09 February 2010

Uncertainty is the Biggest Enemy


Trading Day ၃၊ ၄ရက်အတွင်း ဖြစ်ပျက်သွားတဲ့ Eventတွေ တော်တော်မနည်းဘူး။ အောက်မှာ တစ်ခုချင်းစီကို Analyseလုပ်ပေးထားပါတယ်။

US Employment Situation
Feb 5ရက်နေ့က Bureau of Labor Statisticsကနေ January 2010ရဲ့ Reportထုတ်ပါတယ်။ ဒီReportမှာ ထူးခြားတာကတော့ 2007အကုန် Recessionဖြစ်ကတည်းက ဘယ်လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့သလည်းဆိုတဲ့ Figureကို ပြန်ပြီး Reviseလုပ်ထားတဲ့ Figureတွေ ပါပါတယ်။ သတင်းစာHeadlineမှာ ဖတ်လိုက်ရင်တော့ Unemployment Rateဟာ ၁၀% ကနေ ၉.၇%ကို ကျသွားတဲ့အတွက် တယ်ဟုတ်ပါလားပေါ့။ တကယ်တမ်းကတော့ Unemployment Rateကို ဘယ်လိုတွက်လည်း သိရင် သိပ်ပျော်ဖို့ မကောင်းပါဘူး။ Headline အလုပ်လက်မဲ့ကို တွက်တဲ့နေရာမှာ အဓိကကဘာလဲဆိုတော့ No. of Civilian Labor Forceလို့ ခေါ်ပါတယ်။ အလုပ်ရှိတဲ့သူ + အလုပ်ရှာနေတဲ့သူ၊ အလုပ်လိုချင်ပေမယ့် မရသေးတဲ့သူတွေပေါ့။ Definitionကတော့ အဲဒီလိုရှာနေတဲ့သူတွေဟာ Surveyလုပ်တဲ့နေ့ကနေ လေးပတ်အတွင်းမှာ အလုပ်ရှာနေတဲ့သူတွေဖြစ်ရပါမယ်။ ဒီတော့ လေးပတ်ကျော်သွားလို့ စိတ်ဓါတ်ကျပြီး အလုပ်မရှာတော့တဲ့သူတွေ၊ မရှာချင်တော့တဲ့သူတွေဟာ Civilian Labour Force countထဲမှာ မပါတော့ပါဘူး။ ဒီလို Dropoutတွေများလာတဲ့အတွက် Unemployed Countလုပ်တဲ့နေရာမှာ နည်းသွားပါတယ်။ Economistsတွေဟာ အလုပ်အသစ်တွေတောင် Januaryထဲမှာ ထပ်ထည့်ဖြစ်မယ်မှန်းထာတာ၊ တကယ်တမ်းတော့ ၂၀၀၀၀တောင် ထပ်ပြုတ်ကျပါတယ်။
...

ဒီဇင်ဘာ Unemployed Person countကိုလည်း Reviseလုပ်လိုက်တော့ အစက ၈၅၀၀၀ဆိုရာကနေ သိပ်မများပါဘူး - ၁၅၀၀၀၀ပဲ ဖြစ်သွားပါတယ်။ တကယ့် Unemploymentတွက်တဲ့နေရာမှာ Labor Force Underutilizationကိုပါထည့်တွက်မှ တိုင်းပြည်ရဲ့ တကယ့်အခြေအနေကို ရပါမယ်။ ဒီLinkမှာ သွားကြည့်ပါ http://www.bls.gov/news.release/empsit.t15.htm ။ Item U-6ကမှ အမေရိကားရဲ့ တကယ့် Unemployment Figureပါ။ အစိုးရဟာ အသေးဆုံးဂဏန်းမှ ရွေးပြောတာ မဆန်းပါဘူး :) Summaryပြောရရင် ဒီReportဟာ ကျွန်တော့်အတွက်တော့ Good မဟုတ်ပါဘူး။ Not-badအဆင့်ပဲ ရှိပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ Fridayက Dow Jones Industrial Indexဟာ -၁၆၇ကျပြီးမှ ၁၀,၀၀၀အထက်ကျော်ရုံလေးပဲ ပိတ်သွားပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း DJဟာ Weekly chartမှာ အနှုတ်ပြနေပါတယ်။

ဝက်အန္တရာယ်
PIGS (Portugal, Italy, Greece, Spain)လို့ခေါ်တဲ့ တိုင်းပြည်တွေရဲ့ Deficitတွေဟာ ရှိသင့်ထက် GDPရဲ့ အချိုးထက် အရမ်းများနေလို့ EUက အသုံးချွေတာခိုင်းနေတာကြာပါပြီ။ Greeceအစိုးရက 2012အပြီး Deficit-cutting planကို တင်ပြပေမယ့် Tax hikeတွေ၊ လခလျော့မှာတွေပါတာကြောင့် Greeceက Unionအကြီးတွေဦးဆောင်ပြီး ဒီအပတ်ထဲမှာ ပြည်လုံးကျွတ် ဆန္ဒပြကြမယ် ပြောပါတယ်။ နိုင်ငံရေးမတည်ငြိမ်ရင် Greeceအစိုးရဟာ အပြောနဲ့ အလုပ်ညီပါ့မလားလို့ investorတွေက မယုံကြပါဘူး။ Portugalမှာလည်း အစိုးရရဲ့ Budget လျော့ချရေး ဥပဒေဟာ Oppositionကို ရှုံးပြီး အတည်ပြုမခံရတဲ့အပြင် Oppositionကတင်သွင်းတဲ့ Regional Developmentနဲ့ပတ်သက်တဲ့ Billဟာ ပိုပြီးတောင် Deficitကို ဆိုးစေမယ်လို့ ဆိုပါတယ်။ ကျွန်တော်တကယ်စိတ်ပူတာက Spain။ Spainဟာ ခုချိန်ထိ အပြောခံရတဲ့အထဲပါပေမယ့် Low Keyဖြစ်နေတုန်းပဲ။ သူ့ဘက်က အသံပိုထွက်လာရင် Marketဟာ ဒီ့ထက်ပိုဆိုးလိမ့်မယ်။ ဘာလို့လည်းဆိုတော့ Portugalနဲ့ Greeceပေါင်းမှ EU GDPရဲ့ ၄% မရှိပါဘူး။ Spainကတော့ EU GDPရဲ့ ၈%-၉%လောက်ရှိတဲ့အတွက် သူသာတကယ်ဆိုးပြီဆိုရင် Euro Dollarဟာ ပြုတ်ကျဖို့ပဲရှိပါတယ်။

