17 September 2011

Coming back very soon...

I have been very busy with a software development contract. Will return to writing a new post very soon. In the mean time, do not short anymore. Hold the trigger.

12 July 2011

Still Short

Greece Parliamentမှာ Austerity Voteတွေ Passဖြစ်တဲ့ June 29မတိုင်ခင်နှစ်ရက်ကတည်းက US Marketတွေဟာ တက်လာလိုက်တာ ပြီးခဲ့တဲ့သောကြာ July 8ရက်နေ့ US Non-Farm Payroll Reportထွက်လာတဲ့ အထိပါပဲ။ US Indexesတွေရဲ့ Upward momentumဟာ ကြမ်းလွန်းလို့ (800pts in 8sessions for DJIA) ကျွန်တော်ကတော့ အဲဒီ့Rallyထဲကို ဝင်မပါခဲ့ပါဘူး။ Last Thursdayက NASDAQဟာ Pre-GFC highအပေါ်မှာ Closeသွားတော့ Aprilတုန်းက Highနဲ့တွဲပြီး Double-Top formationများ ဖြစ်မလားလို့ Friday Payroll reportကို စောင့်နေခဲ့ပါတယ်။

Peanut Jobs
Analystsအများစုဟာ Juneလ US Payrollကို ၁သိန်းခွဲလောက်တက်မယ်လို့ မှန်းထားတာ တကယ်ထွက်လာတော့ ၁သောင်း၈ထောင်ပဲရှိပါတယ်။ ဒါပေမယ့် အဲဒီ့နေ့ကတော့ ထင်သလောက် Selloff မဖြစ်ခဲ့ပါဘူး - ဒီအပတ် 2nd Quarter Earning Seasonအပေါ်မှာ မျှော်လင့်ချက်ကြီးခဲ့ပုံ ပေါ်ပါတယ်။ ဒါပေမယ့် US Marketတွေ မျက်ခြေပျက်သွားခဲ့တဲ့ Chartကတော့ Italy 10-yr bond yieldတွေပါပဲ။

The Second "I" in PIIGS
Italy Manufacturing and Services PMI (Purchasing Managers Index)တွေဟာ Expansion Territoryကနေ Contraction Territoryကို Juneလမှာ ဆင်းနေခဲ့ပါတယ်။ Manufacturing and Service PMIတွေဟာ Economyတစ်ခုရဲ့ Leading Indicatorတွေပါ။ Italy ရဲ့ Debt-to-GDP Ratioဟာလည်း Eurozone areaမှာ Greeceပြီးရင် အများဆုံးဖြစ်ပါတယ်။ အဆိုးဆုံးကတော့ Italy Economyဟာ Eurozoneမှာ 3rd Largestဖြစ်တာကြောင့် Greeceလို လွယ်လွယ်ကူကူ Bailoutလုပ်ဖို့ မလွယ်ဘူးလို့ Marketက Assumeလုပ်ထားပါတယ် - Too Big To Saveပေါ့။ Italyအခြေအနေမကောင်းတာနဲ့ Italy 10-yr bondတွေ Selloffအလုပ်ခံရပါတယ်။ Bondဈေးတွေထိုးကျတော့ Yieldတွေခုန်တက်ကုန်တာပေါ့။ ဒါပေမယ့် Marketဟာ High Yieldတွေကို မမက်ဘဲ ပြီးခဲ့တဲ့ တပတ်လုံး Italy Bondတွေကို Selloffလုပ်နေခဲ့ပါတယ်။
Italy 10-Yr Bond Yield - Source : Bloomberg
Charts Don't Lie
Technicalတွေကို ကြည့်ရအောင်။ အခုတလောမှာ Forexနဲ့ Bond Market Chartတွေဟာ Equity/Stock Market Chartတွေထက် ပိုအရေးကြီးပါတယ်။ In short, EUR.USD & Treasury Bond Yields dive and S&P500 is playing catch-up.
 Gold August 2011 Futures
 US Treasury 10-Yr Note Yield
 EUR/USD Forex
 S&P500 Daily
Summary
လွန်ခဲ့တဲ့နှစ်ပတ်က စခဲ့တဲ့ Rallyဟာ Fund Managerတွေ Second Quarter End Window-dressing လုပ်တာလို့ တချို့က ယူဆတာဟာ မှန်ချင်လည်း မှန်နိုင်ပါတယ်။ Juneလတစ်လလုံး Selloffဖြစ်လာတော့ နောက်ဆုံးပတ်မှာ Quarter end result ကြည့်ကောင်းအောင် လိုက်ဝယ်တာကို ဆိုလိုတာပါ။ Negative %တွေအများကြီးပြနေရင် ဘယ်လိုလုပ် ကြည့်ကောင်းမလဲ။ All that aside, US Economy outlook is not looking good after last Friday Payroll number. Inflation in China is going through the roof and there will be more tightening. And Eurozone drama has just started with big guy Italy.

