02 November 2009

The Last 'M'

3Mထဲက Methodနဲ့ ပတ်သက်တာတွေ ဆက်တိုက်ရေးလာလို့ အခုAnother Mဘက်ကို နည်းနည်းပြောပါရစေ။ တကယ်တမ်းတော့ ဒီMအကြောင်း ပြောကိုမပြောရသေးပါဘူး။ Mindsetအကြောင်းအစချီပြီးသွားပြီ၊ Methodအကြောင်းလည်း Basicအချို့တော့ ပြောပြီးသွားပြီ။ 3Mကို လှည့်ရေးသွားမယ်လို့ အရင်ကပြောခဲ့တဲ့အတိုင်း အခုဒီPostမှာ Management အကြောင်းပြောပါမယ်။

Managementဆိုတဲ့ စာလုံးက တစ်လုံးတည်းနဲ့ တော်တော်ကျယ်ပြန့်ပါတယ်။ Trader/Investorတစ်ယောက်နဲ့ ပတ်သက်တဲ့ Managementတွေကတော့

၁) Trade Management
၂) Portfolio Management
၃) Tax Management
၎) Wealth Management အစရှိသဖြင့် အများကြီးရှိပါတယ်။ အခြားManagementတွေရှိပါသေးတယ်။ ဟုံသွားမှာစိုးလို့ အခုတော့ ဒီလောက်သိရင် လုံလောက်ပါတယ်။
...

Trade Managementကနေစရအောင်။ Tradeတစ်ခုကို ဘာများManagementလုပ်ဖို့လိုသလည်းလို့ ထင်ချင်ထင်မယ်။ ဝယ်ပြီး ပြန်ရောင်းတာများပေါ့။ သာမန်လူတွေဟာ အများအားဖြင့် သူများဝယ်ရင်လိုက်ဝယ်ပြီး၊ သူများရောင်းရင် လိုက်ရောင်းတယ်။ ဘယ်လောက်မှာ ဝယ်ပြီး၊ ဘယ်လောက်မှာရောင်းမယ်၊ ဘယ်လောက်ဖိုးဝယ်မယ်၊ ဘယ်လောက်ကြာအောင် ကိုင်ထားမယ်၊ ဘယ်လောက်အထိအရှုံးခံမယ် အစရှိတဲ့ Trading Planတော့ မရှိသလောက်ကို မလုပ်ကြဘူး။ မရှိတာထက် မသိတာလည်း ပါပါတယ်။ Trading Planတစ်ခုမှာ ပါကိုပါရမယ့် Main Fieldတွေကတော့

၁) Entry Price - ဘယ်လောက်ဈေးနဲ့ ဝယ်မလည်း
၂) Profit-taking price - ဘယ်လောက်မြတ်ရင် ရောင်းမလည်းဟာ ဒီဈေးကို သတ်မှတ်မယ်
၃) Stop-loss price - ဘယ်လောက်ရှုံးရင် ရောင်းမလည်းဟာ ဒီဈေးကို သတ်မှတ်မယ်
၎) If Entry price is not achievable with initial bids, how far you would go chasing it? - Entry Priceမရခဲ့ရင် ဘယ်ဈေးအထိလိုက်ပေးဝယ်မလည်း
၅) ဘယ်နှစ်ပတ် (သို့) ဘယ်နှစ်လ ကိုင်ထားမှာလည်း

အစရှိသဖြင့် ကိုယ့်ကိုယ်ကို မညာတမ်းမေးပြီး၊ Stock Quoteနဲ့တကွ Record လုပ်ထားဖို့လိုပါတယ်။ ပိုအရေးကြီးတာက ကိုယ့်ရဲ့ Trading Planကို ကိုယ် Followလုပ်ဖို့လိုပါတယ်။ Self-discipline မရှိရင် Traderမဖြစ်နိုင်ပါဘူး။

Portfolio Managementဟာ ကိုယ့်ရဲ့ Risk Toleranceနဲ့ အများကြီးပတ်သက်ပါတယ်။ ကိုယ်က Short term price fluctuationကို ဘယ်လောက်သည်းခံနိုင်သလဲ (Your stop-loss price)၊ ဘယ်လို Investment Typeတွေကို ကိုယ်က စိတ်ဝင်စားသလည်း ပေါ်မူတည်ပါတယ်။ ဘယ်လိုSectorတွေကိုကိုယ်က ရင်းနှီးမြှပ်နှံချင်တာလည်းလည်း သိဖို့လိုတယ်။ ဥပမာ - Conservativeနည်းနည်းဖြစ်တဲ့ Investorတစ်ယောက်ရဲ့ Portofolioတစ်ခုဟာ အောက်မှာပြထားတာမျိုး ဖြစ်နိုင်တယ်။


ကိုယ့်က Riskများများယူရဲတဲ့သူဆိုရင် Propertyက လျော့သွားပြီး Stockတွေချည်းများများကိုင်တဲ့ Portfolioလည်း ဖြစ်နိုင်ပါတယ်။ Asset typeတစ်မျိုးချင်းစီကမှ တခါထပ်ပြီး Sectorအလိုက် ထပ်ခွဲနိုင်ပါတယ်။ အောက်မှာ Sectorအမျိုးမျိုးခွဲပြီး Investလုပ်ထားတဲ့ Stock Portfolioတစ်ခုကို ပြထားပါတယ်။


