09 December 2010

Bond, Treasury Bond - အပိုင်း(၁)

မှတ်မိလွယ်အောင် James Bondလို ရေးထားတာပါ :) ကျွန်တော် လွန်ခဲ့တဲ့ နှစ်နှစ်လောက်အထိက Stock Tradingလုပ်တဲ့အခါမှာ Stock marketတစ်ခုထဲကိုပဲ Focusထားပြီး လုပ်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့နားလည်လာတာက Marketတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုဟာ ကိုယ်ထင်ထားတာထက် ပိုပြီးCloseဖြစ်တယ်လို့ သိလာရတယ်။ Marketတွေလို့ ဆိုရာမှာ Stock, Forex, Commoditiesနဲ့ Bond marketတွေပါ။ Marketအားလုံးရဲ့ General Trendတွေကိုပါ ထည့်ပြီးAnalysisလုပ်တဲ့အခါမှာ Tradeတွေဟာ ပိုပြီးProfitableဖြစ်လာတာကို တွေ့ရပါတယ်။ ဒီPostမှာ Bond marketကို ဘယ်လိုအသုံးပြုရမလည်းဆိုတာ ပြောပြပါမယ်။ Bond အကြောင်းကိုပြောမယ်ဆိုရင် တနေကုန်ထိုင်ပြောလို့ရတယ်။ ဒီတော့ စာဖတ်သူတွေအတွက် အရှင်းဆုံးနဲ့ အလွယ်ဆုံးဖြစ်အောင် လိုတိုရှင်းပဲ ဒီPostမှာ ရေးထားပါတယ်။

When Governments are short of money
Bondတွေမှာ အဓိကအားဖြင့် Government Bondတွေနဲ့ Corporate Bondတွေဆိုပြီး နှစ်မျိုးရှိပါတယ်။ Corporate Bondကို ခဏထားပြီး Government Bond marketအကြောင်းကိုပဲပြောသွားပါမယ်။ Govt Bondကပဲ တခြားMarketတွေကို ပိုပြီးInfluenceလုပ်နိုင်လို့ပါ။ Govtတွေမှာ ပိုက်ဆံရစရာ အဓိကနည်းလမ်းသုံးမျိုးပဲ ရှိတယ်။
  1. Taxes (you should know very well)
  2. Bonds
  3. Other income (such as Tolls, etc)
Bondဆိုတာ အစိုးရက ကျွန်တော်တို့လို hardworking citizensတွေ၊ တိုင်းပြည်ရဲ့ resourcesတွေကို အပေါင်ထားပြီး တခြားတိုင်းပြည်တွေနဲ့ Private/Institutional investorsတွေဆီကနေ ပိုက်ဆံချေးတာပါပဲ။ Bond Marketကို Fixed income marketလို့လည်း ပြောကြပါတယ်။ ဘာလို့လည်းဆိုတော့ အစိုးရက သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ every six months or so, Fixed Interestမှန်မှန်ပေးလို့ပါပဲ။ အဲဒီ့ Interestsဟာ Bondရဲ့သက်တမ်းအတွက် Issueလုပ်တုန်းက တခါတည်းFixedလုပ်ပြီးသားပါ။

Most Important Concept of Bond - Yield (%)
Bondအကြောင်းပြောရင် မသိမဖြစ်သိရမှာက Yieldဆိုတာပါပဲ။ အစိုးရဟာ Bondတွေကို စရောင်းတာက very few Primary Dealersတွေကိုပဲ ရောင်းတာပါ။ Bondတွေကို ရောင်းတဲ့အခါမှာ လေလံစနစ်နဲ့ ရောင်းပါတယ်။ သူတိုကနေမှ ကျွန်တော်တို့လို အပြင်ကသူတွေ ပြန်ဝယ်ရောင်းလုပ်နိုင်ပါတယ်။ ဒါပေမယ့် Bondကို Tradeလုပ်တဲ့အခါမှာ တိုင်းပြည်အခြေအနေတွေပေါ် မူတည်ပြီး Bond priceဟာ ကျချင်ကျမယ်၊ တက်ချင်တက်မယ်။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလို အစိုးရဆီက Regularlyရမယ့် Interest amountက Fixedလုပ်ပြီးသားပါပဲ။ ဒါကြောင့် ကိုယ်တကယ်ရင်းနှီးရတဲ့အပေါ်မှာ ရတဲ့Interestကို Bond Yieldလို့ ခေါ်ပါတယ်။ Bond Priceနဲ့ Bond Yieldဟာ Inverselyအချိုးကျပါတယ်။ Bondဈေးတက်ရင် Yieldကျမယ်၊ Bondဈေးကျရင် Yieldတက်ပါမယ်။ Bondအကြောင်းနားလည်ချင်ရင် ဒီFormulကို မသိလို့ကို မရဘူး။