Short and Sweet! - David Tepper (Hedge Fund Manager)

16 June 2011

Technicals of Current Markets

Uncertainties ခြောက်ခုပြောတုန်းပဲ Stock Marketတွေဟာ ဆက်ပြီးကျနေပါတယ်။ အဓိက Uncertaintyကတော့ Greece Government Stability, Mass Protestsတွေနဲ့ EU၊ ECBတို့ရဲ့ သဘောထား မတိုက်ဆိုင်မှုတွေပဲ ဖြစ်ပါတယ်။ Greece defaultဖြစ်ရင် ပိုက်ဆံအားဖြင့် EUR300billionလောက်ပဲရှိပေမယ့် Marketကကြောက်တာက Contagionပါ။ Contagion to Irelandနဲ့ Portugal၊ may be even Spain. Defaultဖြစ်ခဲ့ရင် အဓိကခံရမှာကတော့ ပြင်သစ်နဲ့ ဂျာမနီက ဘဏ်ကြီးတွေပါပဲ။

Sundayက ပြောထားတဲ့အတိုင်း ဒီPostမှာ Marketတွေရဲ့ Technical Analysisကို လိုရင်းပဲပြထားပါတယ်။

Stock Market - S&P500 Index
S&P500ဟာ 2011 March low areaဖြစ်တဲ့ 1250 supportကို ဒီအပတ်(သို့) နောက်အပတ်ထဲမှာ Testလုပ်နိုင်ပါတယ်။ 1250ဝန်းကျင်ဟာ Simple Moving Average SMA 200 စောင့်နေတဲ့နေရာလည်း ဖြစ်ပါတယ်။ SMA200ဟာ Bull/Bearလိုင်းလို့ သတ်မှတ်ထားတာမို့ SMA200 Holdမလုပ်နိုင်ရင်တော့ Officially Bear Territory ဖြစ်သွားပြီး Selling Pressureပိုဖြစ်နိုင်ပါတယ်။

Forex - EUR.USD
Obviously, Greeceသတင်းတွေကြောင့် Euro Dollarဟာ Selloffအလုပ်ခံနေရပါတယ်။ Side-effectကတော့ USDဟာ မထိုက်မတန်ဘဲ ပြန်အားကောင်းနေတာပါပဲ(Especially, given the current US Debt ceiling debacle)။ Euro Dollarဟာ အနည်းဆုံးတော့ 1.40ကို Testလုပ်လိမ့်လို့ မှန်းနိုင်ပါတယ်။ USDအားကောင်းတာနဲ့ USDနဲ့ Settleလုပ်ရတဲ့ Oil, Metalတွေ ဈေးကျတာပါပဲ။ ဒါပေမယ့် ရွှေတော့ မပါသေးပါဘူး။ ရွှေဟာ အကြောက်တရားပေါ်မှာ Feed upလုပ်တာမို့ မကျတာ မထူးဆန်းပါဘူး။

Commodity - Gold
Fearဟာ Goldအတွက်ကောင်းတယ်ဆိုရင်ု Inflationary Pressureက ပိုတောင်ကောင်းပါသေးတယ်။ မနေ့ညက US Core CPI ဟာ ထင်ထားတဲ့ 0.2%ထက် ပိုပြီး 0.3%ဆိုပြီးထွက်လာလို့ Goldဟာ တက်သွားတာလည်း ပါပါတယ်။ ဒါပေမယ့် လတ်တလောဖြစ်ပျက်နေတာတွေအရတော့ အဓိကကတော့ Uncertainty related fearကြောင့်ပါ။