General Rule of Thumbကတော့ Asset Typeများလေ၊ Sectorများလေ၊ ကောင်းလေပဲဖြစ်ပါတယ်။ တချို့ကတော့ Diversified Portfolioလို့ ခေါ်လေ့ရှိကြတယ်။ ကျွန်တော့်အမြင်ကတော့ အများကြီးရှိစရာမလိုပါဘူး။ ဒါပေမယ့် တစ်ခုထဲ မည်းပြီးပိုက်ဆံတွေကို ရင်းနှီးမြှုပ်နှံထားတာလည်း မကောင်းပါဘူး။ Asset Type သုံးမျိုးလောက်နဲ့ Stockအတွက် Sector သုံးမျိုးလောက်ဖြန့်ပြီး Investလုပ်ထားရင် Riskကိုလည်း Balanceလုပ်ထားရာရောက်မယ်၊ ကိုယ်လည်း Manageလုပ်ရသက်သာမယ်။

Tax Managementကတော့ လူအများစု အမြဲလျစ်လျူရှုထားတတ်တဲ့ areaပါ။ နှစ်ကုန်လို့ tax ရှင်းတော့ မြတ်နေရင်လည်း ပေးသင့်တာထက် ပိုပေးမိမယ်၊ ရှုံးရင်လည်း ရသင့်သလောက် tax offset/refundမရတာမျိုးတွေ ဖြစ်တတ်တယ်။ best ruleကတော့ investမလုပ်ခင်မှာ ဘယ်နာမည်နဲ့ဝယ်မလည်း ကြိုတင်ဆုံးဖြတ်ရပါမယ်။ tax effectiveအဖြစ်ဆုံး နာမည်ကို ရွေးသင့်တယ်။ ဥပမာ - ကိုယ့်နာမည်လား၊ ကိုယ့်သားသမီးနာမည်လား၊ ကိုယ့်မိန်းမ/ယောင်္ကျားရဲ့နာမည်လား၊ ကုမ္ပဏီနာမည်လား၊ Trust fundရဲ့ နာမည်လား အစရှိသဖြင့်ပေါ့။ အကောင်းဆုံးက နာမည်ရှိတဲ့ Accountantနဲ့ တွေ့ ပြီး most tax effectiveဖြစ်မယ့် Structureကို ရွေးရပါမယ်။ tax lawတွေကို Accountantသိသလောက်ရဲ့ သုံးပုံတစ်ပုံလောက်သိရင် အကောင်းဆုံးပဲ။

Wealth Mangementနဲ့ပတ်သက်တာကတော့ အခုပြောရင် နည်းနည်းစောနေလိမ့်မယ်။ ဥပမာတွေကတော့ ကိုယ့် Wealthကို ကာကွယ်ဖို့ ဘာInsuranceရှိသလည်း? ကိုယ့်ရဲ့ Investment Teamက ဘယ်သူတွေလည်း (Mortgage Broker, Accountant, Lawyer, Stock broker, Financial Adviser အစရှိသဖြင့်) သိရပါမယ်။ ကိုယ့်ရဲ့ Cashflowကို ကိုယ်ဘယ်လောက် Controlလုပ်နိုင်သလည်းကလည်း Wealth managementထဲမှာ ပါနိုင်ပါတယ်။

အချုပ်ပြောရရင် အပေါ်မှာ ပြောခဲ့တာမှန်သမျှဟာ 3M - Managementရဲ့ Introductionတွေပဲ ရှိပါသေးတယ်။ အသေးစိပ်တွေကို အလှည့်ကျရင် ပြောသွားပါ့မယ်။ သေချာဖတ်ကြည့်ရင် ကျွန်တော်ပြောသွားတဲ့ထဲမှာ Preparationဟာ ထက်ဝက်မက လွှမ်းမိုးနေတာတွေ့ပါလိမ့်မယ်။ ဒါကြောင့် ကပိုကရို၊ စည်းကမ်းသိပ်မရှိပဲနေလေ့ရှိရင်၊ Plannigလုပ်လေ့မရှိရင် Investorကောင်း မဖြစ်နိုင်ပါဘူး။ ဒီPostဖတ်ပြီး လောလောဆယ်တော့ Stockတစ်ခုမဝယ်ခင် Trading Planလေး ချရေးကြည့်မယ်ဆိုရင် ကျွန်တော်ရေးရကျိုး နပ်ပါပြီ။

29 October 2009

လှေကားထစ်များကို မြင်အောင်ကြည့်ခြင်း

ဒီPostမှာ Technical Analystတစ်ယောက် မသိမဖြစ်သိရမယ့် Topicကို ပြောပါမယ်။ Stock Priceတစ်ခုဟာ limitတစ်ခုမှာ ဆက်မတိုးနိုင်တော့တာ (သို့) ဆက်မကျတော့တာ တွေ့ဖူးလားတော့ မသိဘူး။ အဲဒီ့ Limit တွေကို Technical Support and Resistanceတွေလို့ ခေါ်ပါတယ်။ Supportဟာ ဈေးကျတဲ့အပိုင်းနဲ့ ပတ်သက်ပြီး၊ Resistanceကတော့ ဈေးတက်တဲ့ အပိုင်းနဲ့ ပတ်သက်ပါတယ်။ Supportဟာ ဈေးကျတာကို Breakအုပ်သလို၊ Resistanceဟာလည်း ဈေးတက်တာကို တန့်သွားအောင် တားနိုင်ပါတယ်။

Supportနဲ့ Resistance လိုင်းတွေကိုဆွဲရင် Horizontal Lineတွေကို သုံးပါမယ်။ လိုင်းတွေဟာ ရေပြင်ညီကြီးဖြစ်ရမယ် မဟုတ်ပေမယ့် ၉၉%ကတော့ ရေပြင်ညီဆွဲကြတာ များပါတယ်။ Supportနဲ့ Resistance အကြောင်းကို Detailမပြောခင် Typical Stock Priceတစ်ခုဘယ်လို တက်လေ့ကျလေ့ရှိလည်း ကြည့်ရအောင်။ Priceတွေဟာ ဒုံးပျံတက်သလို Straightလိုင်းတက်လေ့ရှိသလား၊ နည်းနည်းတက်၊ နည်းနည်းပြန်ကျ၊ ခဏငြိမ်သွားပြီးမှ ဆက်တက်လေ့ရှိသလား?
...

