21 August 2010

It's Traders' Market

Sorry Folks. Been super busy at office and in the market. ရေးမယ်လုပ်လိုက် အလုပ်ကပေါ်လာလိုက်၊ ထTradeလိုက်နဲ့ အခုတလောမရေးနိုင်တာပါ။ တလလောက်အတွင်းမှာ Marketဟာ ငုပ်ချည်ပေါ်ချည်ပဲ။ ဒါပေမယ့် ဒီအပတ်ကစပြီး Bearတွေဟာ ပြန်ပြီးခြေကုပ်ယူလာတာတွေ့ရပါတယ်။ Major Indicesအားလုံးလိုလိုဟာ ဒီအပတ်သောကြာနေ့အပိတ်မှာ EMA200အောက် (Bear Territory)ကို ပြန်ရောက်သွားပါတယ်။

No More Jobless Recovery
Financial Mediaတော်တော်များများဟာ Jobless Recovery, Jobless Recoveryနဲ့ ပြောပြောလာခဲ့ကြတာ မနှစ်ကတည်းကပါပဲ။ ဒါပေမယ့် ဒီလဆန်းကစပြီး USက Jobless ပြဿနာဟာ ပိုဆိုးလာနေပါတယ်။ Federal Reserveကိုယ်တိုင်က Economy Outlookကို ပြန်ပြီးRevised Downလုပ်နေရပါတယ်။ August 6ရက်နေ့က Julyရဲ့ US Employment Situation Reportထွက်လာပါတယ်။ မှန်းထားတာက Net Job Loss 70k, Actualက 131k loss. Private Sector Payrollကတော့ 100kလောက်တိုးမယ်မှန်းထားတာ 71kပဲတိုးပါတယ်။ ပိုဆိုးတာကတော့ Juneလက Private Sector Payroll count 83kကို 31kအထိ Revised Downလုပ်လိုက်တာပါပဲ။ လူဦးရေ သန်း၃၀၀ကျော်တဲ့တိုင်းပြည်မှာ တစ်လကို ပျမ်းမျှအလုပ်ငါးသောင်းလောက် တိုးရုံနဲ့ Recoveryကို အရှိန်ကောင်းကောင်းနဲ့ မရနိုင်ပါဘူး။
...

The New Normal
တပတ်တခါကြာသာပတေးနေ့တိုင်းထွက်တဲ့ Jobless Claimsတွေဟာလည်း ပိုဆိုးလာပါတယ်။ မှန်းထားတာက နည်းနည်းလျော့မလားလို့၊ တကယ်တမ်းတော့ ပိုပိုတိုးလာတယ်။ Initial Jobless Claimsတွေဟာ August 5 weekမှာ Expected 455k, Actual 479k, August 12 weekမှာ Expected 460k, Actual 484k, August 19 weekမှာ Expected 480k, Actual 500k!!! ကန်တော့ပါရဲ့၊ အမေရိကားမှာ သောက်ကျိုးနည်းနေတာတော့ အမှန်ပဲ။ Californiaဦးဆောင်ပြီး Julyလထဲမှာ State and Local Governmentတွေဟာ စုစုပေါင်း လူပေါင်း ၅သောင်းကျော် ဖြုတ်ခဲ့ကြပါတယ်။ အလုပ်လက်မဲ့များလာရင် Consumer Sentiment, Spendingတွေကျလာမှာဖြစ်သလို အနည်းနဲ့ အများလည်း Housing, Retail, Consumer Discretionary အစရှိတဲ့ Sectorတွေကို ထိခိုက်ပါတယ်။