Bond - 10yr US Treasury Yield
Fearအရှိန်ဘယ်လောက်ကောင်းသလည်းဆိုရင် USမှာ Debt Ceiling, Housing Market, Job Marketပြဿနာတွေ ဒီလောက်ရှိနေတာတောင် US Treasuryတွေကတော့ အလှူပေးနေသလို အဝယ်လိုက်နေတုန်းပါပဲ။ Demandကောင်းတော့ Bondဈေးတက်၊ Bondဈေးတက်တော့ Inverselyအချိုးကျတဲ့ Yieldတွေထိုးဆင်းပါတယ်။ 10-yr Yieldတွေဟာ ၃%နားမှာ ပြေးနေသရွေ့ Marketထဲမှာ Fearအပြည့်ရှိတုန်းပဲလို့ ပြောလို့ရပါတယ်။

Summary
Stock Markets are decidely in a downtrend. S&P500ဟာ ၁၂၅၀ထက်ဆက်ကျရင် ၁၁၇၀လောက်အထိ Big Correctionဖြစ်ဖို့ မှန်းနိုင်ပါတယ်။ Marketဟာ Oversoldအရမ်းဖြစ်နေပြီး အချိန်မရွေး Bounceဖြစ်ဖို့ အဆင်သင့်ပဲလို့ Argueလုပ်နိုင်ပေမယ့် June 12မှာ ပြောခဲ့တဲ့ Uncertaintiesတွေရှိနေရွေ့ Bullတွေဟာ Under Pressureရှိနေမှာ ဖြစ်ပါကြောင်း။

Happy Shorting but keep a tight buy stop!

12 June 2011

Uncertainties Drag the Markets

Sorry Folks. Been super busy. Marketဟာ မေလဆန်းကတည်းက Super volatileဖြစ်နေတာ (especially here in Asia) အားချိန်များရမလားမှတ်တယ်၊ Quote screenနဲ့ မျက်စိနဲ့ ခွာလို့ကို မရဘူး။ အခုတလောဖြစ်နေတာတွေ အားလုံးကို အောက်မှာ လိုတိုရှင်းပဲ Analyseလုပ်ပေးထားပါတယ်။

The most annoying thing - Uncertainty
Marketတွေဟာ Data/Newsကောင်းကောင်းဆိုးဆိုး တိတိကျကျသိရရင် Price inလုပ်ပြီး Move onလုပ်နိုင်ပါတယ်။ တီကောင်ဆားကြောက်သလို Marketတွေကြောက်တာကတော့ Uncertaintyပါပဲ။ ဟိုလိုလို၊ ဒီလိုလို ဖြစ်နေတာများလေ Marketဟာ Sell first, Ask laterဆိုတဲ့ စကားအတိုင်း အရင်ဆုံးစလုပ်တာကတော့ Selloffပါပဲ။

Uncertainty No. 1
Global Growthဟာ temporary slowလား၊ ပိုဆိုးမယ့် double-dip recessionဘက်ကို သွားနေတာလားဆိုတာ အခုတလော မှန်းရခက်ပါတယ်။ Prominent Economistsအများစုနဲ့ Federal Reserveကိုယ်တိုင်ကတော့ March, Aprilတုန်းက ဖြစ်သွားတဲ့ Japan Quake/Nuclear crisisနဲ့ Middle-east crisisကြောင့် ဆောင့်တက်သွားတဲ့ Oil pricesတွေကြောင့် Global Economyဟာ Soft Patch (Temporary slowdown)ကာလထဲ ရောက်နေတယ်ဆိုပါတယ်။ 2011 second-halfမှာ ပြန်ပြီးAccelerationပြန်ရလာမယ်လို့ တွက်ထားကြပါတယ်။

Uncertainty No. 2
USမှာ Federal Reserveရဲ့ 600billion Treasury buying scheme (well known as QEII)ဟာလည်း ဒီလကုန်ရင် ပြီးတော့မှာမို့လို့ ဘာဆက်ဖြစ်မလည်း သို့လောသို့လောဖြစ်နေကြတာလည်း ပါပါတယ်။ တကယ်တော့ QEIIဟာ ဒီလကုန်ရင် Bond Buying Processပြီးသွားတာပဲရှိတာပါ။ Fedဟာ အဲဒီ့ပိုက်ဆံတွေကို Withdrawလုပ်ဖို့ ၂၀၁၁မပြောနဲ့ ၂၀၁၂တောင် မသေချာပါဘူး။ ဆိုလိုတာက Fedရဲ့ Balance sheetဟာ ဒီလကုန်ရင် ပြန်Deflateမဖြစ်သွားပါဘူး။ 600billion dollarဟာ Bankတွေကနေ သာမန်လူတန်းစားတွေ လက်ထဲအထိရောက်ဖို့ အချိန်ယူရပါတယ်။ အနည်းဆုံး နောက်ထပ် သုံးလေးငါးလလောက်ကြာမှ QEIIရဲ့ Effectကို သိရမှာပါ။ ဒါပေမယ့် QEIIပြီးတော့မယ်ဆိုပြီး မိုးပြိုမှာကြောက်တဲ့သူတွေကတော့ အခုတလော Marketထဲမှာ အများသား။

