23 January 2012

BAC Short Trade : +7%, or -1%? Depends on how you executed your trades


BAC Tradeရဲ့ current situationကို updateလုပ်ပေးတာပါ။ Jan 12ရက် US Marketမဖွင့်ခင်က Shortချင်ရင် Shortလို့ရပြီလို့ ကျွန်တော်Recommendလုပ်ခဲ့ပါတယ်။ အဲဒီ့ညက 6.99မှာ ဖွင့်ပြီး 6.79မှာ ပိတ်သွားပါတယ်။ Shortချင်တဲ့သူဟာ Sellအရင်လုပ်ရပါမယ်။ Sellingလုပ်ဖို့ Good Rule-of-Thumbကတော့ "Sell at the morning madness"တဲ့။ ဆိုလိုတာက Opening Time Priceဟာ များသောအားဖြင့် မှားတတ်ပါတယ်။ အလောတကြီး Executeသူ့ထက်ငါလုပ်တတ်တာမို့ Price Actionဟာ Closing Timeလောက် Reliableမဖြစ်တတ်ပါဘူး။ ဒါကြောင့် Proအများစုဟာ Closingကိုပဲ ကြည့်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။
BAC Daily Chart

Anyway, Opening madnessကို take advantageယူနိုင်ခဲ့ရင် (၇)ကျပ်နီးပါးလောက်မှာ ဝင်နိုင်ခဲ့ပါလိမ့်မယ်။ Closeမှဝင်တော့လည်း ခြောက်ကျပ်ပြားရှစ်ဆယ်နီးပါးပေါ့။ Closeမှာဝင်ခဲ့မိရင် မှတ်ထားပါ။ Short-sellerတစ်ယောက်အတွက် Morning madnessကို အခွင့်အရေးယူနိုင်ရင် ယူသင့်ပါတယ်။

Short Tradeတစ်ခုဖွင့်ပြီးသွားရင်တော့ ဘယ်အချိန်မှာ ပြန်ဝယ်ရမလည်း ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ထားရပါမယ်။ Stop-lossပဲလုပ်လုပ်၊ Profit-takingပဲလုပ်လုပ် Tradeကို ပိတ်ဖို့က ပြန်ဝယ်မှကို ရပါမယ်။ ဝယ်ဖို့အတွက် Rule-of-thumbကတော့ "Closing Prices are always more reliable". Closing or near-closing priceလို့ပြောရင်တော့ ပိုမှန်ပါမယ်။

Short Trade openလုပ်အပြီး နောက်သုံးရက်အတွင်း share priceဟာ 6.60နဲ့ 6.48ကြားမှာ ပြေးနေခဲ့ပါတယ်။ Short positionတစ်ခုဖွင့်ပြီးပြီဆိုရင် ထားသင့်တဲ့ Another Rule-of-Thumbကတော့ Shorts are supposed to be held "SHORT". Short tradeတစ်ခု မြတ်နေပြီဆိုရင်၊ Profit %ကလည်း Reasonableဖြစ်တယ်ဆိုရင် မြန်မြန်သာ ပြန်ဝယ်လိုက်ပေတော့။ 6.99မှာ Shortပြီး 6.49မှာ ဝယ်ခဲ့မယ်ဆိုရင် 7%လောက် မြတ်နေပါပြီ။ Leverage နှစ်ဆ(သို့)သုံးဆသာလုပ်ထားရင် 14%-21%လောက်ဆိုတော့ လောဘကို အတောသတ်ပြီး Profit taking လုပ်သင့်ပါတယ်။

Profitမယူမိခဲ့ရင်လည်း ပြဿနာမရှိပါဘူး။ ဘာလို့လည်းဆိုတော့ အဲဒီ့နေ့ Closeအထိ Stockဟာ Bearish Trendသွားနေတုန်းပါပဲ။ Jan 18မှာ ဘာလို့ပြန်တက်သွားသလည်း ကြည့်ရအောင်။ တရားခံကတော့ IMFပါပဲ။ IMFက Eurozoneကို ကယ်ဆယ်ဖို့ နောက်ထပ် $500 billionလောက် Rescue Fundထဲမှာ ထပ်တိုးဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းထွက်လာတာပါပဲ။ သေချာဖတ်ကြည့်ရင် ဘာမှသေချာတာ မပါပါဘူး။ US Governmentကဆိုရင် မြန်တယ်။ သူတို့ဆီကတော့ ထပ်မမျှော်တဲ့နဲ့။ IMFက တကယ်တမ်း China, Indiaအစရှိတဲ့ Emerging Powerhouseတွေဆီက Contributionကို လိုချင်တာပါ။ ဒါပေမယ့် ဘယ်သူ့မှမလှုပ်ကြပါဘူး။ But, it's a big But, Stockတွေကတော့ အကြိုက်တွေ့ပြီး တက်ကုန်ကြတာပါပဲ။ ဒီEuphoriaကုန်တဲ့အထိတော့ ကျမယ်မထင်ပါဘူး။

