို ဘယ်သူက ပေးရမယ် ထင်သလည်း??? ကိုယ်ပါ။ Short sellလုပ်တဲ့လူဟာ XDကို open short positionနဲ့ ဝင်သွားရင် Dividend amountကို အိတ်စိုက်ပေးရပါမယ်။ XDပြီးမှ / XDမတိုင်ခင် Coverလုပ်လိုက်ရင်တော့ Dividendကို ပေးစရာမလိုပါဘူး။ XDမကြည့်ဘဲ သွားShortလိုက်ရင်တော့ Brokerဆီကနေ Nasty Surpriseတွေ ရဖို့သာ ပြင်ထားပါ။

An Example - what I am shorting now
ကျွန်တော် Shortထားတာကတော့ IBM ပါပဲ။ Stock quoteကလည်း IBMပဲ။ IBMဟာ December quarter Earning resultကောင်းတာကြောင့် January 19ရက်ကနေ ဆောင့်တက်သွားပြီး All-time highဖြစ်နေခဲ့ပါတယ်။ ဒါမျိုးဟာ Shortလို့ သိပ်ကောင်းတဲ့ Positionတွေပါ။ ဒါပေမယ့် Bullish momentumကျသွားတဲ့အထိ စောင့်ရပါမယ်။ အခုဆိုရင် ၁၅၉ကနေ ၁၆၂ကြားထဲမှာ breakoutဆက်မလုပ်နိုင်ဘဲ တန့်နေပါတယ်။ Overall marketတွေဟာလည်း Correctionဖြစ်ဖို့ တော်တော်လေး Probabilityကောင်းတာကြောင့် ၁၆၁.၅မှာ ကျွန်တော် Shortထားလိုက်တယ်။ အရေးကြီးတာက XD dateဟာ Feb 8မှာလာမှာပါပဲ။ Dividendက ၆၅ပြားပေးပါမယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ Feb 8မတိုင်ခင် Coverလုပ်ရပါမယ်။ IBMဟာ Dividend amount 65centကို ဂရုစိုက်စရာမလိုလောက်အောင် ခွေးကျကျရင်လည်း ပိတ်စရာမလိုဘူးပေါ့။ Chartထဲမှာ Short entry, Profit taking target (Covering point)နဲ့ Stop loss pointတွေကို ပြထားပါတယ်။

Summary of Shorting
- Understand your broker and exchange rules regarding shorting
- Beware of XD date and amount
- Short when a resistance line holds or bullish momentum is exhausted
- Cover when a nearest support line holds or bearish mood is exhausted
- Keep a tight stop that is ABOVE your entry.

Happy Shorting!

31 January 2011

Start of the bigger one or just a blip?

Egyptက အရေးအခင်းကို အကြောင်းပြုပြီး USနဲ့ European Marketတွေ ပြီးခဲ့တဲ့သောကြာနေ့က ပက်ပက်စက်စက်ပြုတ်ကျကြပါတယ်။ တကယ်တမ်းတော့ Bearတွေဟာ selloffလုပ်ဖို့ ချောင်းနေတာကြာပါပြီ။ အခွင့်အရေးက သောကြာနေ့ကမှ ပေါ်လာတာမို့ ဝမ်းသာအားရ ချရောင်းကျတာပါပဲ။ Dow Jones Industrial Averageဟာလည်း ၁၂၀၀၀ကို ကျော်ပြီးပိတ်နိုင်စွမ်းအားမရှိဖြစ်နေတာ Wednesdayနဲ့ Thursdayကတည်းကပါ။ အဲဒီ့ကတည်းက Marketဟာ ဆက်တက်ဖို့ catalystမရှိတော့မှန်း သိနိုင်ပါတယ်။ Correctionဖြစ်နိုင်တဲ့ Probabilityကောင်းမှန်းကိုတော့ အရင်Postနဲ့ ကျွန်တော်ပြောပြီးသားပါ။

ဒါမျိုးဖြစ်လာရင် Traderတစ်ယောက်အနေနဲ့ စAnalyseလုပ်ရမှာက ဒီEventမျိုးဟာ ပိုပြီးကြီးမားတဲ့ Correctionဆက်ဖြစ်နိုင်ဖို့ အလားအလာရှိနိုင်မရှိနိုင်ပါပဲ။ အခုအထိတော့ ကျွန်တော့အမြင်မှာတော့ Protestsတွေကို Containလုပ်နိုင်ရင်၊ Egyptကို ဖြတ်သွားရတဲ့ Suezတူးမြောင်း Operationalဖြစ်နေသရွေ့ US Marketတွေဟာ selloffများများဆက်ဖြစ်နိုင်တဲ့ အလားအလာမရှိပါဘူး။ တကမ္ဘာလုံးမှာရှိတဲ့ Tanker Trafficတွေရဲ့ ၈%လောက်ဟာ Suezတူးမြောင်းကို ဖြတ်သွားရတယ်လို့ Egyptian Governmentကဆိုပါတယ်။ US Department of Energyက Egyptကို ဖြတ်သွားတဲ့ Petroleum productတွေဟာ တနေ့တာ Global oil productionရဲ့ 2%လောက်ပဲ ရှိတယ်ဆိုပါတယ်။