Par, Premium, Discount
ဥပမာ Bond price ၁၀၀၀အတွက် အစိုးရဆီက တစ်နှစ်ကို Fixed interest ၁၀၀ရမယ်ဆိုပါတော့။ Fixed Interestဟာ ၁၀%ပေါ့။ ကိုယ်က Secondary market/Retail marketထဲမှာ အဲဒီ့ 10%ရဖို့အတွက် Bond priceကို ၁၀၀၀ပဲပေးရတယ်ဆိုရင် Parဖြစ်တယ်လို့ ဆိုပါတယ်။ Yieldနဲ့ အစိုးရဆီက ရမယ့် Fixed interestဟာ အတူတူပဲပေါ့။ ဒါပေမယ့် ကိုယ်က အစက ၁၀၀၀တန်တဲ့ Bondကို ၈၀၀နဲ့ရရင် ၁၀၀/၈၀၀ = ၁၂.၅% Yieldဖြစ်ပါမယ်။ ကိုယ်က ၁၂၀၀ပေးရရင် Yieldက ၁၀၀/၁၂၀၀ = ၈.၃၃%ဖြစ်ပါမယ်။ အဓိကကတော့ အစိုးရဆီက ရမယ့်ပိုက်ဆံဟာ မပြောင်းပါဘူး။ ဒါပေမယ့် ကိုယ်ဝယ်တဲ့ ပိုက်ဆံပမာဏဟာ ပြောင်းနေပါမယ်။ တူရင် Par, ပိုပေးရရင် Premiumနဲ့ လျော့ရရင် Discountလို့ ခေါ်ကြပါတယ်။

Why Bond Prices move
အစိုးရနဲ့ Central Bankတွေအပေါ်မှာ မူတည်ပြီး Bond Pricesတွေဟာ တချိန်လုံးပြောင်းနေပါတယ်။ Stock Market, Forex Marketတွေအတိုင်းပဲ သူတို့ကို Dealerတွေဟာ Tradeနေကြပါတယ်။ အစိုးရ Major policy change ဖြစ်တဲ့ eventတွေဟာ Bond Marketကို ဂယက်ရိုက်နိုင်ပါတယ် - ဘယ်လိုဟာမျိုးလည်းဆိုတော့ ဟိုတလောက US Federal Reserveက US dollarအသစ်ရိုက်ထုတ်ပြီး US Govtရဲ့ Bondတွေ လိုက်ဝယ်မယ်ဆိုတာနဲ့ Bondဈေးတွေတက်ကုန်တာပါပဲ။ ဘာလို့လည်းဆိုတော့ Fedက Supportပေးသလိုဖြစ်နေတာကိုး။ Australian Central Bankက Cash Rateကို Inflationကြောက်လို့တိုးတိုင်း Australian Dollar forex rateဟာ တက်သွားတာကို တွေ့ရပါမယ်။ အပေါ်ယံကြည့်ရင်တော့ Cash Rateကို မက်လို့ Australian Dollarကို လိုက်ဝယ်ကြတယ်လို့ ထင်မှာပဲ။ တကယ်တမ်းတော့ ဒါဟာIndirect affectပါ။ Australian Governmentဟာလည်း ပိုက်ဆံလိုရင် Bondထုတ်ရောင်းရတာပါပဲ။ ဒါပေမယ့် ပေးတဲ့ Bond Yieldဟာ Official cash rateထက်မှ မသာလို့ မရပါဘူး။ မသာမှတော့ သူတို့Bondကို ဘယ်သူက ဝယ်မလည်း။ ဒီတော့ Cash Rateတက်ရင် Bond Yieldလိုက်တက်ရမယ်။ Bond Yieldတက်ရင် အဲဒီ့Bondဟာ Attractiveဖြစ်လို့ လိုချင်ရင် Aussie Bondကို Aussie Dollarနဲ့ ဝယ်ရပါမယ်။ ဒါကြောင့် AUD rateဟာ ဝယ်လက်များလို့ တက်သွားရတာပါ။

