22 June 2010

Take Advantage of a Breather

အခုတလော Trader ဘောလုံးပွဲကိုက်နေလို့ သိပ်မရေးနိုင်ဘူး။ Juneလ 8ရက်နေ့ကတည်းက ပြန်တက်လာတဲ့ Mini-rallyဟာ ဒီနေ့ညမှာ ခဏလောက် အနားယူနိုင်ပါတယ်။ နှစ်ပတ်လောက် တက်လာပြီး တစ်ရက်နှစ်ရက် ပြန်ကျတာဟာ တကယ်တမ်းတော့ Healthyဖြစ်ပါတယ်။

 Readerများ Short-term pullbackကို Advantageယူနိုင်ဖို့ အောက်မှာ Chart updateတွေ uploadလုပ်ပေးထားပါတယ်။ Dow Jonesဟာ 10250 levelကို Supportအနေနဲ့ Testလုပ်ပါလိမ့်မယ်။ တကယ်လို့ 10250ကိုထိပြီး ပြန်တက်လာနိုင်တယ်ဆိုရင် ဒီRallyဟာ ပိုပြီးReliableဖြစ်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ လက်မြန်ခြေမြန်နဲ့ Stoplossကို အသုံးချတတ်သူများအနေနဲ့ 10250ဝန်းကျင်ဟာ Buying Opportunityပါပဲ။ ဘာကြောင့် ခဏPullbackဖြစ်နိုင်သလည်းဆိုတာ အောက်က chartတွေထဲမှာ ရေးထားပါတယ်။

အကြောင်းတစ်ခုခုကြောင့် 10250ဟာ Supportကနေ Resistanceများ ပြန်ဖြစ်လာခဲ့ရင် အမြန်သာရောင်းထုတ်ဖို့ ပြင်ထားပါ။ Euro Dollarနဲ့ Chinese Yuan Forex rateတွေကိုလည်း စောင့်ကြည့်ဖို့လိုပါတယ်။ အဲဒီ့ Currencyနှစ်ခု Downနေသ၍ US Dollarဟာ ပြန်ကျလာမှာ မဟုတ်ပါဘူး။ USDမကျသ၍ Marketဟာလည်း Full Momentumရမှာ မဟုတ်ပါဘူး။

Happy Trading!

16 June 2010

Cautiously Buy - June 16, 2010

Last night action was not bad. But volume wasn't very convincing.

There are some technical breakouts happened last night. 
Dow Jones Industrial Average 
1) closed above the downtrend line
2) closed above the EMA200 and
3) MFI had downtrend breakout.
4) MACD lines had a Bullish crossover.

Warnings
1) Euro/USD pair is still under the Primary Downtrend.
2) Investors were happy last night because Spanish Government was able to sell their treasury bills although at a much higher yield than the ones in April and May.
3) US Treasuries auction received very high demand - the sign big investors are still not comfortable with Stocks.
4) Gold is still above the primary uptrend. Flight-to-safety purchases are still not sold out - supporting the motivation behind the strong demand for Treasuries.
5) Greek government bonds have been removed from Global Government Bond Index calculation by Citigroup.
6) BP Oil spill daily volume has been upgraded to much higher barrels per day.

If you want to buy, Buy strong blue-chips like Microsoft, Apple. Avoid Financials for now because Financial Regulation Reform bill is yet to be finalised. I am still waiting for tomorrow Jobless Claims data to confirm whether extended claims for May 29 week did jump or not.

Good luck, Happy Investing and Keep the stoploss points tight.

11 June 2010

Not So Rosy


မနေ့ညက Rallyကိုကြည့်ပြီး ဝယ်ချင်နေကြသူများအတွက် အခုရက်ပိုင်းအတွင်းထွက်လာတဲ့ Dataတွေကို Analyseလုပ်ထားတာတွေ အောက်မှာရေးထားပါတယ်။

မနေ့ညက 3%နီးပါးလောက် US Major Indexတွေတက်သွားကြတာ Marketနဲ့ အဆက်မပြတ်တဲ့သူတွေတော့ တွေ့လိုက်မှာပါ။ ဘာလို့အဲဒီ့လောက်တက်သွားလည်း ကြည့်ရအောင်။ မနေ့က Asiaမှာ သတင်းကောင်းတွေ ထွက်လာပါတယ်။ Japan March Quarter GDPက ထင်ထားသလို ကျမသွားပဲ 1.2%တက်လာပါတယ်။ Chinaက Export dataကလည်း မနှစ်ကMayလနဲ့ ယှဉ်ရင် 48.5%တက်သွားပြီး Australiaက Unemployment Rateဟာ 5.4%ကနေ 5.2%ကို ကျသွားပါတယ်။