ကြံကြံဖန်ဖန်နေရာ
ပြီးခဲ့တဲ့ Weekendမှာ G-7 Finance Ministersတွေဟာ Articစက်ဝိုင်းနဲ့သိပ်မဝေးတဲ့ Canadaက Iquluitဆိုတဲ့နေရာမှာ တွေ့ကြပါတယ်။ Meetingရဲ့ outcomeကတော့ အစိုးရတွေဟာ Stimulus packageတွေကို သုံးမြဲဆက်သုံးသွားမယ်ဆိုပါတယ်။ Europeက Ministersတွေကတော့ Greeceကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောဆိုသွားတာမတွေ့ရပါဘူး။ Greeceဟာ သူ့ပြဿနာကို သူရှင်းနိုင်ပါတယ်လို့ ပြောနေကြတုန်းပါပဲ။ ခက်တာက marketက အဲဒီ့စကားကို ရိုးနေပါပြီ။ ဘယ်သူ့မှလည်း မယုံကြတော့ပါဘူး။ G-7 countriesက ဘဏ်တွေကို နောက်တစ်ကြိမ် Crisisဖြစ်ရင် Bailoutလုပ်ဖို့ Insurance Premiumလို စတောင်းဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ သေချာတာကတော့ ဘဏ်တွေကို တနည်းနည်းနဲ့ ပညာတော့ပေးမယ်ပေါ့လေ။

အသုံးကြမ်းတဲ့ Communistများ
တရုတ်ဘက်ကတော့ နည်းနည်းအသံအေးတယ်။ မနေ့ကတော့ တရုတ်National Pension Fundရဲ့ Chairmanကတော့ တရုတ်ဟာ ဒီနှစ်Juneမတိုင်ခင်တော့ Interest Rateကို တင်ဦးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ တရုတ်ပြည်ရဲ့ ဒီဇင်ဘာ Consumer Priceဟာ ၁.၉%တက်ပြီး GDPကတော့ ၁၀.၇%တက်ပါတယ်။ Consumer Priceဟာ ၄%ထက် ပိုပြီဆိုရင်တော့ အစိုးရဟာ Inflationကို ထိန်းသိမ်းဖို့ Definitely အတိုးနှုန်းတင်ရတော့မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ Marketဟာ Second-half of 2010ကို Predictလုပ်လို့မရအောင် Uncertaintyတွေက များလာပါတယ်။ လက်ရှိကမ္ဘာ့စီးပွားရေးမှာ တရုတ်ပြည်ဟာ အရေးကြီးတဲ့နေရာက ပါပါတယ်။ သူက Slow Downလုပ်ပြီဆိုရင် သူ့လောက်Strongမဖြစ်တဲ့ အကြွေးဘလပွနဲ့ တိုင်းပြည်တွေဟာ ပိုပြီးနှေးသွားနိုင်တယ်လို့ ပြောနိုင်ပါတယ်။

သွားပြန်ပြီ နောက်တစ်ယောက်
မနေ့ညကတော့ အမေရိကားမှာ Democrat Representative John Murthaဆုံးသွားပါတယ်။ သူဟာ Congressမှာ Democratတွေအားထားရတဲ့သူတစ်ယောက်လို့ ဆိုပါတယ်။ Obamaကံဆိုးတာပေါ့။ Republicanတွေသာ ပိုပြီး အာဏာရှိလာမယ်ဆိုရင် Billတစ်ခုကို Approvalဖြစ်ဖို့ အချိန်ပိုကြာပြီး Marketထဲမှာ ပိုပြီး Uncertaintyတွေဖြစ်နိုင်ပါတယ်။

