18 February 2010

Cautiously Buy - Feb 17, 2010

If Dow Jones Industrial Index today, Feb 17, 2010, holds above 10,307 during the last hour of the trading session, we should jump-in. S&P500 should break 1102.72 as well.

Current Global Market Sentiment
Markets seem to be calm with PIGS stuff now. Looks like correction for DJI may not go back to below 10,000 level. S&P500 is also recovering strongly.
Since last week, US economic data that have come out are mainly quite strong - leading to a sustained economic recovery.
Since yesterday, earnings across Asia, Europe and US markets have been very positive and beat the analysts' estimates.

Still need to be cautious
China has raised banks' capital reserve ratio by 0.50% last Friday but markets seemed to recover from the fear of tightening within the same day. Do not buy until the last hour because a lot of things can happen within a regular trading session. My recommendation is still to buy cautiously and selectively. Do your homework first before you buy.

Good luck!

10 February 2010

Ready, Steady

အိုကေ၊ ညက Marketကို ကြည့်နေတဲ့သူတွေရှိရင် DJIဟာ တဝုန်းဝုန်းတက်သွားတာကို တွေ့ပါလိမ့်မယ်။ စိတ်ဓါတ်တွေ တက်ကြွပြီး ကောက်တောင်ဝယ်လိုက်ကြလား မသိဘူး။ Don't jump in yet. I'll tell you why.

မနေ့က US Marketမဖွင့်ခင် ကောလဟာလတစ်ခုထွက်လာတယ်။ ဘာလည်းဆိုတော့ EU Central Bank (ECB) President Jean-Claude Trichetဟာ Sydney, Australiaကနေ ခရီးစဉ်ချုံ့ပြီး Greeceပြဿနာကို အမြန်ရှင်းဖို့ Thursdayမှာလုပ်မယ့် European Union Summitမတိုင်ခင် ပြန်သွားတယ်လို့ ဆိုပါတယ်။ Emergency Meetingဘာညာပေါ့။ ဘယ်သူကစဖွလိုက်လည်းတော့ မသိပါဘူး။ Greeceကို Bail outလုပ်ကြတော့မယ်ဆိုပြီး Pre-market tradingမှာကတည်းက DJIဟာ ၇၀လောက် ဆောင့်တက်သွားပါတယ်။
...

ခဏကြာတော့ ECBက Spokespersonတစ်ယောက်က Trichetဟာ ဒီတိုင်းပဲ စောစောပြန်တာပါ။ ဘာမှ အရေးတကြီးမရှိပါဘူးလို့ ရှင်းလင်းချက်ထုတ်ပါတယ်။ ဒါပေမယ့် Marketကတော့ ဇွတ်ပဲ EU Summitကနေ Greeceကို ကယ်ဖို့ Bail out packageတစ်ခုထွက်လာလိမ့်မယ်လို့ ဆိုပါတယ်။ နေ့ခင်းလောက်မှာ တကယ်ပဲ Announcementတစ်ခုထွက်လာတယ်။ ဒါပေမယ့် ထုံးစံအတိုင်း မသဲမကွဲနဲ့ Eurozone Countriesတွေအားလုံးဟာ Greeceနဲ့ တခြားပြဿနာတိုင်းပြည်တွေကို Assistလုပ်ဖို့ ပဏာမတော့ သဘောတူထားကြပြီလို့ Annoucementလုပ်ပါတယ်။ ဘယ်လိုကူညီမလည်းကတော့ ဘာမှ အသေးစိတ်ထွက်မလာသေးဘူး။ EU Summitပြီးမှပဲ အစောဆုံးသိနိုင်မယ်ထင်တယ်။ ခုချိန်ထိတော့ ကယ်ချင်ကယ်မယ်၊ အရင်တော့ အစည်းအဝေးထိုင်ရဦးမယ်ဆိုတာပဲ အမှန်ဆုံးသတင်းဖြစ်ပါလိမ့်မယ်။

ဒီတော့ မသေချာသေးတဲ့ သတင်းကို Baseထားပြီး Investမလုပ်တာ ကောင်းပါတယ်။ သတင်းတွေ ဘေးချပြီး Technicalဘက်ကို ကြည့်ရအောင်။ TAလုပ်ရတာ လွယ်ပါတယ်။ Candle, Trend Lineနဲ့ Support နဲ့ Resistance လိုင်းတွေပဲ ကြည့်ရုံပါပဲ။ DJI ဟာ 10200မှာ Resistanceရှိပါတယ်။ မနေ့က Candleကောင်းပေမယ့် Downtrend Lineဟာ Brokenမဖြစ်သေးပါဘူး။ Downtrendကို ပြတ်ပြတ်သားသား Breakoutဖြစ်တဲ့အထိ စောင့်သင့်ပါတယ်။ S&P500အတွက်လည်း အတူတူပါပဲ။ Downtrend still intact.