Uncertainty No. 3
US အစိုးရမှာ အခုမြွေကိုက်နေတဲ့ကိစ္စကတော့ Obamaအစိုးရရဲ့ Borrowable Debt limitတိုးရေး မတိုးရေးပါပဲ။ Democratတွေက August dealineမတိုင်ခင်တိုးချင်ပေမယ့် Republicanတွေက တိုးမယ့်Amountအတိုင်း လာမယ့် Budgetမှာ spending cutsတွေ ပြန်ပြီး compensateလုပ်ပေးရမယ်ဆိုပြီး တောင်းဆိုနေပါတယ်။ နောက်နှစ်မှာ Electionရှိတော့ Republicanတွေကလည်း နည်းနည်းတော့ ဒီနှစ်ပိုညစ်တယ်။ Political Chicken Gameကို နှစ်ဘက်လုံးဆော့နေကြတာ ဘယ်သူအရင် မျက်တောင်စခတ်မလည်းပေါ့။ ဒီအပတ်ထဲမှာတော့ နှစ်ပါတီ ဆက်ဆွေးနွေးကြမယ်(ဆက်သတ်ကြဦးမယ်) ပြောတာပဲ။ Dealတစ်ခု စောစောထွက်လာလေ၊ Marketအတွက် Uncertaintyတစ်ခုလျော့သွားလေပါပဲ။ US Governmentဟာ ထုတ်ရောင်းထားတဲ့ Bondတွေရဲ့ Coupon/Interestမပေးနိုင်ခဲ့ရင် Technical Defaultဖြစ်စေနိုင်တာကြောင့် ဒီကိစ္စဟာ တော်တော်အရေးကြီးပါတယ်။ Biggest Foreign Owner of Treasury Bondဖြစ်တဲ့ တရုတ်အစိုးရကလည်း မင်းတို့လုပ်နေကြတာ Playing with Fireလို့တောင် ထုတ်ပြောပါတယ်။

Uncertainty No. 4
Chinese အစိုးရရဲ့ Monetary Tighteningဟာလည်း Soft landingမဖြစ်ဘဲ လက်လွန်ပြီး Hard landingဖြစ်မလားဆိုပြီး Marketဟာ Evaluateလုပ်နေတုန်းပါပဲ။ Chinese dataတွေထွက်လာရင် Balanceမှန်ဖို့ အရမ်းအရေးကြီးပါတယ်။ ကောင်းလွန်းရင် အစိုးရတော့ Tightening (interest rate hike)ထပ်လုပ်တော့မယ်ဆိုပြီး ကြောက်ကြသလို မှန်းတာထက် နည်းလွန်းရင်လည်း အစိုးရScrewလုပ်တာများလို့ Slowdownဖြစ်သင့်တာထက် ပိုဖြစ်နေပြီဆိုပြီး selloff ဖြစ်တတ်ပါတယ်။ Shanghai Composite Indexဟာ Aprilလလယ်ကတည်းက ကျလာတာ အခုဆိုရင် 12%နှုန်းလောက် Correctionဖြစ်ပြီးပါပြီ။ Januaryတုန်းက Support Line 2700ဟာ Holdလုပ်ထားနိုင်ပါသေးတယ်။ ဒါဟာကောင်းတဲ့Signပါ။ ဒါပေမယ့် ဒီအပတ် June 14မှာ CPI dataထွက်လာပါမယ်။ CPIဟာ ပြီးခဲ့တဲ့လက 5.3%ထက်များမယ်ဆိုရင် 2700ဟာ Brokenဖြစ်နိုင်ပါတယ်။