Asiaက Dataတွေ ကောင်းတဲ့အပြင် တရုတ်National Social Security Fundရဲ့ Chairmanတစ်ယောက်က "Euro will survive the crisis"လို့ ပြောလိုက်တဲ့အတွက် Euro/USDကို Supportပေးသလိုဖြစ်သွားပြီး Euro Dollarဟာ မနေ့က နည်းနည်းပြန်တက်သွားပါတယ်။

ညကျတော့ USမှာ အရေးကြီးတဲ့ Dataနှစ်မျိုးထွက်ပါတယ်။ တစ်ခုက International Tradeပါ။ နောက်တစ်ခုကတော့ Thursdayတိုင်းထွက်တဲ့ Weekly Jobless Claims Numberဖြစ်ပါတယ်။ Trade dataကို အရင်ကြည့်ရအောင်။ Marchလတုန်းက Net trade deficit (import - export) 40 billionကနေ Aprilမှာ 40.3 billionဖြစ်သွားပါတယ်။ Trade deficit widenဖြစ်လာတာ မကောင်းပါဘူး။ Importဟာ Marchနဲ့ယှဉ်ရင် 0.4%ကျသွားတဲ့အချိန်မှာ Exportကတော့ 0.7%တောင် ကျနေပါတယ်။ ကျွန်တော့်အမြင်ကတော့ Rising Dollarနဲ့ Stabilityသိပ်မရှိတဲ့ Euro zoneပြဿနာတွေကြောင့် US exportတွေ အပေါ်မှာ Demandကျသွားတယ်လို့ပဲ မြင်ပါတယ်။

Weekly Jobless Claimsကို ဆက်ကြည့်ရအောင်။ ပြီးခဲ့တဲ့သောကြာကမှ သိပ်မကောင်းတဲ့ Employment Situation Reportထွက်ထားတော့ ဒီDataကို စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါ။ ထွက်လာတော့ Headline Numberတွေကတော့ ကောင်းပါတယ်။ မနေ့က June 10မှာထွက်တာဟာ လွန်ခဲ့တဲ့ June 5မှာကုန်တဲ့အပတ်အတွက် ထွက်တာဖြစ်ပါတယ်။ မှန်းထားတာက 448k Initial Claims၊ ထွက်လာတာက 456k၊ ဒါပေမယ့် Bullတွေဟာ ပျော်နေကြတယ်။ ဘာလို့လည်းဆိုတော့ May 29အပတ်က 459kနဲ့စာရင် 3kလျော့သွားလို့ဖြစ်ပါတယ်။ Bullတွေ သိပ်ကြိုက်သွားတာကတော့ May 29အပတ်မှာ Continuing Claimsတွေဟာ 255kတောင် လျော့သွားလို့ပါပဲ။ Wow, Looks very rosy, huh.

International Tradeနဲ့ Weekly Jobless Claimsဟာ အချိန်အတူတူထွက်လာတာပါ။ သိပ်မကောင်းတဲ့ International Tradeကို ခေါက်ထားပြီး ကောင်းသလိုလိုရှိတဲ့ Claims dataပေါ်မှာ Bullsတွေ Feedလုပ်ကြတာကို Marketဘယ်လောက်တက်သွားသလည်းပေါ် ကြည့်ပြီးသိနိုင်ပါတယ်။ ဘာလို့ကျွန်တော်က ကောင်းသလိုလိုရှိတဲ့ Claims dataလို့ ပြောရသလည်း ရှင်းပြပါမယ်။