အခုဘာလုပ်ထားသင့်သလည်းဆိုတော့ ဝယ်ချင်တဲ့ Stockတွေကို တန်းစီထားပါ။ Fundamental Analysisကောင်းတဲ့Stockတွေကို ရွေးပါ။ ပြီးရင် သူတို့ရဲ့ Technicalကို လေ့လာပါ။ ဥပမာပေးရရင် ကျွန်တော်တို့ Mallမှာ Discountချတာစောင့်သလိုပေါ့။ လိုတော့လိုချင်တာပဲ ဒါပေမယ့် ပိုတန်မယ့် အချိန်စောင့်ပြီး အချိန်တန်လို့ On-saleဆိုတာနဲ့ ပြေးဝယ်ရသလိုပါပဲ။ Marketမှာတော့ Financial Intelligenceရှိမှ On-saleကို သိပါလိမ့်မယ်။ နောက်တစ်လနှစ်လလောက်အကြာမှာ အမြတ်ကောင်းကောင်း ရချင်သူများအတွက် Ready Steadyလုပ်ထားကြပါလို့ တိုက်တွန်းပါတယ်။

aungs.investment@gmail.comကို ကိုယ်စိတ်ဝင်စားတဲ့ Stockကို High-level Analysisလုပ်စေချင်ရင် လှမ်းပြီးEmailပို့နိုင်ပါတယ်။ အခကြေးငွေအနေနဲ့တော့ ကျွန်တော်သင့်တော်မယ်ထင်တဲ့ Stockကို Analyseလုပ်ထားတာကို ဒီBlogမှာ Postအနေနဲ့ ပြန်တင်ပါမယ်။ ကျွန်တော့်လို Investmentကို စိတ်ဝင်စားတဲ့သူတွေနဲ့ ပိုပြီးInteractionရှိချင်တာလည်း ပါပါတယ်။ အခုထိတော့ ပရိသတ်က အေးလွန်းတယ်လို့ ပြောချင်တယ်။

Happy Shopping!

09 February 2010

Uncertainty is the Biggest Enemy


Trading Day ၃၊ ၄ရက်အတွင်း ဖြစ်ပျက်သွားတဲ့ Eventတွေ တော်တော်မနည်းဘူး။ အောက်မှာ တစ်ခုချင်းစီကို Analyseလုပ်ပေးထားပါတယ်။

US Employment Situation
Feb 5ရက်နေ့က Bureau of Labor Statisticsကနေ January 2010ရဲ့ Reportထုတ်ပါတယ်။ ဒီReportမှာ ထူးခြားတာကတော့ 2007အကုန် Recessionဖြစ်ကတည်းက ဘယ်လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့သလည်းဆိုတဲ့ Figureကို ပြန်ပြီး Reviseလုပ်ထားတဲ့ Figureတွေ ပါပါတယ်။ သတင်းစာHeadlineမှာ ဖတ်လိုက်ရင်တော့ Unemployment Rateဟာ ၁၀% ကနေ ၉.၇%ကို ကျသွားတဲ့အတွက် တယ်ဟုတ်ပါလားပေါ့။ တကယ်တမ်းကတော့ Unemployment Rateကို ဘယ်လိုတွက်လည်း သိရင် သိပ်ပျော်ဖို့ မကောင်းပါဘူး။ Headline အလုပ်လက်မဲ့ကို တွက်တဲ့နေရာမှာ အဓိကကဘာလဲဆိုတော့ No. of Civilian Labor Forceလို့ ခေါ်ပါတယ်။ အလုပ်ရှိတဲ့သူ + အလုပ်ရှာနေတဲ့သူ၊ အလုပ်လိုချင်ပေမယ့် မရသေးတဲ့သူတွေပေါ့။ Definitionကတော့ အဲဒီလိုရှာနေတဲ့သူတွေဟာ Surveyလုပ်တဲ့နေ့ကနေ လေးပတ်အတွင်းမှာ အလုပ်ရှာနေတဲ့သူတွေဖြစ်ရပါမယ်။ ဒီတော့ လေးပတ်ကျော်သွားလို့ စိတ်ဓါတ်ကျပြီး အလုပ်မရှာတော့တဲ့သူတွေ၊ မရှာချင်တော့တဲ့သူတွေဟာ Civilian Labour Force countထဲမှာ မပါတော့ပါဘူး။ ဒီလို Dropoutတွေများလာတဲ့အတွက် Unemployed Countလုပ်တဲ့နေရာမှာ နည်းသွားပါတယ်။ Economistsတွေဟာ အလုပ်အသစ်တွေတောင် Januaryထဲမှာ ထပ်ထည့်ဖြစ်မယ်မှန်းထာတာ၊ တကယ်တမ်းတော့ ၂၀၀၀၀တောင် ထပ်ပြုတ်ကျပါတယ်။
...