အဖြေကတော့ ဒုတိယတစ်ခုပါ။ Priceဟာ လှေကားထစ်လိုပဲ တက်-ကျ-ငြိမ်၊ တက်-ကျ-ငြိမ် Patternနဲ့ တက်တတ်ပါတယ်။ ဈေးကျရင်လည်း အဲဒီလို့ပဲ - ဒါပေမယ့် အရှိန်ပိုမြန်မယ်။ ဈေးတက်တဲ့အချိန်မှာ တက်တဲ့နှုန်းဟာ ကျတာထက်များနေမှသာ ရေရှည်မှာ Prieဟာ Up Trend ဖြစ်ပါမယ်။ Supportနဲ့ Resistance လိုင်းတွေဟာ လှေကားထစ်ရဲ့ အနင်းခံရတဲ့ မျက်နှာပြင်တွေကို ကိုယ်စားပြုတယ်လို့ ပြောရင် မမှားပါဘူး။

Supportနဲ့ Resistanceတွေဘယ်လို ဖြစ်လာသလည်းဆိုတော့ Crow Psychologyကို ပြန်သွားရမယ်။ ဈေးတစ်ခုမှာ Bullsတွေဟာ တန်ပြီထင်ရင် အားရပါးရဝယ်ကြမယ်။ ဝယ်လိုအားများတော့ ဈေးတက်မယ်။ Bullsတွေဟာ သိသမျှလူအားလုံးလိုလိုကို သူတို့ဝယ်တာ လိုက်ဝယ်ခိုင်းလေ့လည်း ရှိကြတယ်။ Herd Mentalityပေါ့။ တချို့လည်း လိုက်ဝယ်ကြမယ်။ ဒီလိုနဲ့ ဈေးတက်တက်လာပြီး Resistanceဖြစ်မယ့်ဈေးလည်းရောက်ရော Bullsတစ်ချို့ဟာ အမြတ်တွေကို Realiseလုပ်ဖို့ လိုလာပါတယ်။ မရောင်းမခြင်း တကယ့်အမြတ်မှ မဟုတ်သေးတာ။ အဲဒီလိုပဲ Resistanceလိုင်းမှာ Stockရဲ့ P/Eဟာ မတန်တဆဖြစ်နေပြီလို့ထင်ပြီး ဝယ်လိုအားလည်း ကျလာနိုင်ပါတယ်။ ရောင်းလိုအားများပြီး ဝယ်လိုအားရော့သွားတဲ့အခါမှာ ဈေးဟာဆက်တက်ဖို့ အင်အားမရှိတော့ပါဘူး။ ကျဖို့လမ်းပဲရှိတော့တယ်။ အဲဒီ့အမှတ်မှာ ရောင်းပြီးမြတ်တဲ့လူတွေရှိနိုင်သလို ဆက်ကိုင်ထားတဲ့သူတွေလည်း ရှိပါမယ်။

ဒီလိုနဲ့ ကြောက်လို့ရောင်းတဲ့သူ၊ အမြတ်ယူဖို့ ရောင်းတဲ့သူတွေနဲ့ ဈေးဟာကျသွားမယ်။ Supportလိုင်းလည်းရောက်ရော ရောင်းနေတဲ့သူတွေ ကုန်သလောက်ရှိသွားမယ်။ ပထမတစ်ခေါက် ဈေးတက်တုန်းက မဝယ်လိုက်ရတဲ့ Bullတွေဟာ အခုတော့ ငါ့အလှည့်ရောက်ပြီဆိုပြီး ကောက်ဝယ်ကြမယ်။ ဒါနဲ့ ဈေးတက်တဲ့ Cycleပြန်စမယ်။

ဒီလိုနဲ့တခါ ပြီးခဲ့တဲ့ Resistanceလိုင်းပြန်ရောက်ပြန်ရော။ ပြီးခဲ့တဲ့တစ်ခေါက်က မရောင်းလိုက်ရလို့ တောက်တခေါက်ခေါက် လုပ်နေတဲ့သူတွေဟာ ထရောင်းဖို့ ထိုင်စောင့်နေကြတာပါ။ သူတို့လိုလူတွေရယ်၊ အမြတ်ယူတဲ့သူတွေရယ်နဲ့ ဈေးဟာပြန်ကျပြီး Bearish Cycleပြန်စပြန်ရော။ ဒီလောက်ဆိုရင် Supportနဲ့ Resistanceကို Driveလုပ်နေတဲ့ Crowd Psychologyကို သိလောက်ပြီထင်ပါတယ်။