Sydneyမှာ ဘာလုပ်နေကြတာလည်း
ကြိတ်ဝိုင်းဝိုင်းနေတာကတော ကျွန်တော်နေတဲ့ Sydneyမှာပါ။ တိုင်းပြည်၂၄ပြည်က Central Bank အကြီးအကဲတွေဟာ Sydneyမှာ 2-day Meeting လုပ်ဖို့ ဒီနေ့အလျှိုလျှိုရောက်လာကြပါတယ်။ US, EU, Japan, China, India အကုန်ပါပါတယ်။ သူတို့ရဲ့Agendaကတော့ ဘယ်သူမှ သေချာမသိပါဘူး။ သေချာတာကတော့ Montetary Stimulus တွေကို ဘယ်လို ပြန်ရုတ်ကြမလည်း၊ Dubai ကစတဲ့ Sovergin Default issues အစရှိတာတွေတော့ ဆွေးနွေးကြမယ်လို့ ခန့်မှန်းလို့ရပါတယ်။ ဒါပေမယ့် Meetingရဲ့ Outcomeက Marketတွေကို ဘယ်လို Affectဖြစ်မယ်ဆိုတာ ဘယ်သူ့မှ မသိသေးပါဘူး။ Australia Reserve Bank Governor Glenn Stevensဟာ Australiaကို Recessionမဖြစ်အောင် လုပ်နိုင်ခဲ့တဲ့သူမို့လို့ သူ့ဆီမှာလာဆုံကြတာ သိပ်မထူးဆန်းပါဘူး။
ဒါပေမယ့် ဒါဟာလည်း နောက်ထပ် Uncertainty တစ်ခုပါပဲ။

Broken Support
မနေ့ညက DJIဟာ 10,000 marketကို အောင်မြင်စွာ ဖောက်သွားပြီး ပိတ်သွားပါတယ်။ Uncertaintyတွေ လျော့မသွားမချင်း marketထဲမှာ ငွေထားမယ့်သူတွေ နည်းနည်းသွားပါလိမ့်မယ်။ ဒီတော့ လက်ရှိအခြေနေမှာ Marketဟာ Strongly Reboundဖြစ်ဖို့ ဘာမှ လောက်လောက်လားလား Dataမရှိသေးပါဘူး။ ဈေးကျတုန်း ပိုက်ဆံရအောင် မရှာတတ်ရင် ငွေကိုင်ပြီး ဘေးထွက်နေတာကတော့ လက်ရှိမှာ အကောင်းဆုံးပါပဲ။ အောက်မှာ Update DJI Chartကို ပြထားပါတယ်။

“The less government interferes with private pursuits, the better for general prosperity”
Martin Van Buren
American 8th US President (1837-41)


03 February 2010

Yellow Light

ပြီးခဲ့တဲ့အပတ်က U.Sနဲ့ Chinaက Political Instabilityကြောင့် Correction Warning ပေးခဲ့ပါတယ်။ သောကြာနေ့က Market အပိတ်မှာ Dow Jones Industrial Average Index ဟာ Dailyရော၊ Weeklyရော၊ Monthlyရော Downပြပြီး ပိတ်သွားပါတယ်။ ဒီလို Time Frame သုံးခုလုံးဟာ အနီပြနေရင် အရမ်းသတိထားရပါတယ်။ ဒါပေမယ့် ဒီပတ် Februaryလလည်းစရော Market Sentimentဟာ ပြန်တက်လာပါတယ်။ DJIAဟာ နှစ်ရက်ဆက်တိုက် ပြတ်ပြတ်သားသားပြန်တက်လာပါတယ်။ Volumeလည်း ကောင်းပါတယ်။ ဒီတော့ ဘာဆက်လုပ်သင့်သလည်း ကြည့်ရအောင်။


...

Chinaရဲ့ Purchasing Manager Index PMIဟာ နည်းနည်းကျသွားပါတယ်။ PMIဟာ Inflationကို တိုင်းတာတဲ့နေရာမှာ အရေးကြီးပါတယ်။ PMIတက်ရင် Monetary Policyကို ပိုပြီး Tighteningလုပ်ရပါတယ်။ ဒီသတင်းဟာ Marketအတွက်တော့ သတင်းကောင်းဖြစ်ပါတယ်။ တကယ်လို့ PMIသာ ခုန်တက်ခဲ့ရင် တရုတ်အစိုးရဟာ ပိုပြီး တင်းကျပ်တဲ့ Monetary Policyကို ဆက်လုပ်နိုင်ပါတယ်။

မြွေပူရာ ကင်းမှောင့်ဆိုသလို ကမ္ဘာ့အလယ်ကနေ ဒုက္ခပေးနေတာကတော့ Greeceပါ။ European Unionရဲ့ Member Countryတစ်နိုင်ငံဖြစ်တဲ့ Greeceဟာ Budget Deficitအများကြီးပြနေလို့ ဒီနှစ်မှာ Soverign Defaultတောင် ဖြစ်နိုင်တယ်လို့ အပြောခံနေရပါတယ်။ Soverign Defaultဆိုတာကတော့ တစ်တိုင်းပြည်လုံး Bankruptဖြစ်မှာကို ဆိုလိုတာပါ။ EUရဲ့ စည်းကမ်းက Budget Deficitဟာ တိုင်းပြည်GDPရဲ့ ၃%ထက် မပိုသင့်ဘူးလို့ ဆိုပါတယ်။ Greeceကတော့ ၂၀၀၉ခုနှစ်မှာ လေးဆပိုပြီး ၁၂.၇၀% ပိုပါတယ်။ ဒီ ၂၀၁၀မှာ Greeceရဲ့ Public Debtဟာ GDPရဲ့ ၁၂၀%အထိဆိုးနိုင်တယ်လို့ တချို့Economistsတွေကတော့ ခန့်မှန်းထားကြပါတယ်။ ဒီနေ့ည (Australian Eastern Time)မှာ EU Commissionကနေ Greeceအစိုးရရဲ့ Deficit-cutting planကို Recommendationsတွေ ပေးပါလိမ့်မယ်။ Marketဟာ အဲဒီ့ Recommendationsတွေကနေ ပြဿနာကို ဘယ်လောက်ရှင်းရလွယ်မလည်းဆိုတဲ့ အတိမ်အနက်ကို Deriveလုပ်ယူပါလိမ့်မယ်။