အဲဒီ့နေ့က 6.80မှာ ပိတ်တော့ အဲဒီ့ဝန်းကျင်မှာ ပိတ်နိုင်ခဲ့ရင် နည်းနည်း မြတ်ပါသေးတယ်။ မပိတ်ခဲ့ရင်ရင်လည်း မမှားသေးပါဘူး။ အမှားဖြစ်နိုင်ခဲ့တာ ပြောပြပါမယ်။ Knee-jerk reactionဖြစ်ပြီးတော့ Jan 19th Opening timeမှာ ပိတ်ခဲ့ရင် အမှားပါပဲ။ Jan 19thကြာသာပတေးနေ့က BACရဲ့ quarterly earningပါ။ Good earningမို့လို့ ဆောင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် သေချာတွေးကြည့်ရင် Traderအများစုဟာ BACရဲ့ earningကို ကောင်းမယ်လို့ မှန်းထားပြီးသားပါ။ ဆိုလိုတာက High Expectationဟာ Priceထဲမှာ baked-inလုပ်ပြီးသားလို့ ပြောချင်တာပါ။ ဒါကြောင့် Closing timeလဲရောက်ရော တစ်နေကုန် ဆင်းလာတဲ့ share priceဟာ 6.96ပဲ ကျန်ပါတော့တယ်။

သောကြာနေ့ Jan 20thမှာတော့ 7.07မှာ ပိတ်သွားပါတယ်။ Weekendမှာ ပေါ်လာတတ်တဲ့ Headline Newsတွေ ရန်ကိုကြောက်လို့ Shortသမားအများစုဟာ စနေမဝင်ခင် Coverလုပ်တတ်ကြပါတယ်။ Short-coverလုပ်တယ်ဆိုတာ ပြန်ဝယ်ပြီး Tradeကို ပိတ်လိုက်တာ ဆိုလိုတာပါ။ Same worryရှိလို့ 7.07ဝန်းကျင်မှာ ပိတ်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ -1%လောက်ပေါ့။ This is part of the process and do not have to worry about it. Traderဆိုတာ Carefulဖြစ်တာကောင်းပါတယ်။ မပိတ်ခဲ့လည်း ကိစ္စမရှိ၊ All the good news for BAC have come out and baked into share price for now. S&P500, Dow Industrial Averageဟာလည်း Technical Resistance levelတွေနဲ့ နီးနေပြီမို့ ဒီနေ့ပြန်ဝင်မယ်ဆိုရင် ဝင်သင့်ပါတယ်။ ပြီးခဲ့တဲ့အပတ်က Tradeကို ကိုင်ထားရင်လည်း အခြေအနေကို ကြည့်ပြီး closing timeနားမှာ ဝယ်သင့်ရင် ဝယ်ပြီး Closeသင့်ပါကြောင်း။

Happy Trading.

12 January 2012

BAC Short Trade Update

BAC Short Trade updateပါ။ BACဟာ မှန်းထားတဲ့ target zoneကို ရောက်နေပြီဖြစ်တဲ့အတွက် Shortချင်သူများ Shortနိုင်ပြီ ဖြစ်ပါကြောင်း။ Stop-lossကိုတော့ $7လောက်မှာ ထားသင့်ပါတယ်။
BAC Daily Chart

Good Luck,
Happy Shorting

06 January 2012

New Year, New Trade

Happy New Year everyone. If you're in this business, I hope you have made some money last year even though it can only be possible if you were trading and shorting most of the time.