ဒီဇင်ဘာ Unemployed Person countကိုလည်း Reviseလုပ်လိုက်တော့ အစက ၈၅၀၀၀ဆိုရာကနေ သိပ်မများပါဘူး - ၁၅၀၀၀၀ပဲ ဖြစ်သွားပါတယ်။ တကယ့် Unemploymentတွက်တဲ့နေရာမှာ Labor Force Underutilizationကိုပါထည့်တွက်မှ တိုင်းပြည်ရဲ့ တကယ့်အခြေအနေကို ရပါမယ်။ ဒီLinkမှာ သွားကြည့်ပါ http://www.bls.gov/news.release/empsit.t15.htm ။ Item U-6ကမှ အမေရိကားရဲ့ တကယ့် Unemployment Figureပါ။ အစိုးရဟာ အသေးဆုံးဂဏန်းမှ ရွေးပြောတာ မဆန်းပါဘူး :) Summaryပြောရရင် ဒီReportဟာ ကျွန်တော့်အတွက်တော့ Good မဟုတ်ပါဘူး။ Not-badအဆင့်ပဲ ရှိပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ Fridayက Dow Jones Industrial Indexဟာ -၁၆၇ကျပြီးမှ ၁၀,၀၀၀အထက်ကျော်ရုံလေးပဲ ပိတ်သွားပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း DJဟာ Weekly chartမှာ အနှုတ်ပြနေပါတယ်။

ဝက်အန္တရာယ်
PIGS (Portugal, Italy, Greece, Spain)လို့ခေါ်တဲ့ တိုင်းပြည်တွေရဲ့ Deficitတွေဟာ ရှိသင့်ထက် GDPရဲ့ အချိုးထက် အရမ်းများနေလို့ EUက အသုံးချွေတာခိုင်းနေတာကြာပါပြီ။ Greeceအစိုးရက 2012အပြီး Deficit-cutting planကို တင်ပြပေမယ့် Tax hikeတွေ၊ လခလျော့မှာတွေပါတာကြောင့် Greeceက Unionအကြီးတွေဦးဆောင်ပြီး ဒီအပတ်ထဲမှာ ပြည်လုံးကျွတ် ဆန္ဒပြကြမယ် ပြောပါတယ်။ နိုင်ငံရေးမတည်ငြိမ်ရင် Greeceအစိုးရဟာ အပြောနဲ့ အလုပ်ညီပါ့မလားလို့ investorတွေက မယုံကြပါဘူး။ Portugalမှာလည်း အစိုးရရဲ့ Budget လျော့ချရေး ဥပဒေဟာ Oppositionကို ရှုံးပြီး အတည်ပြုမခံရတဲ့အပြင် Oppositionကတင်သွင်းတဲ့ Regional Developmentနဲ့ပတ်သက်တဲ့ Billဟာ ပိုပြီးတောင် Deficitကို ဆိုးစေမယ်လို့ ဆိုပါတယ်။ ကျွန်တော်တကယ်စိတ်ပူတာက Spain။ Spainဟာ ခုချိန်ထိ အပြောခံရတဲ့အထဲပါပေမယ့် Low Keyဖြစ်နေတုန်းပဲ။ သူ့ဘက်က အသံပိုထွက်လာရင် Marketဟာ ဒီ့ထက်ပိုဆိုးလိမ့်မယ်။ ဘာလို့လည်းဆိုတော့ Portugalနဲ့ Greeceပေါင်းမှ EU GDPရဲ့ ၄% မရှိပါဘူး။ Spainကတော့ EU GDPရဲ့ ၈%-၉%လောက်ရှိတဲ့အတွက် သူသာတကယ်ဆိုးပြီဆိုရင် Euro Dollarဟာ ပြုတ်ကျဖို့ပဲရှိပါတယ်။