နောက်ဆုံးကတော့ ထုံးစံအတိုင်း Washingtonနဲ့ Wall Stရဲ့ တိုက်ပွဲပါ။ Obamaရဲ့ White House Economic Adviser Paul Volckerရဲ့ အကြံပေးချက်အရ Obamaဟာ အရင်Postမှာ ရေးခဲ့တဲ့အတိုင်း Annouceလုပ်ခဲ့ပါတယ်။ နောက်နေ့လည်းကြရော Republican Senator Richard Shelbyက လာစမ်းပါဦး Mr. Volckerဆိုပြီး Senate Hearingလုပ်ပြီး မနေ့ညက ဆင့်ခေါ်လိုက်ပါတယ်။ Hearingမှာ Democrat Senator Chris Doddကတော့ Proprietary Trading Banကို သဘောတူသလို ရှိပေမယ့် Senator Shelbyကတော့ Volckerရဲ့ Proposalကို တစက်မှ ကြိုက်ပုံမရပါဘူး။ ပြီးခဲ့တဲ့လက Massachusetts ရွေးကောက်ပွဲမှာ Republican Senator Brownနိုင်သွားပြီးနောက် Senateမှာ Republicanတွေဟာ Majority Groupဖြစ်သွားပါတယ်။ Senator Shelby ဟာ Senate Banking Committeeမှာ Republicanဘက်မှာ တော်တော်သြဇာရှိတဲ့သူဖြစ်တော့ Obamaတစ်ယောက်တော့ လုပ်ချင်တိုင်းတော့ လုပ်လို့မရဘူးလို့ Marketက Assumeလုပ်ပြီး မနေ့က US Marketဟာ ဒုတိယနေ့အနေနဲ့ ဆက်တက်ပါတယ်။

ဒီအပတ်ထဲမှာ ထွက်မယ့် Economic Dataတွေထဲမှာ အရေးအကြီးဆုံးကတော့ US Employment Situation dataပါ။ Marketဟာ Unemployment Rateကို 10.1%ဖြစ်လိမ့်မယ်လို့ မှန်းထားပါတယ်။ အဲဒီ့လောက် မဆိုးရင်တော့ ပြီးခဲ့တဲ့အပတ်က Sell-offဟာ ပြီးလောက်ပြီလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ ထင်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင် DJ Indexဟာ ၉၇၀၀အထိ ဆင်းသွားလိမ့်မယ်လို့ ကျွန်တော်တွက်ထားပါတယ်။

ဒါကြောင့် ဒီသောကြာနေ့ Job Dataကို စောင့်ကြည့်ပါ၊ US, Chinaနဲ့ Greeceတို့ရဲ့ သတင်းတွေကိုပါ အကဲဖြတ်ရင်း သောကြာနေ့မှာ ဝယ်သင့်တာဝယ်၊ မဝယ်သေးရင်လည်း Weekendမှာမှ သေချာ Analyseလုပ်ပြီး နောက်အပတ်မှာ Bargain Shoppingလုပ်သင့်ပါကြောင်း။ 

PS : Market Crashထပ်ဖြစ်ခဲ့ရင် DJI အနည်းဆုံး ၉၇၀၀ရောက်တဲ့အထိစောင့်ပါ။

27 January 2010

Mid-week Alert - Correction Warning


ဟိုတနေ့ကပဲ Market Volatilityနည်းသွားပြီထင်တယ်လို့ ပြောတုန်းရှိသေး President Obama နဲ့ Premier Wenတို့ရဲ့ ကျေးဇူးကြောင့် ဒီPostကို Warningအနေနဲ့ ရေးလိုက်ပါတယ်။

Dow Jones Industrial Average (DJI) Index, S&P 500 Index နဲ့ NASDAQ Composite Indexတို့ဟာ ပြီးခဲ့တဲ့အပတ် Jan 20ကစပြီး ပက်ပက်စက်စက် ပြုတ်ကျကြပါတယ်။ မသိသေးတဲ့လူတွေကို နည်းနည်းပြောပြရရင် ဒီIndexတွေဟာ US Marketတွေကို တိုင်းတာတဲ့ Major Indexတွေပါ။ DJI ဟာ အမေရိကန် Economyကို ကိုယ်စားပြုတဲ့ ကုမ္ပဏီကြီး ၃၀နဲ့ ဖွဲ့စည်းထားပါတယ်။ S&P 500ကတော့ Market Capitalisation အကြီးဆုံး Blue-chip 500၊ NASDAQ Compositeကတော့ Technology Companies 2774ခုနဲ့ Structureလုပ်ထားတာပါ။
...