Supportနဲ့ Resistanceကို ဘယ်လိုဆွဲမလည်းဆိုရင် Resistanceအတွက် တူသလိုလိုရှိမယ့် High/Closeတွေများနိုင်သမျှ များအောင်ရှာပြီး သူတို့ကို ဆက်ဆွဲရပါမယ်။ Periodရှည်လေ၊ Reliableဖြစ်လေ ဖြစ်ပါတယ်။ Supportအတွက်ဆိုရင် Low/Closeတွေကို သုံးရပါမယ်။ Stockတိုင်းလိုလိုမှာ Significantဖြစ်တဲ့ Support & Resistanceလိုင်းတွေရှိပါတယ်။ ဒီတော့ ဘယ်လိုEventတွေက Support & Resistanceကို Breakout လုပ်နိုင်သလည်း ကြည့်ရအောင်။

ကုမ္ပဏီတစ်ခုရဲ့ Earning Announcement/Upgrade/Downgrade, Takeover bid from rivals, Acquisition plan to bid rivals, Huge protests from workers, Plant/Machinery shutdown, Success/failure of exploration/drilling, launching new product, new medicine, Brokers' upgrade/downgrade အစရှိတာတွေဟာ Priceကို Supportနဲ့ Resistanceကို ဆက်ပြီးထိုးဖောက်သွားစေနိုင်ပါတယ်။

Investorတစ်ယောက်အနေနဲ့ ဒီလိုင်းတွေနဲ့ကပ်လာတိုင်း ဘာဆက်ဖြစ်နိုင်လည်း၊ ဘာAnnoucementရှိမလည်း သိရပါမယ်။ ဥပမာ Resistanceကို Breakဖို့ ဘာမှဖြစ်ဖြစ်မြောက်မြောက် Dataမရှိ၊ Annoucementမရှိရင် ဆက်တိုးမှာ မဟုတ်တာ သေချာသလောက်ပါ။ ဒါမျိုးဆိုရင်တော့ ရောင်းပြီး အမြတ်ယူသင့်ပါတယ်။ အဲ ဆက်သွားဖို့ Potentialရှိရင် ထပ်တောင်ဝယ်သင့်သေးတယ်။ ဝယ်ပြီး ဘာမှမလုပ်ပဲ ထိုင်ကြည့်နေတတ်တဲ့သူမျိုးဆိုရင် Supportလိုင်းဟာ ဈေးကျတာကို Floorမလုပ်နိုင်ရင် ချက်ချင်းရောင်းသင့်ပါတယ်။ Buy-and-prayမလုပ်ပါနဲ့။

အောက်မှာ Ford Motor (F)ရဲ့ ၂၀၀၀ခုနှစ်ကနေစပြီး Major Supportနဲ့ Resistanceလိုင်းတွေကို ပြထားပါတယ်။ Chartက Weekly Chartပါ။ အရေးကြီးဆုံးသိရမှာက Supportနဲ့ Resistance ဟာ ခေါင်းနဲ့ပန်းလိုပဲ Breakoutဖြစ်တာနဲ့ Supportဟာ Resistanceဖြစ်ပြီး၊ Resistanceဟာလည်း Support ပြန်ဖြစ်နိုင်ပါတယ်။

Happy Charting!


23 October 2009

Trend Is Your Friend

OHLC Barတွေအကြောင်းပြောပြီးတော့ ဆက်တိုက်ပြောသင့်တာကတော့ Trend Lineတွေအကြောင်းပဲ။ Trendဆိုတာကတော့ Share Priceရဲ့ ယေဘုယျDirectionလို့ ပြောရင်မှန်ပါတယ်။ Trend Lineတွေကနေ Price Trendတခုဟာ အပြောင်းအလဲဖြစ်တော့မလား၊ လက်ရှိဈေးကျနေတာဟာ within normal rangeလား အစရှိသဖြင့် Confirmationတွေ ချလို့ရပါတယ်။

ဘာမှဆက်မပြောခင် ကြိုပြောချင်တာကတော့ Trend Lineတွေဆွဲတတ်ရုံနဲ့ Price Trendကို အပ်ကျမတ်ကျပြောလို့ မရဘူး။ တခြား Technical Analysis Indicatorsတွေသုံးပြီး Confirmလုပ်ရမယ်၊ ဒါပေမယ့် Trend Lineတွေဟာ Generallyတော့ ပိုPriorityရှိတယ်လို့ ဆိုနိုင်တယ်။ Trend Lineဘယ်လိုဆွဲလည်း ကြည့်ရအောင်။ ဥပမာပေးထားတဲ့ Stockကတော့ Microsoft (MSFT)ပါ။ ၆၊၃၊၂၀၀၉ကနေ (၇)လစာ လိုင်းအရှည်ကြီးဆွဲထားတာတွေ့ပါလိမ့်မယ်။
...



အပေါ်ကTrendကတော့ obviously Bull/Up Trendလို့ဆိုနိုင်တယ်။ Up Trendဆွဲတဲ့အခါမှာ စည်းကမ်းအတိအကျကြီးမရှိပေမယ့် Professionalတွေသုံးလေ့ရှိတဲ့ စည်းကမ်းတစ်ခုကတော့ Up Trendအတွက်ဆိုရင် ကိုယ်Analyseလုပ်နေတဲ့ Periodအတွင်း Lowest Lowကနေ Low before the most recent Highest Lowကို ဆက်ပြီးဆွဲသင့်တယ်လို့ ဆိုတယ်။ ပုံအရဆိုရင် ကျွန်တော်ဟာလွန်ခဲ့တဲ့ (၇)လကို Targetထားပြီး March 6ဟာ Lowest Lowလို့ သတ်မှတ်လိုက်တယ်။ The most recent Highest Lowတော့ October 21ဖြစ်ပြီး Low before the most recent Higest Lowကတော့ October 20က Lowဖြစ်တယ်။ ဒီတော့ ကျွန်တော် March 6 Lowနဲ့ October 20 Lowတွေကို ထိပြီးဆက်ဆွဲလိုက်တယ်။