ကြံကြံဖန်ဖန်နေရာ
ပြီးခဲ့တဲ့ Weekendမှာ G-7 Finance Ministersတွေဟာ Articစက်ဝိုင်းနဲ့သိပ်မဝေးတဲ့ Canadaက Iquluitဆိုတဲ့နေရာမှာ တွေ့ကြပါတယ်။ Meetingရဲ့ outcomeကတော့ အစိုးရတွေဟာ Stimulus packageတွေကို သုံးမြဲဆက်သုံးသွားမယ်ဆိုပါတယ်။ Europeက Ministersတွေကတော့ Greeceကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောဆိုသွားတာမတွေ့ရပါဘူး။ Greeceဟာ သူ့ပြဿနာကို သူရှင်းနိုင်ပါတယ်လို့ ပြောနေကြတုန်းပါပဲ။ ခက်တာက marketက အဲဒီ့စကားကို ရိုးနေပါပြီ။ ဘယ်သူ့မှလည်း မယုံကြတော့ပါဘူး။ G-7 countriesက ဘဏ်တွေကို နောက်တစ်ကြိမ် Crisisဖြစ်ရင် Bailoutလုပ်ဖို့ Insurance Premiumလို စတောင်းဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ သေချာတာကတော့ ဘဏ်တွေကို တနည်းနည်းနဲ့ ပညာတော့ပေးမယ်ပေါ့လေ။

အသုံးကြမ်းတဲ့ Communistများ
တရုတ်ဘက်ကတော့ နည်းနည်းအသံအေးတယ်။ မနေ့ကတော့ တရုတ်National Pension Fundရဲ့ Chairmanကတော့ တရုတ်ဟာ ဒီနှစ်Juneမတိုင်ခင်တော့ Interest Rateကို တင်ဦးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ တရုတ်ပြည်ရဲ့ ဒီဇင်ဘာ Consumer Priceဟာ ၁.၉%တက်ပြီး GDPကတော့ ၁၀.၇%တက်ပါတယ်။ Consumer Priceဟာ ၄%ထက် ပိုပြီဆိုရင်တော့ အစိုးရဟာ Inflationကို ထိန်းသိမ်းဖို့ Definitely အတိုးနှုန်းတင်ရတော့မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ Marketဟာ Second-half of 2010ကို Predictလုပ်လို့မရအောင် Uncertaintyတွေက များလာပါတယ်။ လက်ရှိကမ္ဘာ့စီးပွားရေးမှာ တရုတ်ပြည်ဟာ အရေးကြီးတဲ့နေရာက ပါပါတယ်။ သူက Slow Downလုပ်ပြီဆိုရင် သူ့လောက်Strongမဖြစ်တဲ့ အကြွေးဘလပွနဲ့ တိုင်းပြည်တွေဟာ ပိုပြီးနှေးသွားနိုင်တယ်လို့ ပြောနိုင်ပါတယ်။

သွားပြန်ပြီ နောက်တစ်ယောက်
မနေ့ညကတော့ အမေရိကားမှာ Democrat Representative John Murthaဆုံးသွားပါတယ်။ သူဟာ Congressမှာ Democratတွေအားထားရတဲ့သူတစ်ယောက်လို့ ဆိုပါတယ်။ Obamaကံဆိုးတာပေါ့။ Republicanတွေသာ ပိုပြီး အာဏာရှိလာမယ်ဆိုရင် Billတစ်ခုကို Approvalဖြစ်ဖို့ အချိန်ပိုကြာပြီး Marketထဲမှာ ပိုပြီး Uncertaintyတွေဖြစ်နိုင်ပါတယ်။