ဘာလို့ ဒီIndexတွေ ခွေးကျကျလည်း ကြည့်ရအောင်။ အဓိကကတော့ Politically Stableမဖြစ်လို့ပါ။ USမှာ Obamaက ဘဏ်တွေကို ပိုပြီး Regulateလုပ်ဖို့ ဥပဒေအသစ်တွေကို Proposeလုပ်နေတယ်။ အရေးကြီးတဲ့ အချက်က နှစ်ခုရှိပါတယ်။ ပထမက ဘဏ်တွေကို Public Moneyသုံးပြီး သူတို့ ကိုယ်ကျိုးအတွက် Trading ပေးမလုပ်တော့ဘူးဆိုတာပါပဲ။ Technicallyကတော့ Proprietary Tradingလို့ ခေါ်ပါတယ်။ ဒီဥပဒေသာ အတည်ပြုခံရရင် သူတို့ဟာ Clients/Customersတွေ Accountအတွက် Tradingလုပ်နိုင်ယုံကလွဲလို့ ကိုယ်ကျိုးအတွက် ဘာမှလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒုတိယကတော့ Too-big-to-failဆိုပြီး ၂၀၀၈ခုနှစ်ကလို အစိုးရက tax payer moneyနဲ့ bailoutထပ်မလုပ်ရအောင် Too bigလို့ထင်ရတဲ့ banksတွေကို ခွဲပစ်ချင် ခွဲပစ်မယ်လို့ ဆိုပါတယ်။ ဒါဟာလည်း Goldman Sachs, JP Morgan, Citiလို ဘဏ်ကြီးတွေအတွက် အများကြီး ထိခိုက်နိုင်ပါတယ်။

နောက်တစ်ခုကတော့ US Federal Reserveရဲ့ ခေါင်ချုပ် Ben Bernankeရဲ့ သက်တမ်းဟာ Jan 31မှာ ကုန်ပါမယ်။ သူ့ကို သက်တမ်းထပ်တိုးသင့် မတိုးသင့် Senateမှာ Voteလုပ်ရပါမယ်။ Bernankeဟာ Obamaရဲ့ Supportအပြည့်ရထားပေမယ့် သူ့ကို အကောင်းမမြင်တဲ့ Senatorတွေလည်း ပါတီနှစ်ဘက်စလုံးမှာ ရှိပါတယ်။ ဒါပေမယ့် သူ့ကို ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ပြဿနာက ဘက်က နည်းနည်းမျှသလိုဖြစ်နေတော့ သူ့ရဲ့ Extension Confirmationဟာ Approvedဖြစ်လိမ့်မယ်လို့ သေချာပြောလို့ မရတာပါပဲ။ Marketအနေနဲ့ Bernankeရဲ့ Handlingကို အများစုက ကြိုက်ကြပါတယ်။ ဒီတော့ Bernankeသာမရှိတော့ရင် ဘယ်လို Monetary Policyဆက်ဖြစ်မလည်းဆိုတဲ့ Huge Uncertaintyဟာ Investorတွေကို တော်တော်လန့်စေပါတယ်။

ဒါက ကမ္ဘာ့အနောက်ခြမ်း။ အရှေ့ဘက်မှာကတော့ တရုတ်ပြည်မှာ ဘဏ်တွေက Loanတွေထုတ်ချေးတာ ကြမ်းတယ်ဆိုပြီး Communist Partyက ဘဏ်တစ်ချို့ကို တစ်လမှာ ဘယ်လောက်ပဲချေးရမယ်ဆိုပြီး အမိန့်ပေးလိုက်ပါတယ်။ ဒါ့အပြင် ဘဏ်တွေမှာ ရှိရမယ့် Capital Ratioကိုလည်း ၀.၅% တင်ခိုင်းလိုက်ပါတယ်။ အဲဒီ့အမိန့်တွေရဲ့ အကျိုးသက်ရောက်မှုကတော့ Businessesတွေအတွက် Money Flow / Liquidityကျသွားပါမယ်။ Credit Marketလို့လည်း ခေါ်လေ့ရှိပါတယ်။ ၂၀၀၈ကုန်ပိုင်းလောက်က Financial Crisisစဖြစ်တုန်းက ဒီလိုပဲ Credit Market Freeze ဖြစ်ပြီး Domino Affectဖြစ်ကုန်တာပါပဲ။ ဒါကြောင့် တရုတ်ဘဏ်တွေ Listedလုပ်တဲ့ Hong Kongက Hang Seng Indexဟာ ၁၀%ပြုတ်သွားပါပြီ။

ဒါတွေအားလုံးကနေ ဘယ်လို ကောက်ချက်ချရမလည်းဆိုတော့
၁) Too much uncertainty now. If you do not know what is going on right now, better not doing anything.
၂) ဈေးကျတုန်းဝယ်ရမယ်ဆိုပေမယ့် ဈေးဆက်ကျနိုင်တဲ့ အခြေအနေရှိတုန်း ယားနေတဲ့ လက်ကို ခဏပြန်သိမ်းထားပါ။ Obama, Bernanke, Chinese Banksတွေ သဲသဲကွဲကွဲဖြစ်တဲ့အထိစောင့်ပါ။
၃) Nobody went broke taking profit - ကိုယ့်မှာ မြတ်နေပြီး ကိုင်ထားတာတွေရှိရင် စိတ်မသန့်ရင် ရောင်းပစ်လိုက်ပါ။

အောက်မှာ Major Index သုံးခုရဲ့ trend breaking ဖြစ်နေတဲ့ Chart တွေကို ပြထားပါတယ်။

Dow Jones Industraial Average Index

S&P 500 Index

NASDAQ Composite Index

Nobody went broke taking profit!