Remember PIIGS?
၂၀၁၀တစ်နှစ်လုံးလိုလို PIIGS europen countriesတွေ ဘယ်လောက်ဒုက္ခရောက်နေကြလည်း Investmentအကြောင်း နည်းနည်းစိတ်ဝင်စားတာနဲ့ သိမှာပါ။ Greeceအစိုးရဟာ ပိုက်ဆံတွေအများကြီးချေးထားပြီး ပြန်ဆပ်ချင်မှ ဆပ်နိုင်မယ်ဆိုတဲ့ သတင်းသဲ့သဲ့ထွက်လာတာနဲ့ Marketထဲမှာ Greece Bondတွေ ချရောင်းကြတာပါပဲ။ ရောင်းလိုအားများတော့ Bondဈေးတွေကျ၊ Bond ဈေးတွေကျတော့ Yieldတွေ ဆောင့်တက်ကုန်တာပါပဲ။ Marketက ဆိုလိုတာက မင်းတို့အစိုးရက သိပ်စိတ်မချရဘူး၊ ဒီတော့ ငါ့ပိုက်ဆံလိုချင်ရင် Bondဈေးကို ချရောင်းလို့(Effectively Raising Bond Yields) တောင်းဆိုတာနဲ့ အတူတူပါပဲ။ Bond Yieldတွေ တက်နေတိုင်း အစိုးရဟာ Bondရောင်းတဲ့အခါမှာ ပေးရတဲ့ Fixedအတိုးချင်းအတူတူ စစချင်းရတဲ့ ပိုက်ဆံပိုနည်းသွားတယ်လို့ တွေးနိုင်ပါတယ်။ နူရာဝဲဆွဲ လဲရာသူခိုးထောင်းဆိုတာ အဲဒါအစစ်ပဲ။

Maturity Periods
Bondတွေမှာ အစိုးရက ဘယ်တော့မင်းတို့ပိုက်ဆံပြန်ရမယ်ဆိုပြီး အာမခံထားတဲ့ Periodတွေရှိပါတယ်။ အဲဒီ့Periodတွေ အတိုအရှည်ပေါ်မူတည်ပြီး အခေါ်အဝေါ်တွေလည်း ကွဲသွားပါတယ်။
  • 4wk - 52wk Maturityတွေကိုတော့ Bills (Treasury Bill in USA)
  • 2yr - 10yr Maturityတွေကိုတော့ Notes (Treasury Notes) နဲ့
  • 30yr Maturityကိုတော့ Bonds (Treasury Bonds)တွေလို့ ခေါ်ကြပါတယ်။
Marketထဲမှာတော့ 10yr yieldဘယ်လောက်, 30yr ဘယ်လောက်အစရှိသဖြင့် လွယ်လွယ်ပဲပြောကြပါတယ်။ 2yr, 10yrနဲ့ 30yrတွေဟာ Marketထဲမှာ Hottestအဖြစ်ဆုံး Maturityတွေပါ။

US Govt Bond = Safe Haven
US Govt Bondတွေဟာ ကမ္ဘာပေါ်မှာ Safeအဖြစ်ဆုံးလို့ မှတ်ယူထားကြပါတယ်။ US Govtက Guaranteeပေးတဲ့ Investmentပေါ့။ တကယ်တမ်းတော့ US Economyနဲ့ US citizensတွေရဲ့ tax revenueတွေကို backလုပ်ပြီး ပေးတဲ့Guaranteeပါပဲ။ ဘာကြောင့် Institutionတွေဟာ စိတ်ချချင်ရင် ပိုက်ဆံကို ဘဏ်တိုးမထားပဲ Bondဝယ်ကြသလည်း သိသလားမသိဘူး။ ဘဏ်မှာထားတဲ့ Depositတွေဟာ အတိုင်းအတာတခုအထိပဲ Government Guaranteeရှိပါတယ် - ဥပမာ လူတစ်ယောက်ကို နှစ်သန်းအထိပဲ အစရှိသဖြင့်ပေါ့။ ဘဏ်ပျက်ပြီး ကိုယ့်ပိုက်ဆံက နှစ်သန်းအထက်ဆိုရင် သေဖို့သာပြင်ထား။ ဒီတော့ Billionနဲ့ချီတဲ့ Cashတွေကို Manageလုပ်တဲ့ Money Managerတွေဟာ စိတ်ချချင်ရင် Bondကလွဲလို့ တခြားဘာမှမရှိပါဘူး။ Bondကတော့ ကိုယ်Investလုပ်သမျှ အစိုးရက တာဝန်ယူတာကိုး။ ကိုယ့်မှာနှစ်သန်းတောင်မှမရှိတာ ငါနဲ့မဆိုင်ပါဘူးလို့ ထင်နေသလားမသိဘူး။ မထင်ပါနဲ့ Bond Marketရဲ့ Ripple Effectဟာ လူတိုင်းနဲ့ ဆိုင်ပါတယ် - at least Mortgage ownersတွေလို့ ပြောနိုင်ပါတယ်။