Weekly Jobless Claimsဟာ တကယ်တမ်းတော့ အလုပ်လက်မဲ့ဘယ်နှစ်ယောက်တော့ Unemployment Insurance benefitကို claimကြသလည်းဆိုတာကို Statisticsလုပ်ထားတာဖြစ်ပါတယ်။ ဒီDataကနေ အမေရိကားမှာ လူဘယ်နှစ်ယောက်တော့ Unemployment Insurance(UI)နဲ့ ထမင်းစားနေရသလည်းကို သိနိုင်ပါတယ်။ များလေဆိုးလေ၊ နည်းလေကောင်းလေပေါ့။ Claimတွေမှာမှ Initial Claims, Continuing Claims, Extended Claimsနဲ့ EUC (Emergency Unemployment Compensation) Claimsဆိုပြီး အဓိက လေးမျိုးရှိပါတယ်။ ဒါပေမယ့် Initialနဲ့ Continuing claimsတွေကိုပဲ အဓိက ကြည့်ကြတာများပါတယ်။ Initial claimsဆိုတာကတော့ အပတ်တိုင်းမှာ စပြီး UI filingလုပ်တဲ့ အရေအတွက်ကို ဆိုလိုတာပါ။ Continuing Claimsဆိုတာကတော့ နှစ်ပတ်အထက် ဆက်တိုက် Claimနေတဲ့ အရေအတွက်ကို ပြောပါတယ်။ ဒီတော့ June 5အပတ်အတွက် Initial claim 3kကျသွားတယ်ဆိုပေမယ့် ပိုပြီး Smooth out လုပ်ထားတဲ့ (ပိုပြီးမှန်တဲ့) 4-week moving averageကတော့ ၂၅၀၀တက်သွားပါတယ်။ Bullတွေဟာ မှန်းထားတဲ့ 448kထက်များနေတာရော၊ 4-week MAတက်နေတာရောပါ မေ့ထားကြတယ်

ထားပါ။ သုံးထောင်လောက်ကို စကားလုပ်မပြောပဲ 255kတောင် ကျသွားတယ်ဆိုတဲ့ Continuing Claimsကို ကြည့်ရအောင်။ အားရစရာကြီးပါ ဟုတ်တယ်မဟုတ်လား။ နှစ်ပတ်ထက်ပိုပြီး Claimလုပ်နေတဲ့သူတွေ 255kတောင်ကျသွားတယ်ဆိုတာ သတင်းကောင်းပါ။ ဒါပေမယ့် that is not the Entire story. Continuing Claimsဟာ ၂၆ပတ် (၆လ)အထိပဲ Claimလို့ရပါတယ်။ ၂၆ပတ်ကျော်တဲ့အထိမှ အလုပ်မရရင် ဘာဆက်လုပ်မလည်း။ Uncle Samက ကြင်နာပါတယ်။ Extended Claimဆိုပြီး ထပ်လျှောက်လို့ ရပါတယ်။ ဒါပေမယ့် အဲဒီ့Claimတဲ့လူဟာ Continuing Claim Groupကနေ Extended Claims Groupကို ရွေ့သွားပါမယ် - Effectively reducing continuing claims!!!! May 29အတွက် Extended Claimsဟာ ဒီJune 10 reportမှာ ပါမလာသေးပါဘူး။ ဒါပေမယ့် May 22နဲ့ May 15အပတ်က Extended Claimsတွေကိုတော့ Web Pageရဲ့အောက်ဘက်မှာတွေ့နိုင်ပါတယ်။ See the difference? 80k jumped!!! ဒီတော့ ကျွန်တော်ခန့်မှန်းတာကတော့ May 29နဲ့ May 22ကို ယှဉ်လိုက်ရင်လည်း ဒီလိုပဲ Extended Claimsတွေ တိုးလာမယ်လို့ ထင်ပါတယ်။ နောက်အပတ်ကြာသာပတေး Dataက confirmလုပ်ပါလိမ့်မယ်။ Extended Claimsဟာ နောက်ထပ် ၁၃ပတ်လောက် ထပ်လျှောက်လို့ ရပါတယ်။ Emergency Unemployment Compensation (EUC) Claimsတွေကို ကြည့်လိုက်ပါဦး။ မနှစ်ကနဲ့ယှဉ်ရင် နှစ်ဆလောက်တောင်များနေပါတယ်။ EUCဟာ Obamaအစိုးရက ထပ်လောင်းလုပ်ပေးတဲ့ Insurance schemeပါ။ သာမန်Claimတွေမရနိုင်တော့ပဲ အလုပ်ကလည်း မရှိ၊ ဒုက္ခရောက်နေရင် ထပ်လျှောက်လို့ ရပါတယ်။ Not so rosy now, huh?