Uncertainty No. 5
သူမပါလို့ ဘယ်ပြီးမလည်း - Greeceလေ။ နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ Marketကို Screw upလုပ်နေသလား အောက်မေ့ရတယ်။ Tax revenueတွေ မှန်းထားသလောက် Collectမလုပ်နိုင်၊ Deficit cutting planတွေကို ကောင်းကောင်းမလုပ်နိုင်နဲ့ အခုပိုက်ဆံထပ်လိုပြန်ပြီ။ Eurozone Leader Germanyက ဒီတခေါက်တော့ Private Greece Bond Holderတွေပါ ပါသင့်တယ်ဆိုပါတယ်။ Germanတွေဖြစ်ချင်တာက Greece Bond Holderတွေဟာ နောက်နှစ်မှာ Matureဖြစ်မယ့် Bondတွေကို နောက်ထပ် (၇)နှစ်လောက် Rolloverလုပ်စေချင်တာပါပဲ။ သူတို့ရဲ့ Reasonကတော့ Greeceဟာ နာလန်ထူဖို့ အချိန်ယူရမယ် ဘာညာပေါ့။ ဒါပေမယ့် ပြဿနာက Major Bond Holderဖြစ်တဲ့ European Central Bank leader Jean-Claude Trichetက ဒါဟာ Defaultတစ်မျိုးပဲဆိုပြီး လက်မခံနိုင်ပါဘူး။ ဒီတော့ နောက်အပတ် Eurozone Finance Minister meeting (June 20)မှာ Finaliseလုပ်ရမယ့် Greece Aid packageဟာ ECB-Germany standoffကြောင့် တကယ်ဖြစ်မလာရင် Julyမှာ Greeceဟာ Defaultဖြစ်နိုင်တယ်ဆိုတဲ့ Uncertaintyဟာလည်း Marketကို Spookedဖြစ်စေပါတယ်။

Uncertainty No. 6
No. 1မှာပြောခဲ့သလို Economistတွေရဲ့ Global Slowdown Villainကတော့ High Oil Priceတွေပါပဲ။ ပြီးခဲ့တဲ့ အပတ်က OPEC meeting အပြီးမှာ Marketထဲမှာ Supplyလုံလောက်တာမို့ Production Quota ထပ်တိုးဖို့ မလိုဘူးလို့ ဆိုပါတယ်။ More Supplyဟာ Priceကို ကျစေနိုင်တာမို့ ရေရှည်ကြည့်မယ်ဆိုရင် Global Growthနဲ့ Inflation controlအတွက် ကောင်းပါတယ်။ OPECရဲ့ အကြီးဆုံး Memberဖြစ်တဲ့ Saudi Arabiaကတော့ သူ့ဘာသာ ငါတကောကောပြီး Julyမှာ Productionကို 1million barrels per day ပိုထုတ်ပေးမယ်ဆိုပါတယ်။ ဒီသတင်းထွက်လာတာနဲ့ သောကြာနေ့က Oilဈေးကျတာပါပဲ။ ဒါပေမယ့် Saudiထွက်တဲ့ Crudeဟာ Sour Crude (lower quality than Libya's sweet crude)ဖြစ်တာကြောင့် Sweet crudeအသုံးများတဲ့ Europeနဲ့ Asiaအတွက်တော့ အရမ်းထူးတဲ့ သတင်းကောင်းတော့ မဟုတ်ပါဘူး။ Libya စစ်ပွဲပြီးမှသာ Stableဖြစ်သွားမယ့်ပုံ ပိုရှိပါတယ်။

Summary
တိုမလားလို့ စရေးလိုက်ပါတယ်၊ တော်တော်တောင် များသွားပြီ။ အပေါ်မှာပြောခဲ့တဲ့ Uncertaintiesတွေကြောင့် Marketဟာ Selloffဖြစ်နေတာ မဆန်းပါဘူး။ ဒီလကုန် July လဆန်းပိုင်းရောက်ရင်တော့ ပိုပြီး Certaintyရှိလာမှာမို့ Julyလကုန်ပိုင်းလောက်ကို Market bottomဖြစ်နိုင်တယ်လို့ Conservativelyမှန်းလို့ရပါတယ်။ But we never know. Political Decisions can happen suddenly and Market can roar back anytime soon. However, some certainties must come first.

Happy Bargain Hunting!

PS : I'll write Technicals about current Markets soon.