ကြွေးပတ်လည်ဝိုင်းလျက်ရှိသော Presidentကို Obamaဟုခေါ်သည်
USမှာ Housing Foreclosureတွေဟာလည်း Record Highဖြစ်နေပါတယ်။ ဒါတွေအားလုံးဟာ Job Marketနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့အရာတွေပါ။ Obamaနဲ့ Fed Chairman Bernankeတို့ဟာ Bulletလည်း ကုန်သလောက်ဖြစ်နေပါပြီ။ သူတို့လုပ်သမျှဟာလည်း တရုတ်ဆီက ချည်းငှားပြီးလုပ်ရတာ အခုဆိုရင် USရဲ့ Debtဟာ တိုင်းပြည် GDPရဲ့ ၉၀%လောက် ဖြစ်နေပါတယ်။ Obamaမှာ ဘာမှမရှိ၊ အကြွေးထုပ်ကြီးအကြီးကြီးပဲ အခုသူ့ဆီမှာရှိတယ်။ Government Stimulusတွေဟာ အကြွေးတွေနဲ့ အစိုးရတွေက Economic Recoveryဖြစ်မလားလို့ Gambleလုပ်ထားတဲ့ အရာတွေပါ။ ဒါတွေဟာ ထင်သလောက် ခရီးမပေါက်တာ Job Marketနဲ့ Housing Marketက သက်သေပြနေပါတယ်။ Obamaရဲ့ ကြွေးထုပ်ကို အသေးစိပ်သိချင်သပဆိုရင် Funဖြစ်တဲ့ Website တစ်ခုရှိတယ်။ ဒီမှာသွားကြည့်ပါ http://www.usdebtclock.org/

Technicals
Triangle Breakoutလည်း ဦးကျိုးသွားပါတယ်။ Bearish Crossoverတွေလည်း ပေါ်လာပါတယ်။ အောက်က Chartထဲမှာ အသေးစိတ်ပြထားပါတယ်။

It's Traders' Market
Marketထဲမှာ Long term investလုပ်မယ်ဆိုတဲ့သူတွေဟာ သေချာပြန်Reviewလုပ်ရမယ့် အချိန်ရောက်နေပါပြီ။ Dow Jones, S&P500အစရှိတဲ့ Major Indexတွေဟာ Near Termတော့ Range Bound / Sidewaysသွားမယ့်ပုံရှိပါတယ်။ Breakoutဖြစ်ရင်လည်း Bullishထက် Bearishဖြစ်ပြီးနောက်ထပ် Major Correctionဖြစ်မယ့်ပုံသာ ပိုပြီးProbabilityကောင်းပါတယ်။ 

ကျွန်တော်အခုတလောဘယ်လို Tradeနေသလည်းဆိုရင်တော့
  • Short-termပဲ။ သုံးလေးငါးရက်ထက်မပိုဘူး။ ငါးမူးတစ်ကျပ်မြတ်ရင် Close outလုပ်လိုက်တာ ဒီလိုMarket Patternမှာ ပိုပြီး Profitableဖြစ်ပါတယ်။ 4-figureအနည်းဆုံးမြတ်အောင် Volumeနဲ့ ဖိပါ။
  • ဈေးကျမှ Longတာတစ်မျိုးတည်းထက် ဈေးတက်နေတဲ့အခါ (Overbought ဖြစ်တဲ့အခါ)မှာ Shortနိုင်ဖို့လည်း လိုပါတယ်။ ဒါမှလည်း Traderပီသပါမယ်။ ဝယ်ပြီးကိုင်ထားလို့ကတော့ Major Trendမပေါ်သေးတဲ့ Marketမှာ ပိုက်ဆံမဆုံးရင် ကံကောင်းလို့ပဲ ပြောချင်ပါတယ်။

Happy Trading!

27 July 2010

Triangles

ဒီPostမှာတော့ Triangle Breakout ဆိုတဲ့ Techniqueတစ်ခုကို Dow Jones Industrial Average Indexကို ဥပမာအနေနဲ့သုံးပြီး ကျွန်တော်ပြောပြပါမယ်။ Money Flow Indexရေးပြီးကတည်းက Technical Analysisအသစ်တွေအကြောင်း မရေးဖြစ်တာတောင် နည်းနည်းကြာနေပြီ။ အောက်မှာ DJIရဲ့ Technical Chartကို အရင်ကြည့်လိုက်ပါ။ Candleနဲ့ MACD chartတွေမှာ Triangle ပုံစံဖြစ်နေတာတွေ့ပါလိမ့်မယ်။