Ironically, China export dataထွက်လာပြီးတော့ Dataက Hotလွန်းတော့ အစိုးရတော့ ပိုပြီး Tighteningတွေ လုပ်တော့မယ်ဆိုပြီး shanghai compositeကတော့ မနေ့က ကျပြီးပိတ်သွားပါတယ်။ သူများတိုင်းပြည်က Exportပိုများပြီး၊ ကိုယ့်တိုင်းပြည်က Exportနည်းလို့ Deficitဖြစ်တာကို အမေရိကန်တွေကတော့ ပျော်နေကြတယ်။ How Ironic!

Bullတွေဟာ ရသမျှ ကောင်းနိုးရာရာသတင်းကောင်းလေးတွေကို သေချာမလေ့လာပဲ Goodပဟေ့ဆိုပြီး စွပ်စွပ်ဝယ်နေကြတာပါပဲ။ မနေ့ကဆိုရင် European Central Bankက Interest Rateမတိုးတာကလွဲလို့ ဘာသတင်းမှကို မရှိပါဘူး။ ပြဿနာတွေရဲ့ ဇစ်မြစ်ဟာ ကမ္ဘာ့အလယ်ခေါင်ကနေ ဖြစ်လာခဲ့ပြီး ဘာမှထူးမလာတဲ့အပြင် Germanyနဲ့ UKဟာ Massive Budget Deficit Cuttingတွေလုပ်ဖို့ တာစူနေကြပါတယ်။ ဒါဟာ USနဲ့ Chinaက Exportတွေအတွက် Demandလျော့စေမယ့် အရာတွေပါ။ Technically, DJI, S&P 500တို့ဟာ EMA200အောက်မှာ ရှိနေကြတုန်းပါပဲ။ ဘာမှ Substantially good newsမရှိသရွေ့၊ EMA200အောက်ရောက်နေသရွေ့ကတော့ ကျွန်တော်ကတော့ Bearပါပဲ။ Every Rallyတိုင်းကို အသုံးချတတ်ရင် ကောင်းကောင်း Short sellလုပ်လို့ရပါတယ်။ Bullတွေရဲ့ Deseparatenessကိုတွေ့ရတော့ ပိုပြီး stoplossတွေကို နီးနီးကပ်ထားဖို့တော့လိုမယ်။ ဝယ်ချင်နေသောသူများလည်း EMA200အပေါ် လွတ်လွတ်ကျွတ်ကျွတ် ရောက်တဲ့အထိဆက်စောင့်ပါလို့။

Anyway, Happy Shorting and Enjoy the World Cup.

PS : Our Australian team will be lucky to be in Round 2. They are in the same Group as Germany :(

06 June 2010

Broken Lines, Broken Bulls


PIIGSဆိုတဲ့ Acronymဟာ European Debt Crisisကို ကိုယ်စားပြုဖို့ မလုံလောက်တော့ပါဘူး။ သောကြာနေ့က Hungaryကလည်း အရင်အစိုးရဟာ Balance Sheet Figureတွေကို လိမ်သွားတယ်လို့ဆိုပါတယ်။ US Marketဟာ သောကြာနေ့က Job reportထွက်မလာသေးခင် တည်တည်ငြိမ်ငြိမ်ပဲရှိပါသေးတယ်။ ဈေးဖွင့်ရင် ဘယ်လိုဖြစ်နိုင်သလည်းဆိုတာ Pre-market trading activityတွေကို ကြည့်ပြီး ခန့်မှန်းလို့ ရပါတယ်။