If you have a home loan in America, You better know 30yr bond yield
USကို ဥပမာပေးပြောပေမယ့် conceptဟာ တိုင်းပြည်တိုင်းအတွက် အတူတူပါပဲ။ ကျွန်တော်တို့ အိမ်ဝယ်ရင် ဘဏ်ကချေးတယ်မဟုတ်လား။ ဘဏ်က ချေးဖို့ပိုက်ဆံကို ဘယ်ကရသလည်း? ကျွန်တော်တို့ထားတဲ့ Saving depositတွေဟာ သူတို့ချေးသမျှ home loanတွေအတွက် မလုံလောက်ပါဘူး။ Residential Mortgage Backed Security (RMBS)ဆိုတာ ကြားဘူးသလားတော့ မသိဘူး။ ဒါဟာ Lenderတွေက ကျွန်တော်တို့ mortgageတွေကို Securityတစ်ခုအနေနဲ့ Backingလုပ်ပြီး Investorတွေကို ပြန်ရောင်းတာပါပဲ။ ကျွန်တော်တို့ရဲ့ cashတွေ၊ အလုပ်ကရတဲ့ လခတွေကောင်းလေ RMBSရဲ့ Credit Qualityကောင်းလေပေါ့လေ။ RMBSကို ဝယ်မယ့်သူဘက်က ကြည့်ရင် RMBSက ပုံမှန်ရရမယ့်အတိုး(ဟုတ်ပ ကျွန်တော်တို့ပေးတဲ့ အတိုးတွေပါ)ဟာ ပိုပြီး စိတ်ချရမယ့် Treasury Bondထက် ပိုမရရင် ဘယ်သူက Investလုပ်မလည်း? Uncle Samဆီမှာပဲ Investသွားလုပ်မှာပေါ့။ ဒါကြောင့် 30yr yieldတက်ရင် US mortgage ownerတွေဟာ အတိုးပိုပေးရပါမယ်။ မဟုတ်ရင် Marketရပ်သွားပါလိမ့်မယ်။ 30yr yieldတွေ တက်နေတဲ့အချိန်မှာ သွားပြီး Fixedလိုက်မိရင် သေဖို့သာပြင်ထားပေတော့။ အခု US Federal Reserveက Dollarရိုက်ထုတ်ပြီး US Treasuryတွေလိုက်ဝယ်မယ်ဆိုတာ အဓိကက အဲဒီ့အတွက်ပဲ။ Treasury Yieldတွေဟာ Credit Marketရဲ့ Benchmarkဆိုတော့ သူတို့လိုက်ဝယ်ရင် Treasuryဈေးတက်မယ် - ဒီတော့ Yieldတွေကျမယ် - ဒီတော့ Mortgageeတွေပေးရတဲ့ အတိုးတွေ ကျသွားမယ်ပေါ့။ ကဲ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်သေးလား?

ရေးရေးချင်းတုန်းကတော့ တစ်Postထဲနဲ့ ပြတ်မယ်ထင်တာ၊ အခုထိ လိုရင်းကို မရောက်နိုင်သေးဘူး။ အပိုင်း(၂)မှာ Traderတစ်ယောက်အနေနဲ့ Treasury Yieldတွေကို ဘယ်လိုအသုံးချရမလည်း ပြောပြပါမယ်။ အောက်မှာ 30yr yield chartကို ပြထားပါတယ်။

Happy Investing!