Triangle Breakoutဟာ တကယ်တော့ တော်တော်လွယ်ပါတယ်။ အပေါ်မှာပြထားတဲ့အတိုင်း High တွေဟာ နိမ့်နိမ့်လာပြီး၊ Lowတွေဟာ မြင့်မြင့်လာတဲ့အခါမှာ Downtrendလိုင်းရော Uptrendလိုင်းရော ဆွဲလို့ရလာပါတယ်။ နောက်ဆုံးတော့ ဒီလိုင်းနှစ်လိုင်းဟာ ဆုံသွားပါလိမ့်မယ်။ အဲဒီ့အချိန်မှာ Priceဟာ Triangleထိပ်ရဲ့အပေါ်ဘက်ကို Breakoutဖြစ်သွားလား၊ အောက်ဘက်ကိုBreakoutဖြစ်သွားလား ဆိုတာကို ကြည့်ရပါမယ်။ အပေါ်ဘက်ဆိုရင် Obviously Bullish၊ အောက်ဘက်ဆိုရင်တော့ Bearishဖြစ်ပါမယ်။

Crowd Psychologyကတော့ ခက်သလိုလိုနဲ့တော်တော်လွယ်ပါတယ်။ Triangleပုံတဖြည်းဖြည်း ပေါ်လာတာနဲ့အမျှ Bearsနဲ့ Bullsတွေဟာ အားပြိုင်နေကြတယ်လို့ Translateလုပ်နိုင်ပါတယ်။ Bearတွေဟာ Highတွေကို ဖိချနေပေမယ့် Bullတွေဟာလည်း Lowတွေကို Higher Lowဖြစ်အောင် ပင့်တင်နေကြပါတယ်။ နောက်ဆုံးတော့ ပုံထဲကလိုမျိုး အပေါ်ဘက်ကို Breakoutဖြစ်သွားတာဟာ Bearတွေဟာ Tiredဖြစ်သွားပြီး Bullတွေဟာ အားသာသွားပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ အောက်ဘက်ဆိုရင်တော့ ပြောင်းပြန်ပေါ့။

အခုဆိုရင် DJIဟာ Bullish Triangle Breakoutဖြစ်နေပါတယ်။ EMA200အပေါ်ဘက်ကိုလည်း လွတ်လွတ်ကျွတ်ကျွတ် ပြန်ရောက်သွားပါပြီ။ 80%လောက် Corporate Earningsတွေဟာလည်း တော်တော်လေးကောင်းနေတဲ့အတွက် Near term market outlookဟာ Bullishဖြစ်ပေမယ့် ဘယ်Techniqueမှ Market Directionကို တထစ်ချမပြောနိုင်တာမို့ သတိတော့ထားပါလို့။

Happy Trading!

22 July 2010

Microsoft MSFT - Buy

Microsoft (MSFT)ဟာ ဒီနေ့ည ဈေးပိတ်အပြီးမှာ June Quarter Earningကို Reportလုပ်ပါလိမ့်မယ်။ Microsoftကို ဘာလို့ဝယ်သင့်သလည်းဆိုတာ တိုတိုနဲ့လိုရင်းပဲ အောက်မှာရေးထားပါတယ်။

Fundamental
Intelနဲ့ AMDဟာ very impressive earningsတွေကို Reportလုပ်ပြီးသွားပါပြီ။ Chip makerတွေရဲ့ အခြေအနေကောင်းရင် PC salesဟာ အခြေအနေကောင်းနိုင်ဖို့ အရမ်းProbablilityကောင်းပါတယ်။ PC salesကောင်းရင် Windows 7ရဲ့ Salesဟာလည်း Automaticကောင်းမှာပါ။
Microsoftဟာ X-box console အသစ်ကိုလည်း ဒီChristmasမတိုင်ခင် ထုတ်ဦးမှာ ဖြစ်ပါတယ်။ Windows 7ရဲ့ Reputationဟာလည်း Vistaထက်အများကြီး ပိုကောင်းပါတယ်။ ဒါတွေကြောင့် Microsoftရဲ့ Business Outlookဟာ Gloom and Doomဖြစ်ဖို့ Chanceအရမ်းနည်းပါတယ်။

Technical
မနှစ်ကကျွန်တော် Microsoftကို တခါRecommendလုပ်ဖူးပါတယ်။  Market Correctionဖြစ်လို့ အခုဆိုရင် Microsoftဟာ ကျွန်တော်ပြောခဲ့ဖူးတဲ့ Entry Priceထက်တောင် ပေါပါသေးတယ်။ ဒီအခွင့်အရေးကို အသုံးချနိုင်မယ်ဆိုရင် Microsoftနဲ့ နောက်တစ်ခါ အမြတ်အစွန်းလေး ကောင်းကောင်းရနိုင်ပါတယ်။ Technical အသေးစိတ်ကိုတော့ Chartထဲမှာပဲ ထပ်ရေးထားပါတယ်။