Sydneyမှာ ဘာလုပ်နေကြတာလည်း
ကြိတ်ဝိုင်းဝိုင်းနေတာကတော ကျွန်တော်နေတဲ့ Sydneyမှာပါ။ တိုင်းပြည်၂၄ပြည်က Central Bank အကြီးအကဲတွေဟာ Sydneyမှာ 2-day Meeting လုပ်ဖို့ ဒီနေ့အလျှိုလျှိုရောက်လာကြပါတယ်။ US, EU, Japan, China, India အကုန်ပါပါတယ်။ သူတို့ရဲ့Agendaကတော့ ဘယ်သူမှ သေချာမသိပါဘူး။ သေချာတာကတော့ Montetary Stimulus တွေကို ဘယ်လို ပြန်ရုတ်ကြမလည်း၊ Dubai ကစတဲ့ Sovergin Default issues အစရှိတာတွေတော့ ဆွေးနွေးကြမယ်လို့ ခန့်မှန်းလို့ရပါတယ်။ ဒါပေမယ့် Meetingရဲ့ Outcomeက Marketတွေကို ဘယ်လို Affectဖြစ်မယ်ဆိုတာ ဘယ်သူ့မှ မသိသေးပါဘူး။ Australia Reserve Bank Governor Glenn Stevensဟာ Australiaကို Recessionမဖြစ်အောင် လုပ်နိုင်ခဲ့တဲ့သူမို့လို့ သူ့ဆီမှာလာဆုံကြတာ သိပ်မထူးဆန်းပါဘူး။
ဒါပေမယ့် ဒါဟာလည်း နောက်ထပ် Uncertainty တစ်ခုပါပဲ။

Broken Support
မနေ့ညက DJIဟာ 10,000 marketကို အောင်မြင်စွာ ဖောက်သွားပြီး ပိတ်သွားပါတယ်။ Uncertaintyတွေ လျော့မသွားမချင်း marketထဲမှာ ငွေထားမယ့်သူတွေ နည်းနည်းသွားပါလိမ့်မယ်။ ဒီတော့ လက်ရှိအခြေနေမှာ Marketဟာ Strongly Reboundဖြစ်ဖို့ ဘာမှ လောက်လောက်လားလား Dataမရှိသေးပါဘူး။ ဈေးကျတုန်း ပိုက်ဆံရအောင် မရှာတတ်ရင် ငွေကိုင်ပြီး ဘေးထွက်နေတာကတော့ လက်ရှိမှာ အကောင်းဆုံးပါပဲ။ အောက်မှာ Update DJI Chartကို ပြထားပါတယ်။

“The less government interferes with private pursuits, the better for general prosperity”
Martin Van Buren
American 8th US President (1837-41)


03 February 2010

Yellow Light

ပြီးခဲ့တဲ့အပတ်က U.Sနဲ့ Chinaက Political Instabilityကြောင့် Correction Warning ပေးခဲ့ပါတယ်။ သောကြာနေ့က Market အပိတ်မှာ Dow Jones Industrial Average Index ဟာ Dailyရော၊ Weeklyရော၊ Monthlyရော Downပြပြီး ပိတ်သွားပါတယ်။ ဒီလို Time Frame သုံးခုလုံးဟာ အနီပြနေရင် အရမ်းသတိထားရပါတယ်။ ဒါပေမယ့် ဒီပတ် Februaryလလည်းစရော Market Sentimentဟာ ပြန်တက်လာပါတယ်။ DJIAဟာ နှစ်ရက်ဆက်တိုက် ပြတ်ပြတ်သားသားပြန်တက်လာပါတယ်။ Volumeလည်း ကောင်းပါတယ်။ ဒီတော့ ဘာဆက်လုပ်သင့်သလည်း ကြည့်ရအောင်။


...

Chinaရဲ့ Purchasing Manager Index PMIဟာ နည်းနည်းကျသွားပါတယ်။ PMIဟာ Inflationကို တိုင်းတာတဲ့နေရာမှာ အရေးကြီးပါတယ်။ PMIတက်ရင် Monetary Policyကို ပိုပြီး Tighteningလုပ်ရပါတယ်။ ဒီသတင်းဟာ Marketအတွက်တော့ သတင်းကောင်းဖြစ်ပါတယ်။ တကယ်လို့ PMIသာ ခုန်တက်ခဲ့ရင် တရုတ်အစိုးရဟာ ပိုပြီး တင်းကျပ်တဲ့ Monetary Policyကို ဆက်လုပ်နိုင်ပါတယ်။