Up Trendဆိုရင် Lowကိုသုံးသလို Down Trendဆိုရင်တော့ Highကို သုံးပါမယ်။ Down Trendအတွက် Ruleဟာ Periodတစ်ခုအတွင်း Highest Highကနေ High before the most recent Lowest Highကို ဖြတ်သွားပြီး downward slope line ဆွဲသင့်တယ်လို့ ပြောင်းပြန်တွေးမိချင်တွေးမိမယ်။ ဒီစည်းကမ်းဟာ Applyလုပ်လို့ရနိုင်ပေမယ့် သိပ်တော့Up Trend ruleလောက် အသုံးမဝင်လှဘူး။ Up Trendနဲ့ Down Trendရဲ့ အဓိကကွာခြားချက်က ဈေးတက်ရင် ပက်ကျိလိုတက်ပေမယ့် ဈေးကျရင် ခွေးကျကျတက်တယ်။ ဈေးကျရင် ပိုကြမ်းပြီး ပိုမြန်တတ်တယ်။ ဒါကြောင့် Up Trendကို Reverseလုပ်ပြီးဆွဲရင် သိပ်အချိုးမပြေတာကို တွေ့လိမ့်မယ်။

ဒီတော့ Down Trendကိုဆွဲရင် (ဒီစည်းကမ်းဟာ Up Trendမှာလည်း နည်းနည်းပြောင်းပြန်လှန်ပြီး Applyလုပ်နိုင်ပါတယ်) Highest Highကနေ ဆက်ကျသွားတဲ့ Barတွေက Highတွေကို ထိနိုင်သမျှ ထိအောင်ကြိုးစားပြီးဆွဲပါ။ များများထိလေ၊ လိုင်းရှည်ရှည်ဆွဲနိုင်လေ ပိုReliableဖြစ်လေဖြစ်ပါတယ်။ အောက်ကပုံမှာ ကျွန်တော် အနည်းဆုံး Highသုံးခုထိပြီး ဆွဲသွားတာ တွေ့ပါလိမ့်မယ်။ ဖြတ်တဲ့အခါမှာ တိတိကျကျကြီးထိနိုင်ရင် အကောင်းဆုံးပေမယ့် အဲဒီလိုကြီးဖြစ်ရမယ်လည်း မဟုတ်ပါဘူး။ အဓိကနားလည်ဖို့ဟာ ကျွန်တော်တို့ဟာ Price Trendကို ဒီ Slopeလိုင်းတွေနဲ့ Generaliseလုပ်ဖို့ကသာ ပိုအရေးကြီးတာလို့ နားလည်ရပါမယ်။



Ok - ဆွဲတတ်တာနဲ့ မပြီးသေးဘူး၊ Translateလည်းလုပ်တတ်ရပါမယ်။ Reliableဖြစ်တဲ့ Trendတစ်ခုရပြီဆိုတာနဲ့ သူ့ကို Baselineအနေနဲ့ မြင်ရပါမယ်။ Up Trendအတွက် အသုံးဝင်မယ့် Interpretationတွေကတော့

၁) ဈေးကျတဲ့နေ့မှာ Closeဟာ Trend Line အပေါ်မှာ ရှိနေသ၍ စိတ်ပူစရာမလို။ ဈေးဆက်ကျပြီး Closeဟာ Trend Lineအောက် အနည်းငယ်ရောက်သွားရင်တော့ စသတိထားရပါမယ်။ ဒါပေမယ့် Generallyတော့ နှစ်ရက်သုံးရက်လောက် ဆက်စောင့်သင့်တယ်။ Confirmလုပ်တဲ့သဘောပါ။ တခြား Technical Indicatorတွေကိုသုံးပြီးလည်း Confirmလုပ်ရပါမယ်။ Confirmဖြစ်ရင် ရောင်းသင့်တယ်။

၂) Trendလိုင်းဟာ Holdလုပ်နေမယ်လို့ ယူဆရင် Future Dateတွေဘက်ကို ဆက်ဆွဲဆန့်ပြီး ဖြစ်နိုင်မယ့် Priceကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် Near Futureပဲ။ သိပ်ပြီး ဗေဒင်ဆရာ မဆန်တာကောင်းပါတယ်။

၃) Lowest Lowမှာ Horizontalလိုင်းတစ်လိုင်း ထပ်ဆွဲလိုက်ရင် Angleတစ်ခုရလာပါလိမ့်မယ်။ အဲဒီ့ Angleဟာ Momentumကို ပြပါတယ်။ Angleများလေ အတက်ကြမ်းလေဖြစ်ပါတယ်။ ဒါပေမယ့် အတက်ကြမ်းထားရင် Correctionဖြစ်နိုင်တာကို ပိုသတိထားရပါမယ်။ ခပ်ပြေပြေလေး တက်နေတာ အကောင်းဆုံးပါပဲ။ ပိုပြီး Predictableဖြစ်တဲ့သဘောပါ။

ဒီRuleတွေကို ပြောင်းပြန်လှန်လိုက်ရင် Down Trendအတွက် Ruleတွေရပါလိမ့်မယ်။ အောက်မှာ ကျွန်တော်ပဲ ပြောင်းပြန်လှန်ပေးထားပါတယ်။