07 December 2010

InvestMyanmar.net

မြန်မာCommunityအတွက် Investment, Financeနဲ့ ပတ်သက်ပြီး တထောင့်တနေရာက ပစ်ကူပေးဖို့ InvestMyanmar.netကို ကိုအောင်စည်သူကျော်က ဒီနေ့ပဲLaunchလုပ်ထားပါတယ်။ မြန်မာwebsiteတွေထဲမှာ Investmentနဲ့ပတ်သက်ပြီး ရေးတာရှားပါးတာမို့ Warmly Welcomeပါ ကိုအောင်စည်သူကျော်။

03 December 2010

မေတ္တာရပ်ခံချက်

အခုတလော ကျွန်တော့် Blogရဲ့ Contentတချို့ကို Forumနဲ့ Websiteတချို့မှာ Redistribute လုပ်ထားကြတာတွေ့ရပါတယ်။ ပထမဦးဆုံးပြောချင်တာကတော့ Redistributeပြန်လုပ်ပေးတဲ့ ညီညီမငယ်များ၊ အစ်ကိုအစ်မများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ထပ်ဆင့် မေတ္တာရပ်ခံချင်တာကတော့ Redistribute လုပ်တဲ့အခါမှာ -
  1. Original Postရဲ့ URL (Postရဲ့ Titleပေါ်ကို Clickလိုက်ရင် Browser address barမှာ exact URLကို တွေ့နိုင်ပါတယ်)
  2. ကျွန်တော့်နာမည်/Original Authorရဲ့ အမည်
လေးတော့ Each and Every Distributionမှာ Acknowledgeလုပ်ပေးကြပါလို့ လေးစားစွာ Requestလုပ်ပါတယ်။ Feed-roll သမားများကို မဆိုလိုပါ။ Feed-rollတွေမှာ အပေါ်က နှစ်ခုလုံးပါပြီးဖြစ်ပါတယ်။


Happy Sharing.

02 December 2010

How to Trade Like a Professional

ကျွန်တော်စပြီး tradingလုပ်တုံးက စနစ်ဆိုတာမရှိဘုး။ နည်းနည်းပါးပါးလေ့လာပြီး ဒီလိုပဲဝင်လုပ်လိုက်တာပဲ။ အစပိုင်းမှာ မြတ်တာတွေရှိသလို၊ ရှုံးတာတွေလည်း ရှိတာပေါ့။ အစပိုင်းမှာ အမြတ်က ထင်သလောက် သိပ်မကျန်ဘူး။ ကိုယ့်ကိုယ်ကို သေချာပြန်ပြီး Analyseလုပ်ကြည့်တော့ Methodပိုင်းမှာ ဒီလောက်အားနည်းတာ မတွေ့ရဘူး။ Methodပိုင်းက စာဖတ်နိုင်ရင်၊ Softwareနဲ့ Data ရှိရင်ရတယ်။ အရှုံးဆိုတာမရှိ(၁)မှာ ရေးခဲ့သလိုပဲ Traderတွေအားလုံး ဒီMethodတွေသိရဲ့သားနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘာလို့ဒီလောက် Money making ability တွေကွာနေရသလည်းဆိုတဲ့ Topicဟာ ကျွန်တော့်ကို ဆယ်ကျော်သက်အရွယ်က သဘောကျတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုပဲ တချိန်လုံးတွေးနေမိသလို  ဖမ်းစားနိုင်ခဲ့ပါတယ်။ အောက်မှာရေးထားတာတွေဟာ နှစ်နဲ့ချီပြီးမှ သိလာရတဲ့၊ လုပ်လာနိုင်တဲ့ Knowledgeတွေပါ။ ဒါတွေကို Applyလုပ်နိုင်ရင် Professional traderဖြစ်ဖို့နီးစပ်လာပါလိမ့်မယ်။

Fact No. 1
Methodတွေ ကျွမ်းကျင်တာနဲ့ Professional Traderမဖြစ်ပါဘူး။ စာအုပ်ဆယ်ဒါဇင်သွားဖတ်ပြီး Marketထဲဝင်လာခဲ့၊ ရှုံးစေရမယ်။ Money Management Skillကို Developမလုပ်သရွေ့ ကြိုက်သလောက်မြတ်၊ Marketထဲကို ပြန်ပါသွားစေရမယ်။ အထူးသဖြင့် အခုလိုခေတ်ထဲမှာ Government/Central Bank interventionတွေ အရမ်းများပါတယ်။ ဟိုးတနေ့ကပဲကြည့်၊ Tradeတစ်ခုဝင်ခါရှိသေး Kim Jongက ထဆော်လို့ အမြန်လိုက်ပိတ်ရတယ်။ Market Correctionဖြစ်တော့မယ်ထင်တဲ့အချိန်မှာ US Fed Chairman Ben Bernankeက ပိုက်ဆံတွေ ရိုက်ထုတ်မယ်ဆိုတော့ Marketဟာ မကျတော့ဘူး။ ဒါမျိုးတွေပေါ့။ အဓိကပြောချင်တာက ကြိုက်သလောက် Analyseလုပ်၊ ကိုယ့်ရဲ့Tradeဟာ ခွက်ခွက်လန်အောင် ရှုံးနိုင်တယ်ဆိုတာပါပဲ။ See the catch word here? "ခွက်ခွက်လန်" ဆိုတာမဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ခင်ဗျားကော ဖြစ်ဘူးလားဆိုရင် ဂုဏ်ယူစွာပြောရမှာပဲ - ဖြစ်ဘူးတာပေါ့၊ လန်နေတာပဲ :) Professional Traderတွေမှာ small managed lossesတွေပဲရှိတယ်၊ ခွက်ခွက်လန်အောင် ရှုံးတယ်ဆိုတာ မရှိပါဘူး။ ဒီလိုဖြစ်အောင် Good Money Management Skillတွေ လိုပါတယ်။