မြွေပူရာ ကင်းမှောင့်ဆိုသလို ကမ္ဘာ့အလယ်ကနေ ဒုက္ခပေးနေတာကတော့ Greeceပါ။ European Unionရဲ့ Member Countryတစ်နိုင်ငံဖြစ်တဲ့ Greeceဟာ Budget Deficitအများကြီးပြနေလို့ ဒီနှစ်မှာ Soverign Defaultတောင် ဖြစ်နိုင်တယ်လို့ အပြောခံနေရပါတယ်။ Soverign Defaultဆိုတာကတော့ တစ်တိုင်းပြည်လုံး Bankruptဖြစ်မှာကို ဆိုလိုတာပါ။ EUရဲ့ စည်းကမ်းက Budget Deficitဟာ တိုင်းပြည်GDPရဲ့ ၃%ထက် မပိုသင့်ဘူးလို့ ဆိုပါတယ်။ Greeceကတော့ ၂၀၀၉ခုနှစ်မှာ လေးဆပိုပြီး ၁၂.၇၀% ပိုပါတယ်။ ဒီ ၂၀၁၀မှာ Greeceရဲ့ Public Debtဟာ GDPရဲ့ ၁၂၀%အထိဆိုးနိုင်တယ်လို့ တချို့Economistsတွေကတော့ ခန့်မှန်းထားကြပါတယ်။ ဒီနေ့ည (Australian Eastern Time)မှာ EU Commissionကနေ Greeceအစိုးရရဲ့ Deficit-cutting planကို Recommendationsတွေ ပေးပါလိမ့်မယ်။ Marketဟာ အဲဒီ့ Recommendationsတွေကနေ ပြဿနာကို ဘယ်လောက်ရှင်းရလွယ်မလည်းဆိုတဲ့ အတိမ်အနက်ကို Deriveလုပ်ယူပါလိမ့်မယ်။

နောက်ဆုံးကတော့ ထုံးစံအတိုင်း Washingtonနဲ့ Wall Stရဲ့ တိုက်ပွဲပါ။ Obamaရဲ့ White House Economic Adviser Paul Volckerရဲ့ အကြံပေးချက်အရ Obamaဟာ အရင်Postမှာ ရေးခဲ့တဲ့အတိုင်း Annouceလုပ်ခဲ့ပါတယ်။ နောက်နေ့လည်းကြရော Republican Senator Richard Shelbyက လာစမ်းပါဦး Mr. Volckerဆိုပြီး Senate Hearingလုပ်ပြီး မနေ့ညက ဆင့်ခေါ်လိုက်ပါတယ်။ Hearingမှာ Democrat Senator Chris Doddကတော့ Proprietary Trading Banကို သဘောတူသလို ရှိပေမယ့် Senator Shelbyကတော့ Volckerရဲ့ Proposalကို တစက်မှ ကြိုက်ပုံမရပါဘူး။ ပြီးခဲ့တဲ့လက Massachusetts ရွေးကောက်ပွဲမှာ Republican Senator Brownနိုင်သွားပြီးနောက် Senateမှာ Republicanတွေဟာ Majority Groupဖြစ်သွားပါတယ်။ Senator Shelby ဟာ Senate Banking Committeeမှာ Republicanဘက်မှာ တော်တော်သြဇာရှိတဲ့သူဖြစ်တော့ Obamaတစ်ယောက်တော့ လုပ်ချင်တိုင်းတော့ လုပ်လို့မရဘူးလို့ Marketက Assumeလုပ်ပြီး မနေ့က US Marketဟာ ဒုတိယနေ့အနေနဲ့ ဆက်တက်ပါတယ်။

ဒီအပတ်ထဲမှာ ထွက်မယ့် Economic Dataတွေထဲမှာ အရေးအကြီးဆုံးကတော့ US Employment Situation dataပါ။ Marketဟာ Unemployment Rateကို 10.1%ဖြစ်လိမ့်မယ်လို့ မှန်းထားပါတယ်။ အဲဒီ့လောက် မဆိုးရင်တော့ ပြီးခဲ့တဲ့အပတ်က Sell-offဟာ ပြီးလောက်ပြီလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ ထင်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင် DJ Indexဟာ ၉၇၀၀အထိ ဆင်းသွားလိမ့်မယ်လို့ ကျွန်တော်တွက်ထားပါတယ်။

ဒါကြောင့် ဒီသောကြာနေ့ Job Dataကို စောင့်ကြည့်ပါ၊ US, Chinaနဲ့ Greeceတို့ရဲ့ သတင်းတွေကိုပါ အကဲဖြတ်ရင်း သောကြာနေ့မှာ ဝယ်သင့်တာဝယ်၊ မဝယ်သေးရင်လည်း Weekendမှာမှ သေချာ Analyseလုပ်ပြီး နောက်အပတ်မှာ Bargain Shoppingလုပ်သင့်ပါကြောင်း။ 

PS : Market Crashထပ်ဖြစ်ခဲ့ရင် DJI အနည်းဆုံး ၉၇၀၀ရောက်တဲ့အထိစောင့်ပါ။