၁) ဈေးတက်တဲ့နေ့မှာ Closeဟာ Trend Line အောက်မှာ ရှိနေသ၍ ဆက်ကျနိုင်တယ်။ ဈေးတက်ပြီး Closeဟာ Trend Lineအပေါ် အနည်းငယ်ရောက်သွားရင်တော့ စသတိထားရပါမယ်။ ဒါပေမယ့် Generallyတော့ နှစ်ရက်သုံးရက်လောက် ဆက်စောင့်သင့်တယ်။ Confirmလုပ်တဲ့သဘောပါ။ တခြား Technical Indicatorတွေကိုသုံးပြီးလည်း Confirmလုပ်ရပါမယ်။ Confirmဖြစ်ရင် ဝယ်သင့်တယ်။

၂) Trendလိုင်းဟာ Holdလုပ်နေမယ်လို့ ယူဆရင် Future Dateတွေဘက်ကို ဆက်ဆွဲဆန့်ပြီး ဖြစ်နိုင်မယ့် Priceကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမယ့် Near Futureပဲ။ သိပ်ပြီး ဗေဒင်ဆရာ မဆန်တာကောင်းပါတယ်။

၃) Highest Highမှာ Horizontalလိုင်းတစ်လိုင်း ထပ်ဆွဲလိုက်ရင် Angleတစ်ခုရလာပါလိမ့်မယ်။ အဲဒီ့ Angleဟာ Momentumကို ပြပါတယ်။ Angleများလေ အကျကြမ်းလေဖြစ်ပါတယ်။ ဒီမှာတော့ အကျကြမ်းထားရင် Correctionဖြစ်နိုင်တာကို ပိုသတိထားစရာမလိုပါဘူး။ တကယ်ကျရင် ကြမ်းပြီးသားပဲ။

နောက်Postတွေမှာ Technical Analysisနဲ့ပတ်သက်တာပဲ ဆက်ပြောသွားပါမယ်။

Happy Charting!

PS : High/Lowများများထိပြီးဆွဲထားတဲ့ Apple ရဲ့ Chartတွေကို အောက်မှာ Attachလုပ်ပေးထားပါတယ်။





20 October 2009

Deriving Crowd Psychology from Bars

ဒီ Postမှာ 3Mထဲက Methodပိုင်းကို ပြောပါမယ်။ အရေးအကြီးဆုံး Methodတွေထဲမှာ အခုပြောမယ့်ဟာပါတယ်။ P/Eတို့ P/Bတို့လို Ratioတွေကိုသုံးပြီး ကုမ္ပဏီတစ်ခုကို Analysisလုပ်တာကို Fundamental Analysisလို့ ခေါ်ပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ Income, Expenses, Debt, Tax, Dividend, Shareholder Equity, Net Tangible Assets အစရှိတာတွေကို သုံးပြီးAnalysisလုပ်တိုင်း Fundamental Analysis(FA)လို့ ဆိုနိုင်ပါတယ်။ FAရဲ့ ပြဿနာက Dataတွေဟာ အစောဆုံး သုံးလမှ တစ်ကြိမ်ပြောင်းနိုင်တယ်။ ချွင်းချက်က Earningသို့ Expenseကို Affectဖြစ်မယ့် Significantဖြစ်တဲ့ သတင်းတစ်ခုခုထွက်လာရင် ပြောင်းနိုင်တယ်။ ဒီလောက်ပဲ။

ဒီတော့ FAဟာStockတစ်ခုကို ရေရှည်ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် ပိုသင့်တော်ပါတယ်။ ရေရှည်ဆိုတာ အနည်းဆုံး ၃လပေါ့။ ဒီတော့ သိပ်ကြာကြာကိုင်လေ့မရှိတဲ့ Active Investorတွေ၊ Traderတွေဟာ အဝင်အထွက်ကို ပိုပြီးမှန်ကန်အောင် FAကိုချည်းပဲ အားမကိုးသင့်ဘူး။ အဝင်အထွက်ပိုကောင်းအောင် မသိမဖြစ်သိရမှာ Technical Analysis (TA)ပါ။ TAဟာ Stockတစ်ခုရဲ့ Priceနဲ့ Volumeကိုပဲ အဓိကထားပြီး Analysis လုပ်ပါတယ်။
...

Priceအကြောင်းမပြောခင် သိရမှာက Two types of Crowd။ ပထမအုပ်စုက နွားအုပ်/Bullsတွေဖြစ်ပြီး၊ နောက်တစ်ဖွဲ့ကတော့ ဝက်ဝံ/Bearsတွေဖြစ်ပါတယ်။ Bullsတွေဟာ ဈေးတက်မယ်ဆိုပြီး အကောင်းမြင်တဲ့ အုပ်စုပါ။ Bearsတွေကတော့ ဈေးကျမယ်ဆိုတဲ့ အဆိုးမြင်အုပ်စု။ Investingစလုပ်လုပ်ချင်းတော့ Bearမဖြစ်သေးတာကောင်းပါတယ်။ ဒီတော့ for now, let's stick to Bulls. Professionalsတွေဟာ ဈေးတက်တော့မယ်ထင်ရင် Stockကို Bullishဖြစ်တယ်ပြောလေ့ရှိသလို၊ ဈေးကျတော့မယ်ထင်ရင် Bearishဖြစ်တယ် ပြောတတ်တယ်။ အခုလို Marketဟာ ဖြည်းဖြည်းချင်းတက်နေရင် Bull Marketလို့ခေါ်သလို ဆက်တိုက်ကျနေပြီဆိုရင်လည်း Bear Marketလို့ ခေါ်ကြပါတယ်။