ကျွန်တော်Shortဖို့ Signal ပေးရင် Indexတွေကို Exhibitထားပြီး ပြောတတ်တာ ပျင်းစရာများကောင်းနေလားလို့ နှစ်သစ်မှာတွေးမိပါတယ်။ ဒီတော့ ဒီနှစ်ကစပြီး ပိုပြီးဒဲ့ဖြစ်တဲ့ Trading Signalတွေကို လိုတိုရှင်းရေးဖို့ ဆုံးဖြတ်ထားပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လုံးရေးခဲ့တဲ့ Technical Postsတွေကို ပြန်ဖတ်မယ်ဆိုရင် Basic fundamentalsတော်တော်များများကို စိတ်ဝင်စားမယ်ဆိုရင် Graspလုပ်နိုင်ကြမယ်လို့ Assumeလုပ်ထားပါတယ်။

အိုကေ၊ လိုရင်းကို သွားရအောင်။ Recommendလုပ်ချင်တဲ့ Tradeကတော့ Bearish Tradeပါ။ Stockကတော့ အများရင်းနှီးပြီးသား BAC (Bank of America)။ Just to be clear, I have no issue with BAC :) The trade is purely fundamental, headline and technical driven.

အောက်က Chartကို ကြည့်လိုက်ပါ။ 5.96 resistance levelကို မနေ့က Breakoutဖြစ်မလားလို့ ကျွန်တော်သုံးရက်လောက် စောင့်ကြည့်နေခဲ့ပါတယ်။ မနေ့က Breakoutကို volumeကောင်းကောင်းနဲ့ ဖြစ်သွားပါတယ်။ ဒီတော့ Technically, next levelကတော့ 6.86နားမှာရှိပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အဲဒီတောင် ရောက်မယ်မထင်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် Very Conservativeဖြစ်ချင်ရင်တော့ အဲဒီလိုင်းနားရောက်တဲ့အထိ စောင့်ချင်ရင် စောင့်နိုင်ပါတယ်။ ဘာကြောင့် Shortသင့်သလည်းဆိုတာတော့ အောက်မှာ Bulletတွေနဲ့ လိုတိုရှင်းပဲ ရေးထားပါတယ်။ အသေးစိတ်ကတော့ လက်သည်ကိုချည်းပဲ အားမကိုးဘဲ ကိုယ်တိုင်လည်း Researchလေးလုပ်ပြီး နည်းနည်းညှစ်ကြပါလို့။
BAC Daily Chart

Reasons to Short
- Too fast - since Dec 19th, BAC has made 26.45% gain at yesterday close. That's in less than 3 weeks!
- Yesterday rallyဟာ ADP payroll serviceက ဒီနေ့ထွက်မယ့် US Non-farm payroll estimateကို လူတိုင်းက တစ်သိန်းခွဲလောက်မှန်းနေတဲ့ အချိန်မှာ သူတို့က သုံးသိန်းနှစ်သောင်းခွဲထွက်မယ်လို့ ကြေညာလိုက်တဲ့အတွက် BACဦးဆောင်ပြီး Retail Bank stockတွေ ဆောင့်တက်ကုန်ကြတာပါ။ များများဆောင့်တက်ပြီးလေ Shortလုပ်ချင်တဲ့ Traderအတွက် Safeဖြစ်လေပါပဲ။ Volumeများလေ ဝယ်လက်ကုန်ပြီးသားဖြစ်လေပါပဲ။ ဒါကြောင့် after yesterday, BAC becomes my favourite stock to short. မနေ့က BACဟာ တစ်ရက်ထဲနဲ့ 8.6%တက်ခဲ့တာပါ။
- USAမှာ Economic dataတွေဟာ ထင်တာထက် ကောင်းနေပေမယ့် Europe/Euro zoneမှာတော့ ပိုဆိုးနေပါတယ်။ Italian 10-yr bond yieldတွေဟာ Danger zoneဖြစ်တဲ့ 7%အပေါ် ပြန်ရောက်သွားပါတယ်။ Greeceကလည်း Marchလအကုန်မှာ Disorderly Defaultဖြစ်နိုင်တယ်လို့ အစိုးရကိုယ်နှိုက်က ခြိမ်းခြောက်သလိုတောင် ပြောနေပါတယ်။
- Chinese Shanghai Market Indexဟာ ပြီးခဲ့တဲ့Postမှာ ပြောခဲ့သလိုပဲ downtrendဟာ ပြန်နာလန်မထူနိုင်ပဲ 2300 Support levelအောက်မှာပဲ ဝပ်နေပါတယ်။
- This may seem strange but Wall Street actually does not really want very strong economic data now because many believe that will stop the Federal Reserve's new Quantitative Easing program (new money printing) which is extremely good for the Stock market.