22 January 2010

မရှိမကောင်း ရှိမကောင်း


ကမ္ဘာကြီးရဲ့ စီးပွားရေးအခြေအနေလည်း တော်တော်လေး Stableဖြစ်လာပြီး၊ Stock marketလည်း သိပ်ပြီး Volatileဖြစ်နိုင်တယ်လို့ မထင်တော့တာမို့ ဒီPostကို ရေးလိုက်ပါတယ်။ Technical Analysisပိုင်းလည်း ရေးနေတာ များနေပြီမို့ Topicပြောင်းတဲ့သဘောလည်း ပါပါတယ်။

အရင်တုန်းကကျွန်တော်အပါအဝင် Stock marketထဲ ဝင်ခါစသူအားလုံးလိုလိုဟာ ကိုယ်စုထားတဲ့ပိုက်ဆံထဲက တချို့တဝက်ကို Investလုပ်လေ့ရှိပါတယ်။ ငါးထောင်ဆိုရင် ငါးထောင်၊ တစ်သောင်းဆိုရင် တစ်သောင်း ကိုယ့်မှာ အဆင်ပြေသလိုပေါ့။ ဒါပေမယ့် တကယ်ရေရှည် စီးပွားဖြစ်စလုပ်လာပြီဆိုရင် ကိုယ့်ပိုက်ဆံချည်းပဲနဲ့တော့ မကိုက်ဘူး။ ဘာလို့လည်း ဆိုတော့ ကိုယ့်မှာရှိမယ့်ပိုက်ဆံနဲ့ ဘယ်နUnitမှ သိပ်ဝယ်လို့မရလို့ပါပဲ။

ဒီတော့ ပိုပြီးEfficientဖြစ်ချင်ရင်တော့ သူများပိုက်ဆံကို ယူသုံးရပါမယ်။ Financialလောကမှာတော့ သူများပိုက်ဆံယူသုံးတာကို Leveraging/Gearingလုပ်တယ်လို့ ခေါ်ပါတယ်။ ဒီလိုလုပ်ဖို့ ကိုယ့်ရဲ့ Stock Brokerဆီမှာ Margin Loan Accountဖွင့်ရပါမယ်။ သူများပိုက်ဆံ ယူသုံးတာ ကောင်းတာရှိသလို ဆိုးတာလည်း ရှိပါတယ်။ ဒါကတော့ ဘာလုပ်လုပ် Carrot & Stickကတော့ ရှိတာပါပဲ။ ကိုယ့်မှာ Skillနဲ့ Experienceရှိလာပြီဆိုရင် Carrotများများ၊ Stickနည်းနည်းဖြစ်အောင် လုပ်နိုင်လာပါလိမ့်မယ်။
...

Margin Loanဖွင့်ရင် အိမ်ကြွေးလျှောက်သလိုပဲ ကိုယ့်ရဲ့ Financial Statementတွေ၊ Assetဘယ်လောက်ရှိလဲ၊ ဝင်ငွေဘယ်လောက်ရှိလဲ စသဖြင့် ဖြည့်ရပါတယ်။ ကိုယ့်မှာ ပုံမှန်ဝင်ငွေရှိဖို့က အရေးအကြီးဆုံးပါပဲ။ ဘာလို့လည်းဆိုတော့ Brokerက အတိုးလိုချင်တာကိုး။ အတိုးမှန်ဖို့က ကိုယ့်မှာဝင်ငွေမှန်(သို့)ကောင်းဖို့လိုပါတယ်။ Loan Amountကတော့ သာမန်အိမ်ကြွေးလောက် များလေ့မရှိပါဘူး။ Professional တွေကတော့ များတာပေါ့။ သိန်းသန်းချီနိုင်တယ်။ စလုပ်လုပ်ချင်းလူတစ်ယောက်အတွက်ကတော့ အနည်းဆုံး ၂၀,၀၀၀လောက်ကနေ ၅၀,၀၀၀လောက် ချေးသင့်တယ်။

Margin Accountရပြီဆိုရင် Brokerက ကိုယ့်ကို Credit Cardပေးထားသလို ၅၀,၀၀၀ဆိုလည်း ၅၀,၀၀၀အလျောက် အဲဒီ့လောက်အထိချည်းမယ်ဆိုပြီး Credit Limitချပေးထားပါလိမ့်မယ်။ ကိုယ်ဝယ်တာများလာရင် များလာသလို အဲဒီ့Limitဟာ ပြည့်လာပါလိမ့်မယ်။ ဒီတော့ Margin Accountနဲ့ ဘယ်လို Tradeလုပ်သလည်း ကြည့်ရအောင်။

Margin Accountနဲ့ Stockတိုင်း ဝယ်လို့မရပါဘူး။ Brokerတိုင်းမှာ သူတို့ သတ်မှတ်ထားတဲ့ a group of Blue-chip / Big corporate Stocksတွေရှိပါတယ်။ Small cap(သို့)နာမည်သိပ်မရှိတဲ့ Stockတွေဆိုရင် ကိုယ့်ပိုက်ဆံနဲ့ပဲ ကိုယ်ပဲ ဝယ်လို့ရပါတယ်။ Riskများတာကြောင့် Brokerက သူ့ပိုက်ဆံနဲ့ ပေးမဝယ်ပါဘူး။ စိတ်ချရတဲ့ အိမ်ဝယ်ရင်တောင် အလွန်ဆုံး ၉၀%ပဲချေးတတ်တာမို့ Paper Assetဖြစ်တဲ့ stockလိုဟာမျိုးကတော့ အလွန်ဆုံးချေးရင် ၇၅%လောက်ပဲ ချေးလေ့ရှိကြပါတယ်။ ဥပမာ ၁သိန်းဖိုးဝယ်မယ်ဆိုရင် Brokerက ၇သောင်းခွဲပဲ ချေးမယ်ပေါ့။ ကိုယ်ကတော့ ၂၅,၀၀၀ အိတ်စိုက်ရပါမယ်။