Tonight, Tomorrow
Heavy-weight data coming out tonight and tomorrow. Ben Bernankeဟာ ဒီနေ့ည ဒုတိယနေ့အနေနဲ့ Washingtonမှာ Senate Committeeနဲ့ ထပ်တွေ့ပါမယ်။ ဒီနေ့ညမှာ ထုံးစံအတိုင်း Weekly Jobless Claims ထွက်ပါမယ်။ Existing Home Salesလည်း ထွက်ပါမယ်။ European Bank Stress Test Resultsတွေဟာလည်း ဒီနေ့ည (သို့) မနက်ဖြန်မှာ ထွက်လာပါမယ်။ ဒါဟာ Major Newsပါ။ ဒါလေးတွေကိုလည်း စောင့်ကြည့်ပြီး Microsoft (MSFT)ကို Earningမထွက်လာခင် 26အောက် (25.5အောက်ရရင် ပိုတန်ပါတယ်)လောက်မှာ ဝယ်ပါလို့ Recommendလုပ်ပါကြောင်း။

SAI : I hope you sold MSFT when I recommended to sell stocks back in April 2010. Enter again tonight.

12 July 2010

Earning Season Again


နောက်ဆုံးPostမှာ Marketထဲက Fearဟာ Overreactionလို့ ကျွန်တော်ပြောခဲ့ပါတယ်။ အမေရိကန်တွေဟာ Fourth of July Holidayက ပြန်လာတာနဲ့ စွတ်ဝယ်ကြတာ Major Indexတွေအားလုံးလိုလိုဟာ ၅%လောက် ပြီးခဲ့တဲ့အပတ်က တက်သွားခဲ့ပါတယ်။ Marketဟာ Recoverဖြစ်တာမြန်ပေမယ့် Volumeကိုတော့ ကျွန်တော်သဘောသိပ်မကျပါဘူး။ အထူးသဖြင့် Last Friday volumeဟာ တော်တော်လေး Lightဖြစ်ပါတယ်။ ဒါဟာ သတိထားရမယ့်အချက်ပါ။

နောက်ထပ်သတိထားရမှာကတော့ DJIဟာ EMA200ကို ထပ်ပြီး Testလုပ်ဦးမှာပါပဲ။ အပေါ်ကChartမှာ Downtrendလိုင်းကို ကျွန်တော်ပြန်ပြင်ဆွဲထားပါတယ်။ April Highနဲ့ June Highနှစ်ခုကို ဆက်ပြီးဆွဲတာဟာ ပိုပြီးသင့်တော်မယ်ထင်လို့ပါ။ အထူးသဖြင့် June Highဟာ EMA200ကို Breakလုပ်ပြီးမှ Failဖြစ်သွားတဲ့အတွက် ဒီHighဟာ အရေးကြီးပါတယ်။ ဒီတခေါက်ရော DJIဟာ EMA200ကို ဖောက်ပြီးမှ အဖျားရှုးသွားဦးမှာလား ဆိုတာကတော့ သေချာစောင့်ကြည့်ရမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ အိုကေ - ဒီအပတ်နဲ့ နောက်အပတ်မှာ Tradeလုပ်ဖို့ သိဖို့လိုအပ်တဲ့ အချက်တွေ အောက်မှာပြောပြထားပါတယ်။

Second quarter 2010ရဲ့ Earing Reportတွေဟာ ဒီနေ့ ဈေးပိတ်အပြီးမှာ Alcoa (AA)နဲ့ စပါမယ်။ Alcoaကို JP Morganက Analystတစ်ယောက်ကတော့ Aluminumဈေးတွေဟာ Second quarterအတွင်းမှာကျနေတဲ့အတွက် Earning Estimateကို လျော့ချထားပါတယ်။ Alocaဟာ Earning Seasonကို စနေကြမို့လို့ သူ့ရဲ့ Earning Reportကို Marketဟာ ဘယ်လိုRespondလုပ်မလည်းဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးခဲ့တဲ့ Quarterနှစ်ခုလုံးကတော့ Historyသိပ်မကောင်းလှပါဘူး။ ဒီတော့ဒီနေ့ညဘာမှမဝယ်ဘဲ ဈေးအပိတ်မှာ ထွက်လာမယ့် Alcoaကို စောင့်ကြည့်ပါ။ Earning Reportတွေကို Analyseလုပ်တဲ့အခါမှာ အမြန်ဖတ်ရမယ့်အရာတွေရှိပါတယ်။