Fact No. 2
Amateur Traderတွေဟာ Marketထဲဝင်လာလာချင်း Big Profitတွေလုပ်ဖို့ ဝင်လာကြတာပါ။ Professionalတွေကတော့ နေ့တိုင်း Big Lossesတွေမဖြစ်ဖို့ ကြိုးစားကြပါတယ်။ Professionalတွေဟာ Lossတွေကို ကောင်းကောင်းManageလုပ်ရင် Profitဟာ Autoဖြစ်လာမယ်ဆိုတာ သဘောပေါက်ပေမယ့် Amateurတွေကတော့ အရှုံးဆိုတဲ့စကား မကြားလို - မြန်မာလိုယူရင်တော့ နမိတ်မရှိဘူးပေါ့။ Dr. Alexander Elderပြောဘုးတဲ့စကားရှိတယ် -  "A fool and his money can throw one hell of a party"တဲ့။ Marketထဲကို Profitဆိုတာပဲတွေးပြီး ဝင်လာတဲ့သူဟာ အဲဒီ့စကားအတိုင်းပါပဲ။ Marketထဲမှာ Foolမဖြစ်အောင် နည်းလမ်းတစ်ခုပဲရှိတယ်။ Seriously, တစ်ခုပဲရှိတယ်။ Manage your losses and have a good money management discipline.

One example of good money management - R-multiple system
Dr. Van Tharpရဲ့ R-multiple management systemဟာ တော်တော်ကောင်းတဲ့ money managementတစ်ခုပါ။ ကျွန်တော်ကိုယ်တိုင်သုံးပါတယ်။ R-multiple systemမှာ Rဆိုတာ Riskကိုပြောတာပါ။ Traderတစ်ယောက်ဟာ Tradeတစ်ခုမဝင်ခင် ဘယ်လောက်အရှုံးခံနိုင်မလည်းဆိုတာ တခါတည်းကြိုပြီး Defineလုပ်ရပါမယ်။ အများအားဖြင့် Tradeတစ်ခုအတွက် ကိုယ့်မှာရှိတဲ့ ပိုက်ဆံရဲ့ ၂%ကနေ ၅%လောက်ပဲ အရှုံးခံသင့်ပါတယ်။ ၂%-၅%ဆိုတာ Marketထဲကို အပါခံနိုင်တဲ့ Amountကိုပြောတာပါ။ Tradeတစ်ခုရဲ့ total costမဟုတ်ပါဘူး။ တကယ့်Professionalတွေအတွက် ၂%ဆိုတာတောင် လွန်လှပြီ၊ ဒါပေမယ့် ပိုက်ဆံနည်းနည်းနဲ့စတဲ့ လူတစ်ယောက်အတွက်ကျတော့လည်း ၂%က Practicalမဖြစ်ပြန်ဘူး။ ဒါကြောင့် ကျွန်တော်၂%-၅%လို့ပြောတာပါ။