Individual Stockတစ်ခုချင်းစီပေါ်မူတည်ပြီး ချေးမယ့် ရာခိုင်နှုန်းတွေလည်း မတူနိုင်ပါဘူး။ သိပ်Volatileမဖြစ်တဲ့ stockဆိုရင် ၇၅%ဖြစ်နိုင်ပေမယ့် နည်းနည်းလှုပ်တတ်တဲ့ Stockဆိုရင်တော့ ၆၀%(သို့)၅၀%လောက်အထိပဲ ချေးနိုင်ပါတယ်။ ဒီ%တွေဟာလည်း Brokerရဲ့ Discretionအတိုင်း အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။ Blue-chip stockတွေကို ကြည့်ရင် ကိုယ့်Brokerက ဘယ်လောက်%ချေးမလည်းဆိုတာ ရှိသင့်ပါတယ်။ မရှိတော့လည်း Margin Accountနဲ့ Tradeလို့မရဘူးပေါ့။

Margin Accountနဲ့ဝယ်မယ်ဆိုရင် သိရမယ့် Financial Termလေးတွေရှိပါတယ်။ ပထမက Portfolio Value။ Portfolio Valueဆိုတာရှင်းပါတယ်။ ကိုယ့်ရဲ့ Portfolio ရဲ့ Market Value (သို့) ပေါက်ဈေးတိုင်းတွက်ထားတဲ့ Latest Valueပေါ့။ ဒုတိယက Lending Value - ဒါကတော့ ကိုယ်ချေးထားတဲ့ %အတိုင်း အချိုးညီတဲ့ ပေါက်ဈေးနဲ့တွက်ထားတဲ့ Valueပါ။ တစ်နည်းအားဖြင့် Brokerပိုက်ဆံပေါ့။ တတိယက ကိုယ်ဝယ်တုန်းက သူချေးထားတဲ့ တကယ့် Loan Amount / Loan Balanceပါ။ Portfolio နဲ့ Lending Valueဟာ Marketနဲ့ အညီလိုက်ပြောင်းနေပါမယ်။ Loan Amountကတော့ ကိုယ့်ရဲ့ ဝယ်ရောင်းလုပ်တာတွေအပေါ်မူတည်ပြီး ပြောင်းလဲပါမယ်။

ပြောရလွယ်အောင် Traderတစ်ယောက်ဟာ ကိုယ့်ငွေ ၃၀,၀၀၀နဲ့ Brokerငွေ ၇၀,၀၀၀ ယူပြီး ၁၀၀,၀၀၀ တန်Portfolioကို Buildလုပ်တယ်ဆိုကြပါစို့။ ၅၀တန် Stockတစ်ခုကို ကိုယ့်ငွေပဲသုံးပြီး Investလုပ်တဲ့သူနဲ့ Marginနဲ့ Tradeလုပ်တဲ့သူ အခြေအနေကောင်းခဲ့ရင် ဘယ်လိုကွာသွားမလည်း ကြည့်ရအောင်။

ကိုယ့်ပိုက်ဆံပဲသုံးမယ်ဆိုရင်
တစ် Unit = $50၊ ၃၀,၀၀၀ပိုက်ဆံရှိရင် Unit 600ရပါမယ်။ တစ်နှစ်ကြာတော့ ၇၀ဖြစ်သွားတယ် ဆိုပါစို့။ သူ့ရဲ့ Profitဟာ ၇၀-၅၀ x ၆၀၀ = ၁၂,၀၀၀ မြတ်ပါမယ်။ ကြားထဲမှာ Dividendက တစ်Unitကို တစ်နှစ်ကို ၁ကျပ်ရတယ်ဆိုရင် Dividendဘက်က ၆၀၀ထပ်ရပါမယ်။ ဒီတော့ Total Return ဟာ ၁၂၀၀၀ + ၆၀၀ = ၁၈,၀၀၀ ဖြစ်ပါတယ်။

Marginနဲ့ဆိုရင်
တစ် Unit = $50၊ ၁၀၀,၀၀၀ပိုက်ဆံရှိရင် Unit 2000ရပါမယ်။ တစ်နှစ်ကြာတော့ ၇၀ဖြစ်သွားတယ် ဆိုပါစို့။ သူ့ရဲ့ Profitဟာ ၇၀-၅၀ x ၂၀၀၀ = ၄၀,၀၀၀ မြတ်ပါမယ်။ ကြားထဲမှာ Dividendက တစ်Unitကို တစ်နှစ်ကို ၁ကျပ်ရတယ်ဆိုရင် Dividendဘက်က ၂,၀၀၀ထပ်ရပါမယ်။ ဒီတော့ Total Return ဟာ ၄၀,၀၀၀ + ၂,၀၀၀ = ၄၂,၀၀၀ ဖြစ်ပါတယ်။ အတိုးက တစ်နှစ်ကို ၅%ပေးရတယ်ဆိုရင် ၇၀,၀၀၀ x ၅% = ၃,၅၀၀ ဖြစ်ပါတယ်။ ဒီတော့ ၄၂,၀၀၀ကနေ ၃,၅၀၀ ပြန်နှုတ်တော့ ၃၈,၅၀၀ကျန်ပါမယ်။

ဒီတော့ ကိုယ်Investလုပ်ခဲ့တဲ့ Stockက မှန်မှန်လေး Trendနေနိုင်မယ်ဆိုရင် Marginနဲ့ဟာ ပိုပြီး Effectiveဖြစ်မယ်ဆိုတာ သဘောပေါက်လောက်ပါပြီ။ ဒါက Sunny Day Scenario။ ကိုယ်ရွေးခဲ့တဲ့ Stockက ရှုံးခဲ့ရင်ရော။