TAမှာ Priceနဲ့ Volumeကို Chartအမျိုးမျိုးနဲ့ Representလုပ်ကြတယ်။ သတင်းစာတို့ CNBCတို့လို Mediaတွေမှာ ဖော်ပြလေ့ရှိတာက Line Chartပါ။ Line Chartဟာ Generally close priceကို သုံးပြီး အဆွဲခံရလေ့ရှိပါတယ်။ Close Priceဆိုတော့ ဘာများရှိသေးလည်းလို့ မေးလို့ရတယ်။ တကယ်တမ်းတော့ Periodတစ်ခုအတွက် အမြဲတမ်း Price လေးမျိုးရှိပါတယ်။ Open, High, Low, Closeလို့ခေါ်တယ်။ အတိုကောက် OHLCလို့ ခေါ်ကြတယ်။ Openနဲ့ Closeကတော့ ရှင်းပါတယ် - အဖွင့်နဲ့ ပိတ်တဲ့ဈေးပေါ့။ Highနဲ့Lowကတော့ Periodတစ်ခုအတွက် အမြင့်ဆုံးနဲ့ အနိမ့်ဆုံးဖြစ်ခဲ့တဲ့ ဈေးတွေကို ဆိုလိုတယ်။ OHLC Bar Chartကမှ တကယ့်Professionalတွေသုံးကြတဲ့ Typeပါ။ OHLCကို ဘယ်လို Representလုပ်သလည်း ကြည့်ရအောင်။

အပေါ်ကအပိုဒ်မှာ ကျွန်တော် "Period တစ်ခုအတွက်" လို့ ပြောပြောသွားတာ တွေ့ပါလိမ့်မယ်။ Periodလို့ ဘာလို့ပြောရသလည်းဆိုတော့ သူဟာ အမျိုးမျိုးဖြစ်နိုင်တယ် - 5min, 15min, 1hr, 1day, 1week, 1month အစရှိသဖြင့်ပေါ့။ ဒါကြောင့် တစ်နေ့အတွင်းလို့ဆိုတာထက် Period တစ်ခုအတွက်လို့ ပြောတာပိုမှန်တယ်။ OHLC Barမှာ Openက ဘယ်ဘက်ကို လှည့်ပြီး၊ Closeက ညာဘက်ကို ဦးတည်တယ်။ Barရဲ့ အမြင့်ဆုံး Pointဟာ Highဖြစ်ပြီး၊ အနိမ့်ဆုံးဟာ Lowဖြစ်ပါတယ်။

TAကိုသုံးတဲ့အခါ FAလိုပဲ ဘယ်လို Translateလုပ်ရမလည်း သိဖို့လိုတယ်။ အဲဒီ့ Interpretationဟာ Traderတစ်ယောက်နဲ့တစ်ယောက်ကြား ကွဲပြားသွားစေမယ့် အရာတွေပါပဲ။ Generallyကတော့ Openဟာ Amateurတွေကို ကိုယ်စားပြုတယ် - Professionalတွေဟာလည်း ဖွင့်ဖွင့်ချင်းပါနိုင်ပေမယ့် Normallyကတော့ သူတို့ဟာ အတွေ့အကြုံမရှိသေးတဲ့လူတွေ၊ လောကြီးတဲ့သူတွေကို ပေးဖွင့်လေ့ရှိကြပါတယ်။ Highဟာ Bullsတွေကို ကိုယ်စားပြုတယ် - ဈေးတက်မယ်ထင်လို့ ဝယ်ရင်းဝယ်ရင်းနဲ့ ဈေးကို မြှင့်တင်တဲ့ အုပ်စုပါ။ ပြောင်းပြန်ကတော့ Lowကို ဖြစ်စေတဲ့ Bearsတွေပါ။ သူတို့ဟာ ဈေးကျမယ်ဆိုတဲ့အမြင်နဲ့ ရောင်းရင်းနဲ့ပဲ Lowကို ဖြစ်စေနိုင်ပါတယ်။ Closeဟာ အရေးအကြီးဆုံးဖြစ်သလို Professionalတွေ၊ Institutionsတွေက ပိတ်ဈေးကို Defineလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ စိတ်ရှည်ရှည်နဲ့ တနေကုန်စောင့်ကြည့်လာပြီး ဈေးပိတ်ခါနီးမှ ဝယ်လာတတ်တဲ့သူအများစုဟာ Proတွေ၊ Institutionsတွေ များပါတယ်။ အောက်မှာ ဖြစ်နိုင်တဲ့ OHLCတွေနဲ့တကွ အဲဒီ့ Periodကနေ Crowd Psychologyကို ဘယ်လို Deriveလုပ်ရမလည်းဆိုတာ ရှင်းပြထားပါတယ်။ Periodကိုတော့ Daily Barတွေလို့ ယူဆလိုက်ပါ။

Bullishဖြစ်တဲ့နေ့ - Closeဟာ မနေ့က Closeထက် ပိုမြင့်တယ်။ Closeဟာ Highနဲ့ တူချင်တူမယ်၊ နည်းနည်းပိုကျချင်ကျမယ်။ အများကြီးတော့ မကွာဘူး။ Closeဟာ Openထက် မြင့်ရင် ပိုကောင်းပါတယ်။