Rဘက်ကို ပြန်သွားရရင် Traderတစ်ယောက်ဟာ R amountရှုံးတာနဲ့ cut lossလုပ်ဖို့Ready ဖြစ်နေဖို့လိုသလို R amountရဲ့ multipleတစ်ခုမှာ Profit takingလုပ်ဖို့လည်း determineဖြစ်ရပါမယ်။ ဥပမာ 2R or 3R amountပေါ့။ Rဟာ $200ဆိုရင် 2Rဟာ $400ကို ဆိုလိုတာပါ။ R-multipleနဲ့ တွဲပြီးလုပ်ရမှာက ကိုယ့်ရဲ့ Trading systemပါ။ Trading systemဆိုတာ Entry, Exit rulesတွေကို Technical, Fundamentalတွေ ပေါင်းစပ်ပြီး generateလုပ်တာကို ခေါ်တာပါပဲ။ ဥပမာ MACD crossoverဖြစ်ရင် ဝယ်မယ်/ရောင်းမယ်၊ trend line brekoutဖြစ်ရင်တော့ ဝယ်မယ်/ရောင်းမယ် အစရှိသဖြင့်ပေါ့လေ။ ကျွန်တော်ပြောသလိုပဲ No system is perfect but there has to be some probability of success of your trading system. ဥပမာ ကိုယ့်systemဟာ ၆၀%တော့ မှန်တယ်၊ ၇၀%တော့မှန်တယ် ဆိုတာမျိုးပါ။ အောက်က Tableလေးကို ကြည့်ကြည့်ပါ။

#
Invest
Capital
Risk or R
Win/Lose
Reward Multiplier
1
2000
10000
200
L
2
2
2000
9800
200
L
2
3
2000
9600
200
L
2
4
2000
9400
200
L
2
5
2000
9200
200
L
2
6
2000
9000
200
W
2
7
2000
9400
200
W
2
8
2000
9800
200
W
2
9
2000
10200
200
W
2
10
2000
10600
200
W
2
NET

11000




ဒီTableထဲက Figureတွေဟာ ဖတ်ရလွယ်အောင် လုပ်ထားတာပါ။ Totalပိုက်ဆံ ၁သောင်းရှိတဲ့ Traderဟာ Tradeတစ်ခုစီကို ၂ထောင်စီရင်းပါမယ်။ ဒါပေမယ့် သူ့ရဲ့ Rဟာ ၂၀၀ပါ။ Totalပိုက်ဆံရဲ့ ၂%ပေါ့။ ဒါဟာ ကျွန်တော်ပြောတဲ့ ၂-၅% rangeမှာ Conservative rangeပါ။ Reward multipleကတော့ 2Rပါ။ Riskယူတာရဲ့ နှစ်ဆရရင် ရောင်းမယ်ပေါ့။ Method(Technical, Fundamental)ပိုင်းက ဘယ်နေရာကပါလဲဆိုတော့ Probabilityပိုင်းက ပါပါတယ်။ ဒီExampleမှာ ကျွန်တော်ဟာ 50%ပဲမှန်တဲ့ Systemကို သုံးပြထားပါတယ်။ ဟုတ်ပါတယ်၊ ၅၀%ထဲပါ။ Marketထဲမှာ 90%လောက်မှန်မှ ပိုက်ဆံရှာနိုင်လိမ့်မယ်လို့ ထင်နေတယ်မဟုတ်လား။ ဒီExampleဟာ ၅၀%မှန်တဲ့ Systemပဲလိုတယ်။ ခေါင်းပန်းလှန်တဲ့ Probabilityထက်နည်းနည်းပဲ သာဖို့လိုမယ်။ ၅၀%ပဲမှန်တဲ့အတွက် ဆယ်ခါTradeတဲ့အခါမှာ ၅ခါရှုံးပြီး ၅ခါမြတ်ပါမယ်။ Keyက ရှံးတဲ့အခါမှာ R amountကိုရှံးပြီး မြတ်ရင် 2Rမြတ်ရပါမယ်။

အဆုံးသတ်မှာ ၁၀၀၀အမြတ်ကျန်ပါတယ်။ ၁၀% returnပေါ့။ ဒါဟာ ဘဏ်တိုးထက် အသာလေးသာပါတယ်။ Traderဟာ weekly, fortnightly frequencyနဲ့ Tradeတယ်ဆိုရင် အဲဒီ့periodတစ်ခုပြီးတိုင်း ၁၀%ကျန်ပါမယ်။ တစ်ပတ်ကို ၁၀%ကျန်ရင်, တစ်လဆိုရင် ၄၀%။ Summaryပြောရရင်
  • R ဟာကိုယ့်ရဲ့ total equity/cashပေါ်မူတည်ပါတယ်။
  • Tradeတစ်ခုဟာ R amountရှုံးနေပြီဆိုရင် cutရပါမယ်။
  • R-multiple amountတစ်ခုမြတ်နေပြီဆိုရင် profit takingလုပ်ရပါမယ်။
  • Method - Technical, Fundamentalတွေဟာ Probability systemအနေနဲ့ပဲမြင်ရပါမယ်။ သူတို့ရဲ့ Success rateဟာ အနည်းဆုံး ၅၀%ရှိသင့်ပါတယ်။
  • ဆက်တိုက်ရှုံးလာရင် ကိုယ့်Methodဘာလိုနေလည်းဆိုတာ continually refineလုပ်သွားရပါမယ်။