1) Actual Earning per share vs. Estimated Earning per share by the Market
2) Actual Revenue vs. Estimated Revenue
3) Earningဟာကောင်းတယ်ဆိုရင် Cost Cuttingကြောင့်လား၊ Revenue(Income) Growthဖြစ်လို့လားဆိုတာ သိရပါမယ်။

အံ့မသြသင့်သောအရာများ
1) Earningsကတော့ ကောင်းပါရဲ့၊ Reportလည်းထွက်လာရော Stockဈေးကကျသွားရော။ ဒါဟာ အပေါ်က အချက် ၁)ကြောင့်ပါ။ Actualဟာကောင်းပေမယ့် Estimateလုပ်ထားတာလောက် မကောင်းတဲ့အတွက်ပါ။ ဒါမျိုးဘာလို့ဖြစ်ရသလည်းဆိုတော့ Marketဟာ Earningမထွက်ခင်ကတည်းက Stockရဲ့ Estimated Earningကိုမှန်းပြီး ဝယ်ပြီးသားဖြစ်နေလို့ပါပဲ။ တကယ့်Earningဟာ Price-inလုပ်ထားတာလောက် မကောင်းတဲ့အခါမှာ Stockဟာ Liquidateလုပ်တာခံရတတ်ပါတယ်။

2) အပေါ်ကလိုပဲ Earningsကတော့ ကောင်းပါတယ်၊ Stock priceကတော့ တက်မလာတော့ဘူး။ ဒါဟာ Revenueကြောင့်ဖြစ်နိုင်ပါတယ်။ Earningဆိုတာ တကယ်တမ်းတော့ ဝင်ငွေထဲကနေ စရိတ်တွေကို နှုတ်ထားတာပါ။ ဒီတော့ Good Earningဟာ ဝင်ငွေများလာလို့လား၊ Cost Cuttingတွေကြောင့် Net resultဟာ တက်သွားတာလား သိဖို့လိုပါတယ်။ Recessionပြီးခါစကဆိုရင် Earningကောင်းတဲ့ Companyတော်တော်များများဟာ Cost cutting (Especially Lay-offs)တွေကြောင့်ပါ။ အခုဆိုရင် အခြေအနေတွေကောင်းလာပြီလို့ Marketဟာ Expectလုပ်ထားတဲ့အတွက် Earning ကောင်းပေမယ့် Revenueကြောင့်မဟုတ်လို့ရှိရင် Punishလုပ်တာခံရပါလိမ့်မယ်။

ဒီလောက်ဆိုရင် Earningကို ဘယ်လိုဖတ်ရမလည်းဆိုတာ သဘောပေါက်လောက်ပါပြီ။ Earning Resultတွေဟာ Marketရဲ့ Third quarter directionကို defineလုပ်ပါလိမ့်မယ်။ အထူးသဖြင့် ဒီအပတ်ထဲမှာ Major Blue chip stockတွေဟာ အောက်မှာပြထားတဲ့အတိုင်း တန်းစီထွက်လာပါလိမ့်မယ်။ စပြီးPrepareလုပ်ထားရမှာက ဒီStockတွေ Earningsဟာ Marketကို Beatလုပ်နိုင်ခဲ့ရင် သူတို့ဟာ Bullsတွေကို Leadလုပ်သွားပါလိမ့်မယ်။ ဒါကြောင့်စိတ်ဝင်စားသူများအနေနဲ့ စပြီးStockတစ်ခုချင်းစီရဲ့ Technical Chartတွေကို စကြည့်ထားပါလို့ Recommendလုပ်ပါတယ်။

Happy Trading!

Earning Calendar For Major Stocks this week
Monday: Alcoa
Tuesday: Intel, Yum!
Wednesday: Texas Instruments
Thursday: JPMorgan, Google
Friday: Bank of America, Citi, GE