Bearishဖြစ်တဲ့နေ့ - Closeဟာ မနေ့က Closeထက် ပိုနိမ့်တယ်။ Closeဟာ Lowနဲ့ တူချင်တူမယ်၊ နည်းနည်းပိုမြင့်ချင်မြင့်မယ်။ အများကြီးတော့ မကွာဘူး။ Closeဟာ Openထက် နိမ့်ရင် ပိုBearishဖြစ်ပါတယ်။


Very Bullishနေ့ - Closeဟာ မနေ့က Closeထက် ပိုမြင့်တယ်။ Openနဲ့ Closeဟာ Highနဲ့ မတိမ်းမယိမ်းပဲ ရှိနေကြမယ်။ Highဟာ မနေ့ကHighထက်မြင့်ရင် ပိုကောင်းတယ်။





Very Bearishနေ့ - Closeဟာ မနေ့က Closeထက် ပိုနိမ့်တယ်။ Openနဲ့ Closeဟာ Lowနဲ့ မတိမ်းမယိမ်းပဲ ရှိနေကြမယ်။ Lowဟာ မနေ့ကLowထက်နိမ့်ရင် အဆိုးဆုံးပဲ။



အဖျားရှုးသွားတဲ့ Bullishနေ့ - Closeဟာ မနေ့က Closeထက် ပိုမြင့်တယ်။ ဒါပေမယ့် Closeဟာ Openထက်ပိုနိမ့်တယ်။ ဒါဟာဘာကိုပြလည်းဆိုတော့ ဈေးသာတက်တာ သိပ်တော့ မဟန်ဘူးလို့ဆိုလိုတယ်။ မနက်ဖြန်မှာ ပြန်ကျနိုင်ပါတယ်။ အလယ်က Barကို Focusလုပ်ပါ။




သိပ်မဆိုးတဲ့ Bearishနေ့ - Closeဟာ မနေ့က Closeထက် ပိုနိမ့်တယ်။ ဒါပေမယ့် Closeဟာ Openထက်ပိုမြင့်တယ်။ ဒါဟာဘာကိုပြလည်းဆိုတော့ ဈေးသာကျတာ အဆုံးသတ်ကျတော့ ထင်သလောက်မဆိုးဘဲ ဈေးတက်သွားတယ်၊ မနက်ဖြန် ဆက်တက်နိုင်တယ်လို့ ဆိုလိုပါတယ်။ အလယ်က Barကို Focusလုပ်ပါ။



ဇဝေဇဝါ ဖြစ်နေတဲ့နေ့ - OHLCလေးခုလုံးဟာ တစ်ခုနဲ့တစ်ခု သိပ်မကွာပဲ Barဟာ Plusလိုလို၊ Dashလိုလို ခပ်တိုတိုဖြစ်နေပါလိမ့်မယ့်။ Bullနဲ့ Bearတွေ ဘာလုပ်ရမှန်းမသိပဲ သိပ်Activeမဖြစ်တဲ့နေ့ကို ဆိုလိုတယ်။

ပြောဖို့ကျန်သေးတာက Volume။ Volumeကို အောက်ဘက်မှာ သပ်သပ်ပြလေ့ရှိပါတယ်။ Volumeဟာ Periodတစ်ခုအတွင်းမှာ ဘယ်လောက် Units လက်ပြောင်းလက်လွှဲဖြစ်ခဲ့သလည်းကို ပြောပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ Interpretationတွေကို Volumeနဲ့ Confirmလုပ်နိုင်ပါတယ်။ ဥပမာ - Very Bullish Dayမှာ Volumeက Averageထက် တော်တော်နည်းနေတယ်ဆိုရင် ဈေးသာတက်တယ် ဝယ်လက်ဒီလောက်မရှိခဲ့ဘူးလို့ ဆိုလိုပါတယ်။

အောက်မှာ Appleရဲ့ Line Chartနဲ့ Bar Chartကို ယှဉ်ပြထားပါတယ်။ ကြည့်လိုက်တာနဲ့ Lineနဲ့ Barရဲ့ Usefulnessကို ထင်ထင်ရှာရှားတွေ့နိုင်ပါတယ်။ လွယ်လွယ်ကူကူနဲ့ ပိုက်ဆံမကုန်ပဲ OHLCကြည့်ချင်ရင် ထုံးစံအတိုင်း Yahooနဲ့ Google Finance websiteတွေကိုသွားပါ။ Yahooမှာဆိုရင် Interactive Chartကိုရွေးပါ။ Periodကတော့ ခြောက်လလောက်ဆိုရင် Barတွေကို သိသိသာသာမြင်ရလေ့ရှိပါတယ်။ Interactive Chartရဲ့ Chart Settings မှာ Line Typeကို OHLCလို့ရွေးလိုက်ပါ။ Defaultဟာ Lineဖြစ်နေလေ့ရှိပါတယ်။

OHLCဟာ TAရဲ့ Holy Grailပါ။ OHLCမသိရင် နောက်ပိုင်းပြောမယ့် Topicတွေကို နားကိုလည်မှာ မဟုတ်ပါဘူး။ ဒီတော့ Serious Investorဖြစ်ချင်ရင် OHLC Barတွေကို အချိန်ပေးပြီး Analyseလုပ်ကြည့်ပါ။ တစ်Barချင်းစီကနေ အဲဒီ့နေ့က Marketထဲမှာ Crowd Psychology ဘာတွေဖြစ်ခဲ့သလည်းဆိုတာ Guessလုပ်ကြည့်ပါလို့ တိုက်တွန်းပါတယ်။

Happy Charting!














Apple Line Chart from 2009 Mid April to Mid October
















Apple OHLC Bar Chart from 2009 Mid April to Mid October