Trading Plan
- Open the trade within the circled zone.
- Place the stop above 6.86 resistance line. For e.g., at 6.90
- Take profit between 5.96 and 5.62. And if we're extremely lucky, it may drop like a stone to 5bucks again :)

Happy and Safe Trading

12 December 2011

Santa Rally? Don't bet on it

Octoberလကုန်က Perfect Shorting Opportunityပြောပြီးကတည်းက Shortလို့ကောင်းလိုက်ပုံများ Novemberလကုန်တဲ့အထိပါပဲ။ Novemberလကုန်မှာ ပြန်ပြီးRecoverဖြစ်တာကလည်း Central Bankersတွေပေါင်းပြီး USD Fundingကို ပေါပေါလောလောချေးပေးမယ်လို့ Announceလုပ်ခဲ့လို့ Intense Short-covering rallyဖြစ်ခဲ့တာပါ။ Shortထားတဲ့သူတွေဟာ အမြတ်ယူဖို့ (သို့) အရှုံးကို cutလုပ်ဖို့ Marketထဲကနေပြန်ဝယ်ရပါတယ်။ အဲဒါကို Short-coverလုပ်တယ်လို့ ခေါ်တာပါ။

Same old Same old EU Summit
ပြီးခဲ့တဲ့အပတ်ကြာသာပတေးနဲ့ သောကြာကလုပ်သွားတဲ့ EU Summitကနေ Credible Crisis Resolution Plan/Policyတစ်ခုခုထွက်လာမယ်လို့ မျှော်မှန်းချက်ကြီးကြီးထားပြီး ဝယ်ခဲ့ကြတဲ့Bullတွေကို ကျွန်တော်ကတော့ ကျေးဇူးတင်ပါတယ်။ Shortဖူးသမျှထဲမှာ Euro-phoria (false hope on Eurozone leaders to contain the crisis) rallyဟာ Safeအဖြစ်ဆုံးနဲ့ အမြတ်အစွန်းအကောင်းဆုံးပါပဲ။ Eurozone Leadersတွေရဲ့ အေးတိအေးစက်နဲ့ လှုပ်တုတ်တုတ်လုပ်တတ်တဲ့ Habit/Attitudeတွေဟာ အရမ်းကိုPredictable/Reliableဖြစ်ပါတယ်။ EU Summitအဝင် Market Rallyဖြစ်မယ်ဆိုတာလည်း အရင်လတွေက အတွေ့အကြုံကိုအသုံးချတတ်ရင် သိနိုင်ပါတယ်။ EU Summitကနေ ဘာမှမယ်မယ်ရရထွက်လာမှာ မဟုတ်ဘူးဆိုတာကိုလည်း Riskနည်းနည်းနဲ့ Shortနိုင်ပါတယ်။ အခုဆိုရင် Summitလည်းပြီးပြီ၊ Eurozone Crisisအတွက် ဘာမှSolutionလည်းမရှိ၊ Marketတွေဟာ ဘာကိုအားကိုးပြီး Rallyဆက်ဖြစ်မလည်းဆိုတာ Big Question Markပါ။ ဒါကြောင့် Trading Directionဟာ still downsideပါပဲ။

Shanghai Composite : The Stock Market of the World's Growth Engine
Shanghai Composite Indexဟာ Western Countries Indexတွေ ဘယ်လိုပဲ တက်နေတက်နေ သူကတော့ အောက်မှာ ဝပ်နေတာပါပဲ။ Shanghai Compositeဟာ Normally ၃လကနေ ၆လလောက်ကြိုပြီး Other indicesတွေကို Leadလုပ်တတ်ပါတယ်။ Currencyနဲ့ Treasury Bond Marketsတွေကြည့်ရင်လည်း Downtrendပါပဲ။ လေထဲမှာ မြောက်တက်နေတာ US Indicesတွေပဲရှိပါတယ်။ ဒါကြောင့် US Indexတွေဟာ တခြားTrendတွေကို သိပ်မကြာခင်မှာပဲ Catch-upလုပ်ဖို့Chanceဟာ Santa Claus Rallyဖြစ်ဖို့ Probabilityထက် ပိုကောင်းပါကြောင်း။

Still Happily Shorting Every Rally! Ho Ho Ho!

Shanghai Composite

S&P500

10-yr US Treasury Bond Yield