Van Tharpရဲ့ R-multiple systemဟာ very simpleဖြစ်ပေမယ့် ဒါဟာProfessionalတွေ Tradeတဲ့ နည်းစနစ်အတိုင်းပါပဲ။ Proတွေဟာ လွန်ခဲ့တဲ့ အနှစ်တစ်ရာကျော်ကတည်းကနေ အခု၂၁ရာစုအထိ ဒီနည်းနဲ့ပဲ Tradeပြီး Financial Freedomကို ရခဲ့ကြတာပါ။ အပေါ်က exampleမှာ Tradeစုစုပေါင်း ၁၀ခုရှိပါတယ်။ ကိုယ်Riskယူတဲ့ Rက ၂၀၀, 10 tradeမှာ မြတ်တာက ၁၀၀၀ဆိုတော့ total profitဟာ 5Rလို့ဆိုနိုင်ပါတယ်။ 5Rကို 10 tradeနဲ့စားရင် 0.5Rဆိုပြီး averageရပါမယ်။ အဲဒါကို Van Tharpက Trader's life expectancyလို့ ခေါ်ပါတယ်။ အဲဒီ့ Life expectancyဟာ အနှုတ်ပြနေရင် အချိန်တန်ရင် အရင်းပြုတ်မှာပဲ။ အပေါင်းပြပြီး တိုးတိုးလာသရွေ့ ကိုယ့်ရဲ့equityဟာလည်း တိုးလာမှာ ဖြစ်ပါတယ်။

Amateurတွေ ဘာလို့Marketထဲကနေ Washed outဖြစ်ဖြစ်သွားသလည်း ကျွန်တော် Exampleနဲ့ပြပါမယ်။ အပေါ်က Tableကိုပဲ Riskကို 2Rယူပြီး မြတ်ရင် R amountနဲ့ မြန်မြန်ကျေနပ်တတ်တယ်လို့ တွေးလိုက်ပါ။ ဒီတော့ ရှုံးနေရင် ၄၀၀အထိစောင့်ပြီး မြတ်ရင်တော့ ၂၀၀နဲ့ ပျော်တယ်ပေါ့။ နောက်ဆုံးပိတ် ၁၀၀၀ရှုံးပါမယ်။ -0.5R expectancy ပြပါတယ်။ Key pointက Amateurတွေဟာ ရှုံးရင် ပြန်လာနိုးHopeလေးနဲ့ 2R+အထိစောင့်ပြီး မြတ်ရင်တော့ R amountလောက်အထိပဲ လောဘကို ထိန်းနိုင်လို့ပါပဲ။

#
Invest
Capital
Risk or 2R
Win/Lose
Reward Multiplier
1
2000
10000
400
L
0.5
2
2000
9600
400
L
0.5
3
2000
9200
400
L
0.5
4
2000
8800
400
L
0.5
5
2000
8400
400
L
0.5
6
2000
8000
400
W
0.5
7
2000
8200
400
W
0.5
8
2000
8400
400
W
0.5
9
2000
8600
400
W
0.5
10
2000
8800
400
W
0.5
NET

9000




ဒါတွေအားလုံးကို အတိုချုပ်လိုက်ရင် - "Cut your losses fast and Let your profit run". ဒီ R-multiple system ဥပမာကနေ Tradeချင်းအတူတူ၊ Probability systemချင်းအတူတူပေမယ့် Different money managementကြောင့် traderနှစ်ယောက်ဟာ လူချင်းကွဲသွားတယ်ဆိုတာ အရှင်းကြီးတွေ့နိုင်ပါတယ်။ ဒီPostကနေ အဲဒီ့ Conceptလေးရသွားရင် Professional Traderဖြစ်ဖို့ နီးစပ်လာပါပြီလို့။

It's too simple to convince people that this is the ONLY way to make money in the market!

PS : Van Tharpရဲ့ Trade Your Way to Financial Freedomဆိုတဲ့ စာအုပ်ကို ဖတ်ဖို့တိုက်တွန်းပါတယ်။