Tradingမှာ အမြဲမှန်တဲ့ Conceptရှိပါတယ်။ Rewardနဲ့ Risk Ratioဟာ အမြဲအချိုးညီပါတယ်။ Rewardက များမယ်ဆိုရင် Riskလည်းများပါမယ်။ (ဒါကြောင့်လည်း Riskမရှိသလောက်နည်းတဲ့ ဘဏ်တိုးဟာ Rewardကလည်း ဖွတ်လောက်ရပါတယ်။) ဒီတော့ Margin Tradingမှာ ရှုံးခဲ့ရင် Brokerက သူ့ပိုက်ဆံလေးပါမသွားအောင် Designလုပ်ပြီးသားဖြစ်ပါတယ်။ ဒါကတော့ Margin Callလို့ ခေါ်ပါတယ်။ Market Volatileဖြစ်လို့ Sell-off ဖြစ်ခဲ့ရင် Brokerဟာ Lending Valueကို တွက်နေပါမယ်။ Lending Valueဟာ Loan Balanceအောက် ရောက်သွားမယ်ဆိုရင် သူ့ပိုက်ဆံထိပြီမို့ ကိုယ့်ဆီကို Phoneလှမ်းဆက်ပါလိမ့်မယ်။ Margin Call ခေါ်ခံရပြီဆိုရင် ကိုယ့်ဘက်က ဘာလုပ်နိုင်သလည်း။ လုပ်နိုင်တာ သုံးခုရှိပါတယ်။

၁) ကိုယ့်ငွေထပ်ထည့်ပြီး Loan Balanceကို ကျသွားအောင် လုပ်လို့ရပါတယ်။
၂) ရှိတဲ့ stock တစ်ချို့တစ်ဝက်(သို့) အကုန်ရောင်းပြီး Lending Valueကျသွားအောင် လုပ်လို့ရပါတယ်။
၃) ဒါမှမဟုတ် တခြားBrokerဆီက Stockတွေကို Transferလုပ်ပြီး Lending Valueကျသွားအောင် လုပ်နိုင်ပါတယ်။

နံပါတ်(၃)ကတော့ သိပ်မလွယ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ Margin callထိရင် Usually ၂၄နာရီအတွင်း အဲဒီ့ Option ၃ခုထဲက တစ်ခုမဟုတ်တစ်ခု လုပ်ကိုလုပ်ပေးရမှာမို့လို့ပါ။ (၃)က အချိန်ကြာတတ်ပါတယ်။ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးကတော့ ကိုယ့်ငွေထပ်ထည့်၊ ပိုက်ဆံမရှိတော့လည်း ရှိတဲ့ Stockလေးရောင်းပေါ့။ ဒါကြောင့် Sell-offဖြစ်ရင် ဈေးကျ၊ ဈေးကတော့ Margin Callတွေထိ၊ Margin Callတွေထိတော့ ထပ်ရောင်းကျနဲ့ ဂျာအေးသူ့အမေရိုက်နေတာပါပဲ။

Stockက ၁၀% ရှုံးတယ်ဆိုပါစို့။ ကိုယ့်ပိုက်ဆံနဲ့ပဲ  ဆိုရင် ၃၀၀၀ ပဲ ရှုံးပါမယ်။ Marginနဲ့ဆိုရင် ၁၀,၀၀၀ရှုံးပါမယ်။ အဲဒီ့တစ်သောင်းဟာ ကိုယ့်ပိုက်ဆံက ၃၀,၀၀၀ဆိုတော့ ၃၃% တကယ်ရှုံးတာပါ။ ရှုံးရှုံးမြတ်မြတ် အတိုးကလည်း ပေးရဦးမယ်။ ဒါပေမယ့် အတိုးကို Dividendလေးကတော့ နည်းနည်းကာမိမှာပါ။

ဒီလောက်ဆိုရင် Margin Loanရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို အပေါ်ယံတော့ သဘောပေါက်လောက်ပါပြီ။ နှစ်ဘက်သွားဓါးလိုပဲ မသုံးတတ်ရင် ကိုယ့်ကိုယ်ကို ပြန်လျှနိုင်တာ Margin Loanပါပဲ။ သုံးတတ်လာရင်လည်း အချိန်အတူတူတွင်းမှာ ကိုယ့်ပိုက်ဆံပဲသုံးနေတဲ့သူတွေထက် ကိုယ်က ခရီးပိုရောက်နိုင်ပါတယ်။ Stockရွေးတဲ့နေရာမှာ Dividend ကောင်းကောင်းပေးတဲ့ Stockကို ရွေးနိုင်ရင် အဲဒီ့ Dividendဟာ Loan Interestကို တော်တော်များများCoverလုပ်နိုင်ပါတယ်။ Stop-loss ကတော့ Margin Loanနဲ့ Investလုပ်မယ်ဆိုရင် မရှိမဖြစ်လိုပါတယ်။ ကိုယ်ကမထားလည်း Brokerဆီက သာယာတဲ့ Phone Callလေး အချိန်တန်ရင် ရပါလိမ့်မယ်။

Happy Borrowing

PS : Please do not treat this post as a financial advice. Please consider carefully whether Margin Loan are appropriate for your investing/trading skills and experience and your financial goals.