Hungaryသတင်းထွက်လာတော့ Pre-market tradingမှာကတည်းက Dow Jones Industrial Averageဟာ 60pointလောက်ကျနေခဲ့ပါတယ်။ US Eastern Time 8:30amမှာ Job Reportထွက်လာတော့ မှန်းထားသလောက် ဖြစ်မလာပါဘူး။ မှန်းထားတာက New Job အရေအတွက်ဟာ 500kကျော်၊ တကယ်ကတော့ ၄သိန်း ၃သောင်းကျော်ပဲရှိပါတယ်။ အဲဒီ့ထဲမှာ Private Sector Jobကတော့ ၁၀%လောက်၊ ၄သောင်းကျော်ပဲပါပါတယ်။ Census 2010 data collectလုပ်ဖို့ အစိုးရက Hireလုပ်တာကတင် ၄သိန်းကျော်ပါတယ်။ Marketဟာ Private Sector Job Growthကို အနည်းဆုံး ၁သိန်းကျော်မှန်းထားခဲ့ကြတာ တော်တော်လေး Disappointedဖြစ်သွားခဲ့ပါတယ်။ Pre-marketမှာကတည်းက DJIဟာ -150ကျော်ဖြစ်နေခဲ့ပါတယ်။ ဈေးလည်းဖွင့်ရော တနေကုန် နာလန်ကို ပြန်မထူနိုင်ပဲ နောက်ဆုံးပိတ်တော့ point 320ကျော် downပြီး ပိတ်သွားပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့အထိ တခြားMarketတွေနဲ့ ယှဉ်ရင်US Marketတွေဟာ ထင်သလောက် အကျမနာခဲ့သေးပါဘူး။ အဓိက US marketတွေကို Holdလုပ်ထားတာကတော့ Job Dataဟာ တော်တော်လေးEncouraging ဖြစ်လိမ့်မယ်ဆိုတဲ့ Hopeပါပဲ။ Traderအများစုဟာ European, Chinese, Koreanပြဿနာတွေရှိပေမယ့် ငါတို့တိုင်းပြည်ကတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ Recoverဖြစ်နေတုန်းပဲဆိုတဲ့ Mindsetအနည်းနဲ့အများ ရှိခဲ့ပါတယ်။ အဲဒီ့ Optimismဟာ အခုတော့ တော်တော်လေး ရိုက်ချိုးခံလိုက်ရပါပြီ။

အောက်မှာ DJI, Euro/USD weekly chartနဲ့ June 2010 Gold Futures chartတွေကို ပြထားပါတယ်။ DJIဟာ ဒီနှစ်ထဲမှာ တတိယအကြိမ် 10,000အောက်ကို ရုပ်အဆိုးဆုံးအခြေအနေနဲ့ ရောက်သွားပါပြီ။ ဒီ Bearish Candleဟာ ပြန်Recoverဖြစ်ဖို့ တော်တော်လေး မလွယ်လောက်ပါဘူး။ ဒါ့အပြင် သောကြာနေ့က Euroဟာလည်း 1.20အောက်မှာ ပိတ်သွားပါတယ်။ 1.20အောက်ဆိုတာ တော်တော်လေး ဆိုးပါတယ်။ Hungaryဟာ Euro Dollarမသုံးပေမယ့် သူ့ဆီက သတင်းဟာ Euro Zone Countriesတွေအပေါ်မှာထားတဲ့ Market Confidenceကို ပိုနည်းသွားစေသလို ဖြစ်သွားပါတယ်။ Goldဟာလည်း သူ့ရဲ့ Primary Trendအပေါ်ကို ပြန်ရောက်သွားပါတယ်။ ဒီအခြေအနေတွေ ဆက်ဖြစ်နေသ၍ ရွှေဈေးဟာ ကျဖို့ခက်ပါလိမ့်မယ်။ လာမယ့်အပတ်မှာ Risky Equitiesတွေကို လျော့ချပြီး US Treasury Bondတွေနဲ့ ရွှေဘက်ကိုပဲ Investorတွေဟာ မြားဦးလှည့်ဖို့ Chanceပိုများပါတယ်။

ကျွန်တော်ဟာ Bearish outlookနဲ့ပဲ Tradeလာခဲ့တာ Aprilလဆန်းကတည်းကပါ။ အမှန်အတိုင်းပြောရရင် မLongရတာကြာလို့ Longရတဲ့ Feelingလေးတောင် လွမ်းမိတယ်။ ဒါပေမယ့် Investorတွေအတွက် ပြောချင်တာက I don't see anything that will lift the market in the medium term - so you'd better get out NOW. If you are a trader like me, close out all Long's and have massive Shorts.

Happy Shorting!

PS : "Wall St slumped 3% on Hungary debt fear" ဘာညာဆိုတဲ့ Headlineကိုတွေ့ရင် တဝက်ပဲယုံပါ။ Wall Stဟာ Job Data/Domestic problemကြောင့် သောကြာနေ့က ခွေးကျကျတာဖြစ်ပါတယ်။