Suezတူးမြောင်းရဲ့ Capacityဟာ %အားဖြင့် သိပ်ကြောက်စရာမရှိပေမယ့် သောကြာနေ့က Oil priceတွေ ဘာလို့ ထောင်တက်သွားလဲဆိုတော့ Political Contagionကို ကြောက်လို့ပါပဲ။ Tunisiaကစတဲ့ Protestsတွေဟာ Yemenကိုလည်း ပြန့်သွားပါတယ်။ အခု Egyptဖြစ်ပြန်ပြီဆိုတော့ Middle-east Major Oil Exporter countriesတွေကို အကုန်ပြန့်နှံ့ပြီး Production capacityတွေကို ထိခိုက်လာနိုင်တဲ့ဆိုတဲ့ Fearကြောင့် Oil priceတွေ ဆောင့်တက်သွားတာပါ။ နောက်တခုက Egyptနဲ့ Jordanဟာ Israelနဲ့ Long-term peace agreementယူထားနိုင်တဲ့ နှစ်ခုတည်းသော Arab countriesတွေပါ။ Egyptမှာ အစိုးရပြောင်းလဲရင် Regionရဲ့ Stabilityကို ထိခိုက်လာနိုင်တယ်ဆိုတဲ့ Fearလည်း ပါပါတယ်။

နောက်ဆုံးသတင်းတွေအရကတော့ Egypt President Mubarakဟာ ရာထူးကနေ မဆင်းသေးဘဲ အစိုးရကိုပဲ ရူးချင်ယောင်ဆောင်ပြီး လူသစ်တွေနဲ့ အသစ်ပြန်ဖွဲ့လိုက်ပါတယ်။ ရုပ်သေးအသစ်တွေလို့ ပြောရင်ပိုမှန်မလားဘဲ။ Mubarakမဆင်းသေးသရွေ့ကတော့ ဆူနေတဲ့လူအများစုဟာ အိမ်ပြန်ဦးမှာ မဟုတ်သေးပါဘူး။ Obamaတို့ Cameronတို့ ကျဉ်းထဲကျပ်ထဲရောက်နေတာကတော့ Mubarakဟာ သူတို့လူဖြစ်နေခဲ့တာ ကြာပါပြီ။ Egyptဟာ Terrorist suspectsတွေကို Middle-eastမှာ ဖမ်းမိရင် အရင်ပို့ခံရတဲ့ထောင်ကို Westအတွက် Runပေးနေတာ ကြာပါပြီ။ သူတို့နဲ့ ပနံသင့်တဲ့ အာဏာရှင်နဲ့ Democracy idealတွေကြားထဲမှာ သိပ်လှုပ်လို့မရတာကတော့ သေချာတယ်။ ဒါတွေကြောင့် Mubarakဟာလည်း Westကလူကြားကောင်းအောင် ပြောနေတာတွေကို သိပ်ဂရုမစိုက်တာပါ။

What's the trade?
သောကြာနေ့က Stockတွေပြုတ်ပြီး Treasury, Goldနဲ့ Oil marketတွေထဲကို ပိုက်ဆံပြန်စီးသွားပါတယ်။ Bond Yieldတွေ ထိုးကျပြီး ရွှေဈေးဆောင့်တက်သွားတာကို ကြည့်ရင် Fearဟာ အတိုးနဲ့ ပြန်လာတော့မယ်လို့ မှန်းလို့ရပါတယ်။ Egyptမှာ Political Unrestရှိနေသရွေ့ Marketဟာ ဆက်မကျချင်နေမယ်၊ ရေတိုမှာ ထက်တော့ တက်တော့မှာ မဟုတ်တော့ပါဘူး။ စောင့်ကြည့်ရမှာက အပေါ်မှာပြောသလိုပဲ Contagionကိုပါပဲ။ Iranတို့ Saudi Arabiaတို့လို တိုင်းပြည်တွေမှာပါ ကူးစက်လာပြီဆိုရင်တော့ Oil company stockတွေ စဝယ်ပေတော့။ ဘယ် Stockကို Shortရမလည်း မနက်ဖြန် ကျွန်တော်တင်ထားပါမယ်။

Happy Shorting